← Chapters

ထူးဆန်းတဲ့ ကျောက်နံရံ

Vol. 77 Ch. 4.668

ထူးဆန်းတဲ့ ကျောက်နံရံ

Vol. 77 Ch. 4.668

“ဆရာတူညီလေး ဒါက မင်းရဲ့တာဝန်ရယ်လို့ မဟုတ်ပါဘူး... လမ်းတစ်လျှောက်မှာ ငါတို့အားလုံး မင်းကို အရမ်းအားကိုးခဲ့ပြီးပြီ ဒီလမ်းကို ဖြတ်ကျော်ရနိုင်ဖို့က လူတိုင်းရဲ့ ကံကြမ္မာအပေါ်မှာ မူတည်တယ်...ဒါကို ငါတို့ကိုယ်တိုင် ထိန်းချုပ်ဖို့ လိုတယ်”

ကျန့်ကျောက် ဆိုလိုက်သည်။ သူ့အသံက တုန်ယင်နေပြီး သူ့ရှေ့က ကျောက်တုံးကြီးကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေ၏။ လူအင်အားသည် ညံ့ဖျင်းပြီး အမှန်တကယ် လွတ်မြောက်လိုပါက အနစ်နာခံမှုမရှိဘဲ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

အားလုံးက ကောင်းကင်ရဲ့ အလိုအပေါ်မှာ မူတည်​နေ​ပြီ။ ဟောက်သံတစ်ချက် လှိမ့်ဝင်လာပြီး ကြီးမားတဲ့ ကျောက်နံရံကြီးထဲကနေ ပုံရိပ်တစ်ခု ပြေးထွက်လာလေ၏။ ကျန့်ကျောက်နဲ့ လုရွှမ်လည်း ထိုသူ့ကို ကမန်းကတန်း ဆွဲထုတ်လိုက်ရာ ထန်တုံး ဖြစ်​နေသည်။

ထန်တုံး မျက်နှာသည် အလွန် ကြောက်လန့်နေသည့် အမူအရာများဖြင့် တဆက်ဆက် တုန်ယင်နေသည်။ ကံကောင်းသွားက သူ့နှလုံးက ပြင်းထန်စွာ ခုန်နေ​သေးသည်။ ၎င်းသည် ကျောက်နံရံ၏ အက်ကွဲကြောင်းကြားက ဖြတ်သန်းလာစဥ်က ကြုံတွေ့ခဲ့ရသော စိတ်စမ်းသပ်မှုကြောင့် ဖြစ်လေသည်။

“ဆရာတူ မောင်နှမ ဘယ်နှစ်ယောက် ရှိပြီလဲ”

ထန်တုံး သက်ပြင်းချပြီး လက်ရှစ်ချောင်း ထောင်ပြလိုက်သည်။ သူတို့ သုံးယောက် တစ်ချိန်တည်းမှာ တိတ်ဆိတ်သွားကြသည်။ ထိုအခိုက် နောက်ထပ် လူတစ်ဦး ထွက်လာပြီး ကျန့်ကျောက်လည်း စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ထွက်လာသူ ထျန်းယင်အား ကူညီပေးကာ သူမကိုလည်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

ကျန့်ကျောက်ရဲ့ ခန္ဓာကိုယ်ကပါ အနည်းငယ် တုန်ရီနေ၏။

“မင်းအသက်ရှင်နေတယ် ဆိုရင်ပဲ အရမ်းကောင်းနေပါပြီ”

ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြသည်။

နောက်ဆုံးတွင် သူသည် ယခင်က စိတ်စမ်းသပ်မှုအပေါ် အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ သေခြင်းတရားရဲ့ အရိပ်အငွေ့ကို မြင်ပြီးမှသာ သွေးထွက်ခြင်းထက် ပိုကြီးတဲ့ သေခြင်းတရား ရှိကြောင်း နားလည်လာခဲ့လေသည်။ သူ့နှလုံးသားထဲမှာ ပြင်ဆင်ထားပြီးသား ဖြစ်သော်ငြား သွားတွေကို အံကြိတ်ကာ အပြေးအလွှား ထွက်လာမယ့်လူကို စောင့်နေမိတော့၏။

အဆုံးတွင် ချင်းချန် အပြေးအလွှား ထွက်လာပြီးနောက် လူတွေက လျှော့သွားတော့သည်။ ယခုအချိန်တွင် လူအုပ်စုသည် ၂၀ အောက်သာ ရှိတော့၏။ သို့သော် သေသူတွေကို သတိရဖို့ အချိန်မရှိ၊ ဝမ်းနည်း​နေဖို့ အချိန်မရှိပေ။ အဲဒီဆရာတူ ညီအကိုမောင်နှမတွေရဲ့ အလောင်းတွေဟာ ကျောက်နံရံနဲ့အတူ လှိမ့်ပြီး အဝေးကို လွင့်ပျံသွားလေပြီ။

