← Chapters

ရန်သူကို ဖျက်ဆီးပြီ

Vol. 77 Ch. 4.665

ရန်သူကို ဖျက်ဆီးပြီ

Vol. 77 Ch. 4.665

သို့သော် အရည်အသွေးအရ ၎င်းသည် မီးနဂါး၏ နှလုံးအနှစ်သာရနှင့် သွေးကဲ့သို့ အစွမ်းထက်ခြင်း မရှိသော်လည်း ပမာဏအရဆိုလျှင် လုရွှမ် မှုတ်ထုတ်လိုက်သော စိမ်းပြာနဂါး၏ ရောင်ဝါက ပို၍များ​ပြား အားကောင်း​လေသည်။

လုရွှမ်၏ စိမ်းပြာနဂါး နှလုံးသည် မီးနဂါး၏ သွေးတစ်စက်နှင် မယှဉ်နိုင်ပေ။ သူက ထူးဆန်းသောငါး၏ လှောင်ပြောင်မှုကို လျစ်လျူရှုပြီး အဖြစ်မှန်အတိုင်း လက်ခံလိုက်သည်။

တူညီသော အရင်းအမြစ်မှ စွမ်းအားများ တိုးဝင်လာသည်။ အစပိုင်းတွင် စွမ်းအား အနည်းငယ် မလုံလောက်သော်လည်း လုရွှမ်၏ စိမ်းပြာနဂါး စွမ်းအားများကို တဖြည်းဖြည်း တွေ့လာသောအခါ ၎င်းစွမ်းအားများက လုရွှမ်ကို ဧည့်သည်အဖြစ် အစပြု ပေါင်းစပ်လာခဲ့သည်။

ထျန်းရှားရဲ့ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာပါပြီ။ သူမခန္ဓာကိုယ်ရှိ နဂါးမီး အနှစ်သာရနှင့် သွေးများက အပြင်သို့ စိမ့်ထွက်သွားခြင်း မရှိတော့ဘဲ သူမရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ် သွေးထဲသို့ တစ်ဖန် အရည်ပျော်ဝင်သွားတော့သည်။

“မဖြစ်နိုင်ဘူး... မင်းမှာ ဒီလိုအစွမ်းထက်တဲ့ စိမ်း​ပြာနဂါး တစ်ကောင်ရဲ့ စွမ်းအားတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ?”

ထူးဆန်းတဲ့ငါးက ဟောက်ပြီး ညည်းတွားသံနဲ့အတူ သူ့ရဲ့ပါးစပ်ဟာ နောက်ဆုံးမှာ ပေါင်းစည်းသွားပြီး နဂိုပုံသဏ္ဌာန်အတိုင်း ပြန်လည်အသက် ဝင်လာ၏။

လုရွှမ်နဲ့ ထျန်းရှားတို့ရဲ့ ပုံရိပ်များက စင်္ကြံတွင်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနီး တစ်ဝိုက်က ရေများကလည်း ပိုမိုလျင်မြန်စွာ တက်လာတာကြောင့် သူတို့ခန္ဓာကိုယ် တစ်ဝက်က မြုပ်သွားခဲ့​ပြီ။

မတိုင်ခင်က ပင်လယ်သားရဲ သိမ်းပိုက်ထားသော ဆရာတူအစ်မ၏ ခန္ဓာကိုယ်သည် ကျိုးပဲ့သွားကာ ယခုအချိန်မှာတော့ လူသားဆန်ခြင်း မရှိတော့ပေ။

“မင်းက ဘယ်သူလဲ?”

ထူးဆန်းသော ထိုငါးကြီးက နောင်တနှင့် စိတ်ပျက်အားငယ်မှုတို့ ရောထွေးလျက် မေးလိုက်သည်။

စိမ်းပြာနဂါး၏ စွမ်းအားသည် လုရွှမ်ဆီမှတစ်ဆင့် ထျန်းရှား၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူမ ခေါင်းပေါ်ရှိ သွေးစွမ်းအင်များနဲ့အတူ ခန္ဓာကိုယ်ထဲသို့ လုံးလုံးနီးပါး ရောနှောသွားခဲ့သည်။ လုရွှမ်ထံမှ စိမ့်ဝင်လာသော စိမ်းပြာနဂါး၏ စွမ်းအားကြောင့် ထျန်းရှား မျက်နှာက နီမြန်းလာခဲ့သည်။

လုရွှမ် ခပ်ဖျော့ဖျော့ပြုံးကာ မကောင်းဆိုးဝါး ပင်လယ်သားရဲဘက်သို့ ဂုဏ်ယူစွာဖြင့် အော်လိုက်သည်။

“လုရွှမ်လို့ ခေါ်တယ်! မင်းကို သေလမ်း ပို့ပေးမယ့်လူ...”

