← Chapters

သိမ်းယူထားခြင်း

Vol. 77 Ch. 4.662

သိမ်းယူထားခြင်း

Vol. 77 Ch. 4.662

လုရွှမ်သည် ဆရာတူအစ်မ၏ ပါးစပ်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်ကာ အနည်းငယ် ဖွင့်လိုက်သော် သူ့လက်ချောင်းထဲက ဖီးနစ်နတ်မီးသည် မီးတောက်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထိုမိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွား​လေသည်။

ကျင့်ကြံသူ မိန်းကလေး၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာပြီး အနက်ရောင်အလင်းတန်း နှစ်စင်းက လုရွှမ်၏ မျက်လုံးများဆီကို တိုက်ရိုက် ထိုးဖောက်သွားသည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် တောက်ပလာပြီး အနီရောင် မီးတောက်တစ်ခု ပွင့်ထွက်လာသည်။ ၎င်းက လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို လုံအောင် ဖုံးအုပ်ပေးလိုက်သော စိတ်ဝိညာဉ်မီးတောက်ပဲ ဖြစ်၏။

သူ့မျက်လုံးများသည် အပူရှိန်များဖြင့် တောက်ပနေပြီး ကောင်းကင်မီးတောက်ရဲ့ အလင်းမှုန်နှစ်စင်းက တစ်ဖက်မိန်းကလေး၏ မျက်လုံးများအား တရစပ် ထိုးဖောက်သွားသည်။

အလင်းတန်း လေးခုသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေထုအလယ်၌ စူးစူးဝါးဝါး ပေါက်ကွဲသွားတော့သည်။

လုရွှမ် အနောက်သို့ ပျံထွက်သွားပြီး ကျင့်ကြံသူ မိန်းကလေးကလည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူမ၏ မျက်လုံးများသည် အဖြူရောင် မျက်အိမလများ မရှိဘဲ မည်းနက်နေပြီး အလွန်ကြောက်စရာ ကောင်းနေသည်။

“အစ်မယောင်း....?”

ကောင်းကင်အောင်ခြင်း ဂိုဏ်းမှ လူတိုင်းက ထိတ်လန့်စွာ အော်ကြသည်။

“သူမက မင်းတို့ရဲ့ ဆရာတူအစ်မယောင်း မဟုတ်တော့ဘူး.... သူက ဒီခန္ဓာကိုယ်ကို သိမ်းသွားနိုင်တဲ့ မ​ကောင်းဆိုးဝါး တစ်ကောင်ပဲ”

ချင်းချန်က အော်ဟစ်သတိပေးလိုက်သည်။ သူမမှာ အကျယ်ပြန့်ဆုံး အသိပညာရှိပြီး အမှန်တရားကို ခဏအတွင်း ပြောပြနိုင်၏။

ဒါက ဝိညာဥ်မရှိတော့တဲ့ အလောင်းကို သိမ်းပိုက်လိုက်ခြင်းပါပဲ။

လူအုပ်စုသည် လျင်မြန်စွာ ​နောက်ဆုတ်သွားခဲ့သည်။ ထျန်းရှားနှင့် တခြားသူများလည်း ဆုတ်ခွာသွားကာ သူတို့၏ ခြေရင်းအောက်ရှိ ရေများကို ဂရုတစိုက် ကြည့်နေကြသည်။ အစောက တိုက်ခိုက်မှု အရိပ်အယောင်မျိုး တကယ်မရှိခဲ့ပေ။ ဒါမျိုးက ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက် အပေါ်မှာ လုံးဝ ဖြစ်သွားနိုင်ချေရှိသည်။

ယခု ကံမကောင်းသော မိန်းကလေးယောင်းသည် သရဲတစ္ဆေ ဖြစ်သွားပြီ။

ချင်းချန်သည် ရှေ့သို့ အမြန်ပြေးပြီး သူမလက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ သေချာတာကတော့ သူမသည် နည်းနည်းလေးမှ သတိမပေါ့ဝံ့ချေ။

ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားသော ပင်လယ်သားရဲသည် လိမ္မာပါးနပ်စွာ ပြုံးကာ သူ့ပါးစပ်ကို ဖွင့်လျက် အနက်ရောင် အငွေ့တစ်လုတ်ကို လွှင့်ပစ်လိုက်သည်။ အငွေ့များသည် လေထဲတွင် ကွင်းဆက်တစ်ခုအဖြစ် အလိုအလျောက် ပေါင်းစည်းသွားကြသည်။ ကွင်းဆက်သည် ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေးများ ရှိ​​နေပုံရသည်။

၎င်းက လေထဲတွင် အကြိမ်အနည်းငယ် ကူးခတ်ပြီးနောက် ကြိုးနှစ်ချောင်း ကွဲသွားလေသည်။ တစ်ချောင်းက မိန်းကလေးယောင်းရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ နောက်တစ်ချောင်းက ချင်းချန်ဆီသို့ ဦးတည် ပြေးထွက်သွားသည်။

ချင်းချန် သတိကပ်လျက် နောက်​ပြန် ဆုတ်သွားခဲ့သည်။ ဒါပေမဲ့ အနက်ရောင် စွမ်းအင်ကွင်းဆက်က လူတိုင်းကို ကျော်ဖြတ်ပြီး သူမကိုပဲ လိုက်ရှာနေ၏။

လုရွှမ် စုတ်သပ်လိုက်ကာ ဖီးနစ်နတ်မီးကို ထိုအနက်ရောင် စွမ်းအင်ကွင်းဆက်အား ဝင်ရောက် ခုခံထားလိုက်သည်။ အနက်ရောင် စွမ်းအင်သည် မီးလောင်ကျွမ်းသွားပြီး ကွင်းဆက် စွမ်းအင်များ ပျောက်ကွယ်သွားသည်။ ၎င်းက လေထဲတွင် ပျံ့လွင့်သွားကာ အညစ်အကြေးနှင့် မနှစ်မြို့ဖွယ် ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

“ခစ်ခစ်... ကောင်လေး မင်းပဲကိုး မင်းရဲ့ ကျင့်ကြံမှုက သိပ်မကောင်းပေမယ့် မင်းမှာ ထူးဆန်းတဲ့ မီးအမျိုးအစား နှစ်မျိုးရှိတယ်... အရမ်းကောင်းတယ် အရမ်းကောင်းတယ် မင်းခန္ဓာကိုယ်က အရမ်းကို ကောင်းတယ် မင်းရဲ့ ခန္ဓာကိုယ်ကို ငါရပြီဆိုတာနဲ့ ငါဒီမှာ ပိတ်မိနေစရာ မလိုတော့ဘူး”

လူသာစကိုယ်ခန္ဓာကို သိမ်းပိုက်ထားသော ပင်လယ်သားရဲသည် ဂုဏ်ယူဝင့်ကြွားစွာ ဆိုရင်း ရယ်မောနေ၏။

သူမသည် ချင်းချန်ကို အထင်အမြင် သေးသည့် ခြိမ်းခြောက်မှု အကြည့်များနှင့် ကြည့်ကာ လုရွှမ်နောက်သို့ လိုက်သွားခဲ့သည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် မီးတောက်များဖြင့် တောက်ပနေပြီး သူ့လက်ထဲတွင် ရှိသော ပေကျီဓားကလည်း အဆက်မပြတ် ဝေ့ယမ်းလျက် ခန္ဓာကိုယ်ကို ခိုးယူချင်နေသော ပင်လယ်သားရဲနှင့် စတင် တိုက်ခိုက်​တော့သည်။ သူတို့နှစ်ယောက်ဟာ အလွန်လျင်မြန်စွာ တိုက်ခိုက်​နေကြပြီ။

ထျန်းရှား ညင်ညင်သာသာ အော်ဟစ်ပြီး သူမဓားကို ဆွဲထုတ်လိုက်သည်။ ယခုအချိန်တွင် သူမသည် တိုက်ပွဲတွင် ပါဝင်နိုင်သည့် တစ်ဦးတည်းသောသာ ဖြစ်သည်။