“လမ်းပေါ် ဆက်တက်ကြရအောင်”

လုရွှမ် ဆော်သြောလိုက်သည်။ ဘယ်သူမှ စကားမပြောဘဲ ခေါင်းငုံ့ထားရင်း ယွမ်စွမ်းအင်တွေကို ကိုယ်စီကိုယ်စီ တင်းတင်းကြပ်ကြပ် ရစ်ပတ်လျက် မတ်တပ် ထရပ်လိုက်သည်။ သူတို့အားလုံး ရေစီးကြောင်း၏ သက်ရောက်မှုကို ခုခံကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

အရှေ့မှာ ဒီလိုအခက်အခဲတွေက ပြတ်တောက်မှု မရှိဘူးဆိုတာ ထင်ရှားပါ​၏။ လူဘယ်နှစ်ယောက် ထွက်သွားနိုင်မယ် ဆိုတာ ဘယ်သူမှ မသိချေ။ ဖိအားက လေးလံလွန်းပြီး အကြောက်တရားက လူတိုင်းရဲ့ နှလုံးသားထဲတွင် စုပုံနေသည်။

လုရွှမ်ရဲ့ စူးရှသော မျက်လုံးများက လူတိုင်းအပေါ် ဝေ့ကြည့်လိုက်သည်။ ဖိအားများအောက်တွင် တစ်စုံတစ်ဦးမှ သည်းမခံနိုင်တော့သည်မှာ မလွဲမသွေပင်။ ဤအခိုက်အတန့်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ပြဿနာများ မဖြစ်ပွားမီ ကာကွယ်ထားရန်သာ ဖြစ်သည်။

ချင်းချန်နဲ့ ထျန်းရှားလည်း လူတိုင်းရဲ့ မျက်လုံးများထဲကနေ သူတို့ရင်ထဲ စိုးရိမ်မှုအပြည့် ရှိနေကြောင်း သတိထားမိပါ၏။ တဟုန်းဟုန်း တိုက်စားနေတဲ့ ရေသံက ပိုမိုလျင်မြန်လာသည်။

ဦးခေါင်းအထက်ရှိ ရေသည် ပို၍မြင့်မားလာပြီး သူတို့အပေါ် ကျရောက်နေသော ဖိအားများကလည်း ပိုမိုအားကောင်းလာသည်ဟု ခံစားရသည်။ ရေအောက်မှာ ဖိအားတွေ ရှိနေတာကို လူတိုင်း သိပါ၏။

ယခု ပင်လယ်ဧရိယာ အောက်က ဖိအားဟာလည်း အလွန်ကြောက်စရာ ကောင်းနေသေးသည်။ လေးနက်သော ခွန်အားမရှိတဲ့ သာမန် ကျင့်ကြံသူများဆို ထိုဖိအား၏ အနားကိုပင် မချဉ်းကပ်ဝံ့လောက်ချေ။ ထို့အပြင် ပင်လယ်သားရဲများလည်း မဝင်ရဲကြပေ။

လက်ရှိ အခိုက်အတန့်တွင် စင်္ကြံအောက်တွင်ရှိ လုရွှမ်သည် ပင်လယ်ကြမ်းပြင်ပေါ်က ဖိအားကို ထပ်မံခံစား လာခဲ့ရပြန်သည်။ လောလောဆယ်တော့ ဖိအားက သိပ်မကြီးသေးတာကြောင့် လွယ်လွယ်နဲ့ ခံနိုင်ရည် ရှိပါသေး၏။

ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က တခြားသူတွေရဲ့ အမူအရာတွေကို ကြည့်လိုက်ရင် တော်တော် ရုန်းကန်ရနေပြီ။ ယခု ကျောက်နံရံသည် ယခင်ကျောက်နံရံကဲ့သို့ မကြီးမားသော်လည်း ရေစီးရေလာ ကောင်းမှုကြောင့် အလျင်အမြန် စီးကျနေပြီး အရှိန်မှာလည်း အလွန်မြန်လာသည်။

ကျောက်နံရံဆီက ကျိုးပဲ့သွားသော အစွန်အဖျားသည် လူအုပ်ကြားတွင်သာ ဖြတ်သန်းသွားသည်။ လုရွှမ် ဂရုတစိုက် သတိပေးပြီး ဓားနဲ့လွှဲခုတ်ကာ ကျောက်တုံးကို တိုက်ခိုက်လိုက်သည်။ ၎င်းသည် မပျက်စီးသေးသော်လည်း ချွန်ထက်သော ကျောက်နံရံ၏ ရိုက်ခတ်မှု အရှိန်ကို ဟန့်တားနိုင်သောကြောင့် တခြားလူများ တုံ့ပြန်ရန် အချိန်ရနိုင်သည်။

