← Chapters

အပြင်ထွက်သွားတဲ့ လူ

Vol. 76 Ch. 4.654

အပြင်ထွက်သွားတဲ့ လူ

Vol. 76 Ch. 4.654

“အကြောင်းပြချက်က အရမ်းရိုးရှင်းတယ်... ရေက သစ်သားကို ထုတ်ပေးတယ် သစ်သားက မြေကြီးကို ထုတ်ပေးတယ်... ဒါက ကျောက်နံရံကို ဖြည်းဖြည်းချင်း ဖျက်ဆီးနေစေတဲ့ အချက်ပဲ”

လုရွှမ်၏ စကားများသည် နောက်ဆုံးထိုးနှက်ချက် အဖြစ် လူတိုင်းရဲ့ သံသယများကို လုံးလုံးလျားလျား ဖြေဖျောက်သွားပုံရသည်။ အခြေခံအားဖြင့် သူတို့နှလုံးသားထဲတွင် ဤအထင်အမြင်ကို အသိအမှတ် ပြုလာခဲ့ကြပြီး ဤလှောင်အိမ်သည်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာသယောင်ပင်။

ထျန်းရှားကတော့ နည်းနည်း စိတ်မချရသေးပုံရ၏။ သူမက။

“ဒါဆို ဒီဓားသိုင်းနဲ့ တုတ်သိုင်းတွေက ကိုးကွက်ရှိတယ်.... ငါတို့ ကိုးကွက်ကို သင်ယူပြီးရင် ဘာဆက်ဖြစ်မှာလဲ?”

ထျန်းရှားက တမင်ဒုက္ခပေးနေတာ သိပေမယ့် ဒီစကားတွေက အဓိကအချက်ကို ထိမိသွားခဲ့သည်။

လုရွှမ် : “ငါ့ရဲ့ ခန့်မှန်းချက်အရဆို ဓားသိုင်းက ၂၇ ချောင်း ရှိနိုင်တယ် ပထမ ဓားကိုးချောင်းက ကောင်းကင်ဘုံသခင်နဲ့ ကိုက်ညီတယ် ဆိုလိုတာက ကောင်းကင်ဘုံသခင်တွေပဲ အဲဒါကို ထိန်းချုပ်နိုင်မယ် အရမ်း ထက်မြက်တဲ့သူကပဲ ကိုးချောင်းလုံးကို ထိန်းချုပ်နိုင်မယ်လို့ ပြောချင်တာ”

“ဟင့် ကိုယ့် မျက်နှာပေါ် ပိုက်ဆံကပ်နေတဲ့လူ!”

ထျန်းရှားက ထပ်အော်ပြန်သည်။ လူတိုင်းက ထျန်းရှားကို စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး ဟိုင်ရှင်းမှာလည်း သူမကို အသံတိုးတိုးနဲ့ သတိပေးရသည်။

“အစ်မကြီး... အစ်မလည်း အရမ်းထက်မြက်တဲ့ လူတစ်ယောက်ပါ... ထျန်းချိုင်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်ကို အရင် နားထောင်ကြည့်ရအောင်”

“မှန်တယ်”

ဖြူကောင်လည်း လုရွှမ်ရဲ့ စကားတွေကို လုံးဝ စွဲလန်းသွားဟန်ဖြင့် ဝင်ထောက်ခံလိုက်သည်။ ထျန်းရှားကတော့ သူတို့ နှစ်ယောက်ရဲ့ ခေါင်း​တွေကို ပိတ်ရိုက်ပြီးမှ ပါးစပ်ပိတ်ထားလိုက်လေ၏။

လုရွှမ် ဆက်လက် ပြော​ပြသည်။

“ဒီဓားသိုင်း ကျွမ်းကျင်မှုတွေက ဒီအချက်တွေကို အခြေခံပြီး ကြီးမားကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုလို ဖြစ်လာခဲ့တာ... နတ်မီးနယ်ပယ်နဲ့ ကောင်းကင်ဘုံသခင်က လုံးဝ ကွဲပြားတာကို မင်းတို့ သိထားပါတယ်။ သူတို့ကြားက အတိုင်းအတာက အရင်နယ်ပယ်တွေကို ပေါင်းစပ်ထားရတာထက် ပိုမြင့်တယ်....ဒီဓားသိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ထားနိုင်ပြီ ဆိုရင်တော့ တော်တော်လေး အံ့သြစရာ ကောင်းသွားပြီ”

