ကြောက်စရာကောင်းတဲ့ မျက်နှာကျက်
Vol. 77 Ch. 4.666
လုရွှမ်ရဲ့ ရှင်းပြချက်သည် သူတို့နှစ်ဦး၏ မျှော်လင့်ချက်များကို ပဲ့တင်ထပ်သွားစေခဲ့သည်။ ချင်းချန် ထျန်းရှားအကြောင်း ဆက်မေးရန် မတောင်းဆိုတော့ဘဲ သက်ပြင်းတစ်ချက် ချကာ ပြောလာခဲ့သည်။
“အားလုံးအဆင်ပြေပြီမို့ ပြန်ကြရအောင်”
ထျန်းရှားက အသွင်အပြင် အပြောင်းအလဲတွေကြောင့်တော့ အားပျော့မသွားချေ။ ဒါကြောင့် ဒါက မဆိုးဘူးလို့ ရတာကြောင့် သူမ ထပ်မမေးတော့ပေ။
ယခုအချိန်တွင် စင်္ကြံလမ်းအတွင်းရှိ ရေများသည် သူတို့ခေါင်းပေါ်အထိ ပြည့်လျှံနေပြီ ဖြစ်သည်။ ၎င်းသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ကျောက်နံရံကို အက်ကွဲစေနိုင်တဲ့ အသံနှင့်အတူ တိုက်ခတ်သည်။ သူတို့လေးဦးမှာ ကျင့်ကြံမှုအဆင့် မြင့်သော်လည်း ရေအောက်မှာ ခရီးလာရတဲ့ အခိုက်မှာတော့ ကြီးမားသော ဖိအားအောက်တွင် ရှိနေသေးသည်။
လုရွှမ် သူ့ရဲ့ နေမင်းမျက်လုံးကို ဖွင့်ပြီး ရေစီးကြောင်းကို ကြည့်လိုက်သည်။ သေချာတာပေါ့။ ရေစီးဆင်းမှုကိုက ထူးခြားနေတာပဲ။ ကျောက်နံရံ အက်ကွဲကြောင်းထဲက စိမ့်ထွက်လာသော ရေများသည် ယခင်ကကဲ့သို့ ကောင်းစွာ မစီးနိုင်သော်လည်း ထိုရေစီးကြောင်းများတွင် စီးဆင်းနေသော ရေအများစုက ရေနိယာမ စွမ်းအင် ရှိလေ၏။
ဤရေစီးကြောင်းများ၏ စွမ်းအားက အလွန်ကြီးမားလှသည်။
လုရွှမ်သည် ကျောက်နံရံထဲကို စီးဆင်းနေသော ရေစီးကြောင်းအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ပကတိမျက်စိနဲ့ မမြင်နိုင်တဲ့ ကျောက်နံရံပေါ်က မြေသားတွေဟာ တဖျပ်ဖျပ် ခတ်နေပြီး တဖြည်းဖြည်းနဲ့ မှိန်ဖျော့ကာ အလွန်သေးငယ်သော အက်ကြောင်းတွေ ပေါ်ထွက်လာနေ၏။
ပြီးတော့ ရေတွေ ရေတွေက အဲဒီအက်ကြောင်းထဲကနေ တဖြည်းဖြည်းချင်း စိမ့်ဝင်လာနေကြသည်။
ဒါတင်မကဘဲ ဒီရေတွေကို နက်နဲစွာ ဖိသိပ်ထားပြီး အတွင်းထဲ ဝှက်ထားတဲ့ ရောင်ဝါက အလွန်အစွမ်းထက်လှသည်။ ဒီရေတွေသာ သူတို့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာရင် ဘယ်လောက်ထိ ကြောက်စရာ ကောင်းမယ် ဆိုတာ တွေးကြည့်နိုင်ပါ၏။
အထူးသဖြင့် ၎င်းသည် သွေးထဲသို့ ဝင်ရောက်သောအခါ စွမ်းအားက သွေးနှင့် ရိုးတွင်းခြင်ဆီများကို ဆုံးရှုံးစေနိုင်တဲ့အထိ အလွန်ကြောက်စရာ ကောင်းလေသည်။
