← Chapters

ကြီးမားသောအပြောင်းအလဲများ

Vol. 76 Ch. 4.658

ကြီးမားသောအပြောင်းအလဲများ

Vol. 76 Ch. 4.658

ဝမ့်ရှန်းကမ္ဘာ၊ ကောင်းကင်အောင်ခြင်းဂိုဏ်း၌။

ဘယ်လောက်ပဲ နာကျင်နေပါစေ အချိန်ကြာလာတာနဲ့အမျှ သက်သာသွားပါလိမ့်မယ်။

ပင်လယ်ဒီရေ ကျသည့် နောက်ဆုံးအကြိမ်သည် နှစ်ပေါင်းသုံးဆယ် ကြာသွားခဲ့ပြီး ကောင်းကင်အောင်ခြင်းဂိုဏ်းသည် အရည်အချင်း ရှိသော တပည့်များစွာကို တစ်ဖန်ပြန်လည် ကြိုဆိုခဲ့သည်။ သို့သော် ပါရမီရှင် တပည့်တစ်ဦးစီသည် တံခါးပေါက်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ကျန်းထျန်းချိုင် အမည်ဝှက်ဖြင့် လာသွားခဲ့သော တကယ့်ပါရမီရှင် လုရွှမ်ကို သတိရမိလိမ့်မည်။

သူထာခဲ့သော မှတ်တမ်းများသည် လူတိုင်းရဲ့ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ရေးထွင်းထားပြီး ဂိုဏ်းရဲ့ လမ်းညွှန်ချက်ထဲတွင် မှတ်တမ်း တင်ထားကာ နောင်လာနောက်သားများက ကိုးကွယ် အတုယူကြသည်။

လွန်ခဲ့သော အနှစ်သုံးဆယ်က အမဲလိုက်ရာသီသည် ဝမ့်ရှန်းကမ္ဘာက သက်ရှိသတ္တဝါ အားလုံးအတွက် တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

အမဲလိုက်ရာသီမှာ ပါရမီရှင် ဘယ်လောက်တောင် ဆုံးရှုံးခဲ့လိုက်ရလဲ။ လူသားကျင့်ကြံသူများသည် ထိုတားမြစ်နယ်မြေတွင် ငယ်ရွယ်သော ပင်လယ်သားရဲ ပါရမီရှင်များ အားလုံးကို ဆုံးရှုံးသွားကြောင်းကို တိတ်တဆိတ် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။

သို့သော် ကောင်းကင်အောင်ခြင်းဂိုဏ်း အတွက်မူ နားမလည်နိုင်သော ဝမ်းနည်းကြေကွဲမှု တစ်ခုပါပဲ။ ပိုဝမ်းနည်းစရာ ကောင်းတာက ဂိုဏ်းသမိုင်းမှာ အထူးချွန်ဆုံးလူလို့ သတ်မှတ်ခံရတဲ့ လုရွှမ်ကိုလည်း တားမြစ်နယ်မြေမှာ မြှုပ်နှံထားခဲ့ရ၏။

ယခုအချိန်တွင် ရောင်ကွမ်းတောင်ထွတ်၌။

လှပသော မိန်းကလေး တစ်ဦးသည် ကျောက်ဆောင်ကြီး တစ်ခု၏နောက်တွင် တိတ်တဆိတ် ပုန်းအောင်းနေပြီး ဓားရှည်ကို ကိုင်ဆောင်ထားသော နတ်မီးနယ်ပယ် သခင်တစ်ဦးကို ချောင်းကြည့်နေသည်။ သူသည် အလွန်ငယ်ရွယ်ပုံ ပေါက်သော်လည်း သူ၏ ဆံပင်များတွင်တော့ မီးခိုးရောင် အရိပ်အမြွက်များ ပြသနေသည်။