“အလယ်က ဓားတွေကို သင်ယူဖို့အတွက်ဆို နတ်မီးနယ်ပယ်နဲ့ ယှဉ်နိုင်တဲ့ လေ့ကျင့်မှုအဆင့် အနည်းဆုံး ရှိထားသင့်တယ်။ ပြီးတော့ အခုဒီကလူတိုင်းမှာ နတ်မီးနယ်ပယ်ရဲ့ အစွမ်းသတ္တိတွေ မရှိကြဘူးလေ ဒါကြောင့် သင်ယူလို့ မရဘူး.... ထျန်းရှား မင်း နတ်မီးနယ်ပယ်က သခင်တွေကို သတ်ခဲ့တယ်လို့ ထည့်မပြောနဲ့... အဲဒီလူတွေရဲ့ ခွန်အားက ကောင်းကင်ဘုံသခင်ထက် အများကြီး မမြင့်ဘူး.... ပြီးတော့ သူတို့က စစ်မှန်တဲ့ နတ်မီးနယ်ပယ်မှာ ရှိနေတယ်လို့ ယူဆလို့ မရဘူး”

“အနည်းဆုံးတော့ ဒီလှောင်အိမ်ထဲမှာ မင်းသတ်ခဲ့တဲ့ လူတွေကို ထည့်တွက်လို့ မရဘူး ဟုတ်တယ်ဟုတ်... ကိုယ့်ဘာသာ စဉ်းစားကြည့် နတ်မီးနယ်ပယ်က သခင်အစစ်အမှန်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မင်းမှာ သတ္တိရှိလား?”

ထျန်းရှား ဟစ်အော်လိုက်ပေမယ့် လုရွှမ် ပြောတာ မှန်မှန်း သူမသိသည်။

နတ်မီးနယ်ပယ် သခင်များသည် မြင့်မားသော ကျင့်ကြံမှု အဆင့်များ ရှိသော်လည်း ၎င်းတို့ကို အမှားအမှန် ခွဲခြား​ကြည့်နိုင်သည်။

နတ်မီးနယ်ပယ် ဘုံ၌ နတ်မီးလုံးတွေကို ထွန်းညှိထားရန် လိုအပ်သည်။ နတ်မီးလုံးက နတ်မီးနယ်ပယ်ကို ပွင့်စေမယ့် လမ်းစ ဖြစ်သည်။ တစ်စုံတစ်ဦးမှ နတ်မီးလုံးကို ထွန်းညှိပြီးနောက် လောကကို လင်းထိန်စေရန် ထိုမီးလုံးကို အသုံးပြုရ၏။

ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် နတ်မီးလုံးကို ထွန်းညှိထားသော ထူးထူးခြားခြား အောင်မြင်မှုတစ်ခု ရရှိနေသူများ ရှိပါသည်။ စစ်မှန်တဲ့ နတ်မီးကို ထွန်းညှိထားတဲ့ သခင်တွေအနားကို နတ်မီးနယ်ပယ်က လူတွေပင် မကပ်ရဲချေ။

သို့သော် ဝမ့်ရှန်းကမ္ဘာတွင် နတ်မီးနယ်ပယ်တွေရဲ့ နတ်မီး လင်းနိုင်သော အကွာအဝေးမှာ မိုင်တစ်သောင်းအောက်သာ ရှိပြီး ၎င်းတို့သည် မှားယွင်းစွာ ထွန်းညှိထားသော နတ်မီးနယ်ပယ်များ ဖြစ်​လေသည်။ မိုင်ထောင်ချီဝေးသော အတားအဆီး တစ်ခုဖြစ်သော ပထမဆုံး နတ်မီးလုံးသည် မျက်ခုံးကြားရှိ နတ်မျှော်စင်မီးလုံး ဖြစ်သည်။ ဤမီးလုံးသည် မျက်ခုံးအလယ်တွင် တည်ရှိပြီး ဝိညာဉ်ရေး လေ့ကျင့်ရန်အတွက် ရှေ့သွားရမည့် လမ်းကို လင်းလက်စေသည်။

