စည်းလုံးမှု
Vol. 77 Ch. 4.670
ကောင်းကင်အောင်ခြင်း ဂိုဏ်းရှိ လူတိုင်းဟာ လုရွှမ် ဘာတွေတွေးနေမှန်း မသိပေမယ့် လုရွှမ်ရဲ့ ရိုးသားမှုကိုတော့ သူတို့ ခံစားနိုင်ကြပါ၏။
သူတို့မှာ လုရွှမ်နောက်ကနေ အနီးကပ်လိုက်ရုံကလွဲလို့ ဘာမှလုပ်လို့ မရသေးချေ။ လုရွှမ်ရဲ့ နောက်ကျောကို ကြည့်လိုက်ရင်း သေသေရှင်ရှင် ဒီအခိုက်အတန့်လေးကို ထာဝရ သတိရနေမှာပါပဲ။
အရှေ့တွင် စီးဆင်းနေသော ရေသည် သမုဒ္ဒရာထဲက နဂါးကြီးတစ်ကောင် အဖြစ်သို့ လုံးဝပြောင်းလဲသွားကာ လူတိုင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အသားများကို ဓားဖြင့်လှီးဖြတ်သကဲ့သို့ လူတိုင်းကို ထိခိုက်လာစေသည်။
ပတ်ပတ်လည်ရှိ ကျောက်နံရံ၏ အပိုင်းအစများသည် အလင်းတန်းများ အဖြစ် ဖောက်ထွင်းဝင်ရောက်ကာ ရှည်လျားသော ရေစီးကြောင်းများ ဖြစ်သည်။ ရေစီးကြောင်းရဲ့ အရှိန်က လေထုကိုပါ တုန်ခါလာစေလေ၏။
ကောင်းကင်အောင်ခြင်း ဂိုဏ်းရှိလူတိုင်း တုန်လှုပ်သွားကြသည်။ ထိုအရှိန်နဲ့ဆို သူတို့သည် လုံးဝတုံ့ပြန်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း ကောင်းကောင်းသိပါသည်။
လုရွှမ် ထက်မြက်စွာ ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ အမှန်တကယ် စွမ်းဆောင်နိုင်ခဲ့ပြီး သူထုတ်လွှတ်လိုက်သော ရောင်ဝါသည် သူ့နောက်တွင် လူတိုင်းကို ချုပ်နှောင်ထားနိုင်ခဲ့သည်။
“ထျန်းရှား... မင်း ငါ့ခြေထောက်ကို ဆွဲထား... နောက်က လူတွေလည်း ကိုယ့်ရှေ့ကလူရဲ့ ခြေထောက်ကို လှမ်းဆွဲထားကြ... ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လုံးဝ လက်မလွှတ်ပါနဲ့”
လုရွှမ် ရုတ်တရက် လှည့်အော်လိုက်သည်။
ထျန်းရှားသည် လုရွှမ်အနောက်တွင် အနီးကပ် ရှိနေတာဖြစ်လို့ သူမသည်လည်း သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ရုတ်ခြည်း ခံစားလိုက်ရသည်။ ဒီကမ္ဘာကြီး ပျက်စီးသွားတော့မလို သူမနှလုံးသားထဲတွင် အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။
လုရွှမ်၏ အသံသည် လက်ရှိအမှောင်ထဲတွင် တောက်ပသော အလင်းရောင်တစ်ခုလို ဖြစ်နေသည်။ သို့မဟုတ် ပရမ်းပတာ ဖြစ်နေတဲ့ သူမရဲ့ နှလုံးသားကို အနည်းငယ် ရှင်းလင်းပြတ်သားပြီး နိုးကြားလာထစေသည်။ သူသည် လုရွှမ်ရဲ့ ခြေသလုံး ကြွက်သားများကို အလိုလို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူမအနောက်ကို လှည့်အော်လိုက်၏။
“ငါ့ခြေထောက်ကို ကိုင်ထား!”
