ကြောင်လေးရဲ့ ထိတ်လန့်နေမှု
Vol. 76 Ch. 4.660
ကြောင်လေးက စကားဆက်ချင် နေသေးပေမယ့် ထျန်းရှားက သူမနောက်ကျောကို ပုတ်ပြီး ပြောလိုက်သည်။
“နင့်ရဲ့ခွန်အားကို အရင်ပြန်ကောင်းအောင် လုပ်လိုက်ဦး”
ကြောင်လေးလည်း မျက်လုံးမှိတ်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ အဂ္ဂိရတ်ဆေးကို သောက်ပြီးတော့မှပဲ ဤဆေးရည်က ဘယ်လောက် အစွမ်းထက်ကြောင်း သိရှိလာခဲ့သည်။ သူမရဲ့ ယခင် အစွမ်းတွေကို ပြန်လည်ရရှိရန် အမွှေးတိုင်တစ်ဝက်ခန့်သာ အချိန်ယူခဲ့သည်။
“အစ်မကြီး.. ဒါက ဘယ်လို ဆေးအမျိုးအစားလဲ အစွမ်းထက်လွန်းလိုက်တာ!”
“ဟွေထန်းဆေး... သူ သန့်စင်ထားတာ ဒီအကြောင်း မပြောတော့ဘူး... ဘာလို့ ဒီနေရာက ပြိုတော့မယ်လို့ ထင်နေတာလဲ?”
လုရွှမ်နှင့် သူ့အဖွဲ့သည် အနီးနားရှိ ကျောက်နံရံများကို စောင့်ကြည့်နေကြပြီး ရေစီးသံများ ပိုကျယ်လောင်လာတာကို ကြားနေရ၏။
“ဒီနေရာက ရေမြုပ်နေပြီ ကျောက်နံရံတချို့လည်း မျောပါသွားပြီ... ဒီနေရာမှာ ရေကြီးတာက သာမာန်ရေကြီးမျိုး မဟုတ်ဘူး။ အရမ်းပြင်းထန်တယ်... ဒီနေရာက ရေထဲနစ်ပြီး ပြိုကျလုနီးပါးဖြစ်နေပြီ မြန်မြန်သွားရအောင်”
သူမသည် ထိတ်လန့်လာကာ သူမနောက်ကျောကို လှည့်ကြည့်ရင်း ထွက်ပြေးချင်နေမှန်း သိသာလောက်အောင် တုန်ရီနေသည်။
လုရွှမ် တစ်ချက် လှုပ်ရှား၍ သူမကို တားလိုက်သည်။ ကြောင်လေးက မျက်တောင်ခတ်လိုက်ပြီး
“ရှင်က ဒီလူသား ပါရမီရှင်လား”
ဤမိန်းကလေးသည် ထျန်းရှား၏ သူငယ်ချင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် လုရွှမ်၏ လေသံမှာ သဘာဝအားဖြင့် ပို၍ သာယာလာသည်။ သူက ပြုံးပြီးပြော၏။
“ငါပဲ.... ဒါပေမဲ့ မင်းဒီလိုမျိုး ပတ်ပြေးနေလို့ မရဘူး အန္တရာယ်များလာလေ ငါတို့တွေ စိတ်အေးအေးထားဖို့ လိုလေပဲ မဟုတ်ရင် အန္တရာယ်က မလာသေးဘူး ငါတို့စိတ်တွေက အရင်ကျရှုံးနေလိမ့်မယ်... အဲဒါက ကိုယ့်ကိုကိုယ် အန္တရာယ်ပေးမိလိမ့်မယ်”
ကြောင်လေးက လုရွှမ်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။ သူမရဲ့ မျက်နှာငယ်လေးမှာ စိုးရိမ်စိတ်များဖြင့် နီမြန်းနေပြီး ထျန်းရှားကိုလည်း ပြန်မော့ကြည့်နေသည်။
ဒီလူတွေ ဘာဖြစ်နေတာလဲ။ ဒီကျောက်နံရံတွေ ကျိုးသွားမယ့် အန္တရာယ်ကို မသိကြဘူးလား။
ဒါပေမဲ့ ထျန်းရှားကလည်း ခေါင်းညိတ်ပြီး ဆိုလာသည်။
“ကြောင်လေး သူပြောတာ မှန်တယ်... ဒီအချိန်မှာ ငါတို့ ပိုပြီး စိတ်တည်ငြိမ်ဖို့ လိုတယ် လုရွှမ် ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ?”
