← Chapters

ပြိုင်ဘက်မရှိ လှောင်အိမ်အစွမ်း

Vol. 76 Ch. 4.651

ပြိုင်ဘက်မရှိ လှောင်အိမ်အစွမ်း

Vol. 76 Ch. 4.651

“အဲဒီဓားရှည်က လုရွှမ်ရဲ့ လက်ထဲက ဓားနဲ့တူတယ်နော်... ဒါပေမဲ့ အခုဓားက ပြီးပြည့်စုံတဲ့ ပုံစံဖြစ်နေတယ်”

ထျန်းလင်ရဲ့ တိတ်တဆိတ် ဆိုလိုက်သံကို ထောက်ခံတဲ့အနေနဲ့ ထျန်းယင်က ခေါင်းညိတ်​ပြလိုက်သည်။ သူမသည် အသေးစိတ် တွေးတောနေသောကြောင့် သဘာဝကျကျကို သတိထားမိတာ ကြာပြီဖြစ်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်းက မဟာသူတော်စင် နယ်ပယ်က ကောင်လေးတစ်ယောက်ပဲ.... မင်းလူသားဓားကို ထိန်းချုပ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး!”

ထိုထူးဆန်းသော အဘိုးအိုက အထင်အမြင်သေးသည့် အသံဖြင့် အော်ဟစ်​​နေသော်လည်း လူတိုင်းကတော့ သူ့အသံတွင် ထိတ်လန့်နေသည့် အရိပ်အမြွက်များ ပြသ​နေကာ အမှန်တကယ်လည်း ကြောက်လန့်နေလေသည်။

တစ်နည်းအားဖြင့် လုရွှမ် ဘာမှ မလုပ်ရှားရသေးပေ။

ထျန်းရှားရဲ့ မျက်လုံးများ တောက်ပလာပြီး လုရွှမ်ကို ကာကွယ်ရန်နှင့် အဘိုးကြီး လုရွှမ်ကို မထိခိုက်စေရန် သူမရဲ့ လူနှစ်ဦးကို ခေါ်လိုက်သည်။ ထျန်းရှားတို့ ပင်လယ်သားရဲ သုံးယောက်သည် ရာထူးသုံးခုကို သိမ်းပိုက်ပြီး ထူးဆန်းသော အဘိုးအိုကို တားဆီးထားနိုင်ရန် အစွမ်းကုန် ကြိုးစား​ကြသည်။

သူတို့သည် ကျောက်ထွင်းဓားသိုင်းကို ဆက်လက်ဝှေ့ယမ်း နေကြသော်လည်း ဓားသွားလှုပ်ရှားမှုနှင့် ပတ်သက်၍ လူသုံးဦး၏ နားလည်မှုသည် လုရွှမ်ထက် များစွာဆိုးရွားနေ၏။ ချို့ယွင်းချက် တစ်ခုခုရှိလျှင် ၎င်းက ချို့ယွင်းချက်များနှင့် ပြည့်နေကြောင်း ပြသ​နေလိမ့်မည်။

အဘိုးအိုရဲ့ စီးဆင်းနေသော လေ​ပြင်းတိုက်ခတ်မှု အောက်တွင် သူတို့သုံးဦးသည် လက်ချင်းချိတ်ကာ တိုက်ပွဲဝင်လုနီးပါး ဖြစ်ကုန်ကြသည်။ အဘိုးအိုသည် ၎င်းတို့ကို တိုက်ခိုက်လိုက်တိုင်း ပါးစပ်ထောင့်မှ သွေးများ ထွက်ကျလာသည်။

ဒါပေမဲ့ သူတို့သုံးယောက်က ခြေတစ်လှမ်းတောင် မဆုတ်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြတုန်းပင်။

လုရွှမ် သူ့​ဝိညာဉ် ကွဲသွားသလို ခံစားလိုက်ရသည်။ စွမ်းအားက ပြင်းထန်လွန်းသဖြင့် သူ့လက်ရှိ ဝိညာဉ်ပင် မခံနိုင်တော့ပေ။ ထိတ်လန့်ပြီး စိတ်ပျက်အားငယ် နေချိန်မှာ စွမ်းအားတစ်ခု ထွက်​​ပေါ်လာပြီး သူ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို ဖုံးအုပ်ပေးထားခဲ့သည်။