“သူမက ခန္ဓာကိုယ်ကို ခဏအတွင်း သိမ်းယူနိုင်တယ်ဆိုတော့ သူမက မျှော်စင်နယ်ပယ်က သခင် ဖြစ်နိုင်တယ်... မင်းတို့မှာ နာရီဝက်လောက် အချိန်ရတယ်... သူမရဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ခွင့် ပြုလိုက်တာနဲ့ အနည်းဆုံး တတိယအဆင့်အထိ ခွန်အားတွေ ပြန်ရရှိလာလိမ့်မယ်”

ချင်းချန်က သူမမျက်နှာမှာ အံ့သြမှုအပြည့်နဲ့ တစ်ဖက်ကနေ လှမ်းသတိပေးသည်။

“ငါ လှုပ်ရှားလို့ မရဘူး.... သူ့ခန္ဓာကိုယ်မှာ လှောင်အိမ်နိယာမ ဥပဒေသရှိတယ်... ငါ လှုပ်ရှားလိုက်တာနဲ့ လှောင်အိမ်က ကျိုးသွားပြီး ငါ့ဆီပြေးဝင်လာလိမ့်မယ် အခု မင်းတို့ကိုပဲ အားကိုးရတော့မယ်”

ချင်းချန်မှာ ရုန်းကန်ချင်​နေတဲ့ အကြည့်နဲ့ လှမ်းအော်လိုက်သည်။

အစောတုန်းက လှုပ်ရှားမှုကို လူတိုင်း မြင်ခဲ့ကြသည်။ သူတို့၏ တန်ခိုးအရှိဆုံး သခင်မသည် ဤအခိုက်အတန့်ကို မလုပ်ဆောင်နိုင်တာ ထင်ရှားပေ၏။ သူတို့ အသက်ရှင်လျက် ထွက်ခွာလိုပါက သူတို့ကိုယ်သူတို့သာ အားကိုးနိုင်သည်။

ထျန်းရှား၏ ခန္ဓာကိုယ်မှ နဂါးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူမ ခန္ဓာကိုယ်တစ်ဝိုက်တွင် လှုပ်ရှားနေသည်။ နဂါးစွမ်းအင်များ ပြန့်ကျဲသွားကာ သူမခန္ဓာကိုယ်ကို အကာအကွယ် ပေးထားလေ၏။

ဒါပေမဲ့ တခြားသူတွေကတော့ ဒီအချိန်မှာ ပုန်းအောင်းနေရုံသာ တတ်နိုင်၏။

“အင်း ကလေးမလေး မင်းမှာ တော်တော် အရည်အချင်း ရှိသားပဲ... မင်းကိုသာ ရုပ်သေးဖြစ်သွားအောင် လေ့ကျင့်ပေးလိုက်ရင် တော်တော်ကောင်းတဲ့ ရွေးချယ်မှုပဲ ဖြစ်သွားမှာပဲ... ခစ်ခစ်!”

ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ ပင်လယ်သားရဲက အော်ဟစ်လိုက်ပါ၏။ သူမသည် တစ်ခါတလေ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော နယ်ပယ်တွင် ရှိနေခဲ့ပြီး တစ်ခါတစ်ရံ နတ်မီးနယ်ပယ်ကို ဖြတ်ကျော်သွာတတ်သည်။

လုရွှမ်နဲ့ ထျန်းရှားမှာ ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသော်လည်း ခန္ဓာကိုယ် ခိုးယူနေသော ပင်လယ်သားရဲ၏ အငွေ့အသက်များက အားနည်းလာ သောအခါတွင်ပင် တိုက်ခိုက်လိုသည့် အချိန်တိုင်း အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထား၍ မရ ​ဖြစ်နေသည်။

နောက်တစ်ခုက ထိုမကောင်းဆိုးဝါးရဲ့ ကိုယ်ပိုင်နယ်ပယ်က အရမ်းမြင့်ပြီး အတွေ့အကြုံကလည်း ကြွယ်ဝသည်။ လုရွှမ်တို့နှစ်ယောက် ပေါင်းစပ်ထားတာတောင်မှ ပြိုင်ဘက် မဖြစ်နေချေ။