ထိုတစ်ယောက်က အုတ်ဂူတစ်ခုရှေ့မှာ ထိုင်ပြီး သေရည် သောက်နေ၏။ ထိုသူက သေရည်တစ်ခွက် သောက်တိုင်း အုတ်ဂူကို ရိုသေတဲ့အမူအရာနဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ ဂါရဝပြုလေ့ရှိသည်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မိန်းကလေးဟာ ဒီလူကို ဒီတောင်ကုန်းမှာ တွေ့ခဲ့တာ ဖြစ်သည်။ ဆယ်နှစ်ကြာသွားသည့် ဤနေ့၌ ထိုယောက်ျားသည် ဤနေရာသို့ လာတတ်ကာ ဘာမှမပြောဘဲ သေရည်ပဲ ထိုင်သောက်နေတတ်သည်။ တစ်ခါသောက်လျှင် တစ်နေ့လုံး ကြာမြင့်လိမ့်မည်။

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ပတ်ဝန်းကျင်က ဆက်လက် ပြောင်းလဲလာခဲ့သည်။

ဆယ်နှစ်ကျော်ပြီး နောက်ဆုံးတော့ ထိုယောက်ျားသည် ဤနေရာကိုလာတာ အနှစ်သုံးဆယ် ရှိသွားပြီဖြစ်ကြောင်း နောက်ပိုင်းတွင် သူမ သိလာခဲ့သည်။

ဒီလူဟာ ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးမှာ အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်ကြောင်းကိုလည်း မိန်းကလေးက သိခဲ့ပြီး သူက အသက်နှစ်ရာအောက် အရွယ်မှာ နတ်မီးနယ်ပယ်ထဲက သခင်တစ်ဦး ဖြစ်လာခဲ့လေ၏။

နတ်မျှော်စင် မီးလုံးအား ပေါင်းစည်းလိုက်သောအခါ သူ၏နတ်မီးသည် မိုင်ငါးသန်းအထိ ပျံ့နှံ့သွားပြီး ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။ တောင်ကို တံဆိပ်ခတ်ထားပြီး ဖြစ်သည့် ဆန်းကြယ်ကောင်းကင်အိမ်တော်က တစ်စုံတစ်ဦးသည် သူ့ကို ဆက်သွယ်ရန် စေလွှတ်ခဲ့သော်လည်း သူကတော့ ငြင်းဆိုခဲ့သည်။

၎င်းက ထိပ်တန်း ပါရမီရှင်များသာ သွားနိုင်သည့် နေရာဖြစ်သော ဆန်းကြယ်ကောင်းကင်အိမ်တော် ဖြစ်သည်။ ဝမ့်ကမ္ဘာတွေကနေ လူတစ်ဒါဇင်ခန့်သာ စုဆောင်းပြီး ဆန်းကြယ်ကောင်းကင် အိမ်တော်ထဲသို့ ဝင်သူများသည် ထပ်ခါတလဲလဲ အတွေ့အကြုံများကြား ရှင်သန်နိုင်ပြီး ၎င်းတို့၏ အနာဂတ် အောင်မြင်မှုများကလည်း စိတ်ကူးမယဉ်နိုင်ဘူးဟု ဆိုကြသည်။

ကောင်မလေးက ဆန်းကြယ်ကောင်းကင်အိမ်တော်က အမြင့်ဘယ်လောက် ရှိလဲ မေးခဲ့ပေမယ့် ကောင်းကင်အောင်ခြင်းဂိုဏ်းထဲက တောင်ထွတ်သခင် ဖြစ်တဲ့ သူမအဖေက သူမကို မပြောခဲ့ပါဘူး။ အရမ်းမြင့်တယ်လို့ပဲ ပြောခဲ့သည်။

ပြီးတော့ ဒီလူက “သူက အန္တရာယ်ကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပေးနိုင်မယ်လို့ ငါယုံကြည်တယ်.... အမဲလိုက်တဲ့ရာသီ ပြန်ရောက်လာတဲ့အခါ ငါသွားပြီး သူ့ကို ကယ်ထုတ်မယ်!” လို့လည်း ပြောခဲ့၏။

မိန်းကလေး၏ အမည်မှာ ကျန့်ချိုးချန် ဖြစ်ပြီး သူမသည် ထျန်းရှူးတောင်ထွတ်သခင် ကျန့်ချောင်ယန်၏ သမီးဖြစ်သည်။ သူမ၏ အမည်ပြောင်မှာ လင်အာ ဖြစ်ကာ သူမ ကလေးဘဝတုန်းက လုရွှမ်နဲ့ တစ်ကြိမ် တွေ့ဖူးသည်။ အချိန်တွေ ကုန်နေပြီ။ သူမအသက်က လေးဆယ်ကျော်နေပြီ ဖြစ်ပြီး ယခုဆို မဟာသူတော်စင် အဆင့်ကို ရောက်နေပါပြီ။

