← Chapters

တုန်လှုပ်ဖွယ် ခန့်မှန်းချက်

Vol. 76 Ch. 4.653

တုန်လှုပ်ဖွယ် ခန့်မှန်းချက်

Vol. 76 Ch. 4.653

အလိုအလျောက် အမြန်ပြုပြင်ပေးသည့် နံရံထဲတွင် တွင်းငယ်​လေးတစ်ခု ပေါ်လာသည်။

ထျန်းရှားက အလွန်ထက်မြက်ပြီး ခပ်မြန်မြန်ပဲ အော်လိုက်သည်။

“ဒါက သစ်သားအရည်အသွေး တုတ်သိုင်းပဲ!”

သူမသည် လုရွှမ်ကို ကြည့်ကာ စိတ်လှုပ်ရှားသွားသော်လည်း တစ်ချိန်တည်းမှာ စိတ်ပျက်သွားသလိုလည်း ခံစားလိုက်ရသည်။ သူမဘာကြောင့် သတိမထားမိတာလဲ။

“ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုသာ မှန်ရင် ငါတို့အရင်က လေ့လာခဲ့တဲ့ ဓားသိုင်းကို ကိုယ်စားပြုတဲ့ ဂုဏ်ရည်က ဒြပ်စင်ငါးပါးထဲက ရွှေဒြပ်စင် ဖြစ်မယ်.... ပြီးတော့ ဒီကျောက်နံရံက မြေကြီးနဲ့ ပေါင်းစပ်ထားတာတာကြောင့် မြေနိယာမလို့ ပြောလို့ရတယ်... ငါတို့ ဘယ်လိုပဲ တိုက်ခိုက်နေပါစေ ကျောက်နံရံက လုံးဝပျက်စီးမသွားပါဘူး... ပိုတောင် ခက်လာဦးမယ်”

“ဒါပေမဲ့ သစ်သားအရည်အသွေးနဲ့ တုတ်သိုင်းက မတူဘူး... နောက်ဆုံးတော့ သစ်သားက မြေကြီးကို အောင်နိုင်တဲ့အတွက် အရင်အခြေအနေအတိုင်း ဖြစ်သွားတယ် ဒီလိုပဲ မြေကြီးဟာ ရေကို အောင်နိုင်ပေမယ့် ရေအားပြင်းလာတဲ့အခါ မြေကြီးလည်း တားလို့ မရ​တော့ဘူး”

ဒီလိုပြောလိုက်တော့ အားလုံးက သဘောပေါက်သွားကြသည်။

“ဒါဆို တုတ်သိုင်းပညာ အားလုံးကို ရှာတွေ့ပြီး ဆရာတူအစ်မ ထျန်းယင်လည်း အဲဒါတွေကို သင်ယူနိုင်သွားရင် ငါတို့ ထွက်သွားဖို့ နည်းလမ်းရှာနိုင်မှာ မဟုတ်ဘူးလား?”

ကျင့်ကြံသူတစ်ယောက်က အော်လိုက်သည်။ လုရွှမ် စကားမပြောခင် ကျန့်ကျောက်က ခေါင်းခါပြီး ခါးခါးသီးသီး ပြုံးလိုက်လေ၏။

“ဒါကအဲ့လောက် ရိုးရှင်း​နေမှာတော့ မဟုတ်ဘူး... မဟုတ်ရင် ဒီမှာ ပိတ်မိနေတဲ့လူတွေ ဟိုးအရင်ကတည်းက လွတ်လမ်းကို ရှာတွေ့သွားလောက်ပြီလို့ ငါယုံကြည်တယ်”

“ဒါ့အပြင် ဆရာတူအစ်မက အနည်းဆုံးတော့ တုတ်သိုင်းကိုးကွက်အထိ ကျွမ်းကျင်ထားဖို့ လိုလိမ့်မယ်... ဒါက ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပဲ အရမ်းခက်ခဲတယ်”