မိုင်တစ်သောင်း အကွာမှာတောင် မတောက်ပနိုင်ဘူးဆိုရင် နောက်ဆက်တွဲ အလေ့အကျင့်က အချိန်နဲ့ စွမ်းအင်ကို အကုန်အစင် ဖြုန်းတီးပစ်လိုက်တာပါပဲ။ ဒုတိယမီးလုံးကို ရှာတွေ့ရင်တောင်မှ နတ်မီးက အပြည့်အဝ မလင်းထားနိုင်တာကြောင့် ဒုတိယမှော်မီးလုံးကို ထွန်းဖို့ စွမ်းအင် မလုံလောက်နိုင်တော့ချေ။

နတ်မီးအလုံအလောက် မရှိပါက ကျင့်ကြံမှုတွင် ကိုယ့်အချိန်ကို ဆုံးရှုံးသွားရလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဘုံသခင် နယ်ပယ်မှ နတ်မီးနယ်ပယ်သို့ တက်လှမ်းလိုသူ အများအပြားသည် ကောင်းကင်ဘုံသခင် အထွတ်အထိပ် ကာလတွင် ၎င်းတို့၏ ကျင့်ကြံမှုကို အဆက်မပြတ် ဖိနှိပ်ထားကြ၏။ ထို့နောက် ပိုမိုအားကောင်းသော နတ်မီးကို ရရှိကာ နတ်မီးနယ်ပယ်သို့ ချီတက်ပြီးနောက် စွမ်းအား ပိုမိုပိုင်ဆိုင်ရန် မျှော်လင့်နေကြသည်။

လုရွှမ်ရဲ့ မျက်လုံးများက လူတိုင်းရဲ့ မျက်လုံးတွေထဲ ပြေးလွှားနေပြီး

“နောက်ဆုံးတော့ ဓားကိုးချောင်းက မျှော်စင်နယ်ပယ်က သခင်တွေနဲ့ ကိုက်ညီနေလိမ့်မယ်... ကြီးမားတဲ့ နယ်ပယ်တစ်ခုကို ဖြတ်ကျော်ထားတဲ့ အဲဒီလူတွေက ဘယ်သူတွေက ယှဉ်နိုင်မလဲ ဆိုတာတော့ တွေးကြည့်လို့ မရနိုင်ဘူး”

သူက အသက်ပြင်းပြင်းရှူပြီး ဆက်ပြော၏။

“ဒါပေမဲ့ ဒီမှာပေါ်လာတာက ဒီလှောင်အိမ်ထဲမှာ နတ်မီးနယ်ပယ်၊ မျှော်စင်နယ်ပယ်နဲ့ အဲဒါထက်မြင့်မားတဲ့ နယ်ပယ်က လူတွေတောင် ထောင်ကျနေကြပြီ.... ဒီလှောင်အိမ်ကွဲသွားရင် ငါတို့ ရှင်သန်နိုင်တုန်းပဲ ဆိုပေမယ့် တစ်နည်းပြောရရင် ဝမ့်ရှန်းကမ္ဘာက တည်ရှိနိုင်ပါ့မလား ဆိုတာတော့ ပြောရခက်တယ်”

လူအားလုံး တိတ်တိတ်ဆိတ်ဆိတ် ရှိနေကြသည်။ ဒါကြီးရှိနေခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ လွန်ခဲ့သည့် နှစ်ပေါင်း 30,000 မတိုင်မီအထိ ပင်လယ်ဒီရေ ကျဆင်းတာတွေ မပေါ်သေးပေ။ ဆိုလိုသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း 30,000 မတိုင်မီကစ၍ ၎င်းတို့ ဒီကလွတ်မြောက်ရန် အခွင့်မသာသေးကြောင်း ပြောနေလေပြီ။