ဤဟောက်သံသည် ခွန်အားအပြည့်ဖြင့် ထွက်လာတာမို့ ဝိညာဉ်စွမ်းအားတွေ ပြင်းထန်စွာ တုန်ခါသွားကာ သူ့နောက်ကွယ်ရှိ ကြောင်လေး၏ နားရွက်များကိုပါ တုန်လှုပ်သွားစေသည်။
ကြောင်လေးသည် ထျန်းရှား၏ ခြေသလုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်စဥ် သူ့နှလုံးကို ဖိနှိပ်ထားနိုင်သည့် ဝိညာဉ်စွမ်းအားကို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။
သူမသည် ထျန်းရှား၏ ခြေသလုံး ကြွက်သားကို ကိုင်လိုက်စဥ် ထိုစွမ်းအားသည် သူမခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။
စွမ်းအားလှိုင်းက အနောက်ဘက်သို့ အဆက်မပြတ် ပို့လွှတ်ပြီးနောက် နောက်ဆုံးက ချင်းချန်လည်း ထျန်းလင်ရဲ့ ခြေသလုံးကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားလိုက်သည်။ ထိုအခါ စိတ်ဝိညာဉ် စွမ်းအား၏ စွမ်းအားကို ရုတ်ချည်း ခံစားလိုက်ရသည်။ စိတ်ဝိညာဉ် စွမ်းအားလှိုင်းလုံးသည် သူတို့နှလုံးသားမှ ထုတ်လွှင့်ကာ လူတိုင်း၏ ကိုယ်ခန္ဓာပေါ်တွင် ရစ်ပတ်ကာ တင်းတင်းကျပ်ကျပ် စည်းနှောင်ထားလေသည်။
သူမသည် နတ်မီးနယ်ပယ်ထဲသို့ ဝင်ရောက်ထားသူ ဖြစ်ပြီး လူတိုင်း၏ကြားတွင် ပြန့်ကျဲနေသော စွမ်းအားများက နတ်မီးလုံး၏ စွမ်းအားဖြစ်ကြောင်း သူမ အလွန်ရှင်းလင်းစွာ ခံစားရသည်။ ကျင့်ကြံသူတစ်ယောက်က ပထမဆုံး နတ်မီးလုံးကို မထွန်းညှိထားလျှင်ပင် နတ်မီးလုံးရဲ့ မှော်စွမ်းအားသည် လုံးဝ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။
ပထမ နတ်မီးလုံးက နတ်မျှော်စင်မီးလုံး ဖြစ်သည်။ ၎င်းသည် ဦးနှောက်အတွင်း၌ ရှိသော မျက်ခုံးရှေ့တွင် တိုက်ရိုက် တည်ရှိနေပြီး စိတ်ဝိညာဉ်ကို လွှမ်းမိုးကာ ရှေ့ကသွားရာလမ်းကို တောက်ပစေသည်။
ထိုမီးလုံးက ကောင်းကင်ဘုံသခင် နယ်ပယ်ရှိ လူများကို ဖိနှိပ်နိုင်သည့် စွမ်းအားလည်း ဖြစ်လေသည်။ ထျန်းရှားသည် သူမ၏ မြင့်မားသော အရည်အချင်းနှင့် အန္တရာယ်ကို ပြသသည့် ဤကဲ့သို့ အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် ဖိအားများအောက် အမှန်တကယ် ဖြတ်ကျော်စေခဲ့သည်။
သူမရဲ့ စွမ်းအားသည် အထက်သို့ ပျံ့လွင့်သွားသည်။ လမ်းတစ်လျှောက်တွင် လူတိုင်းဟာ သူတို့ရှေ့မှလူ၏ ခြေသလုံးပေါ်တွင် လက်ကို တင်းတင်းကြပ်ကြပ် ဖိကိုင်ထားကြသည်။ သူတို့၏ စိတ်ဝိညာဥ်များက ဆက်စပ်မိလုနီးပါး ဖြစ်နေပြီဟု ပြောရလောက်တဲ့အထိ အတွေးတစ်ခုသာ ရှိသည်။
အဲဒါက သူတို့ရှေ့မှ လူကို တင်းတင်းကျပ်ကျပ် ဖက်ထားရန်နှင့် ဘယ်သောအခါမှ မလွှတ်လိုက်ရန်သာ။ မဟုတ်ရင် သေမှာ သေချာပေ၏။
ချင်းချန်ရဲ့ အသံက ထျန်းရှားစိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး နတ်မျှော်စင်မီးလုံးရဲ့ စွမ်းအားကို ဘယ်လို သုံးရမလဲ ဆိုတာကို ညွှန်ပြနေသည်။
သူမ၏ ရပ်တည်ချက်သည် သဘာဝအားဖြင့် ပို၍ပို၍ အရေးကြီးလာသည်။ လုရွှမ်က သူတို့ရဲ့ခြေထောက်တွေကိာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားစေပြီး သူတို့နဲ့ ချိတ်ပေးစေချင်တာကြောင့် ထျန်းရှား သယ်ဆောင်လာတာကတော့ သူမနောက်က လူဆယ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းတရားပါပဲ။
ဒါကြောင့် ရက်စက်ကြမ်းကြုတ်သော ခွန်အားတစ်ခု လိုအပ်သည်။ သူမသည် နတ်မျှော်စင်မီးလုံးအား ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်လေ သူမ ပို၍ အားကောင်းလာလေ ဖြစ်သလို သူမနောက်ကွယ်မှ သူများသည်လည်း ပို၍ လုံခြုံလေ ဖြစ်သည်။
“လာပြီ!”
