အရှိန်ကိုစုဆောင်း
Vol. 77 Ch. 4.669
ထိုကျောက်နံရံ အပိုင်းအစများကို ခွဲခြမ်းစိပ်ဖြာ ကြည့်လိုက်ရာ ၎င်းတို့သည် ကျန့်ကျောက်နဲ့ ထျန်းယင်ဆီသို့ ကွဲသွားကြောင်း တွေ့လိုက်ရသည်။
လုရွှမ် ၎င်းကို မြင်သောအခါ မျက်လုံးများ ဝေဝါးသွားခဲ့သည်။ ကျန့်ကျောက်က သူ့အစ်ကိုကြီးလိုပဲ။ ဂိုဏ်းဝင်ကတည်းက သူ့ကို စောင့်ရှောက်ခဲ့သည်။ ဤဘဝတွင် လုရွှမ် ပေါ့ပေါ့တန်တန် ခံယူထား၍ သူ့အသက်ကို ကယ်တင်နိုင်သော လူများစွာ ရှိကောင်းရှိနိုင်သော်လည်း သူ့ကို ကယ်တင်ရန် စွန့်စားလိုသော လူများစွာ မရှိပေ။
ကျန့်ကျောက်သည် သူ့ရင်ထဲမှ အဲဒီလိုလူတစ်ဦးဖြစ်ပြီး သူသည် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။ ယခု အခိုက်အတန့်တွင် သူတို့နှစ်ဦး အသတ်ခံရတော့မည်ကို သိလိုက်ရသဖြင့် လုရွှမ် သည်းမခံနိုင်တော့ပေ။
လက်တစ်ဖက်ကို လှုပ်ရှားလိုက်သောအခါ ပေကျီဓားသည် ပေါက်ထွက်ပြီး ၎င်းတို့နှစ်ဦးဆီသို့ ပျံသန်းသွားသည်။ ဓားစွမ်းအင်က ရေထဲမှ ဖြတ်သွားကာ လမ်းတစ်လျှောက် ခုတ်ထစ်လျက် ကျောက်စရစ်ခဲများကို လွင့်ထွက်သွားစေသည်။
သူသည် လူနှစ်ယောက်ရှေ့သို့ လျင်မြန်စွာ ပြေးလာပြီး သူတို့ရှေ့တွင် ပိတ်ရပ်လိုက်သည်။
“ညီလေးထျန်းချိုင် မင်း ဘာလုပ်နေတာလဲ? သေလိမ့်မယ်ကွ!”
ကျန့်ကျောက် တပြိုင်နက်တည်း တုန်လှုပ်ခြောက်ခြားသွားတဲ့ ခံစားချက်ကြောင့် ကြောက်လန့်တကြား အော်လိုက်သည်။
ဒီကျောက်နံရံ အပိုင်းအစတွေက သူ့ကို တရစပ် ထိုးနှက်ပြီး အသေသတ်တော့မယ် ဆိုတာ မုသားစကားမဟုတ်။ လူတစ်ဦးတည်း ခုခံနိုင်သော်လည်း လူနှစ်ယောက် ရင်ဆိုင်သောအခါ ကျောက်နံရံ အပိုင်းအစရဲ့ စွမ်းအားသည် နှစ်ဆတိုးလာပြီး လူသုံးဦး ရင်ဆိုင်လိုက်ပါက နှစ်ဆနီးပါး ရှိလာလိမ့်မည်။
လူတစ်ဦးတည်း ခံနိုင်ရည်ရှိရန် လိုအပ်သည့် ခွန်အားနှင့် နှိုင်းယှဉ်ပါက ယင်းသည် ယခင်လူတွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲထက် ရှစ်ဆနီးပါး တိုးမြင့်လာပြီ ဖြစ်ပြီ။
လုရွှမ် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ ခုခံထားနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။
လုရွှမ် စကားမပြောပေ။ သူ့မျက်လုံးများက ထူထပ်စွာ ထုပ်ပိုးထားသည့် ကျောက်စရစ်များကို စိုက်ကြည့်နေ၏။ ကျောက်နံရံ အပိုင်းအစတွေက ရေထဲတွင် ရောနှောသွားကာ ရေကန်ကြီးနှယ် သုံးယောက်သားဆီသို့ စီးဆင်း ပြေးထွက်လာလေသည်။
လုရွှမ် ပေကျီဓားကို ခဏဖယ်၍ စပျစ်နွယ်ပင်တစ်ပင်ကို ထုတ်ယူလိုက်သည်။ ၎င်းသည်သူ ရှေးဟောင်း လျှပ်စီးကမ္ဘာက ရရှိခဲ့သော သူတော်စင် စပျစ်နွယ်ပင် ဖြစ်သည်။ ဝမ့်ရှန်းကမ္ဘာနှင့် နှိုင်းယှဉ်ပါက ၎င်း၏ အလားအလာမှာ အနည်းငယ် နိမ့်နေသေးသော်လည်း၊ သစ်သားဒြပ်စင် ရှိနေတာတော့ အမှန်ပင်။