နှစ်အတော်ကြာ လက်တွဲ လာပြီးသောအခါ လုရွှမ်သည် သူ၏ကိုယ်ရေးကိုယ်တာ အမှန်ကို လူတိုင်းကို အသိပေးထားပြီးသား ဖြစ်သည်။
သူထွက်သွားနိုင်မလား ဒါမှမဟုတ် အချိန်မရွေး သေသွားနိုင်မလား ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ လုရွှမ် ဒီလူတွေအား သူ့နာမည် အရင်းကိုတောင် မသိလိုက်ဘဲ သူနဲ့အတူ သေသွားရမှာမျိုး မဖြစ်စေချင်ပေ။
ဒါ အနည်းဆုံးတော့ ဒီလူတွေ သိထားသင့်တယ်လို့ သူထင်သည်။ သူ့နာမည်ကြောင့် ကြောင်လေးကတော့ လုံးဝကို အံ့အားသင့်သွားခဲ့၏။
ထျန်းရှားသည် ပြီးပြည့်စုံသော ဆုံးဖြတ်ချက်ကို ချမည့်အစား တစ်ဖက်လူ၏ ထင်မြင်ယူဆချက်များကို တက်ကြွစွာ တောင်းဆိုနေသည်။
“ဟေ့ ဖြူကောင်.... ခွေးကောင် နင်ကဒီမှာ ရှိနေတယ်ပေါ့လေ... ငါ နင့်ကို သတ်မယ်!”
ဟောက်သံနှင့်အတူ ကြောင်သည် လက်နှစ်ဘက်စလုံးက ချွန်ထက်သော လက်သည်းများဖြင့် ဖြူကောင်ဆီသို့ ပြေးဝင်လာသည်။
ဖြူကောင်လည်း အနည်းငယ် အရှက်ရသွားသည်။ နှစ်တွေကြာလာသည်နှင့်အမျှ သူသည် ထျန်းရှား၏ အကျဉ်းသား မဟုတ်တော့ဘဲ ဘေးချင်းယှဉ် တိုက်ခိုက်ကာ ယုံကြည်ရသော သူငယ်ချင်း ဖြစ်လာခဲ့သည်။
ရုတ်တရက် ပုံရိပ်တစ်ခုက တောက်ပလာပြီး ဖြူကောင်ရဲ့ရှေ့မှာ ရပ်လိုက်သည်။ ထိုလူက ဟိုင်ရှင်းပါပဲ။
“ကြောင်လေး စိတ်အေးအေးထားပါ... သူက အရင်လို မဟုတ်တော့ဘူး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြူကောင်က ငါတို့ရဲ့ဘဝနဲ့ ယုံကြည်စိတ်ချနိုင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီ”
ဖြူကောင်က “နိဟောင် ကြောင်လေး... ငါအခု လူကောင်းဖြစ်နေပါပြီ”
သူသည် ယခုနေထိုင်ပုံနှင့် ယခုအမှုအရာများကို အမှန်တကယ် နှစ်သက်သည်။ အချင်းချင်း တိုက်ခိုက်ရန် သို့မဟုတ် တခြားသူများ၏ အကြံအစည်များနှင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို ကာကွယ်ရန် မလိုအပ်ပေ။ လက်ရှိနေရာက အန္တရာယ်ရှိသော်လည်း အလွန်ပျော်သည်။
အထူးသဖြင့် ကောင်းကင်အောင်ခြင်းမှ လှပသော ညီမငယ်များသည် အစ်ကိုဖြူကောင်ဟု ချိုသာစွာ ခေါ်ပြောသံကို နားထောင်ရတာက ဘာနဲ့မှ နှိုင်းကြည့်လို့မရတဲ့ ခံစားချက်ကလေးပင်။
ထျန်းရှားလည်း ကြောင်လေးကို ဖမ်းဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။
“ကြောင်လေး ဖြူကောင်က သူငယ်ချင်းပါ... ငါ်လိုပဲ နင်လည်း သူ့ကို ယုံကြည်နိုင်တယ်... ကောင်းကင်အောင်ခြင်းက လူတွေကလည်း ညီအကို မောင်နှမတွေလိုပဲ.... လိုအပ်နေတဲ့ အချိန်မှာ ကူညီပေးတာကမှ တကယ့် သူငယ်ချင်းပဲ ဒီနှစ်တွေထဲမှာ ငါတို့ အတူတူ လျှောက်လှမ်းခဲ့ကြတယ်။ သူတို့က စိတ်ချယုံကြည်ရသူတွေပါ”
ကြောင်လေးခမျာ အံသြနေမိသည်။ အရာအားလုံးက သူမ နားမလည်နိုင်အောင် မြန်ဆန်လွန်းလှလေသည်။ လုရွှမ် သူမပုခုံးကို ညင်သာစွာ ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ငါတို့က တိုက်ပွဲမှာသေဖို့ အမြဲအဆင်သင့်ရှိနေပေမယ့် ငါတို့အခုထိ အသက်ရှင်နေသေးတာပဲလေ... အရင်အန္တရာယ်တွေက ငါတို့အသက်ကို မပျောက်ကွယ်သွားစေဘူး ဒီတစ်ခါလည်း အဲ့လိုပဲ ဖြစ်မှာ !”