လူတိုင်းလည်း အဆက်မပြတ် ရှောင်တိမ်းနေရ၏။ ကျောက်နံရံက အရမ်း ကြီးမားနေတာ မဟုတ်သော်လည်း တစ်ခုပြီးတစ်ခု ပြေးဝင်လာနေပုံက ယန္တရားတစ်ခု ရှိနေသလိုပင်။ ရှေ့သို့ ချီတက်လိုသူတိုင်းက ချွန်ထက်သော ကျောက်တုံးများနှင့် ရောနှောနေသော ရေစီးကြောင်းထဲတွင်သာ ရှေ့သို့ လျင်မြန်စွာ ရွေ့လျား​​နေရသည်။

ကျောက်ခဲဖြင့် ထိုးခံရသည်နှင့် တပြိုင်နက် ညီအစ်မတစ်ဦး၏ ခန္ဓာကိုယ်ဟာ တစ်ခါတည်း ထိုးဖောက်သွားကာ သူမ ခန္ဓာကိုယ်ဟာ ချက်ချင်း စုတ်ပြဲသွားသည်။

သူမမျက်လုံးထဲမှာ မျှော်လင့်ချက် အလင်းရောင် ရှိနေသေးပေမယ့် နောက်အခိုက်အတန့်မှာတော့ လုံးဝ မှိန်ဖျော့သွားပြီး အသိစိတ်တွေလည်း ပျောက်ပြီး ဆုံးပါးသွားခဲ့သည်။

သူမဘေးနားရှိ ညီအစ်ကို မောင်နှမများသည် တုံ့ပြန်ရန် လုံးဝ နောက်ကျနေပြီ ဖြစ်သလို သူတို့ကိုယ်သူတို့လည်း အသည်းအသန် ဂရုစိုက်နေရသည်။

“ဒီကျောက်တုံးတွေက ငါတို့ကို တမင်တကာ ဝင့်ဆောင့်နေတာ နင် သတိထားမိလား?”

ထျန်းရှား လုရွှမ်ဘက်သို့ ပျံသွားကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ လုရွှမ်လည်း ဒီအခြေအနေကို ရှာတွေ့ထားတာကြောင့် ပြုံးကာ ပြောလိုက်သည်။

“ကျောက်နံရံမှာ ဝိညာဉ်တစ်ခု ရှိတယ်... သူလည်းဒီလိုမျိုး နှစ်ထောင်ပေါင်းများစွာ ရှင်သန်ခဲ့ရတာ... ဟိုးအရင်ကတည်းက ပဋိသန္ဓေနေ​လောက်တယ်... ထောင်နဂါးမှာ အကျဉ်းချခံထားရတဲ့ သူတို့က သဘာဝအတိုင်း တခြားသူတွေ ထိန်းချုပ်ထားရမယ့် တာဝန် ရှိနေပုံပဲ.... အခုတော့ လှောင်အိမ်က ပျက်စီးသွားပြီ အဲဒါကြောင့် ဒီကျောက်နံရံကြီးက ငါတို့ကို ပျော်ပျော်ရွှင်ရွှင် မထွက်သွားစေချင်တာ ထင်တယ်!”

လုရွှမ်၏ စကားသံများက ဒေါသသံများ ပြည့်နေသည်။ သူ့မှာ ကောင်းကင်အောင်ခြင်းဂိုဏ်းက ညီအကိုမောင်နှမများကို ကြည့်ကာ ဤနေရာတွင် စတေးရန်သာ ရွေးချယ်ခဲ့ရသည်။

ထို့အပြင် ပို၍ကြောက်စရာ ကောင်းနေတာက ဤကျောက်နံရံ အပိုင်းအစများကလည်း ဝိညာဥ်အသိ ရှိနေတယ်လို့ ထင်ရ၏။ လူတစ်ဦးတည်း ခုခံတာက ဟုတ်ပေမယ့် နှစ်ယောက်သာ တညီတညွတ်တည်း စုရုံးပြီး ခုခံလိုက်ပါက ကျောက်နံရံ အပိုင်းအစများက ၎င်းတို့နှစ်ဦးကို အဆက်မပြတ် တိုက်ခိုက်ပစ်သည်။ ကူညီသူ ပိုများလေ ကျောက်နံရံများဆီက ဗုံးကြဲခံရလေလေ ဖြစ်သည်။

“ဆရာတူညီလေး ငါ့ကိုကယ်ပါဦး....”

“ငါ့ကိုကယ်ပါ”

“ကယ်....”