ဤအခိုက်အတန့်တွင် ဗုံးကြဲခံလာသော ကျောက်နံရံ အပိုင်းအစများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် လုရွှမ်မှာ လောင်းကစားတစ်ခုသာ ပြုလုပ်နိုင်ခဲ့သည်။
သန့်စင်သော သစ်သားဒြပ်စင် စွမ်းအင်စီးကြောင်းများသည် ကမ္ဘာမြေနှလုံး စပျစ်နွယ်ပင်တစ်လျှောက်မှ လုရွှမ်၏ ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းသွားသည်။ လုရွှမ် စပျစ်နွယ်ပင်ကို သစ်သားချောင်းအဖြစ် ဝှေ့ယမ်းကာ လှောင်အိမ်နဂါးတုတ်သိုင်းကို တစ်ကွက်ပြီးတစ်ကွက် သုံးလိုက်သည်။
စိမ်းပြာရောင် စွမ်းအင်များဟာ သူ့ရှေ့က ကျောက်နံရံရဲ့ အပိုင်းအစတွေဆီ ပြေးလွှားနေတဲ့ မြွေငယ်လေးတွေလိုပါပဲ။ စွမ်းအင်က စီးဆင်းနေတဲ့ ရေထွက်ပေါက်တွေကို ဖြတ်သွားကာ ရေက သစ်သားကို ထုတ်ပေးသလိုမျိုး သစ်သားဒြပ်စင်ရဲ့ စွမ်းအင်တွေဟာ အလွန်တိုးလာကာ တောက်ပမှုနဲ့အတူ ဧရာမမကောင်းဆိုးဝါး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပါတော့သည်။
တခြားသူများ၏ စူးရှသော မျက်လုံးများသည်လည်း သူတို့ဘက်သို့ စိုက်ကြည့်နေကြသည်။ လုရွှမ် ရှေ့သို့ အပြေးအလွှား ပြေးလာနေတာကို မြင်လိုက်ရသည်နှင့် သူတို့သည် မြတ်နိုးမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်လာခဲ့သည်။
ထိုအပျက်အစီးများကို ဝိုင်းပတ်နေသော သစ်သားဒြပ်စင် ဧရာမပိုက်ကွန်ကြီးသည် ခဏအကြာတွင်ပင် အပိုင်းအစ အပျက်အစီးများကြောင့် ပေါက်ကွဲသွားကာ လူသုံးဦးကို အရှိန်ဖြင့် ဗုံးကြဲပစ်လိုက်သည်။
လုရွှမ် ထိတ်လန့်သွားသည်။ သူ့အင်အား၏ 70% အနည်းဆုံးရှိသော ဧရာမပိုက်ကွန်ကြီးသည် ဤကျောက်တုံးများရှေ့တွင် ဒီလောက် အားနည်းသွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
သို့သော် လုရွှမ် ဒီအတွက် အဆင်သင့် ဖြစ်နေပါပြီ။ ဤစက္ကန့်ပိုင်းမျှဖြင့် သူတို့နှစ်ဦး လွတ်မြောက်ရန် လုံလောက်သည်။ ကျန့်ကျောက်နဲ့ ထျန်းယင်တို့ အနောက်သို့ လှည့်ကြည့်လိုက်သော် လုရွှမ်သည် ကျောက်စရစ်ခဲများ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပိတ်မိနေခဲ့ပြီ ဖြစ်သည်။
“လုရွှမ်!”
“သွား! သွား! သွား!”
သုံးကြိမ်ဆက်တိုက် ဟောက်သံကို ကြားလိုက်ရစဥ် ကျောက်ခဲများမှ အလင်းတန်းများ ထွက်လာပြီး စင်္ကြံလမ်းမ၏ မျက်နှာကျက်ဆီသို့ ပြေးထွက်သွားလေသည်။
ထိုအချိန်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။ ချင်းချန်သည် အထက်တွင် ပိုနက်သော လှောင်အိမ်တစ်ခု ရှိနေကြောင်း ရှင်းပြခဲ့သည်။ ဒီလိုသာဆို လုရွှမ်က ကျောက်နံရံ အပိုင်းအစတွေနဲ့အတူ ပိုနက်သော လှောင်အိမ်ထဲသို့ ကျသွားလိမ့်မည် မဟုတ်ပါလား။
“လုရွှမ်!”