အသံထွက်လာပြီးနောက် လုရွှမ်သည် သူ့လက်ချောင်းများကို ပွတ်ဆွဲလိုက်ရာ သွေးပုတီးစေ့များ ထွက်ပေါ်လာပြီး ထျန်းရှား ခေါင်းထက်က နောက်ဆုံးသွေးစက် အနည်းငယ်ဆီ တိုးဝင်သွားသည်။

သူမ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး သူမခေါင်းပေါ်ရှိ နောက်ဆုံးသွေးစက် အနည်းငယ်သည် လုရွှမ်ရဲ့ သွေးစက်နဲ့ ပေါင်းစည်းကာ တိုက်ရိုက် လှိမ့်ဝင်သွား​​တော့သည်။

ဝုန်းကနဲ ပေါ်လာတဲ့အသံနဲ့အတူ ထျန်းရှားခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့ မကောင်းဆိုးဝါး ပင်လယ်သားရဲဟာ သွေးတစ်လုတ် အန်ထွက်လာခဲ့သည်။ မကောင်းဆိုးဝါးရဲ့ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ် ပြိုကျပြီး ခန္ဓာကိုယ်အနှံ့ သွေးစီးကြောင်းတွေ ထွက်ကျလာ၏။

အလွန်တရာမှ ဆိုးဝါးလှသော အနံ့အသက်များက ရေထဲသို့ စီးကျသွားကာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ရေထဲက အနံ့ဆိုးတွေ၊ အဆိပ်ပြင်းတဲ့အနံ့တွေက ခဏအတွင်း ဆေးကြောပစ်ဖို့ ခက်ခဲတာကြောင့် အရမ်းစိတ်ပျက်စရာ ကောင်းလေသည်။

“မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စိမ်း​ပြာနဂါးရဲ့သွေး ဒါမှမဟုတ် အသက်ရှင်နေတဲ့သွေး တကယ် ရှိနေတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

မကောင်းဆိုးဝါး ပင်လယ်သားရဲကြီးက ဟောက်ကာ စိတ်ပျက်လက်ပျက် ရယ်မောလိုက်သည်။ စကားတစ်​ခွန်း၊ ​သွေးတစ်​လုတ်​နှင့်​အတူ သူမခန္ဓာကိုယ်​​ပေါ်ရှိ အသက်​ရှူသံများ လျင်​မြန်​စွာ ​ပျောက်​ကွယ်​သွား​ပေသည်​။

နတ်မီးနယ်ပယ် အထွတ်အထိပ် ကာလမှ တဖြည်းဖြည်း နတ်မီးနယ်ပယ် အဆင့်၈ အဆင့်၇ အထိ တောက်လျှောက်ပြုတ်ကျကာ နောက်ဆုံးတွင် နတ်မီးနယ်ပယ် အောက်သို့ တိုက်ရိုက် ကျဆင်းသွားကာ ရောင်ဝါတွေလည်း အားနည်းသွားသည်။

မကောင်းဆိုးဝါး ပင်လယ်သားရဲသည် ကောင်းကင်ဘုံသခင် နယ်ပယ်အောက်အထိ ဆက်လက် ကျဆင်းသွားပြီး နောက်ဆုံးတွင် အသက်ရှုသံက တည်ငြိမ်သွားခဲ့သည်။

“ဟမ့်.... ရှင်က နတ်ဆိုးပဲ... ဒါ ရှင်နဲ့ထိုက်တန်တယ်!”

ထျန်းရှား အော်ပြောပြီး သူမဘဝရဲ့ ကျန်ရှိနေတဲ့ ကံတရားတွေနဲ့ အကြောက်တရားတွေကြောင့် အနည်းငယ် တုန်ရီနေခဲ့သည်။ လုရွှမ်ကို ကျေးဇူးတင်သလိုပင် သူမခန္ဓာကိုယ်ကို ဖမ်းစားနိုင်ခဲ့သော နတ်ဆိုးကိုလည်း မုန်းတီးခဲ့သည်။

“မြန်မြန်သွားရအောင်!”