အဲဒီလိုလူတွေ ထွက်လာခဲ့ရင် ဝမ့်ရှန်းကမ္ဘာသည် ဇောက်ထိုး မဖြစ်သွားလျှင်ပင် ထူးဆန်းသွားလိမ့်မည်။ အဲဒီလူတွေ ဝမ့်ရှန်းကမ္ဘာက ထွက်ခွာပြီးနောက် တိကမ္ဘာတွေလည်း အဆုံးမဲ့ပျက်စီးခြင်းကို ခံစားရမည် ဖြစ်သည်။

“ဟုတ်ပြီ... အခုထိ ငါတို့ မြင်ခဲ့ရတာတွေကို အခြေခံပြီး ငါ့ရဲ့ခန့်မှန်းချက်က မှန်တယ်ဆိုရင် ဒီလှောင်အိမ်က အလွှာသုံးလွှာ ခွဲထားလိမ့်မယ်... ငါတို့ကအခု အပြင်ဘက်ဆုံး အလွှာဖြစ်တဲ့ ပထမအလွှာမှာ ရှိနေနိုင်တယ် အဲဒါကြောင့် ငါတို့ ကြုံတွေ့ခဲ့ရတာက နတ်မီးနယ်ပယ်က ဆရာကြီးတစ်ပါး ဖြစ်နေတာ!”

လုရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အလွန်တိကျတာကြောင်် ဖြည်းဖြည်းချင်း လူတိုင်းကလည်း ဤယူဆချက်ကို အသိအမှတ် ပြုလာကြသည်။

အားလုံးက တိတ်ဆိတ်နေသည်။

ရုတ်တရက် ထျန်းရှားရဲ့ အသံက ထပ်ပြီး ထွက်ပေါ်လာ၏။

“နင်ပြောတာ မှန်ကောင်းမှန်နိုင်တယ် ဒါဆို ငါတို့တစ်သက်လုံး ဒီမှာပဲ ပိတ်မိနေပြီး သေတဲ့အထိ မထွက်နိုင်တော့ဘူးလား?.. သူတစ်ပါးကို ကယ်တင်ဖို့ နင့်ကိုယ်နင် တကယ် စတေးဖို့ ဘယ်လောက်များ စိတ်ကူးထားတာ ရှိလဲ”

လုရွှမ်က ပြုံးလိုက်ပြီး

“ချီးကို ရှိနေလိုက်!... ဒီမှာ ပိတ်မိနေပြီ... ခံစားချက်ကြီး ကြီးမားမား အတွက် အချည်းနှီး သေပေးချင်တဲ့ ပညာရှိစိတ်မျိုး ဘယ်သူမှာမှ မရှိဘူး!”

လူတိုင်းက ရယ်ရယ်မောမော ဖြစ်သွားကြ​ကာ အစောတုန်းက စိတ်ဓာတ်ကျနေတဲ့ အခြေအနေက ပေါ့ပေါ့ပါးပါး ဖြစ်သွားသလို ခံစားလိုက်ရသည်။

လုရွှမ်သည် ယခင်က ဤအန္တရာယ်ကို အလေးပေး စဥ်းစားနေဆဲ ဖြစ်လေသည်။ ယခုက ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲ တချို့ကို ဖြစ်စေနိုင်သည်။ အားလုံးက စကားမပြောကြသော်လည်း လုရွှမ် တကယ်​​ကြီး ဒီနေရာမှာ ဆက်နေဖို့ ရွေးချယ်မှာကို အားလုံးက စိုးရိမ်နေကြသည်။

ထို့ကြောင့် ထျန်းရှား ထုတ်ပြောလာတဲ့ သူမစကားများက ရွံ့ရှာစရာများ ပြည့်နှက်နေသည်။ ဒါကို ဘယ်သူကမှ ငြင်းဆိုခြင်း မရှိသော်လည်း အမြတ်နှင့် ဆုံးရှုံးမှုကို စိုးရိမ်ကာ လုရွှမ်အား မဝံ့မရဲ ကြည့်နေလေသည်။

လုရွှမ်က ဒီလိုစကားမျိုး ပြောလာမယ်လို့ မမျှော်လင့်ထားခဲ့သလို ဘယ်သူမှလည်း ရယ်မိမယ် မထင်ထားပါဘူး။