ကျန့်ကျောက်နှင့် ထျန်းယင်တို့ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့ရဲ့ လုံခြုံရေးကိုတောင် မစဉ်းစားနိုင်တော့ဘဲ ကျောက်နံရံ၏ အပိုင်းအစများဆီသို့ ပြေးသွားကာ ဓားအလင်းတန်း နှစ်ခုကို ပစ်လွှတ်လိုက်သည်။
လုရွှမ်သာ သူတို့ကြောင့် ဤနေရာတွင် သင်္ဂြိုဟ်ခံလိုက်ရမည်ဆိုလျှင် သူတို့ကိုယ်သူတို့ ဘယ်တော့မှ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ။
လက်တစ်ဖက်က သူတို့ နှစ်ယောက်ကို ဖမ်းကိုင်လိုက်၏။ ထိုသူကတော့ ချင်းချန်ပါပဲ။ သူမက သူတို့ကို သူမနံဘေးကို ပစ်ချပြီး အော်လိုက်သည်။
“သေသေချာချာ ကြည့်စမ်း!”
ဘိုးဘေးက ဘာကိုဆိုလိုတာလဲ မသိပေမယ့် သူ့စိတ်က စိုးရိမ်မှုများဖြင့် လုရွှမ်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။
အလင်းတန်းတစ်ခုက အပေါ်ကို အရှိန်တက်နေပုံပဲ။ အပေါ်ကို အရှိန်ပြင်းပြင်း တက်နေပေမယ့် အလင်းတန်း တစ်ခုတည်းတော့ မဟုတ်ပေ။ အလင်းတန်းတွေက ခုနစ်ချက် ဒါမှမဟုတ် ရှစ်ချက်လောက် လင်းလက်သွားတာကို တွေ့ရကာ ၎င်းတို့ထဲက တစ်ခုမှာ အထက်သို့ ညွှန်ပြနေသည်။
သို့သော် တခြားအလင်းတန်းများသည် ဘယ်ဘက်၊ ညာဘက်သို့ ရွေ့လျားနေရာ အရှေ့မှာ အနောက်သို့လည်း ရွေ့လျားနေပြန်ရာ ကျောက်နံရံ အပိုင်းအစများထဲက လုရွှမ်ရဲ့ ခန္ဓာကိုယ် အစစ်အမှန် မမြင်နိုင်ကြပေ။
ခဏလောက်အထိ ကျန့်ကျောက်နဲ့ ထျန်းယင်တို့ဟာ အနည်းငယ် ရှုပ်ထွေးနေကြ၏။ မျက်နှာကျက်ကို ထိသွားတဲ့ အလင်းရောင်ဟာ လုရွှမ်ရဲ့ ခန္ဓာကိုယ်အစစ် မဟုတ်မှန်း သိသာပါသည်။
အထက်က ကျောက်နံရံ အပိုင်းအစများသည် မြစ်ရေကဲ့သို့ ရွေ့လျားနေဆဲ ဖြစ်ပြီး အလွန်လျင်မြန်ဆဲ ဖြစ်သော်လည်း ၎င်းတို့သည် စမ်းချောင်းငယ်များစွာလို ခွဲထွက်ကာ အလင်းတန်းတစ်ခုစီဆီသို့ ပြေးထွက်သွားကြသည်။
“ထက်မြက်လိုက်တဲ့ ကောင်လေး....သူက မင်းတို့အတွက် ထွက်လမ်းရှာဖို့ ကြိုးစားနေတာ”
ချင်းချန်က ဆိုရင်း ဝင်ကူညီချင်နေတဲ့ လူတွေကို ငေါက်လိုက်သည်။
ယနေ့ထိ ရှင်သန်နိုင်သူတိုင်းသည် ထူးကဲသော အရည်အချင်းရှိသူ မဟုတ်ပေ။ လုရွှမ်၏ ခန္ဓာကိုယ်သည် များစွာသော ခန္ဓာကိုယ်ပွားများအဖြစ် ပြောင်းလဲသွားပြီး ကျောက်နံရံ အပိုင်းအစများကို လမ်းကြောင်း ပြောင်းသွားစေရန် သွေးဆောင်နေကြောင်း တွေ့လိုက်သောအခါတွင် သူတို့ နှလုံးသားများ တောက်ပလာခဲ့သည်။
ဒါက ရိုးရိုးရှင်းရှင်းပဲလို့ ထင်ရပေမယ့် လုရွှမ်ဒါကို မြင်နိုင်လိမ့်မယ်လို့တော့ မထင်ထားခဲ့ကြချေ။ ထိုကျောက်နံရံ အပိုင်းအစများက လုရွှမ်ရဲ့ ကိုယ်ပွားတွေနောက် မျက်နှာမူကာ ကြီးမားသော စွမ်းအားများဖြင့် ပြေးလွှားနေကြသည်။
