← Chapters

ဘိုးဘေးဒေါ်လေးချင်းချန်

Vol. 76 Ch. 4.656

ဘိုးဘေးဒေါ်လေးချင်းချန်

Vol. 76 Ch. 4.656

ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ ဆရာတူ ညီအကို မောင်နှမများထဲတွင် အကြာဆုံး ခံနိုင်ရည်ရှိသူများမှာ အမှန်ပင် ကျန့်ကျောက်နှင့် ထျန်းရှောင်းတို့ ဖြစ်သည်။ ကျန့်ကျောက်သည် နှစ်ပတ်ကြာ ရပ်တည်ခဲ့ပြီး ထျန်းရှောင်းကတော့ သုံးပတ်ကြာ ဆက်လက် ရပ်တည်ခဲ့ပြီး လုံးဝ ရှုံးနိမ့်သွားခဲ့သည်။

လုရွှမ်ရဲ့ အင်အားက ထိန်းမနိုင်သိမ်းမရ ဖြစ်​နေပေမယ့် လူတိုင်းက စိတ်ဓာတ်မကျသွားပါဘူး။ အခုဆို နှစ်နှစ်ကျော်သွားပြီ ဖြစ်သလို သူတို့ရဲ့ ခွန်အားတွေ အရမ်းတိုးတက် လာတယ်လို့လည်း ခံစားရလေ၏။

လုရွှမ်ရဲ့ နည်းလမ်းက အလွန်ရိုးရှင်းပါသည်။ ခွန်အား၏ ပြင်းထန်မှုကို ခန္ဓာကိုယ်ထဲရှိ ယွမ်စွမ်းအင် ပမာဏဖြင့် ဆုံးဖြတ်ပြီး ယွမ်စွမ်းအင် ဘယ်လောက်ရှိလို့ ခန္ဓာကိုယ်က ဘယ်လောက် ခံနိုင်ရည်ရှိလဲဟူ၍ ဆုံးဖြတ်သည်။

ဤသည်မှာ ပင်လယ်သားရဲများသည် တူညီသော နယ်ပယ်ရှိ လူသား ကျင့်ကြံသူများထက် ယေဘုယျအားဖြင့် ပိုသန်မာသော အကြောင်းရင်းလည်း ဖြစ်သည်။

လူတိုင်းကလည်း ဒီအချက်ကို သဘောတူကြသည်။

ဟိုင်ရှင်းသည် သူ့အတွေးတွေကို ရုတ်သိမ်းရင်း နောက်ပြန် လှည့်ကြည့်လိုက်ကာ လုရွှမ်နဲ့ ထျန်းရှားတို့၏ တိုက်ပွဲကို ဆက်လက် ကြည့်ရှု​နေခဲ့သည်။

သူတို့နှစ်ယောက်ဟာ အကြိမ်ပေါင်းများစွာ ယှဥ်ပြိုင်နေကြပြီး တစ်ယောက်နဲ့ တစ်ယောက်ရဲ့ လှည့်စားမှုတွေကိုတောင် ကောင်းကောင်း သိလာကြသည်။ ဒါပေမဲ့ သူတို့ နှစ်ယောက်လုံးဟာ အလွန်ထက်မြက်ပြီး လှုပ်ရှားမှုတစ်ခုကို အသုံးပြုတိုင်း စိတ်ကူးသစ်တွေ အမြဲတမ်း ထွက်ပေါ်လာတတ်၏။

အချိန်အကြာကြီး ကြည့်ရင်း အကြာကြီး မြည်းစမ်းကြည့်ပြီးနောက် ရုတ်တရက် ကြည့်နေကြသူ အတော်များများက ရုတ်တရက် ရိပ်မိသွားကြတယ်။ ဒါကြီးက အစောနက လှည့်ကွက်ပဲ မဟုတ်လား? သူတို့လည်း ပါမယ်!