ကျင့်ကြံသူများ အတွက်မူ အသက်တစ်ရာ မပြည့်မီတွင်အထိ ငယ်ရွယ်သူဟု သတ်မှတ်တာကြောင့် သူမရဲ့ အသက်လေးဆယ် အရွယ်က ကလေးလို ဖြစ်နေတုန်းပင်။

တစ်နှစ်ပြီးတစ်နှစ် လူငယ်တွေ ကိုးကွယ်လာသူကတော့ ဝမ့်ရှန်းကမ္ဘာမှာ အကျော်ကြားဆုံး ဓားနတ်ဆိုးဆိုတဲ့ လူငယ်ဆရာကြီးပါပဲ​။ ပြီးတော့ သူကိုးကွယ်တဲ့လူက ဝမ့်ရှန်းကမ္ဘာမှာ နံပါတ်တစ် ပါရမီရှင်လို့တောင် ပြောလို့ရတဲ့ ကောင်းကင်အောင်ခြင်းဂိုဏ်းက ကျန်းထျန်းချိုင်လို့ ခေါ်တဲ့ လူပဲ ​ဖြစ်လေ၏။

ဝမ့်ရှန်းကမ္ဘာတွင် ကျန်းထျန်းချိုင်ရဲ့ ​​မူလအမည်မှာ လုရွှမ် ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကောင်းကင်အောင်ခြင်းဂိုဏ်း ဂိုဏ်းတစ်ခုလုံးရှိ အကြီးတန်းညီအကို မောင်နှမများ အားလုံးက သူ့ကို ကျန်းထျန်းချိုင်ဟုသာ ခေါ်ပြီး နေရာတိုင်းတွင် သူ၏ဒဏ္ဍာရီကို ပြောပြလေ့ရှိကြသည်။

နေထွက် နေဝင်၊ လထွက် လဝင်ခြင်း စတဲ့ အချိန်ကာလတွေက တရွေ့ရွေ့ ပြောင်းလဲနေသည်။

မိုးဦးကျသော ရောင်ခြည်တွေ ကျရောက်သောအခါ ဓားနတ်ဆိုးသည် မတ်တတ်ထ၍ လက်သီးများဖြင့် အလေးပြုကာ ဓားရှည်ဖြင့် ကောင်းကင်သို့ ပျံတက်သွားပြီး တစ်ကိုယ်လုံး ဓားရှည်အဖြစ်သို့ ပြောင်းလဲသွား​လေသည်။

ကျန့်ချိုးချန်ရဲ့ ခန္ဓာကိုယ်ပေါ်တွင် လက်တစ်ဖက်က တိတ်တဆိတ် ကျလာခဲ့သည်။ သူမ နောက်လှည့်ကြည့်လိုက်တော့ သူမအား ရင်ခွင်ထဲသို့ ဆွဲထည့်လာသူ တစ်ဦးမှာ သူမအမေ လော့ချင်းယီးပဲ ဖြစ်သည်။ သူမ ရင်းနှီးသော ထွက်သက်ဝင်သက်ကို ခံစားမိ၏။

“မေမေ အစ်ကိုကြီးထျန်းချိုင် နဲ့ အစ်ကိုကျောက်တို့ တကယ်ပဲ အသက်ရှင်နေသေးလား”

လော့ချင်းယီးက ခေါင်းခါလိုက်ပြီး

“အမေလည်း မသိဘူး... အမေလည်း သူတို့ အသက်ရှင်မယ်လို့ မျှော်လင့်ပါတယ် ဒါပေမဲ့ မျှော်လင့်ချက်က အရမ်းနည်းတယ်”

“ဒါပေမဲ့ အကြီးအကဲ ဓားနတ်ဆိုးက အစ်ကိုထျန်းချိုင်ကို ပြန်ခေါ်ပေးမယ်လို့ ပြောခဲ့တယ်မလား?”