ဒဏ်ရာရသွားခဲ့ရင် ထာဝရ ဝှက်ထားရတော့မယ့် ဒဏ်ရာများ ဖြစ်သွားနိုင်တဲ့အထိပင်။ ဒါ့အပြင် အနာဂတ် ကျင့်ကြံမှုမှာလည်း ထိခိုက်မှုအနည်းငယ်က အကြီးအကျယ် အပျက်အစီးကြီး ဖြစ်သွားနိုင်သည်။
ဒါက အန္တရာယ်အရှိဆုံးပဲ။
“ငါတို့ မြန်မြန် ထွက်သွားရမယ်”
လုရွှမ် ဆိုလိုက်သည်။
ချင်းချန်သည် ဤနေရာတွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့တာကြောင့် သူမ၏ အရိပ်အာဝါသသည် လှောင်အိမ်နှင့် မမြင်သာစွာ ချိတ်ဆက်ထားသည်။ အကြားအမြင် မရှိပေမယ့် ဤနေရာက အပြောင်းအလဲများဆီကနေ အန္တရာယ်ရဲ့ အငွေ့အသက်ကိုတော့ သူမ ခံစားနိုင်သည်။
“လုရွှမ်ပြောတာ မှန်တယ် ဒီနေရာက ပိုပိုပြီး အန္တရာယ်များလာပြီ”
လုရွှမ်နဲ့ ချင်းချန်တို့က တူညီသော ဆုံးဖြတ်ချက်ကို ချလိုက်သောကြောင့် ကြီးမားသော အန္တရာယ်တစ်ခု အမှန်တကယ် ရောက်လာနေပြီဟု ဆိုလိုခြင်းပဲ ဖြစ်သည်။
တုံ့ဆိုင်းမနေဘဲ ထျန်းယင်နှင့် ထျန်းရှားတို့လည်း လက်တွေကို တင်းတင်းဆုပ်လျက် ရှေ့သို့ ဆက်တိုးသွားခဲ့သည်။ လျင်မြန်သော ရေစီးကြောင်းတွင် ရေနိယာမ အစုအဝေးများက လွင့်စင်လာသည်။
အမျိုးသမီးနှစ်ဦးသည် လုရွှမ်၏ ညွှန်ကြားချက်ကို နာခံလျက် ယွမ်စွမ်းအင်ကို ၎င်းတို့ရှေ့တွင် ကာကွယ်ရန် အသုံးပြုထားခဲ့သည်။ ယခင်က ဆရာတူအစ်မလို ရေထဲက မကောင်းဆိုးဝါး တစ်ကောင် ရုတ်တရက်ပေါ်လာမယ့် အန္တရာယ်လို့ သူတို့ထင်ခဲ့ကြသည်။
“သူတို့ပြန်လာပြီလား?”
“ငါပြောပါတယ်... ငါ့ရဲ့ ဉာဏ်ကြီးရှင် ညီလေးထျန်းချိုင်က ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့”
ကျန့်ကျောက်ရဲ့ အသံပဲ ဖြစ်သည်။ လုရွှမ်က သူ့ကိုယ်သူ လုရွှမ်ဖြစ်ကြောင့် ထုတ်ဖော်ခဲ့သော်လည်း ကျန့်ကျောက်ကတော့ သူ့ရဲ့ ဉာဏ်ကြီးရှင် ညီလေးထျန်းချိုင်ဟု ခေါ်ဆိုလေ့ရှိသေးသည်။ လုရွှမ်ကိုယ်တိုင်လည်း ထိုအခေါ်အဝေါ်ကို အလွန်နှစ်သက်သည်။
သူသည် တိမ်ပင်လယ်နယ်မြေ၌ ကောင်းကင်ဘုံသခင် ဖြစ်လာပြီးကတည်းက ညီအစ်ကိုများနှင့် သူငယ်ချင်းများကြားတွင် အပြစ်ကင်းသော စိုးရိမ်မှုနှင့် ရိုးသားမှုမျိုးကို မခံစားရတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ဒါကြောင့် သူ ဒီခံစားချက်ကို အလွန် မြတ်နိုးပါသည်။
“ဆရာတူအစ်ကို ကျန့်ကျောက်... အစ်ကိုတို့ အဆင်ပြေကြရဲ့လား?”