ချင်းချန်ဘက်မှ လမ်းညွှန်ပေးနေတဲ့ အရှိန်အဟုန်ကလည်း အနည်းငယ် နှေးကွေးနေပြီ ဖြစ်သည်။ ဒါက သေရေးရှင်ရေး တိုက်ပွဲဖြစ်သည်။ တခြားသူဆီက လမ်းညွှန်ပေးခြင်း ခံရတာဟာ အားနည်းသော ခွန်အားရှိသူများနှင့် ဆက်ဆံရာတွင် အဆင်ပြေသော်လည်း ယခုအခါ ၎င်းတို့သည် အားနည်းသူများ ဖြစ်နေပြီဖြစ်သည်။

ထို့ထက်ပို၍ ပြောရလျှင် ချင်းချန်က လုံးဝ ဝင်ရောက် လှုပ်ရှားလို့မရချေ။

တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက်သည် ရာနဲ့ချီတဲ့ တိုက်ခိုက်မှုတွေနဲ့ ထိမှန်ခဲ့သည်။ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားသော ပင်လယ်သားရဲ၏ ရောင်ဝါမှာ တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ ၎င်း၏ အနိမ့်ဆုံး အချိန်၌ပင် နတ်မီးနယ်ပယ်သို့ ရောက်နေပြီ။ လုရွှမ်တို့နှစ်ဦး အတူတူ လက်တွဲဆောင်ရွက်ကြသော်လည်း သူမ၏ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကို မနှိမ်နင်းနိုင်တော့ပေ။

နောက်ဆုံး သူမဆီမှ ဖြာထွက်လာနေသော ရောင်ဝါသည် ပိုမိုအားကောင်းလာပြီး နတ်မီးနယ်ပယ် တတိယအဆင့် ရောက်နေပြီ။ ပတ်ဝန်းကျင်ရှိ ကောင်းကင်အောင်ခြင်း ဂိုဏ်းက လူအုပ်စုသည် ချင်းချန်၏ ကာကွယ်မှုအောက်တွင် အဆက်မပြတ် ဆုတ်ခွာနေခဲ့သည်။ တိုက်ပွဲ၏ မျက်နှာစာထဲက လွတ်မြောက်ရန် မ​ဖြစ်နိုင်သော်လည်း ဆက်ရှိနေပါက သူတို့အားလုံး ထိုပင်လယ်သားရဲဆီက ထိန်းချုပ်မှုကို ခံရမှာ ဖြစ်သည်။

တခြားလှုပ်ရှားမှု တစ်ခုဖြင့် လုရွှမ်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး နှိမ်နင်းလို့ မရတော့သော ပင်လယ်သားရဲကို ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ပါးစပ်ကလည်း အော်ဟစ်လိုက်လေ၏။

“ဘိုးဘေး.... သူတို့ကို အရင်ခေါ်ထုတ်သွား... ထျန်းရှား မင်းလည်းထွက်သွား ဒီနေရာကို ထားခဲ့လိုက်တော့!”

လှောင်အိမ်ထဲက သခင်တွေရဲ့ ခွန်အားကို ထပ်ခါတလဲလဲ မတန်တဆ တွက်ဆနေပေမယ့် အခုအချိန်မှာတော့ ဒေါသတကြီး ပြုံးပြနေရပြီ။

လုရွှမ်သည် နောက်ဆက်တွဲ ဖြစ်လာမည့် တိုက်ပွဲကို သဘာဝအတိုင်း ခန့်မှန်းထားသော်လည်း သူ မမျှော်လင့်ထားသည့် အရာမှာ ချင်းချန်လို သခင်တစ်ဦးတောင် စည်းမျဉ်းစည်းကမ်းများကြောင့် ဝင်မလှုပ်ရှားနိုင်ခဲ့ခြင်းပင်။

လုရွှမ် သူ့ရဲ့ဓားလမ်းစဥ် ကျင့်ကြံမှုအရဆို ကျစ်ဝေ၊ ပေထို နှင့် ​ပေကျီဓားတို့ကို အခြေခံ၍ ကြယ်ကိုးပွင့် အခင်းအကျင်း ဖွဲ့စည်းခြင်းက လက်တွေ့မှာ အသုံးချရန် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်သည်။