လော့ချင်းယီးလည်း အဝေးကို လှမ်းကြည့်ကာ တစ်စုံတစ်ခုကို ပြောချင်နေသကဲ့သို့ နှုတ်ခမ်းများက လှုပ်သွားသော်လည်း နောက်ဆုံးတွင် ဘာစကားမှ ထွက်မလာပေ။

“မေမေ ဆရာတူညီအကို မောင်နှမတွေ အခုတစ်ခေါက် အမဲလိုက်ရာသီအတွက် ပြင်ဆင်နေကြတော့ သမီးလည်း သွားချင်တယ်”

လော့ချင်းယီးရဲ့ အမူအရာက ရုတ်ချည်း ပြောင်းသွားပြီး သူမအသံကလည်း အလွန်မာကျောသွားသည်။

“ဟင့်အင်း... သမီးသွားလို့ မရဘူး”

“အမေ?”

ကျန့်ချိုးချန် သူမအမေရဲ့ လက်ကို စူးစူးဝါးဝါး ခါယမ်းလိုက်သည်။

“မေမေက သမီးကို ဘာမဆို ကတိပေးနိုင်ပေမယ့် ဒီကိစ္စကတော့ အဆင်မပြေဘူး... သမီးအဖေလည်း သဘောတူမှာ မဟုတ်ဘူး”

လင်အာသည် ခေါင်းငုံ့သွားကာ လိမ္မာသော အလင်းရောင်ဖြင့် အုတ်ဂူနှစ်ခုကို ငုံ့ကြည့်လိုက်သည်။

ချလွင်! ချလွင်!

ရုတ်​တရက်​ သူတို့နားထဲမှာ ​ခေါင်း​လောင်းသံ​တွေက ဆက်တိုက်​ မြည်​လာသည်​။ လော့ချင်းယီးရဲ့ အမူအရာ ပြောင်းသွားပြီး

“ဘာဖြစ်တာလဲ? ဂိုဏ်းခေါင်းလောင်းက ဘာလို့ မြည်နေတာလဲ?”

ကောင်းကင်အောင်ခြင်းဂိုဏ်း ကဲ့သို့ ကောင်းကင်အောင်ခြင်း ခေါင်းလောင်းသံကလည်း အလွန်အရေးကြီးပါသည်။ ၎င်းသည် ဂိုဏ်း၏ ရှင်သန်မှု အကျပ်အတည်းနှင့် မသက်ဆိုင်ပါက ဘယ်သောအခါမှ အသံမြည်မည် မဟုတ်ချေ။

ဒါက ကြီးမားတဲ့ အကျပ်အတည်းတစ်ခု ထွက်ပေါ်လာခဲ့တာများလား?

သူမ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း တောင်ထွတ်ရဲ့ အခင်းအကျင်း ကာကွယ်မှု ပုံစံကို အသက်မသွင်းရသေးတာကြောင့် အနည်းငယ် ထူးဆန်းသွားသည်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒါဟာ ပြည်ပရန်သူရဲ့ ကျူးကျော်မှု မဟုတ်သေးဘူးလို့ ထင်ရပါ၏။

ကောင်းကင်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလတ်နေသော အနီရောင် မီးလုံးများသည် ပင်မတောင်ထွတ် ခုနစ်ခုတွင် နေသော နတ်မီးနယ်ပယ် သခင်များရဲ့ အရိပ်များပဲ ဖြစ်​လေသည်။ သူတို့သည်လည်း ကောင်းကင်အောင်ခြင်း ခေါင်းလောင်းသံကို ကြားပြီးတာနဲ့ အဓိကနန်းတော် ဖြစ်သည့် ထျန်းရှူးခန်းမဆီသို့ ပျံသန်းသွားကြသည်။

“လင်အာ... လိမ်မာနော်... သမီးရဲ့ ဆရာတူ ညီအစ်မတွေဆီ သွားပြီး လေ့ကျင့်နေလိုက်.. အမေ ဘာဖြစ်သွားတာလဲ သွားကြည့်လိုက်ဦးမယ်”

ကျန့်ချိုးချန်လည်း ဒီကိစ္စက ကြီးကြီးမားမား အရေးကြီးကြောင်း သိသဖြင့် အထပ်ထပ် အခါခါ ခေါင်းညိတ်ပြလိုက်သည်။ သူမ အမေနှင့် တခြားသူများသည် တခြားအရာများကို ဂရုမစိုက်နိုင်ဘဲ ပင်မခန်းမဆီသို့ အမြန်ပဲ ပြေးထွက်သွားကြသည်။