လုရွှမ် လူတွေကို အမြန်ရေတွက်လိုက်သည်။ သေသွားတဲ့ ဆရာတူအစ်မကလွဲလို့ ဘယ်သူမှ မပျောက်နေချေ။ လူများစွာမှာ သက်ပြင်းချနိုင်သော်လည်း အနည်းငယ် အထီးကျန်သွားသလို ခံစားလိုက်ရသည်။
လုရွှမ် သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သေသွားတဲ့ မိန်းကလေးနဲ့ သိပ်မရင်းနှီးပေမယ့် သူမရဲ့ စရိုက်လက္ခဏာ အရမ်းကောင်းသည်။ စကားသိပ် မပြောတတ်ပေမယ့် တခြားသူတွေကို စိတ်ရင်းမှန်နဲ့ ဆက်ဆံပြီး တစ်ဖက်သားကို ကူညီပေးဖို့ ဆန္ဒရှိနေသူပင်။
အရိုးတွေတောင် မကျန်တော့ဘဲ ဒီမှာပဲ သေဆုံးခဲ့ရတာ ဝမ်းနည်းစရာ ကောင်းလှသည်။
ကျင့်ကြံခြင်း ဆိုတာ ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်ခြင်းပဲ ဖြစ်သလို မြင့်မားသော ရာထူးကိုရရှိလိုခြင်း၊ ထာဝရအသက်ကို ရလိုခြင်းကြောင့် ကျင့်ကြံသူတွေဟာ မရေမတွက်နိုင်သော အရိုးများနှင့် ယဇ်ပူဇော်မှုများကို ပြုလုပ်ကြရလေသည်။
“ငါတို့လမ်းကို ငါတို့ ဆက်လျှောက်ရမှာပဲ... အားလုံးလည်း အခုကစပြီး ပိုသတိထားကြပါ”
လုရွှမ် ဆိုလိုက်သည်။
တခြားသူတွေကလည်း သူတို့ရဲ့ ဝမ်းနည်းမှုကို ပယ်ဖျောက်ပေးလိုက်ကြသည်။ အစ်မယောင်း သေသွားရတာက ဘယ်သူ့အပြစ်မှ မဟုတ်ဘူးဆိုတာ သေချာပေါက် သိပါ၏။ ဒါက ဝိညာဉ်ရေး ကျင့်ကြံမှု ကျင့်စဉ်လမ်းမှာ တွေ့ကြုံရမယ့် မလွှဲမရှောင်သာ အခက်အခဲတစ်ခုပဲ ဖြစ်လေသည်။
သူတို့လုပ်နိုင်တာက ဒီနာကျင်မှုကို နှလုံးသားထဲမှာ မြှုပ်နှံဖို့၊ သူတို့ရဲ့ခံစားချက်တွေကို ဖယ်ထုတ်ပြီး ရှေ့ဆက်ဖို့ပါပဲ။
အတိတ်က သင်ခန်းစာကို ရယူပြီးနောက် လူတိုင်းလည်း ပိုသတိထားလာရသည်။ ယွမ်စွမ်းအင်များက ပတ်ဝန်းကျင်သို့ ခုန်တက်သွားပြီး ဝိညာဉ်စွမ်းအားများ ပျံ့နှံ့သွားကာ ရုတ်တရက် ဝင်လာမယ့် အန္တရာယ်များကို အမြဲစောင့်ကြည့်နေခဲ့သည်။
လုရွှမ်၊ ချင်းချန်တို့ပ အရှေ့ပိုင်းကို စောင့်ကြပ်နေပြီး ဟိုင်ရှင်း၊ ဖြူကောင်တို့ အုပ်စုကတော့ အနောက်ကို စောင့်ကြပ်ထားကာ လူအုပ်စုသည် ရှေ့သို့ အလျင်အမြန် ဂရုတစိုက် ပြေးနေကြသည်။
အရှေ့က ရေတွေက ပိုပိုပြီး လှိုင်းထန်လာစဥ် ရေထဲမှာ ကျောက်နံရံရဲ့ အပိုင်းအစတချို့ကို လူတိုင်း တွေ့လိုက်ရသည်။ အားလုံးရဲ့ မျက်လုံးများထဲ ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသလို ပို၍ပင် သတိထားလာကြသည်။
ထူထဲသော အသံတစ်ခု ထွက်ပေါ်လာလို့ လုရွှမ် မျှော်ကြည့်သော်လည်း ၎င်းသည် ရေတွေတိုက်စား သွားတာကြောင့် ကွာကျလာသော ကျောက်နံရံကြီးတစ်ခု ဖြစ်နေသည်။
ကျောက်နံရံသည် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားကာ အကြီးဆုံးအပိုင်းသည် စင်္ကြံတစ်ခုလုံး ပြည့်လုနီးပါး မျောလာနေတာကြောင့် ဘယ်ညာရှိ ကျောက်နံရံများနှင့် တိုက်မိသွားသည်။
ကျောက်နံရံသည် အလွန်လေးလံပြီး အများအားဖြင့် ရေထဲတွင် နစ်မြုပ်နေသော်လည်း ရေတွေကတော့ လျင်မြန်စွာ စီးဆင်းနေကာ ကျောက်နံရံကိုပင် တွန်းထုတ်နိုင်သေးသည်။
စင်္ကြံလမ်းထဲက ရေလမ်းကြောင်းမှာ လူတိုင်းဖြတ်သွားနိုင်အောင် နေရာ ကျဉ်းကျဉ်းလေးသာ ကျန်တော့သည်။
“ငါတို့ ရေထဲက ဖြတ်ပြီး စင်္ကြံဘက်ကို ဦးတည်သွားလို့ မရဘူးလား?”