ထျန်းယင်က ခေါင်းညိတ်ပြီး “ကျွန်မ စမ်းကြည့်နိုင်ပါတယ် ဒါပေမဲ့ အရမ်းကြောက်စရာတော့ အများကြီးတော့ မျှော်လင့်လို့ရမှာ မဟုတ်ဘူး”

လုရွှမ် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို မတွေးတောဘဲ မနေနိုင်တော့ပေ။ အောင်ရှင်းနဲ့ တခြားသူများသာ ဤနေရာမှာ ရှိနေပါက ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ သူတို့ရဲ့ ပင်ကိုယ် စွမ်းရည်တွေက ထူးထူးခြားခြားပါပဲ။ အနည်းဆုံးတော့ ဟိုင်ရှင်းနဲ့ ဖြူကောင်တို့ထက် မနိမ့်ပေ။ ဒါကြောင့် တုတ်သိုင်းကိုးကွက် ကျွမ်းကျင်ဖို့ မခက်ခဲနိုင်ချေ။

ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ရပြီးနောက် လုရွှမ်သည် ဆိုရိုး စကားအတိုင်း အမြတ်နှင့် အရှုံးရှိရမည်ကို သိလိုက်သည်။ ရွှေဒြပ်စင်နတ်ပုတီးစေ့၏ အကူအညီဖြင့် သူ၏ တိုက်ခိုက်မှု စွမ်းရည်မှာ အလွန်တိုးတက်ခဲ့သော်လည်း အလားတူပင် တခြားသော နိယာမစွမ်းအင် ၄မျိုး အတွက်တော့ သူ့ရဲ့ရင်းနှီးမှုမှာ အလွန်လျော့ကျသွားခဲ့သည်။

အထူးသဖြင့် သစ်သားဒြပ်စင် နိယာမများ ဖြစ်သည်။ ဒါက တုတ်သိုင်းကို အသုံးပြုပြီးနောက် ပေါက်ကွဲမှု ပိုမိုပြင်းထန်လာရတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။

“ဒြပ်ငါးပါး ပြည့်စုံဖို့ လိုနေတာများလား?”

ထန်တုံးက လှမ်းအော်လိုက်၏။

“လမ်းတလျှောက်မှာ ငါတို့ ကျောက်ထွင်းလက်ရာတွေ အများကြီး တွေ့ခဲ့ရတယ် ဒါပေမဲ့ မကြာခဏဆိုသလို ပေါ်လာတဲ့ လက်နက်ငါးမျိုး ရှိတယ်လေ အဲဒါတွေက ကျင့်ကြံသူတွေ အများဆုံးသုံးတဲ့ လက်နက်ငါးမျိုးပဲ”

“ဓားရှည်၊ ဓား၊ လှံ၊ တုတ်၊ ကြာပွတ်... အဲဒါတွေက ဓာတ်ငါးပါးနဲ့ သက်ဆိုင်တယ် မဟုတ်လား?”

လုရွှမ်က “ဒါဖြစ်နိုင်တယ်... ဓားရှည်က ခမ်းနားပြီး ဖျက်ဆီးလို့မရတဲ့ ရွှေ​ဒြပ်စင်ဖြစ်မယ်... ဒါကြောင့် ဒီဓားသွားလှုပ်ရှားမှုက အရမ်းအစွမ်းထက်ပြီး စွမ်းအားက အရမ်းတိုးတက်လာတာ”

အားလုံးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ ဒါအမှန်တရားပဲ။ ဓားရှည်ရဲ့ သိုင်းကွက် ရွေ့လျားမှုဟာ တကယ်ကို အားကောင်းလွန်းပြီး သူတို့ကို ပေးတဲ့ ခံစားချက်ကလည်း စွမ်းအားကြီးလွန်း၏။ အခု ကျွန်တော် စဉ်းစားကြည့်မိတော့မှ သူ့မှာ ကိုယ်ပိုင်ရွှေဒြပ်စင် ရှိ​နေလို့ ဖြစ်နိုင်ပါသည်။