စီးဆင်းနေသော ရွှေ​ရောင် အလင်းများသည် တောက်ပသော ​နေရောင်ခြည်များကဲ့သို့ ဖြာထွက်နေ၏။ ထို့မှသာ လုရွှမ်သည် ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ စွမ်းအင်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ရွှေဒြပ်စင်နတ်ပုတီးစေ့သည် အရိုင်းဆန်သော စွမ်းအားကို ကိုင်ဆောင်ထားရင်း သူ့ဝိညာဉ်ထဲ အမှန်တကယ် ပေါ်လာခဲ့မယ်လို့ မထင်ထားပေ။ ၎င်းက ရှေးဟောင်းလျှပ်စီးကမ္ဘာမှာတုန်းက မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ခိုးယူသွားသည့် အချိန်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့် အငွေ့အသက်နဲ့ အတူတူပဲ ဖြစ်သည်။

ယခုအချိန်တွင် ထိုအငွေ့အသက်သည် လုရွှမ်ရဲ့ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ပေါင်းစပ်သွားလေပြီ။

ချက်ချင်းဆိုသလို လုရွှမ် သူ့စိတ်ဝိညာဉ်သည် ယခင်ကထက် ပိုမိုအားကောင်းလာတာကို ခံစားလိုက်ရသည်။ ကြီးမားသော အင်အားကို ခံနိုင်ရည်ရှိလာသဖြင့် ကျောက်ထွင်းဓားသိုင်းရဲ့ ကိုးခုမြောက်ဓားသည် နောက်ဆုံးတွင် ထိမှန်အလင်း ရသွားခဲ့သည်။

ကိုးစင်းမြောက် ဓားစွမ်းအင်တွေက သူ့ရှေ့တွင် စုရုံးလာပြီး ရုတ်တရက် ထောင်လှောင်အိမ်အဖြစ် တောက်ပစွာ ဖြာထွက်သွားကာ ထိုထူးဆန်းသော အဘိုးအိုဆီသို့ ပြေးထွက်သွားသည်။

လုရွှမ်သည် ဓားစွမ်းအင်ကို ကိုးကြိမ် ဆက်တိုက် ထူးထူးခြားခြား လှုပ်ရှားနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း လှောင်အိမ်ထဲသို့ပါ အမှန်တကယ် ထိမိသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“လူသားဓားကိုးလက်ရဲ့ အမြင့်ဆုံးနယ်ပယ်! တုနှိုင်းမရတဲ့ အကျဉ်းထောင်!”

အဘိုးအိုက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီး သူ့ခေါင်းထက်မှာ “ထောင်” ဆိုတဲ့ စကားလုံးက အဘိုးအိုကို ဖုံးအုပ်ထားသလို တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။

အဘိုးအိုသည် ကျယ်လောင်စွာ ဟောက်ကာ သူ့ခေါင်းထက်တွင် ထောင်ဆိုတဲ့ စကားလုံးရဲ့ အလင်းကို ဖျက်စီးပစ်ချင်နေသည်။ သူက အရှိန်အဟုန်ဖြင့် ခုန်ထွက်လာကာ လူသုံးယောက်ရဲ့ တိုက်ခိုက်မှုကို ရှောင်းရင်း ရုတ်တရက် လှည့်ထွက်ပြေးသွားခဲ့သည်။

လုရွှမ်ရှေ့ရှိ အကျဉ်းထောင် လှောင်အိမ်သည် အလင်းရောင်​တွေနှင့်အတူ လင်းထိန်နေပြီး ထူးဆန်းသော အဘိုးအိုနောက်သို့ ပြေးလိုက်သွား၏။ အဘိုးအို၏ ခေါင်းထက်မှာ ပေါ်ထွက်​နေသော “ထောင်” ဟူသော စကားလုံးက ပဲ့တင်ထပ်နေသည့် အသံဖြင့် လျင်မြန်စွာ တုန်ခါနေသည်။