လူတစ်ယောက်မှာ ဒီမေးခွန်းကို မေးချင်နေတာကြာပြီ ဖြစ်တဲ့အတွက် မထိန်းနိုင်ဘဲ ဝင်မေးလိုက်သည်။
တကယ်တော့ ဒီစင်္ကြံက အထူးမှော်ဆန်လှသည်။ ကောင်းကင်မှာ မျက်နှာကျက်တွေ မရှိဘူး။ လူတိုင်း ဒီကိုဝင်သွားတဲ့အခါ အပေါ်က ကြယ်တွေ မှိတ်တုတ်မှိတ်တုတ် လင်းလတ်နေတဲ့ အရာတွေကိုသာ မြင်ရ၏။
သို့သော် ဘယ်သူမှ အထက်သို့ မပျံသန်းဝံ့ကြပေ။ စင်္ကြံထဲမှာ ကြာကြာနေလေ ဒီနေရာရဲ့ မှော်အတတ်ကို သူတို့စိတ်ထဲ ပိုသတိထားလာမိလေပဲ။ အထူးသဖြင့် မှော်ဆန်တဲ့ အရာကတော့ စင်္ကြံရဲ့ အပေါ်က မျက်နှာကျက်ပါပဲ။
ဒါဟာ စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ ရှိတဲ့ အလိုအလျောက် ကြောက်ရွံ့ခြင်း တစ်မျိုးပါပဲ။ အပေါ်က ကြယ်တွေ ပွင့်လန်းနေတဲ့ ကောင်းကင်ကြီး ဆိုတာကို သူတို့အစောကတည်းက တွေးဖူးကြသည်။
သူတို့တွေ လက်နက်တစ်ခုကို ကောင်းကင်ပေါ် ပစ်ခတ်ဖို့ ကြိုးစားကြည့်ကြသေးသည်။ သို့သော် နောက်တော့ ထိုလက်နက်က တခြားတစ်နေရာကို ပျောက်ကွယ်သွားသလိုမျိုး ပျောက်သွား၏။
ထိုအခါ ရက်စက် ကြမ်းကြုတ်သော ဖိအားတစ်ခု ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာခဲ့သည်။ ဖိနှိပ်ခံထားရသော လူတိုင်း အသက်ရှူမဝသလို ဖြစ်သွားကာ ထိုဖိအားကြီး ပျောက်ကွယ်ရန် အချိန်အတော် ကြာသွားခဲ့သည်။ ဒါဟာ လူတိုင်းရဲ့ နှလုံးသားနဲ့ ဝိညာဉ်တွေကို ဆုတ်ခွာသွားသလိုမျိုး ကြောက်စရာ ကောင်းပေ၏။
ဒီတစ်ခါတော့ အားလုံးက ထိတ်လန့်သွားကြသည်။ နောက်တော့ စင်္ကြံလမ်းရဲ့ မျက်နှာကျက်အကြောင်း ဘယ်သူမှ ထပ်မပြောရဲတော့ချေ။
ယခုမူ လှောင်အိမ်သည် ကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး နေရာများစွာက ပျက်စီးလာခဲ့ပြီ။ သူတို့ရဲ့စိတ်တွေက မကူညီနိုင်ဘဲ ပြန်ပြီး တက်ကြွလာကြသည်။
ရေများ လျင်မြန်စွာ စီးလာသော်လည်း စင်္ကြံလမ်းသည် အလွန်ကျဉ်းမြောင်းလှရာ ရေစီးကြောင်းတွေကလည်း တဖြည်းဖြည်း မြင့်တက်လာတာကြောင့် လူတွေလည်း စတင် နစ်မြုပ်လာသည်။
သူတို့သည် အလွန်ကြောက်စရာ ကောင်းသော အမြင့်ကို ရောက်နေကြပြီ။ အောက်ကနေ အပေါ်ကို မျှော်ကြည့်ရင်း တဖြည်းဖြည်း ကြောက်လန့်လာကြသည်။