လုရွှမ် ရုတ်​တရက်​ အော်​လိုက်​ပြီး ထျန်းရှားကို ဆွဲကိုင်​ကာ လှည့်​ထွက်​​ပြေးသွား​တော့သည်​။

သူတို့အနောက်တွင် ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်လာပြီး ကျယ်လောင်သော ဟောက်သံတစ်ခုနှင့်အတူ အားကောင်းမောင်းသန် ရောင်ဝါတစ်ခုသည် စင်္ကြံတစ်လျှောက် ပြေးဝင်လာကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

ထျန်းရှားလည်း ပင်လယ်သားရဲ ပေါက်ကွဲသွားတာက ဒီလောက် ကြောက်စရာ ကောင်းမယ်လို့ မမျှော်လင့်ထားတာကြောင့် လန့်သွားသည်။ ပြင်းထန်မှုက ကောင်းကင်ကြီး ပြိုကျလုနီးပါးဖြစ်နေရာ လက်ရှိ နေရာက ကျဉ်းမြောင်းလွန်းတာကြောင့် ပြင်းထန်တဲ့ စွမ်းအားတွေက သူမနဲ့ လုရွှမ်ဆီကို ရောက်လာလုနီးပါးပါပဲ။

လုရွှမ်သာ အခွင့်အရေးကို အမြန်မမြင်ဘဲ သူမကို မဆွဲထုတ်လိုက်လျှင် သူမ မသေရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမယ်ဆိုတာ ကောင်းကောင်း သိပါ၏။

“သူမတကယ် အားသာချက်​တွေ ရှိနေတာပဲ!”

ထျန်းရှား ဒေါသတကြီးဖြင့် အော်​နေဆဲ။

“ဟင်?”

စကားမဆုံးခင်မှာ သူမခန္ဓာကိုယ် အတွင်းကနေ လေထုတစ်ခု ထွက်လာတာကို ခံစားလိုက်ရ၏။ အရမ်းပျော့ပျောင်းပြီး သူမကိုယ်ပိုင် ကျင့်ကြံထားတဲ့ စွမ်းအင်လိုပဲ ခန္ဓာကိုယ်ထဲကို လုံးလုံး ပေါင်းစည်းသွားပုံရသည်။ ယခင်က အနှစ်သာရနှင့် သွေးများ ငွေ့ရည်ဖွဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများက ချက်ချင်းပင် လုံးလုံး ပျောက်ကွယ်သွားသည်။ ခန္ဓာကိုယ်အနှံ့ အပ်စိုက်အမှတ် နေရာများသည် အတားအဆီးမရှိ သန့်စင်သွားသလို ကြွက်သားများနှင့် ရိုးတွင်းခြင်ဆီများကိုလည်း ဆေးကြောလိုက်သကဲ့သို့ ပြေလျော့သွားသည်။

လုရွှမ်၏ မျက်လုံးများသည်လည်း တောက်ပနေသည်။ သူလည်းပဲ ထျန်းရှား ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ စိမ့်ဝင်လာနေတာကို တွေ့လိုက်ရသည်။ ထိုအရင်းအမြစ်ကို ကြည့်လျှင် အနောက်စင်္ကြံက​နေ ရောက်လာ​ခြင်း ဖြစ်သည်။

“အဆင်ပြေရဲ့လား”

လုရွှမ် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပါပြီ။ ဒါဟာ ထူးဆန်းတဲ့ငါး ပြန်ပေးလိုက်ရတဲ့ တန်ကြေးပဲ ဖြစ်နိုင်ပါ၏။

အမှန်တော့ မီးနဂါးအနှစ်သာရနဲ့ သွေးဆိုတာ သာမန်လူတွေ ရနိုင်တဲ့ အရာမဟုတ်ချေ။ ထျန်းရှားက သွေးအနှစ်သာရကို ရရှိရန် အခွင့်ကောင်းတစ်ခု ဖြစ်လာခဲ့တာ သေချာသွားလေပြီ။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် ထိုသွေးတစ်စက်အတွက် သင့်လျော်သောကြောင့် ဖြစ်နိုင်​ပေသည်။

စင်စစ်သော်ကား နတ်သားရဲများ၏ အစိတ်အပိုင်းများတွင် ဝိညာဉ်အသိများ ရှိသည်။ ထျန်းရှားအတွက် ၎င်းက အခွင့်ကောင်းတစ်ခု ဖြစ်သော်လည်း တခြားသူများ အတွက်မူ လျှို့ဝှက်သော ဘေးဒုက္ခတစ်ခု ဖြစ်နိုင်သည်။

သွေးအနှစ်သာရ အပေါ် ကန့်သတ်ချက်များကို မပြောဘဲ ထူးဆန်းသောငါးသည် ၎င်း၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို သေဆုံးစေသည့် သေခြင်းတရားကို ရှာဖွေနေခဲ့တာက ထျန်းရှားအတွက် မင်္ဂလာဝတ်စုံကို ဖန်တီးပေးသလို ဖြစ်သွားခဲ့သည်။

ထျန်းရှားလည်း သူမမျက်နှာက အံ့သြသွားဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး ဆို၏။

“အဆင်ပြေပါတယ် ငါလည်း ဘာဖြစ်သွားမှန်း မသိလိုက်ဘူး”

လုရွှမ် သူ့ခန့်မှန်းမိတာကို ပြောပြလိုက်ပြီး ထျန်းရှားလည်း အလွန်ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“နင့်နောက်လိုက်ရတာလည်း မဆိုးပါဘူး”