ကျောက်နံရံ အပိုင်းအစများ ကွဲထွက်သွားပြီး လှည့်ပတ်နေသော အလင်းရောင်များက တစ်ခုပြီးတစ်ခု မှိန်သွားခဲ့သည်။ ထို့နောက် လုရွှမ်သည် အမှောင်ထဲက ကျောက်တုံးတစ်တုံး၏ နောက်မှ ပြေးထွက်လာခဲ့သည်။
သူက အားလုံးကို ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်ပါ၏။
“ငါ့နောက်က လိုက်ခဲ့... လိုင်းတစ်ခုဖွဲ့ပြီး မြန်မြန်ထွက်သွားကြမယ်”
အားလုံးက လုရွှမ်နောက်ကို အမြန် ပြေးလိုက်ကြသည်။ ဒီနည်းလမ်းကို သူတို့အရင်က မစမ်းဖူးတာတော့ မဟုတ်ပေ။ ဒါပေမဲ့ နှမြောစရာ ကောင်းလောက်အောင်ကို မအောင်မြင်ခဲ့ပေ။
အခု လုရွှမ်က အဖွဲ့ကို ဦးဆောင်နေတော့ အကျိုးသက်ရောက်မှုက လုံးဝကို သဘာဝအတိုင်း ကွဲပြားသွားတော့မယ်လို့ ခံစားနေရလေသည်။
သေချာတာကတော့ သူတို့ရှေ့မှာ လုရွှမ်၊ သူတို့နောက်မှာ ချင်းချန်ရှိကာ သူတို့က လူတိုင်းကို စောင့်ရှောက် ကာကွယ်ပေးနေသည်။ သူတို့ ဘာမှ မပြောကြတော့ဘဲ လုရွှမ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာခဲ့ကြသည်။
ထူးဆန်းတာပဲ။ သူတို့ အတူရှိနေတာကို ကျောက်နံရံ အပိုင်းအစများက အတူစုရုံး၍ မတိုက်ခိုက်လာကြတော့ပေ။
ဒါပေမဲ့ လုရွှမ် ရဲ့ တုန်လှုပ်နေတဲ့ ခန္ဓာကိုယ်နဲ့ သူ့ရဲ့ ရောင်ဝါ ပြောင်းလဲမှုတွေကနေ လုရွှမ်တစ်ယောက် အစွမ်းကုန် ထုတ်သုံးခဲ့ကြောင်း သိသာထင်ရှားစွာ ပြသနေခဲ့ပါ၏။
အသက်မသေဘဲ ကျန်နေသေးတဲ့ လူတွေကတော့ မများချေ။ ကျန့်ကျောက်၊ ထျန်းယင်၊ ထန်တုံး၊ ဟဲ့ယန်၊ ထျန်းရှား၊ ဟိုင်ရှင်း၊ ကြောင်လေး၊ ဖြူကောင်၊ ချင်းချန်၊ ထျန်းရှောင်းနဲ့ ထျန်းလင်စတဲ့ ရင်းနှီးသူတွေပဲ ဖြစ်ပြီး အားလုံးက ဒဏ်ရာတွေ ရထားကြပြီ။
ထျန်းရှားဆိုရင် သူမအားကောင်းလေ ကျောက်နံရံ အပိုင်းအစတွေရဲ့ တိုက်ခိုက်လာတဲ့ အကြိမ်ရေက များနိုင်လေလေပဲ။ သူတို့ ဘယ်လောက်ရှေ့ဆက် သွားရဦးမလဲဆိုတာ မသိပေမယ့် လက်ရှိလမ်းကြောင်းကို ကြည့်ရင် ဒီအတိုင်းဆက်သွားမယ် ဆိုပါက သူနဲ့ ထျန်းရှားကလွဲရင် ကျန်တဲ့လူတွေအားလုံး သေကြရလိမ့်မယ်။
အမှန်တော့ ဒီလမ်းက သူတို့ကိုယ်တိုင် လမ်းလျှောက်ဖို့ လိုအပ်ပေမယ့် ဒီနေရာက သူတို့လုပ်နိုင်တဲ့ ကန့်သတ်ချက်ထက် ကျော်လွန်နေပြီဆိုတာ သိသာပါ၏။ သူတို့ကိုယ်သူတို့ အားကိုးဖို့ လိုအပ်ကာ သူတို့သေတာကိုသာ ထိုင်ကြည့်နေခြင်းက ကြောင်သူတော် ဆန်လေသည်။
အခု လုရွှမ် မလုပ်နိုင်တာ ဘာမှမရှိဘူး။