လုရွှမ်၏ ကျယ်လောင်သော ဟောက်သံနှင့်အတူ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွား၏။
ခန္ဓာကိုယ်က လှံတစ်စင်းအဖြစ် ပြောင်းသွားသည့်နှယ် အမြန်နှုန်းသည် တုနှိုင်းမယှဉ်နိုင်တဲ့ ကြီးမားသော စွမ်းအားကို နှိုးဆွပေးလိုက်လေသည်။ သူတို့သည် ရေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ မြှားကဲ့သို့ ချွန်ထက်စွာ ရှေ့သို့ ရွေ့လျားသွားကြသည်။
လူတိုင်းကလည်း သူတို့ခန္ဓာကိုယ်ကို ရှေ့သို့ဆွဲထုတ်လိုက်ကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး ကြီးမားသော စွမ်းအားကြီးသည် တခဏချင်း အားလုံးကို ဆွဲထုတ်သွား၏။ သူတို့လက်များပင် စုတ်ပြတ်လုနီးပါး ဖြစ်နေပြီဟု ခံစားလိုက်ရသော်လည်း နားမလည်နိုင်သော အင်အားတစ်ခုက သူတို့ခန္ဓာကိုယ်ကို ကာကွယ်ပြီး လက်တွေကို တင်းကြပ်သွားစေသည်။
သူတို့ရဲ့စိတ်တွေ ယိမ်းယိုင်သွားကာ မျက်လုံးတွေ ဝေဝါးလုနီးပါး ဖြစ်နေပြီ။ ဒီအရှိန်က အရမ်းမြန်ပြီး ပတ်ပတ်လည်မှာ ရေတွေ ဟောက်နေသံသာ ကြားရကာ သူတို့ပတ်ဝန်းကျင်မှာ ဘာတွေ ရှိနေလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။
ချင်းချန်ရဲ့ အသံက လူတိုင်းရဲ့ နှလုံးသားထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“လုရွှမ်က ရှေ့မှာ အန္တရာယ် ကြီးကြီးမားမား ရှိနေပေမယ့် သူတစ်ယောက်တည်း အသေခံနေရင်တောင်မှ လူတိုင်းက လွတ်မြောက်ဖို့ မျှော်လင့်ချက်မရှိဘူး ဒါကြောင့် ငါတို့ စည်းလုံးရမယ် ...”
“အခုအားလုံး ယွမ်စွမ်းအင်ကို ပေါင်းစည်းဖို့၊ စိတ်စွမ်းအားနဲ့ ရောနှောပြီး လူတိုင်းရဲ့ နှလုံးသားနဲ့ ဝိညာဉ်တွေကို ချိတ်ဆက်ဖို့ ငါ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြ.... ဒါပေမဲ့ မင်းတို့ အခုချိန်မှာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိဘူး... ဒါကြောင့် သေချာ အာရုံစိုက်ရမယ်လို့ လူတိုင်းကို ရှင်းရှင်းလင်းလင်း ပြောထားချင်တယ်။ ဒါ့အပြင် သေချာတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိလာနိုင်တယ်”
ထျန်းရှားရဲ့ အသံလည်း ထွက်ပေါ်လာပြီး ယွမ်စွမ်းအား အနည်းငယ် စုစည်းကာ လူတိုင်း၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားစေသည်။ လက်ရှိအခြေအနေကို လူတိုင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသော်လည်း ကြုံတွေ့နေရသော အန္တရာယ်ကိုတော့ နားလည်နိုင်ကြသေးသည်။
လူနှစ်ယောက် စကားပြောပြီးတာနဲ့ လူတိုင်းက သူတို့ရဲ့ ယွမ်စွမ်းအင် နဲ့ ဝိညာဥ်စွမ်းအင်တွေကို စတင်အသုံးပြုပြီး အတင်းအကြပ် ပေါင်းစပ်ဖို့အတွက် ချင်းချန်ရဲ့ ညွှန်ကြားချက်တွေကို မြန်မြန်လိုက်နာကြသည်။ ဘေးထွက်ဆိုးကျိုးတွေ ရှိလည်း ဘယ်သူကမှ အလေးအနက် မထားကြတော့ချေ။
လုရွှမ်ကတောင် သူ့ရဲ့ အသက်နှင့် သေခြင်းတရာစကို ဂရုမစိုက်ဘဲ သူတို့ကို ကယ်ထုတ်ပေးနေတာ အခု သူတို့အတွက် အဆိုးဆုံးရလဒ်ကတော့ သေခြင်းတရားပဲ ဆိုတာ အားလုံး သိပါ၏။
ဖူး!