သူ့အရှိန်က အရမ်းမြန်ပေမယ့် လှောင်အိမ်ရဲ့ အမြန်နှုန်းထက် လုံးဝကို နိမ့်ကျနေ၏။

တခဏအတွင်းမှာပင် သူသည် “ထောင်” ဆိုတဲ့ စာလုံးက သူ့ခေါင်းကို လုံးဝ ဖုံးအုပ်သွားပြီး စူးစုးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ထိုတစ်ခဏတွင် လှောင်အိမ်သည် ၎င်းအား ဖုံးအုပ်ပစ်လိုက်ကာ ကောင်းကင်ဆီသို့ ပျံသန်း၍ ကျောက်နံရံထဲသို့ ပြေးဝင် ပျောက်ကွယ်သွား​လေသည်။

အားလုံးက လုရွှမ်ကိုကြည့်ပြီး အံ့သြ ဝမ်းသာသွားကြသည်။

“ဆရာတူညီလေး ငါတို့အသက်ကို ထပ်ပြီး ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကျန့်ကျောက်က အော်ပြောလိုက်သည်။ ထျန်းယင်လည်း ပြုံးပြီး ကျေးဇူးတင်ဖို့ ရှေ့ကို တိုးလာခဲ့သည်။

မတိုင်ခင်က ထူးဆန်းတဲ့ အဘိုးအိုဟာ အသက်တစ်ချက် ရှူရုံနဲ့ ဆရာတူအစ်ကို တစ်ယောက်အား သွေးစုပ်ပစ်လိုက်နို့စို့နေတဲ့ မြင်ကွင်းက သူတို့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်ပြီး ကြောက်စရာ ကောင်းလွန်းလှသည်။ ထိုအချိန်တွင် သူတို့အားလုံးသည် သေရ​​တော့မယ်လို့ ထင်ကြသော်လည်း လုရွှမ်က ဒီအကျပ်အတည်းထဲမှာ တစ်ဖန် ကယ်တင်လိမ့်ဦးမည်ဟု မမျှော်လင့်ခဲ့ကြပေ။

လုရွှမ်သည် ဆရာတူ ညီအစ်မများနှင့် ညီအကိုအုပ်စုကို ခေါင်းညိတ်ပြပြီး ထျန်းရှားတို့ လူသုံးယောက်ဆီသို့ ရောက်လာခဲ့သည်။

“ကျေးဇူးတင်ပါတယ် မင်းတို့မရှိရင် ငါတို့လည်း ဆုံးခန်းတိုင်သွားလိမ့်မယ်”

လုရွှမ် လက်တစ်ဖက်ကို ဆန့်တန်းပြီး ပြောလိုက်သည်။ ထျန်းရှားကတော့ သူ့လက်ဖဝါးကို ပုတ်ထုတ်ပစ်ကာ

“ငါတို့က ကိုယ့်ကိုကိုယ် ကယ်တင်ဖို့ ကြိုးစားနေတာ နင့်ကို သူငယ်ချင်းလို ဆက်ဆံတယ်လို့ မထင်ပါနဲ့”

လုရွှမ် ပြုံးပြီး အဂ္ဂိရတ်ဆေး ပုလင်းနှစ်ပုလင်းကို ပေးလိုက်သည်။

“ဒါက အနာကျက်ဖို့ပဲ... မင်းကိုယ်တိုင် ခံနိုင်ရည် ရှိပေမယ့် သူတို့က မခံနိုင်ဘူး”

ဟိုင်ရှင်းနဲ့ ဖြူကောင်တို့ရဲ့ စွမ်းအားက ထျန်းရှားထက် များစွာ ဆိုးရွားလေသည်။ ထူးဆန်းသော အဘိုးအိုကို သူတို့နှစ်ယောက်သာ မတိုက်ခိုက်ထားပါက လုရွှမ်လည်း နဝမမြောက် ဓားကို အသုံးပြုရန် အခွင့်အရေး မရှိ​လောက်တော့ပေ။