“တုတ်သိုင်းက သစ်သားဒြပ်စင်ကို ကိုယ်စားပြုတယ် ဒါကြောင့် သူ့ကိုယ်ပိုင် တက်ကြွမှုကို ဖြစ်စေတဲ့ သစ်သားချောင်းကို အသုံးပြုတာက အသင့်တော်ဆုံးပဲ... ပြီးတော့ ဆရာတူအစ်မ ထျန်းယင်က သဘာဝကျကျ အဂ္ဂိရတ်ဆေးကို သန့်စင်ရတာ နှစ်သက်တဲ့အတွက် သူမရဲ့ သစ်သားတုတ်အပေါ် နားလည်မှုက သဘာဝအတိုင်း အခိုင်မာဆုံးပဲ... ပြီးတော့ အသင့်တော်ဆုံးလည်း ဖြစ်တယ်”

“တစ်ဖက်သွားဓားက မီးဒြပ်စင်ကို ကိုယ်စားပြုတယ်... ဓားသွားရာလမ်းမှာ ကြီးစိုးနိုင်ရင် မီးဒြပ်စင်လည်း ပိုကြီးစိုးလာလိမ့်မယ်... ကြာပွတ်က ရေဒြပ်စင် ဆိုရင် ရွေ့လျားခြင်းမရှိဘဲ နှလုံးသားနဲ့ ပြောင်းလဲနိုင်တယ် လှံထွက်လာရင်တော့ မြေဒြပ်စင်ကို ကိုယ်စားပြုပြီ”

“ဒီလှောင်အိမ်က ဒီလိုမျိုး ဆက်ရှိနေနိုင်စေမယ့် မမြင်နိုင်တဲ့ သံသရာပဲ... ဒါပေမဲ့ နောက်ဆုံးတော့ အခုက ရေအောက်ခြေမှာ ရှိနေတော့ အက်ကြောင်းတွေ တဖြည်းဖြည်း ပေါ်လာပြီး ရေက ကျူးကျော်ဝင်ရောက်လာခဲ့တယ်... ၃၆ နှစ်တိုင်း ဒီလိုဖြစ်နေတာ ပင်လယ်ထဲမှာ ဒီရေနည်းသွားတာက ဒီနေရာနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေနိုင်တယ်”

နောက်ဆုံးစာကြောင်းက နားထောင်နေသူ အားလုံးကို ထိတ်လန့်တကြား မျက်လုံးပြူးသွားစေသည်။

ဒီခန့်မှန်းချက်က အမှန်တကယ်ပင် ရဲရင့်လွန်းပြီး သူတို့ရဲ့ ဉာဏ်ရည်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီလေ။ မထင်မှတ်ပဲ ပင်လယ်ရေတွေ ခမ်းသွားတာက မဖြစ်နိုင်ဘူးလို့ အလိုလို ခံစားမိပေမယ့် ဘာကြောင့် မဖြစ်နိုင်လဲ ဆိုတာတော​ြ မရှင်းပြနိုင်ခဲ့ကြချေ။

လုရွှမ်ကတော့ သူ့စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားတာကို ခံစားလိုက်ရကာ ဒီနေရာနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း ပိုရှင်းလင်းလာသည်။ ပင်လယ်ဝံပုလွေ အတွင်းရှိ အလိုက်အထိုက် သစ်ပင်များနှင့် ပင်လယ်ဝံပုလွေအိုကြီး မသေဆုံးမီ ပြသခဲ့သော အရိပ်အယောင်များကို ပြန်အမှတ်ရမိသော်လည်း ၎င်းတို့က ယောင်ဝါးဝါး ပုံရိပ်တွေ ဖြစ်​နေခဲ့သည်။

“ပြန်စဉ်းစားကြည့်.... ငါတို့ဘိုးဘေးတွေက ပင်လယ်သားရဲတွေနဲ့ လူသား ကျင့်ကြံသူတွေကြားက တိုက်ပွဲကို ကြုံဖူးခဲ့တယ်... သူတို့ ရှုံးလုနီးပါးဖြစ်တော့ ပင်လယ်က တကယ်ပဲ မြုပ်သွားတယ်... အဲဒါက ပထမဆုံး အကြိမ် ပင်လယ်ရေတွေ ခမ်းသွားတာမလား?”