ထျန်းရှောင်းနဲ့ ထျန်းလင်တို့ သွေးတစ်လုတ်စီ မှုတ်ထုတ်လိုက်ကြသည်။ နောက်ဆုံးတော့ သူမတို့သည် မဟာသူတော်စင် နယ်ပယ်သာရှိပြီး စိတ်စွမ်းအားနှင့် ယွမ်စွမ်းအားကို အတင်းအကျပ် ပေါင်းစပ်ထားသောကြောင့် ခံနိုင်ရည် မရှိပေ။
ယခု စွမ်းအင်ပေါင်းစည်းမှုပ တူကွဲပြားသော သဘာဝ စွမ်းအားနှစ်ခုနှင့် တူသည်။ ၎င်းတို့ကို ပေါင်းစပ်လိုပါက ထည့်သွင်း စဉ်းစားရမယ့် အချက်များစွာ ရှိပါ၏။ ပေါင်းစပ်ပြီးနောက် ယွမ်စွမ်းအင်တွေက အားကောင်းလာသော်လည်း ခြိမ်းခြောက်မှုမှာလည်း အလွန်ကြီးမားပါသေးသည်။
သာမာန်လူတွေဆို ဒီလောက် လွယ်လွယ်နဲ့ ကြိုးစားဝံ့ကြမှာ မဟုတ်ချေ။
ဒါက ဝိညာဉ်သခင်နှင့် ကျင့်ကြံသူတွေကြားက လုံးဝခြားနားသော လမ်းများဖြစ်သည်။ ဝိညာဉ်သခင်နှင့် ကျင့်ကြံသူတွေ သူတော်စင်တစ်ပိုင်း နယ်ပယ်ပြီးနောက် လုံးဝကွဲပြားသော လမ်းကြောင်းနှစ်ခုကို ခွဲထွက်သွားခြင်းက လုံးဝကွဲပြားသော စွမ်းအားနှစ်ခုကြောင့်ပဲ ဖြစ်သည်။
အခု ဒီစွမ်းအားနှစ်ခုကို ပေါင်းစပ်ချင်တယ် ဆိုရင်တော့ နဂါးနဲ့ ဖီးနစ်ကို ပေါင်းစပ်ဖို့ ကြိုးစားနေသလိုပါပဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ နည်းဥပဒေတွေက ဒီနည်းလမ်းကို တားမြစ်ထားလေ၏။
ချင်းချန်သည် ကောင်းမွန်စွာ ပြင်ဆင်ထားပြီးသား ဖြစ်ပေသည်။ နူးညံ့သိမ်မွေ့သော စွမ်းအားနှစ်ခုသည် မိန်းကလေး နှစ်ဦး၏ ခန္ဓာကိုယ်ကို တိတ်တဆိတ် ဖြည့်သွင်းကာ နူးညံ့သိမ်မွေ့သော ဝိညာဉ်စွမ်းအား အနည်းငယ်က သူတို့၏စိတ်ကို လန်းဆန်းသွားစေသည်။
“စိတ်မပူပါနဲ့.... မင်းတို့ရဲ့နယ်ပယ်က ခိုင်လုံမှု မရှိသေးဘူး ငါမင်းကို ထောက်ပံ့ပေးမယ် မင်းတို့ ဖြည်းဖြည်းချင်း ခံစားကြည့်ကြ”
ချင်းချန်ရဲ့ အသံက မိန်းကလေး နှစ်ယောက်၏ နှလုံးသားထဲက မငြိမ်သက်မှုကို ငြိမ်သက်သွားစေသည်။
သူတို့နှစ်ဦးသည် ခန္ဓာကိုယ်အတွင်း လှုပ်ရှားနေသော စွမ်းအားများကို ခံစားကြည့်လိုက်ပြီး တဖြည်းဖြည်း နားလည်လာအောင် ကြိုးစားကြလေ၏။