ကြောင်လေးက ဒီလူတွေကို မယုံကြည်နိုင်စွာ ကြည့်ပြီး ရူးနေတာလားဟုပင် တွေးမိလာသည်။ ဒါပေမဲ့ အနီးကပ် ကြည့်လိုက်တော့ ဒီလူတွေဟာ ထူးထူးခြားခြား အငွေ့အသက်တွေ ရှိနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
သူမသည် ဉာဏ်အမြော်အမြင်ရှိပြီး အရိပ်ပြလျှင် အကောင်မြင်တာကြောင့် ဒီလူတွေက လူသားမျိုးနွယ်အပေါ် သူမ၏ နားလည်မှုကို လုံးလုံးလျားလျား ချိုးဖျက်ခဲ့သည်ဟု ဆိုနိုင်သည်။
တူညီသော နယ်ပယ်အတွင်းတွင် ဒီလူတွေဟာ အနည်းဆုံး ပင်လယ်သားရဲများကို တိုက်ခိုက်နိုင်ပြီး ပိုမိုမြင့်မားသော အဆင့်များကိုပါ စိန်ခေါ်နိုင်သည့် စွမ်းရည် ရှိနေ၏။
သူမစိတ်တွေ ရုတ်တရတ် ပြောင်းလဲသွားပြီး ဟိုင်ရှင်းကို ကြည့်လိုက်ချိန် ဇတ်ကနဲ မတ်တတ် ထရပ်လိုက်မိသည်။ ဒီမြင်ကွင်းက သူမကို အံ့အားသင့်စေပြန်၏။ ဟိုင်ရှင်းရဲ့ ခွန်အားက အများကြီး တိုးတက်လာခဲ့ကာ သူမကို စိုးမိုးနိုင်တဲ့ ခံစားချက်ကိုပင် ပေးစွမ်းနေပြီ။
အပြောင်းအလဲက ဘယ်လောက်အထိတောင် ကြီးကြီးမားမား ဖြစ်ခဲ့တာလဲ။ အရင်တုန်းကတော့ သူတို့နှစ်ယောက်ဟာ အခြေခံအားဖြင့် အညီအမျှ လိုက်ဖက်ညီပြီး သူမရဲ့ ကောင်းကင်အမြင်နဲ့တောင် တိုက်ပွဲမှာ အသာစီးရနိုင်ခဲ့ပေမယ့် အခုတော့ ဟိုင်ရှင်းရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ဝေးကွာနေပြီ ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားနေရပြီ ဖြစ်သည်။
စိတ်ထဲမှာ တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး မျက်လုံးတွေက ဖြူကောင်ကို တစ်ဖန် စူးစိုက်ကြည့်လိုက်သည်။ ဖြူကောင်ရဲ့ တိုးတက်မှုက ပိုလို့တောင် တောက်ပလာပြီး အရင်တုန်းက အစ်မကြီး ထျန်းရှားရဲ့ အရှိန်အဝါကို မှီနေပြီ။
မဟုတ်ဘူး!