သို့သော် သူတို့တုံ့ပြန်လိုက်တဲ့ အချိန်မှာ လုရွှမ်နဲ့ ထျန်းရှားတို့သည် မရေမတွက်နိုင်သော သိုင်းကွက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး​ပြီ ဖြစ်သည်။

ကြီးမားသော လေလှိုင်းကြီး ပြန့်ကျဲသွားပြီး လုရွှမ်နဲ့ ထျန်းရှားတို့၏ ရုပ်ပုံများသည် ကွဲကွာသွားကာ အသီးသီး နောက်ပြန်ဆုတ်သွားကြသည်။

လုရွှမ် အသက်ရှုထုတ်လိုက်ပြီး ထျန်းရှားကလည်း သူမလက်ကောက်ဝတ်ကို လှုပ်လိုက်ကာ

“ဟမ့် ဒါ သုံးဆယ့်တစ်ကြိမ်မြောက် ဖြစ်နေပြီ... ငါထပ်ပြီး နိုင်ပြန်ပြီ”

လုရွှမ်လည်း သူ့စိတ်ထဲတွင် ကြည်နူးနေတာကြောင့် ရယ်မောလိုက်သည်။

“ဟုတ်တယ် မင်း နိုင်​​နေတုန်းပဲ... ငါ မင်းကို အနိုင်ယူလို့ မရသေးဘူး”

ထျန်းရှား အရမ်းမာနကြီးမှန်း အားလုံးကလည်း သိတာကြောင့် တစ်ပြိုင်တည်း ရယ်မောလိုက်ကြ၏။

လုရွှမ် တစ်ဖန် ပြန်ကြည့်လိုက်ချိန် သူတို့ တုန်လှုပ်ခြောက်ခြား သွားလေသည်။ ယခုတစ်ကြိမ် လုရွှမ် စွမ်းဆောင်မှုအပေါ် အနည်းငယ် အံ့အားသင့်သွားသလိုလည်း မခံစားရ​​​တော့ပေ။ သူတို့လည်း ကျင့်သားရနေပြီလေ။

ထျန်းချိုင်က သူတို့ကြားထဲမှာ အလွန် အရည်အချင်း ရှိသူတစ်ယောက်ပဲ။ သူက ရိုးရိုးရှင်းရှင်း ပါရမီရှင် မဟုတ်တော့ဘဲ ပါရမီရှင်တွေရဲ့ နယ်ပယ်ကို ကျော်လွန်သွားပြီပဲ ဖြစ်သည်။

အသက်ကယ်တဲ့ ဝှက်ဖဲကလွဲရင် အစကတည်းက အမျိုးမျိုးသော နည်းလမ်းတွေကို သုံးခဲ့ပေမယ့် သူတို့မှာ မြန်မြန်ဆန်ဆန်ပဲ ရှုံးနိမ့်သွားခဲ့၏။ နောက်တော့ တဖြည်းဖြည်းနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်ပြီးတော့ ခေါင်းချင်းဆိုင် ယှဉ်ပြိုင်ခဲ့သည်။ အခုတော့ လုရွှမ်နဲ့ ထျန်းရှားဟာ သရေကျသွားပြီ။

လုရွှမ်ရဲ့ တိုးတက်မှုသည် အားလုံးထက် သိသာထင်ရှားပါသည်။ အစပိုင်းနှင့် နှိုင်းယှဉ်ပါက သူ့ခွန်အားသည် ဆယ်ဆကျော် တိုးလာခဲ့ပြီ။ ထျန်းရှားလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာသော်လည်း လုရွှမ်နှင့် နှိုင်းယှဉ်လိုက်ရင် သူမကိုယ်သူမ အလွန်စိတ်ညစ်နေပုံရသည်။

သန့်ရှင်းရေး လုပ်ပြီးနောက် လူတိုင်းသည် တင်ပျဉ်ခွေထိုင်ကာ ယခင်တိုက်ပွဲ အကြောင်း လုရွှမ်ရဲ့ ရှင်းပြချက်ကို နားထောင်ကြသည်။ နားမလည်ခဲ့သော လူများစွာသည် ရုတ်တရက် ဉာဏ်အလင်း ပွင့်လာပြီး သူတို့၏ ခွန်အားသည် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

ရုတ်​တရက်​ပင်​ လူတိုင်းသည်​ သန့်စင်​​သော သစ်​သားစွမ်းအင်​များ ​ပေါက်​ထွက်​လာတာကို ခံစားလိုက်​ရတာကြောင့် နောက်​ပြန်​ ကြည့်​လိုက်​သည်​။