နဝမမြောက်ဓားကိုပဲ ပစ်ထုတ်လိုက်ခြင်းနဲ့ ဓားကိုးချောင်းကို အဆက်မပြတ် ဝေ့ယမ်းလိုက်ခြင်းက လုံးဝကွဲပြား​ပေသည်။ ထို့အပြင် လုရွှမ်သည် ယခုတစ်ကြိမ်တွင် နဝမမြောက်ဓားကို ထုတ်ရန်အတွက် မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ စွမ်းအင်ကို အပြည့်အဝ အသုံးချခဲ့ရကြောင်း အလွန်ရှင်းလင်းစွာ ခံစားခဲ့ရသည်။

နဝမမြောက်ဓားကို သူနားလည်ထားပြီး​ပြီ ဖြစ်သော်လည်း ၎င်းရဲ့စွမ်းအားကို ပြီးပြည့်စုံစွာ ပြသပြီး ဓားလှုပ်ရှားမှုကို အမှန်တကယ် ထိန်းချုပ်လိုပါက သွားရမည့် လမ်းမှာ ရှည်လျား​​နေ​​သေး​သည်။

ဟိုင်ရှင်းနဲ့ ဖြူကောင်တို့မှာ အဂ္ဂိရတ်ဆေးရဲ့ အစွမ်းကို ချက်ချင်း ခံစားမိလိုက်၏။ လုရွှမ်က သူတို့နှစ်ယောက်ကို ဆေးပုလင်း နှစ်ပုလင်း တိုက်ရိုက် ထုတ်ပေးခဲ့တာကြောင့် ဝမ်းသာအားရ လက်ခံလိုက်ကြသည်။

သူတို့၏ ရုပ်ခန္ဓာသည် လူသားများထက် အဆပေါင်းများစွာ သာလွန်သော်လည်း၊ အဂ္ဂိရတ်ဆေး သန့်စင်ခြင်းနှင့် လက်နက် သန့်စင်ခြင်းတို့တွင် ပင်လယ်သားရဲများက လူသားထက် များစွာ အဆင့်နိမ့်ကြတာကို သူတို့အားလုံး ကောင်းကောင်း သိကြ၏။

အဂ္ဂိရတ်ဆေး သန့်စင်ပေးနိုင်တာ သေချာသော်လည်း အစွမ်းထက်လှတဲ့ ဆေးကိုတော့​ေ ရရှိနိုင်မည် မဟုတ်ပေ။

ဆေးက သဘာဝအတိုင်း သူတို့နှစ်ဦးကို အလွန်ပျော်ရွှင်စေသည့် အသက်ကယ်ဆေး အဖြစ် မှတ်ယူနိုင်ပြီး လုရွှမ်ကို ကြည့်သော မျက်လုံးများကလည်း ပိုမိုကြင်နာတတ်လာသည်။

ထျန်းရှားလည်း လုရွှမ်ရဲ့ ဆေးတစ်မျိုးကို စားဖူးသောကြောင့် ဤဆေးက အစွမ်းထက်သော ဆေးဖက်ဝင် ဂုဏ်သတ္တိ ရှိကြောင်း သဘာဝကျကျ သိပေ၏။

သူမကို ကြည့်ရတာ ဒေါသကြီးတဲ့ ကလေးမလေးလိုပါပဲ။

လုရွှမ် ပြုံးပြီး ဟိုင်ရှင်းကို နောက်ထပ် ​ဆေးပုလင်း ပေး၍ မျက်တောင် ခတ်ပြလိုက်သည်။ ဟိုင်ရှင်းက ရယ်မောလျက် သူနားလည်ကြောင်း ခေါင်းညိတ်ပြ​လေသည်။

ထျန်းရှား လူနှစ်ယောက်၏ သေးငယ်သော လှုပ်ရှားမှုများကို သဘာဝအတိုင်း ခံစားနိုင်သော်လည်း သူမ မအော်ပစ်တော့ပေ။ ပေးတဲ့ဆေးကို တိတ်တဆိတ်ပဲ သောက်လိုက်သည်။