ကြောင်လေး၏ မျက်လုံးများသည် ထျန်းရှားဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။ ဤအကြည့်တွင် သူမ ထျန်းရှားရဲ့ အဆင့်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ကြောင်း ရုတ်တရက် သိလိုက်ရသည်။ ဤခံစားချက်က နတ်မီးနယ်ပယ် သခင်သာ ဖြစ်ပေသည်။ ဆိုလိုသည်မှာ သာမန် နတ်မီးနယ်ပယ်သည် အစ်မဖြစ်သူ ထျန်းရှားနှင့် ယှဉ်ရန် ခွန်အားမရှိတော့ပေ။
သူမသည် ထျန်းရှား၏ အရည်အချင်းကို ကောင်းစွာ သိရှိထားတာကြောင့် ဤခြေလှမ်းသည် အနှေးနဲ့အမြန် ရောက်လာမှာကို သိသော်လည်း ဒီလောက် မြန်လိမ့်မည်သု သူမ မမျှော်လင့်ခဲ့ပေ။
သူမကို ပိုထိတ်လန့်သွားစေတာကတော့ လုရွှမ်လို့ အမည်ကတဲ့ လူသား ကျင့်ကြံသူပါပဲ။ သူ့ရဲ့ ခွန်အားဟာ ထျန်းရှားထက်ပင် အနည်းငယ်သာလွန်နေသည်လေ။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင် မဟာသူတော်စင် နယ်ပယ်ပဲ ရှိနေ၏။
ဤမျှထိတ်လန့်စရာ ကောင်းသော အသွင်ကူးပြောင်းမှုက ဘယ်လိုလုပ် ဒီကမ္ဘာမြေကြီးပေါ်မှာ ဘယ်လိုလုပ်များ ရှိနေတာလဲ။
ကြောင်လေး လူတိုင်းကို ကောင်းကင်အမြင်ဖြင့် အကဲခတ် လိုက်သောအခါ လူတိုင်းကလည်း ဖုံးကွယ်မထားဘဲ ကြည့်စေလိုက်သည်။ တဖြည်းဖြည်း ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်ခဲ့ကြသည့် ၎င်းတို့၏ လက်ရှိခွန်အားကို အလွန် ယုံကြည်ကြသည်လေ။
ကြောင်လေးခမျာ သူမကိုယ်သူမ လုံးဝ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ ထိုအခိုက် သူမပခုံးပေါ် တင်ထားတဲ့ လက်တစ်ဖက်က
“မကြောက်ပါနဲ့ ငါတို့ အသက်ရှင်သေးတယ်... နေ့တိုင်းလည်း ရှင်သန်နေမယ် ဒီအတွက် ယုံကြည်မှုတွေ ပိုအားကောင်းလာရမယ်!”
ကြောင်လေးက မယုံကြည်နိုင်စွာ ခေါင်းညိတ်ပြသော်လည်း ဤလူများနှင့်အတူ ရှိနေခြင်းသည် အမှန်တကယ်ပင် ပို၍ လုံခြုံမည်ဟု အလိုလို ခံစားမိသည်။
“လုရွှမ် အခု ငါတို့ ဘာလုပ်သင့်လဲ”
ချင်းချန် မေးလိုက်၏။
လုရွှမ်၏ ခွန်အားနှင့် ဉာဏ်ပညာသည် ချင်းချန် အပါအဝင် လူတိုင်း၏ ယုံကြည်မှုကို ရရှိခဲ့သည်။
“ကြောင်လေး ဘာမှ မချန်ထားဘဲ မင်း တွေ့ကြုံခဲ့ရတာတွေကို ပြောပြပါ... အချက်အလက်တွေ ပိုသိလေ အနာဂတ် အန္တရာယ်တွေမှာ ငါတို့ စတင်လုပ်ဆောင်နိုင်လေပဲ!”
ကြောင်လေးမှာ သူမရင်ထဲ၌ ထိတ်လန့်တုန်လှုပ် နေသေးပေမယ့် ဒီကျင့်ကြံသူရဲ့ အေးဆေးတည်ငြိမ်မှုကိုတော့ လေးစားမိပါသည်။ သူဟာ တန်ခိုးအရှိဆုံး သခင်တွေကိုတောင် သူ့လက်ထဲမှာ ဒုက္ခရောက်သွားအောင် လုပ်နိုင်တဲ့သူ ဆိုတာ အံ့ဩစရာ မရှိပါဘူး။
ကြောင်လေးသည် ထျန်းရှားနှင့် လမ်းခွဲပြီးနောက် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အလျင်အမြန် ပြန်ပြောပြခဲ့ပြီး ဘယ်နေရာကိုမှ မချန်ထားဝံ့ပေ။
လုရွှမ်၏ စကားများသည် အဓိပ္ပာယ်ပြည့်ဝသည်။ လူတိုင်းသည် အစတွင် အာရုံစူးစိုက်မှုအပြည့်ဖြင့် နားထောင်နေကြသော်လည်း တဖြည်းဖြည်းနှင့် စိတ်ဝင်စားမှု မရှိတော့ပေ။ အကြောင်းမှာ သူတို့ ဘယ်လိုနားထောင်ပါစေ နားမလည်သလို ခံစားနေရလိုပင်။
သို့သော် လုရွှမ်၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် လင်းလတ်လာတာကို မြင်လိုက်ရပြီး သူက ကြောင်လေးအား နားမလည်နိုင်သော မေးခွန်းတချို့ကို ဆက်၍ မေးလေသည်။ လုရွှမ် မျက်ခုံးများက မှိတ်ထားလိုက်၊ ဖြေလျော့သွားလိုက်၊ စိတ်တွေ တင်းမာကာ တစ်ခါတစ်ရံ ဖြေလျော့သွားပြန်သည်။