ထို့နောက် တွေ့လိုက်ရတာက နတ်သမီးထျန်းယင်၏ ခန္ဓာကိုယ်သည် အစိမ်းရောင် အလင်းမှုန်များ ဖြာထွက်လာတဲ့ မြင်ကွင်းပါပဲ။ သူမက တုတ်သိုင်းကိုးကွက်ကို အမြန်အသုံးပြုကာ ဝေ့ယမ်းလိုက်စဥ် နံရံပေါ်၌ တံခါးပေါက်တစ်ခု တိတ်တဆိတ် ပေါ်လာသည်။

အားလုံး ထိတ်လန့်တုန်လှုပ် နေချိန်၌ အမျိုးသမီးတစ်ဦး ပြေးထွက်လာခဲ့သည်။ သူမက အနည်းငယ် ထိတ်လန့်နေပုံရပြီး တစ်ဖက်က ကျောက်နံရံဘက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ တစ်ဆက်တည်း သူမရဲ့ ထိတ်လန့်စရာ အကြည့်တစ်ချက်ကို တွေ့လိုက်ရသည်။

လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်မိတော့၏။ ဒါက တိုက်ဆိုင်လွန်းမနေဘူးလား။ သူက ပင်ပန်းနေပုံရတဲ့ ထျန်းရှားကို တစ်ချက်ကြည့်လိုက်သည်။ အစောက သေရေးရှင်ရေး ရုန်းကန်ခြင်း မဟုတ်သော်လည်း သူတို့နှစ်ဦး အစွမ်းကုန် ကြိုးစားခဲ့ကြတာကြောင့် ယခုအချိန်မှာ ပင်ပန်းနွမ်းနယ်နေကြပြီ။

လုရွှမ် ပေါ့ပေါ့တန်တန် လမ်းလျှောက်သွားပြီး နတ်သမီးထျန်းယင်အား အဂ္ဂိရတ်ဆေး တစ်ပုလင်း ပေးလိုက်သည်။ ၎င်းသည် အချိန်မီ စွမ်းအင်ပြန်လည် မဖြည့်စွမ်းနိုင်သော်လည်း ယခုအချိန်တွင် သူသည် မြင်းသေတစ်ကောင်ကို အသက်ရှင်လာ​သော မြင်းအဖြစ်တော့ ကုသနိုင်သေးသည်။

နတ်သမီးထျန်းယင်မှာ ခဏလောက်အထိ ထိတ်လန့်သွားပြီးမှ သူမ အသိစိတ်အာရုံတွေ ပြန်ဝင်လာခဲ့သည်။ သူမတင်မက ဟိုင်ရှင်း၊ ဖြူကောင်တို့လည်း အမျိုးသမီးတစ်ယောက် နံရံထဲက ပြုတ်ကျမယ်လို့ မထင်ထားကြချေ။

အမျိုးသမီးက မတ်တပ်ထရပ်ပြီး သူ့အဝတ်အစားတွေကို ချိန်ညှိပြီးနောက် လူတိုင်းကို ကြည့်လိုက်၏။ သူမရဲ့ မျက်လုံးတွေက နတ်သမီးထျန်းယင်ကို အထူးအာရုံစိုက် လေ့လာနေသည်။

“မင်း ​လှောင်အိမ်နဂါးတုတ်သိုင်းကို သုံးခဲ့တာလား”

လှောင်အိမ်နဂါးတုတ်သိုင်း?

နတ်သမီးထျန်းယင်ဟာ သူမလက်ထဲက တုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး “ဟုတ်တယ်” ဟု အော်လိုက်သည်။

“မင်းက ကောင်းကင်ဘုံသခင် အဆင့်နဲ့တောင် ပထမဆုံး တုတ်ကိုးချောင်းကို ကျွမ်းကျင်ပြီးပြီဆိုတော့... မင်းရဲ့ အရည်အချင်းက တော်တော်ကောင်းပါတယ်... ငါ့ကို မင်းရဲ့ ဆရာအဖြစ် ကန်တော့လိုက်.... ငါ မင်းကို ဒီကနေ ခေါ်ထုတ်သွားပေးမယ်”