“ငါတို့ အခု ကျောက်နံရံကို ခုတ်ထစ်ဖို့ ကြိုးစားနိုင်ပြီထင်တယ်”

လုရွှမ် ဆိုလိုက်သည်။

နဝမမြောက်ဓားကို လှောင်အိမ်စွမ်းအင်ဖြင့် ပေါင်းထည့်လိုက်ပြီးနောက် သူ့ခေါင်းပေါ်ရှိ ဓားရှည်ကြီးကို ပြန်သတိရသွားသည်။ ဒါပေမဲ့ အခု စဉ်းစားကြည့်တော့ ထူးဆန်းတဲ့ အဘိုးအိုကို ထောင်ချနိုင်ခဲ့ပြီးနောက် ဓားက အလိုအလျောက် ပျောက်ကွယ်သွားလေ၏။

လုရွှမ် ခေါင်းငုံ့ပြီး သူ့​လက်ထဲက ကျိုးနေတဲ့ ဓားကို တစ်ချက်ကြည့်လိုက်သည်။ အဲဒီအဘိုးကြီးကြောင့်သာ မဟုတ်ရင် ဒီဓားက ပေါ်ထွက်လာပါ့မလား။

သူသည် ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တည်ထောင်သူမှ သန့်စင်ထားသော ဓား၏ ကျိုးသွားသော အပိုင်းကို တွေ့ခဲ့ကြောင်း သိထားရမည်။ သို့သော် ၎င်းသည် ထူးထူးခြားခြား ဇာစ်မြစ်ရှိပြီး အလွန်အရေးကြီးတာ သေချာပါသည်။

လူတစ်စုသည် ရေစီးသံကို ဝမ်းသာအားရ ရှာဖွေရင်း မူလလမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။ ဒီမှာ ထောင်ကျ​​နေတဲ့ လူတွေကို ထပ်ပြီးရင်ဆိုင်ရရင်တောင် စိတ်ချယုံကြည်လာလေပြီ။

“ဓားရှည်လှုပ်ရှားမှုက လူကို ထောင်ချနိုင်တယ် ဆိုတော့ တစ်ဖက်သွားဓား၊ တုတ်သိုင်းတွေကရော မှော်ဆန်တဲ့ အကျိုးသက်ရောက်မှု ရှိမှာလား?”

ကျန့်ကျောက်သည် တုတ်သိုင်းကို ပြသသည့် ကျောက်ထွင်းရုပ်ထုကို ကြည့်ပြီး ဆိုလိုက်သည်။ တုတ်သိုင်းကလည်း ပထမဦးဆုံး လှုပ်ရှားမှု ဖြစ်နေရာ သူ့နှလုံးခုန်သံနဲ့အတူ ရုတ်တရက် ထအော်လိုက်​လေသည်။

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းရဲ့ မျက်လုံးများ တောက်ပလာခဲ့သည်။

ထျန်းရှားကလည်း။

“ဟုတ်တယ် ဓားသိုင်းနဲ့ ယှဉ်ရင် ငါလည်း တုတ်သိုင်းကို ပိုနားလည်တယ်.... ဓားရှည်ကို သိပ်နားမလည်ဘူး ဒါကြောင့် နာမည်တောင် လာပြောစရာ မလိုဘူး”

ဖြူကောင်က တခစ်ခစ် ရယ်လေ၏။ ဒီစကားက သူ့ကိုတောင် လှည့်စားလို့ မရပါဘူး။ သို့သော် လျှပ်တပြက်အတွင်း ဖြန်းကနဲ အသံနဲ့အတူ သူ့နဖူးကို ထျန်းရှားက ရိုက်ချလိုက်ပေသည်။

ဒါပေမဲ့ တခြားလူတွေ အားလုံးက ဒါကို နားလည်ဖို့ ကြိုးစားနေကြပြီး စမ်း​ကြည့်ရမယ့် အချိန်ကို အမြန် ရောက်ချင်နေ​ကြပြီ။

All Chapters