အခုအချိန်မှာ အခင်းအကျင်း တည်ထောင်ရန် အခွင့်အလမ်းပင် မရှိကြတော့ပေ။ ထို့အပြင် မကောင်းဆိုးဝါး၏ တန်ခိုးကြီးသော ဝိညာဉ်စွမ်းအားများက သူတို့အား လုံးလုံးလျားလျား ဖိနှိပ်ထားတာကြောင့် ကောင်းကင်အောင်ခြင်းဂိုဏ်းက တပည့်ဖော်များအားလည်း အခက်တွေ့နေစေပြီ။

လူများလာလေ သူ့အတွက် လုံးဝ မကူညီရုံသာမက ဝန်ထုပ်ဝန်ပိုး ဖြစ်လာကာ ပို၍ပင် အန္တရာယ် များလာမည်။

“ဆရာတူမောင်လေး အစ်မတို့ မသွားဘူး!!”

ထျန်းယင်က သူတို့ကို ကယ်တင်ခဲ့တဲ့ မောင်လေးကို တစ်ယောက်တည်း စွန့်ပစ်ပြီး ထွက်ပြေးသွားချင်စိတ် လုံးဝ မရှိချေ။

“ဟုတ်တယ် ညီလေးထျန်းချိုင်....မင်းက ငါတို့ကို လမ်းတစ်လျှောက်မှာ စောင့်ရှောက်နေခဲ့တာ မင်းကြောင့်သာ မဟုတ်ရင် ငါတို့အစောကတည်းက သေသွားလောက်ပြီ”

“ဟုတ်​တယ်​ သေဆိုလည်း အတူတူ ​သေကြရ​အောင်​”

လုရွှမ် သူ့ရင်ထဲတွင် စိတ်လှုပ်ရှားသွားသော်လည်း ကူကယ်ရာမဲ့နေသည်။

“မင်းတို့ငါ့ကို အသက်ရှင်စေချင်ရင် မြန်မြန်ထွက်သွားတော့ မဟုတ်ရင် ငါစိတ်ရှုပ်​​နေရလိမ့်မယ်”

“အားလုံး သွားကြစို့.... အရည်အချင်းရှိတဲ့ ဆရာတူ ညီလေးမှာ လွတ်မြောက်ဖို့ နည်းလမ်း ရှိရမယ်... ဒါပေမဲ့ ငါတို့နေရင်တော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားလိမ့်မယ်”

ကျန့်ကျောက်က အော်လိုက်သည်။ လုရွှမ်ကို သူ အသိဆုံးပဲ။ ဒါကြောင့် သူက မြန်မြန်အော်ပြီး ထျန်းယင်ကိုလည်း ဆွဲထုတ်လိုက်သည်။

ချင်းချန်က လုရွှမ်ကို ခေါင်းညိတ်ပြပြီး အားလုံးကို အမြန်ထွက်သွားဖို့ ညွှန်ကြားလိုက်ပါ၏။

“ထျန်းရှား မင်းလည်း ထွက်သွားတော့!”

လုရွှမ်သည် ခန္ဓာကိုယ် ခိုးယူထားသော ပင်လယ်သားရဲ၏ ထိုးနှက်မှုကို ခုခံရင်း သူ့ပါးစပ်မှ သွေးများကို သုတ်လျက် ထျန်းရှားဘက် လှည့်အော်လိုက်သည်။ ဤအခိုက်အတန့်တွင် ခန္ဓာကိုယ်ကို ဖမ်းစားနိုင်သော ပင်လယ်သားရဲ၏ စွမ်းအားမှာ နတ်မီးနယ်ပယ် အဆင့်သို့ လုံးဝ ပြန်ရောက်သွားကာ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားသည်လည်း သာမန်နတ်မီးနယ်ပယ် သခင်ထက် များစွာပို၍ အစွမ်းထက်လာပြီ။

All Chapters