ဤစာကြောင်းရဲ့ အလေးချိန်က ပို၍ပင် လူတိုင်းရဲ့ စိတ်ကို တုန်လှုပ်သွားစေခဲ့သည်။ လူများစွာသည် လုရွှမ်ရဲ့ ပြောဆိုချက်ကို ချေဖျက်ရန် လွတ်လွတ်လပ်လပ် ထိုင်နေကြသော်လည်း မယုံနိုင်လောက်အောင်ပဲ အံ့သြနေရ၏။

ဒါပေမဲ့ လုရွှမ် ပြောတာက တစ်နည်းနည်းနဲ့တော့ အဓိပ္ပာယ် ရှိနေပြန်သည်။

“ဒီဓားကို ကြည့်... ဘိုးဘေးက နောက်ပိုင်းမှာ ရှာတွေ့လို့ ပြန်ယူလာခဲ့ပေမယ့် သူကြိုက်တဲ့လူကိုတော့ ဒီမှာ မြှုပ်ထားခဲ့ရတယ်... ဟိုအရင်က ငါတို့စဝင်တုန်းက တွေ့ခဲ့တဲ့ ဓားတွေကနေ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဒီလှောင်အိမ် ရှိခဲ့တယ်လို့ အတည်ပြုလို့ရတယ်”

ထျန်းရှားနဲ့ ဟိုင်ရှင်းတို့မှာ ပို၍ပင် အံသြသွားကြသည်။ နောက်ဆုံးတော့ သူတို့သည် ပင်လယ်သားရဲများ ဖြစ်ကြပြီး ဒီနေရာအကြောင်း လူသားတွေထက် ပိုသိကြသည်။ သို့သော် ယခုအချိန်တွင် လုရွှမ်ရဲ့ ပြောဆိုချက်က အမှန်တကယ်ပင် ကျိုးကြောင်းသင့်နေ၏။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေခဲ့သည်။

လုရွှမ်ရဲ့ ထင်မြင်ယူဆချက်မှာ အလွန်ထိတ်လန့်စရာ ကောင်းတာကြောင့် အချိန်အတော်ကြာတဲ့အထိ ဘယ်သူမှ မတုံ့ပြန်လာခဲ့ပေ။ အချိန်အတော် ကြာပြီးနောက် နောက်ဆုံးတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

“အဲလိုဆိုရင် ငါတို့ ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်တော့ဘူးပေါ့?”

လုရွှမ်က သက်ပြင်းချရင်း

“မဟုတ်ဘူး ဆန့်ကျင်ဘက်အနေနဲ့ ငါတို့ ထွက်သွားနိုင်လိမ့်မယ် ဒါပေမဲ့ အန္တရာယ် ရှိလိမ့်မယ်... ငါတို့က ဒီလှောင်အိမ်ကို ပြိုကျသွားတဲ့ အထိတောင် လုပ်မိနိုင်တယ်”

“လူတိုင်းလည်း ကျောက်နံရံတွေပေါ်ကနေ ရေစက်လေးတွေက ဒီကျောက်နံရံတွေကို ဖြည်းဖြည်းချင်း တိုက်စားနေကြတာကို တွေ့ကြမှာပါ... ငါတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းက နှစ်ပေါင်း 30,000 ကျော် တည်ထောင်ခဲ့တာဆိုတော့ ဒီလှောင်အိမ်ကလည်း အနည်းဆုံး နောက်ထပ် နှစ် 30,000 လောက် သက်တမ်း ရှိနေပြီ”