ထျန်းရှားက မေးစေ့ကို တမင်တကာ မြှောက်လျက် အသံဟစ်လိုက်သည်။ ငယ်ငယ်တုန်းကလို ချစ်စရာ​ကောင်းတဲ့ ပုံစံကို ပြန်ပြောင်းရတာ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ကောင်းသလိုပင်။ လုရွှမ်လည်း ဒီအချိန်မှာ ထျန်းရှားဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အရိပ်အယောင် အနည်းငယ် ရှိတယ်လို့ ခံစားလာရသည်။

လုရွှမ် စကားအပိုတွေ ပြောမနေတော့ဘဲ။

“မြန်မြန်လိုက်ကြစို့..သူတို့ ငါတို့ကို စိုးရိမ်နေလောက်ပြီ”

ချင်းချန်နှင့် သူ့အဖွဲ့သည် လုရွှမ်တို့ တစ်စုံတစ်ခု မှားယွင်းသွားမှာကို အမှန်ပင် စိုးရိမ်​နေခဲ့ကြသည်။ ပြန်သွားကြည့်ဖို့ မတုံ့ဆိုင်းနေချိန်မှာတော့ သူတို့အနောက်ကနေ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်လာ၏။

ချင်းချန်နဲ့ ထျန်းယင်တို့က လူတိုင်းအား ဂရုတစိုက် ကာကွယ်ရန် မှာကြား၍ နှစ်ယောက်သား မူလလမ်းအတိုင်း ပြန်လျှောက်လာခဲ့ကြသည်။

လုရွှမ်နှင့် ထျန်းရှားတို့ဘက်မှာတော့ ရေစီးနှုန်းက မြန်သော်လည်း သူတို့အရှိန်ကလည်း အလွန်လျင်မြန်သည်။ ရံဖန်ရံခါ ပင်လယ်သားရဲ တစ်ကောင် ခုန်ထွက်လာပါက နှစ်ယောက်သား အမြန်ဖြေရှင်းပြီးနောက် ဆက်သွားကြသည်။

ကျောက်နံရံသည် ဘာအမှတ်အသားမှ မကျန်နိုင်အောင် မာကျောတာကြောင့် ဖြိုခွဲပစ်ဖို့က ခဲယဉ်းလှသည်။

ထျန်းယင်တို့က လျှို့ဝှက် အမှတ်အသားတွေ ရေးထားခဲ့၏။ အရေးပေါ် အခြေအနေမှာ လူစုခွဲလိုက်ကြပုံပဲ။ သို့သော် လမ်းဆုံလမ်းခွများစွာကို ဆက်တိုက် ဖြတ်ကျော်ပြီးနောက် သူတို့သည် ချင်းချန်နှင့် ထျန်းယင်တို့ကို တွေ့လိုက်ရလေ၏။

“မင်းတို့နှစ်ယောက် အဆင်ပြေလား?”

ချင်းချန်က ထျန်းရှားကို မျက်လုံး အပြူးသားဖြင့် ကြည့်လျက် မေးလိုက်သည်။ သူတို့နှစ်ယောက်ဟာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့တဲ့အပြင် ထျန်းရှားရဲ့ ခွန်အားကတောင် အလွန် တိုးတက် လာခဲ့​သေးသည်။

ရောင်ဝါ ပြောင်းလဲမှုနှင့်အတူ ချင်းချန်သည်လည်း နတ်မီးနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် လှောင်အိမ်ထဲတွင် ပိတ်မိနေခဲ့သော်လည်း ခွန်အားကို မူလအခြေအနေအထိ ရအောင် ပြန်ရယူလိုပါက ပြန်လည်ထူထောင်ရန် အချိန်ယူရမည်။

“အဆင်ပြေပါတယ်”

ထျန်းရှားက ပြုံးပြီး ခေါင်းညိတ်ပြသည်။ ထျန်းယင်ကတော့ အနည်းငယ် ထိတ်လန့်သွားတာကြောင့် အော်မေးလိုက်၏။

“နင်ကတကယ် ရယ်နေနိုင်သေးတယ်ပေါ့... တကယ် အဆင်ပြေလား?”

ထျန်းရှားက မျက်လုံးပြူး​ပြပြီး “နင်ကငါ့ကို ငိုစေချင်တာလား”

သို့နှင့် လုရွှမ်လည်း ပြုံးပြီးပြောလိုက်သည်။

“ငါတို့ အဆင်ပြေပါတယ်... မကောင်းဆိုးဝါးက သူ့ဒေါသနဲ့သူ ကိုယ့်ကိုကိုယ် ဖောက်ခွဲသွားပြီ စိတ်ပူစရာ မလို​တော့ဘူး!”

All Chapters