လုရွှမ် အေးစက်စွာ ရယ်လိုက်သည်။ သူ့ရဲ့ ယွမ်ယန်ကျင့်စဥ် ပြန်လည်ထူထောင်ရေး အရှိန်က အလွန်မြန်သည်။ များပြားလှသော ကောင်းကင်ပစ္စည်းများနှင့် မြေကြီး ရတနာများကို မျိုချပြီးနောက် ဤအခိုက်အတန့်တွင် သူသည် တစ်ပွဲလောက်တော့ တိုက်နိုင်စွမ်း ရှိနေပါပြီ။

ဒီအမျိုးသမီးရဲ့ အရှိန်က အားကောင်းနေပုံရပေမယ့် တစ်နေ့တာရဲ့ အဆုံးမှာတော့ လုရွှမ်ရဲ့စူးရှတဲ့ မျက်လုံးတွေကို သူမ မရှောင်နိုင်ခဲ့ပါဘူး။

သူမက နတ်မီးနယ်ပယ် ပြီးပြည့်စုံသောကာလ အစွမ်းသတ္တိ ရှိကာ သူတို့အဖွဲ့ ဤနှစ်များအတွင်း ကြုံတွေ့ခဲ့ရသည့် အကျဥ်းသားများထဲက အပြင်းထန်ဆုံး အကျဉ်းသားအဖြစ် မှတ်ယူနိုင်သည်။

“ကောင်လေး မင်းက ဘာကိုရယ်တာလဲ? မဟာသူတော်စင် နယ်ပယ်က အငယ်တန်း မင်းကငါ့ရှေ့မှာ မတ်တပ်ရပ်ရဲနေတာ သေမှာမကြောက်ဘူးလား?”

လုရွှမ် သစ်သားဓားကို သူ့လက်ထဲတွင် ကိုင်ထားသောအခိုက် ထိုအမျိုးသမီး၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားတာကို မြင်လိုက်ရပြီး သူမက အံ့သြစွာဖြင့်

“ပေကျီဓား... ကျိုးသွားပြီလား?”

“ဒီဓားကို ခင်ဗျား သိလား?”

“ဒီဓားက မင်းလက်ထဲမှာ ဘယ်လိုလုပ် ရှိနေတာလဲ?”

အမျိုးသမီးက သူမလက်ဖဝါးကို ဖွင့်ကာ လုရွှမ်ဆီသို့ လှမ်းဆွဲလိုက်သည်။ လုရွှမ်လည်း စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားဖြင့် တိုက်ရိုက်ခုတ်ထစ်သည်။ အမျိုးသမီးရဲ့ မျက်နှာမှာ ထိတ်လန့်သွားပြီး သူမရဲ့ရုပ်လွှာလည်း အနောက်သို့ ပျံ့လွင့်သွားသည်။

“စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား?”

လုရွှမ်ကို ကြည့်နေသော သူမမျက်လုံးများသည် ကြောက်ရွံ့မှုအပြည့်ရှိသည်။

“ဒီကအကြီးအကဲ... အနည်းဆုံး ခင်ဗျား ကျွန်တော်တို့ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ကို မပြမချင်း ကျွန်​တော်တို့လည်း ခင်ဗျား ကို မထိခိုက်စေချင်ဘူး.... ခင်ဗျားရဲ့ အထောက်အထားကို ပြောပြပေးပါ... ခင်ဗျား ဒီဓားကို ဘာကြောင့် သိ​နေတာလဲ?”

လုရွှမ် အေးစက်သော အမူအရာဖြင့် ဆိုလိုက်စဥ် သူ့ဒန်တန်ထဲရှိ ရွှေဒြပ်စင်နတ်ပုတီးစေ့က အသက်ဝင်လာပြီး ပြင်းထန်သော လူသတ်ချင်သည့် အရှိန်အဝါဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားလိုက်သည်။

ထျန်းရှားလည်း မတ်တပ်ရပ်လိုက်ပြီး ဖြူကောင်၊ ဟိုင်ရှင်းနဲ့ နတ်သမီးထျန်းယင်လည်း သူမလမ်းကို ပိတ်ဆို့ကာ ရပ်လိုက်သည်။