ခန်းမကို ရောက်လာတဲ့အချိန်မှာ ကျင့်ကြံသူ တစ်ရာကျော် ရောက်ရှိလာပြီဖြစ်ကာ ဒီဘက်ကို ပျံသန်းနေကြသူတွေလည်း အများကြီး ရှိပါသေးသည်။

လူတိုင်းရဲ့ မျက်နှာများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေပြီး ခေါင်းလောင်းက ဘာကြောင့် မြည်ရမှန်း မသိကြပေ။

လော့ချောင်ဖုန်း၏ ရုပ်သွင်သည် လူတိုင်းရှေ့တွင် တိတ်တဆိတ် ပေါ်လာပြီး သူ၏လက်ဖဝါးများက တောက်ပသော စင်​မြင့်တစ်ခု ရှေ့တွင် ဝေ့ယမ်းလိုက်သည်။ ထိုအခိုက် တောက်ပသော စင်မြင့်ပေါ်တွင် ကောင်းကင်နာရီကြီး တစ်ခုပေါ်ထွက်လာ၏။

၎င်းသည် ကောင်းကင်အောင်ခြင်း၏ တန်ခိုးအရှိဆုံး ရတနာများထဲမှ တစ်ခုဖြစ်သည်။ ယခုအချိန်တွင် ကောင်းကင်အောင်ခြင်း ဂိုဏ်း၏ ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိသော်လည်း ကြီးမားသော ခေါင်းလောင်းသံကို တီးခတ်လိုက်ရာ လေထုသည် အလိုအလျောက် ပြင်းထန်စွာ တုန်ခါနေသည်။

“ဂိုဏ်းချုပ်... ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ လေဝင်လေထွက်က မူမမှန်တာ မရှိဘူး... အလိုအလျောက် ခေါင်းလောင်းသုံလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း 30,000 ကျော်က ပင်လယ်သားရဲတွေ ကျူးကျော် ဝင်ရောက်လာတဲ့ အချိန်မှာ နောက်ဆုံး ပေါ်လာတာမဟုတ်လား? အခု ခေါင်းလောင်းကြီး ထပ်မြည်လာတယ် ဆိုတော့ ပင်လယ်သားရဲတွေ ထပ်ပြီး လှုပ်ခတ်နေပြီလို့ ဆိုလိုတာများလား?”

မေးခွန်းထုတ်သူက ထျန်းရွှမ်တောင်ထွတ်ရဲ့ တောင်ထွတ်သခင် ဖြစ်ပြီး သူ့ရဲ့မေးခွန်းက လူတိုင်း တွေးနေတဲ့ အရာပါပဲ။

လော့ချောင်ဖုန်း တစ်ခုခုပြောခါနီးမှာ သူ့စိတ်တွေ ရုတ်တရတ် လှုပ်ရှားသွားပြီး လေထဲက ပစ္စည်းကို ဖမ်းယူဖို့ လက်လှမ်းလိုက်၏။ ၎င်းက ဓားပျံငယ်လေးပင်။

ဝိညာဉ်စွမ်းအင် အလင်းရောင်များ ထွက်ပေါ်လာပြီး ကန့်သတ်ချုပ်ချယ်မှု ပျောက်ကွယ်သွားကာ လူတိုင်း နားထဲတွင် မြည်နေသည့် အသံတစ်ခုက ထွက်ပေါ်လာသည်။ အသံကတော့ လူတိုင်း ရင်းနှီးကြတဲ့ ဓားတစ်သောင်းဂိုဏ်းက ဂိုဏ်းချုပ် ကျန့်ဝူဝေါ်ပဲ ယ ဖြစ်သည်။

“ကျုပ်ရဲ့ ဓားတစ်သောင်းဂိုဏ်းက ကောင်းကင်ဓားက ရုတ်တရက် ကပ်ဘေးတစ်ခုရဲ့ အရိပ်အယောင်ကို ပြလာတယ်... အစ်ကိုချောင်ဖုန်း အဲဒီမှာ သတင်းတစ်ခုခုများ ရထားလား?”

All Chapters