“အားလုံးပဲ စဉ်းစားကြည့်ပါ... ဒီလှောင်အိမ်က နှစ် 30,000 လုံး ရေတွေ အဆက်မပြတ် တိုက်စားခံခဲ့ရပြီး ရေစက်တွေကလည်း ဒီနေ့အထိ ကျဆင်းနေတုန်းပဲလေ... ဆိုတော့ ဒီလှောင်အိမ်က ကြာရှည်မခံနိုင်တော့ဘူး”

ထျန်းရှားက “လှောင်အိမ်က ဒီမှာရှိနေခဲ့တာ ကြာပြီ... ဒါကြောင့် ရေတွေ တိုက်စားဖို့လည်း မကြာလောက်ဘူးလား”

လုရွှမ်က ခေါင်းခါလိုက်ပြီး “မကြာနိုင်ဘူး”

“ဘာလို့ဒီလိုပြောတာလဲ?”

“အရင်က လေ့လာခဲ့တဲ့ ဓားသိုင်း လှုပ်ရှားမှုတွေကို လူတိုင်း သတိထားမိကြမယ် ထင်တယ်.... အစောပိုင်း ဓားလှုပ်ရှားမှုတွေက အရမ်းကြမ်းတယ် ကျောက်နံရံမှာ ထွင်းထားတဲ့ ဓားတွေက နောက်ပိုင်း ဓားသွားတွေထက် အများကြီး မှုန်ဝါးနေတာပဲ မဟုတ်လား”

“ဒါဆို အရှေ့က ဓားရွေ့လျားမှုက အားနည်းတယ် အနောက်က ဓားက အားကောင်းတယ်... ကျောက်နံရံက အဲဒါတွေကို စနစ်တကျ မှတ်တမ်းတင်ထားတယ်.... ဒါကြီးက ဘာမှ အဓိပ္ပာယ် မရှိပါဘူး”

ထျန်းရှားသည် လုရွှမ်နှင့် ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည်။

လုရွှမ်က ပြုံးပြီးပြော၏။

“ဒါက တကယ် ရိုးရှင်းပါ့မလား? ဒြပ်စင်ငါးခုက အတူတူ လည်ပတ်ရင် ​ဒြပ်စင်တစ်ခုစီက အားကောင်းလာလိမ့်မယ်... မြေကြီးက ရွှေကိုမွေးရင်း ရွှေဒြပ်စင်ရဲ့ တည်ရှိမှုက မြေကြီးကို အထောက်အကူ ဖြစ်စေတယ်...အဲဒါက ဒီနေရာက ကျောက်နံရံကို ပိုခိုင်ခံ့အောင် လုပ်ထားတဲ့ သဘောတရားပဲ... ဒါဆို ဒီကိစ္စမှာ ဓားရဲ့ ရွေ့လျားမှုက အဓိပ္ပာယ်မရှိဘူးလို့ မင်းထင်နေသေးလား?”

ထျန်းရှား စကားမပြောနိုင်​တော့သလို ကျန်တဲ့သူများလည်း အသက်ရှု ကြပ်သွားကြသည်။ လုရွှမ်ရဲ့ စကားကို သူတို့ရဲ့ မသိစိတ်မှ သဘောတူ​နေကြပြီး လုရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အလွန်ကျိုးကြောင်း ဆီလျော်​နေသည်။

“အားလုံး ဒီတုတ်သိုင်းတွေကို လေ့လာကြည့်လိုက်... ထျန်းရှား မင်းရဲ့ နည်းလမ်းအရဆို ရောင်ဝါက မှုန်ဝါးနေသင့်တယ် ဒါပေမဲ့ ကျောက်နံရံထဲကို နက်နက်နဲနဲ အထိတောင် ထိုးဖောက် ဝင်ရောက်သွားတာ ရှင်းနေတာပဲလေ”

All Chapters