နှစ်များကြာလာသည်နှင့်အမျှ ၎င်းတို့သည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ကျင့်ကြံမှုမှာ အလွန်တိုးတက်လာခဲ့​ပြီ။ အရင်က နတ်မီးနယ်ပယ် သခင်နဲ့တွေ့တုန်းက သူတို့ကို တွန်းလှန်ဖို့ ခွန်အားတွေ စုဆောင်းထား ရပေမယ့် အခုချိန်မှာတော့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အရင်းအနှီး ရှိနေပြီလေ။

ဤအခိုက်အတန့်တွင် အမျိုးသမီး၏ ကျင့်ကြံမှုစွမ်းအင်မှာ မလုံလောက်ဘဲ သူမရဲ့ ဝိညာဥ်စွမ်းအင်ကလည်း အားနည်းနေသည်။ လုရွှမ်၊ ထျန်းရှားနဲ့ နတ်သမီးထျန်းယင်တို့ ပူးပေါင်းလိုက်ရင် ထိုအမျိုးသမီးကို တွန်းလှန်နိုင်စွမ်းရှိကြသည်။

လူငါးယောက်၏ ပြင်းထန်သော သတ်ဖြတ်ချင်နေသည့် ရည်ရွယ်ချက်ကို ခံစားမိသဖြင့် တစ်ဖက်က အမျိုးသမီးလည်း သတိမပေါ့ဝံ့ချေ။

“ဒီမှာ အရည်အချင်းရှိတဲ့ အငယ်တန်းတွေ ဘယ်တုန်းကများ ပေါ်လာခဲ့တာလဲ?”

သူမ စိတ်ထဲတွင် တွေးရင်း သူမ၏ လူသတ်အတွေးများကို ချုပ်တည်းရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။ ဒီလူတွေကို တကယ် အရေးယူချင်တယ် ဆိုရင်တော့ သူမ သေဆုံးသွားလိမ့်မယ်လို့ ခံစားနေရတယ်။

“ကောင်းတယ်... အကြီးအကဲကို ဘာခေါ်လဲ မေးလို့ ရမလား?”

လုရွှမ် ထပ်မေးလိုက်သည်။

အမျိုးသမီးက အော်ဟစ်ပြီး

“ငါက ချင်းချန်... ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ ရောင်ကွမ်းတောင်ထွတ်က တန်ခိုးအကြီးဆုံးသခင်ပဲ ကောင်းကင်အောင်ခြင်းဂိုဏ်း ဝမ့်ရှန်းကမ္ဘာမှာ ရှိနေတုန်းပဲလား?”

လူတိုင်း အံ့အားသင့်သွားကြသည်။ ထျန်းရှားတို့ ပင်လယ်သားရဲ သုံးကောင်လည်း လုရွှမ်နဲ့ သူ့အဖွဲ့ကို နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြသည်။

“ဘာမှ မပြော​ကြနဲ့ဦး”

လုရွှမ်သည် ဤညီအစ်ကို ညီအစ်မများ ထိတ်လန့်သွားပြီး သူတို့၏ အသေးစိတ် အချက်အလက်များကို သိရှိသွားမည်ကို စိုးရိမ်သဖြင့် အမြန်အော်လိုက်သည်။

“ခင်ဗျားက ကောင်းကင်အောင်ခြင်းဂိုဏ်း ရောင်ကွမ်းတောင်ထွတ်ရဲ့ အထွတ်အထိပ်သခင်လို့ ပြောခဲ့တယ်နော် ဒါကို ဘယ်လိုသက်သေပြနိုင်လဲ”

အမျိုးသမီးက ထပ်ပြီး အော်ဟစ်လိုက်ကာ သိုလှောင်လက်စွပ်ထဲက တံဆိပ်ပြား တစ်ခုကို ထုတ်​ပြလိုက်သည်။ အမျိုးသမီးသည် လက်ဝေ့ယမ်းလိုက်သော် တံဆိပ်ပြားသည် တောက်ပစွာ ထွန်းတောက်လာကာ သူမ၏ ရုပ်ပုံကို ပြသလာခဲ့သည်။

All Chapters