“ငါတို့က ကောင်းကင်ဘုံရှင်သခင်တွေပဲ အိုး ငါကတော့ မဟာသူတော်စင်ပဲ ရှိသေးတယ်... အဲဒီနတ်မီးနယ်ပယ်တွေ ဒါမှမဟုတ် မျှော်စင်နယ်ပယ် သခင်တွေကြောင့် ငါတို့ နှလုံးသားကို ဘာလို့ နှောက်ယှက်နေရမှာလဲ ဟုတ်တယ်မလား? အရာခပ်သိမ်းက အပြန်အလှန် မှီခိုပြီး တစ်ယောက်ကိုတစ်ယောက် ချုပ်တည်းထားကြတာ.... အခုကိစ္စအတွက် ဖြေရှင်းချက် သေချာပေါက် ရှိမယ်လို့ ငါ ယုံကြည်တယ်”

လူအုပ်စုက ကျယ်လောင်စွာ တုံ့ပြန်ခဲ့ပြီး ထျန်းရှားပင်လျှင် သူမမျက်နှာပေါ်၌ ပြုံးနေခဲ့သည်။

“အပြင်ထွက်ချင်ရင် ဆရာတူအစ်မ ထျန်းယင်ရဲ့ အကူအညီကို လိုနေရုံတင်မကဘူး... ဟိုအရင်တုန်းက တွေ့ခဲ့ရတဲ့ ဓားရှည်သိုင်းတွေကို မှတ်မိသေးလား? အဲဒါက ငါတို့ရဲ့ အကြီးအကဲတွေရဲ့ မျှော်လင့်ချက် ဖြစ်နိုင်တယ်”

ဒါကို​တော့ လူတိုင်းက သိပ်နားမလည်ကြသေးပါဘူး။

လုရွှမ်က ပြုံးပြီးပြောလေသည်။

“ငါတို့ဘိုးဘေးက ဒီကျိုးနေတဲ့ ဓားကိုကိုင်ပြီး အနှစ်တစ်သောင်းလောက် တစ်ယောက်တည်း ပြန်လာခဲ့တာ မင်းတို့အားလုံး သိပါတယ်... ဒါဆို သူမ ဘယ်ကိုသွားခဲ့တာလဲ? ငါ့ကို မှန်းဆခိုင်းမယ် ဆိုရင်တော့ သူမလာခဲ့တာ ဒီနေရာပဲ ဖြစ်နိုင်တယ်.... ပြီးတော် ပိုနက်ရှိုင်းတဲ့ နေရာကိုတောင် ရောက်သွားခဲ့လောက်တယ်... ထပ်ပြောရရင် ဆရာဘိုးဘေး အဲဒီအချိန်တုန်းက မျှော်စင်နယ်ပယ်ကို ရောက်ရှိနေလောက်ပြီ”

ဘာ? ဆရာဘိုးဘေးက ဒီကိုလာခဲ့တယ်၊ ဒါ့အပြင် သူက အနက်ထဲကိုတောင် ဝင်သွားသေးတယ်ပေါ့?

ကောင်းကင်အောင်ခြင်းဂိုဏ်းထဲက လူတိုင်း အကြီးအကျယ် အံ့သြသွားကြသည်။

“ဒါပေါ့ လွန်ခဲ့တဲ့နှစ်ပေါင်း 30,000 ကျော်က ဒီနေရာမှာ ရေတိုက်စားမှု မရှိနိုင်သေးဘူး... ဒါကြောင့် အကျပ်အတည်းက ပိုသေး​ငယ်လောက်တယ်... ဒါပေမဲ့ အကြီးအကဲ ဘိုးဘေးက သူ့အသက်ကို ပေးဆပ်ပြီးတောင် ထွက်လာခဲ့ရတယ်... ငါတို့ရဲ့ရှေ့က အန္တရာယ်တွေလည်း ပိုများပြီး ပိုလေးလံတယ် ဒါပေမဲ့ ငါတို့မှာ လူတွေ အများကြီး ရှိတယ် ဒါတင်မကဘူး အပြင်ဘက် အလွှာမှာပဲ ရှိသေးတယ် ဒါကြောင့် အပြင်ထွက်ဖို့ အခွင့်အလမ်းက ဘိုးဘေးထက် မနည်းလောက်ဘူး”

All Chapters