အသံများက သူ့နားထဲတွင် ပဲ့တင်ထပ်နေတာကြောင့် ပို၍ပို၍ စိုးရိမ်လာသည်။ လုရွှမ် ရက်စက်စွာ ရှောင်သွားခဲ့သည်။ သူသည် အကြီးတန်း အစ်မတစ်ဦးကို ခုခံ​ပေးရန် နှစ်ကြိမ်တိုင်တိုင် ကူညီပေးခဲ့သည်။ မထင်မှတ်ဘဲ တစ်ချိန်တည်းတွင် ကျောက်နံရံ အပိုင်းအစ ခုနစ်ခု သို့မဟုတ် ရှစ်ခုက သူတို့အား ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။

လုရွှမ် တုံ့ဆိုင်းစွာ ခုခံလိုက်ပြီး လှည့်ကြည့်လိုက်တော့ ထိုဆရာတူအစ်မသည် တုန်လှုပ်ချောက်ချားမှု အောက်တွင် သေဆုံးသွားခဲ့ပြီ။ ကျောက်နံရံ အပိုင်းအစတစ်ခုက သူမနှလုံးကို ဖြတ်သွားကာ ပြင်းထန်သော ထိုးနှက်ချက် တစ်ခုဖြင့် အဆုံးသတ်သွားစေခဲ့သည်။

ရေသည် ရောနှောထားသော ကျောက်တုံး အပိုင်းအစများဖြင့် ပြည့်နေပြီ။ လုရွှမ်တို့လည်း အရေးကြီးသော ဒိုင်းကာအခင်းအကျင်း တစ်ခုဖွဲ့စည်းရန်၊ ဤကျောက်နံရံ အပိုင်းအစများကို ပိတ်ဆို့ကာ ခက်ခက်ခဲခဲ ခုခံရန် ယွမ်စွမ်းအင်တွေကို အဆက်မပြတ် သုံးနေရသည်။

ကျောက်နံရံ တစ်ခုလုံးကို ပိတ်ထားသော ကျောက်တုံးကြီးနဲ့ နှိုင်းယှဉ်ပါက ပို၍ပင် အန္တရာယ် ရှိလာသည်။ ထိုးနှက်ချက် တစ်ချက်တည်းနဲဲ့ မလုံလောက်သေးသလို ၎င်းတို့က အဆက်မပြတ် တိုက်ခိုက်လာ၏။

ဖိအားတွေအောက်မှာ လူတိုင်းဟာ ရှေ့ကို ဆက်သွားနေတုန်းပဲ။ သည်းမခံနိုင်ပါက ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။ ဤအခိုက်အတန့်တွင် သူတို့ ရုန်းကန်နေရတဲ့ အချိန်တိုလေး အတွင်းတွင် လူဆယ်ဦးအောက်သာ ကျန်တော့သည်။

အကူအညီ တောင်း​​နေသော ဆရာတူအစ်မနှင့် ညီအစ်ကိုတို့၏ မျက်နှာတွင် စွမ်းအားပင် မရှိပေ။ ကျန့်ကျောက် ထျန်းယင်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ဒဏ်ရာလည်း ရထားသည်။

လက်သီးအရွယ်မျှသာ ရှိသော အပိုင်းအစ တစ်ခုဖြင့် ပွတ်တိုက် ခံခဲ့ရသော်လည်း ဘယ်ဘက်လက်မောင်း တစ်ခုလုံးက မလှုပ်ရှားနိုင်တော့ပေ။ ယွမ်စွမ်းအင်တွေက မထင်မရှား ဖြစ်လာပြီ။ ထိုကျောက်နံရံ အပိုင်းအစဟာဆိုလျှင် သူမ၏ကိုယ်ပိုင် ခွန်အားဖြင့် တွန်းလှန်ရန် မဖြစ်နိုင်သလောက်ပင်။

ကျောက်စရစ်ခဲ တစ်ခု​ဖြင့် ထိမိ​ပြီးသောအခါ ကျန့်ကျောက် ပြေးလာပြီး ထျန်းယင်ရှေ့က ကျောက်နံရံ အပိုင်းအစများကို ပိတ်ဆို့ထားလိုက်​ပြန်သည်။

“ရှင် မြန်မြန်သွားတော့!”

ထျန်းယင် ငိုရင်း ဆိုလိုက်သော်လည်း ကျန့်ကျောက်က ပြုံးပြီး ဆိုလေ၏။

“မင်း အသက်ရှင်လျက် အပြင်မထွက်နိုင်ရင် မင်းဒီမှာ သေလိမ့်မယ်... ဒါဆိုကိုယ်လည်း မင်းအတူတူ သေလိုက်မယ်... ဒါက ကောင်းချီးတစ်ခုပဲလေ မဟုတ်ဘူးလား?”

ယခုအချိန်တွင် ရေစီးကြောင်းသည် သမုဒ္ဒရာ၏ ရေစီးကြောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်နံရံ အပိုင်းအစတွေကို အဆက်မပြတ် မှုတ်ထုတ်နေပါ​ပြီ။

All Chapters