ပုန်းနေတဲ့လူ
Vol. 77 Ch. 4.671
လုရွှမ်သည် ထျန်းရှားနဲ့ ချင်းချန်တို့ရဲ့ ညွှန်ကြားနေတဲ့ အသံကို သဘာဝကျကျ ကြားနိုင်တာကြောင့် စိတ်သက်သာရာ ရသွားကာ သူ့ခန္ဓာကိုယ်က ပိုမြန်လာသည်။ သူ့မျက်လုံးတွေကလည်း ရှေ့ကို စိုက်ကြည့်နေပြီး လှိုင်းထန်နေတဲ့ ဒီရေထဲမှာ သူတို့အားလုံး အမြန်ရှေ့ဆက်သွားနေကြသည်။
နောက်ဆုံးတွင် လှိုင်းလုံးကြီးများက သူတို့နံဘေးကို တိုက်ခိုက်လာခဲ့သည်။ ဤအချိန်တွင် လူတိုင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ကမ္ဘာကြီး ပျက်စီးနေတဲ့ အရှိန်အဟုန်ကိုတော့ ခံစားနိုင်ကြသေးသည်။
၎င်းသည် ရေစီးကြောင်းကြောင့် ရိုက်ခတ်လာသော အစောတုန်းက နံရံတစ်ခုလိုမျိုး ကြီးမားသော ကျောက်နံရံကြီး ဖြစ်ပြီး ကျဉ်းမြောင်းသော စင်္ကြံလမ်းမကို လုံးလုံးလျားလျား တိုက်ရိုက် ဖျစ်ညှစ်ထားသည်။
ကံကောင်းထောက်မစွာနဲ့ ပတ်ဝန်းကျင် စင်္ကြံလမ်းများ၏ ဖိအားက ကျောက်နံရံ အပိုင်းအစများရဲ့ အဆက်မပြတ် ပွတ်တိုက်မှုကြောင့် အရှိန် နှေးကွေးသွားသည်။ သို့သော် ၎င်းသည် ယခုအချိန်တွင် ကျောက်နံရံရဲ့ အင်အားက ဘယ်လောက် အားကောင်းနေကြောင်း ပြသနေလေသည်။
ဒီလောက် မာကျောတဲ့ ကျောက်နံရံက ဘယ်လိုတောင် ရေကြောင့် တိုက်စားခံလိုက်ရတယ် ဆိုတာကိုတော့ နတ်ဘုရားပဲ သိလိမ့်မည်။ လုရွှမ်သည် ကျောက်နံရံတွင် လှောင်အိမ်တစ်ခု၏ အရိပ်အငွေ့ မရှိကြောင်း သံသယဖြစ်မိသည်။ ၎င်းကို ဤစင်္ကြံလမ်းများကို ဆက်လက် ပိတ်ဆို့ထားရန် ချထားသော ကျောက်နံရံဟုသာ ထင်ရသည်။
ပိုကြောက်စရာကောင်းတာက သူအရင်က ခံစားခဲ့ရတဲ့ အန္တရာယ်လှိုင်းဟာ ဒီကျောက်နံရံထဲကနေ လာပုံမပေါ်ချေ။ ဤကျောက်နံရံပြီးရင် နောက်ထပ် ခက်ခဲတဲ့ ခြိမ်းခြောက်မှုတစ်ခု ရှိနေသေးတာများလား။
ဒါပေမဲ့ ဒီအချိန်မှာ အဲဒီအချက်ကို အလွန်အမင်း တွေးဖို့ကလည်း အချိန်မရှိတော့ပေ။ ခွန်အားမရှိပေမယ့် တွေးလွန်းနေပြီ။ လက်ရှိအဆင့်ကို အလျင်စလို လုပ်နိုင်ရင်ကို အတော်လေး ကျေးဇူးတင်စရာ ကောင်းနေပြီလေ။
သူ ပြန်သွားမလား ဆိုတာကိုလည်း တွေးနေမိပေမယ့် သူ အများကြီး ပေးဆပ်ပြီးပြီ။ နောက်တစ်ကြိမ် လှောင်အိမ်ထဲ ပြန်ပြေးသွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလှောင်အိမ်ရဲ့ သဘောတရားက သူတို့ကို ပိုကြီးတဲ့ ခြိမ်းခြောက်မှုတွေကို ပေးချင်နေတာလေ။
လွတ်မြောက်ဖို့ အတွက် ဒီခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါ သူသည် နောက်တစ်ကြိမ် လှောင်အိမ်ထဲ ပြန်ရောက်သွားဖို့ ခွင့်ပြုမည်မဟုတ်။ ဒါက လှောင်အိမ်ဖြစ်တာကြောင့် လွတ်မြောက်ရန် အခွင့်အလမ်း များစွာရှိသည်။ အခု ရှေ့သို့သာ အလျင်စလိုနှင့် သွားရမည်။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ အနည်းဆုံး ရှင်သန်ရာ လမ်းကြောင်း တစ်ခုကတော့ ရှိနေဦးမှာပဲ ဖြစ်သည်။
ထိုစဥ် သူ့ခြေနှစ်ဘက်စလုံးတွင် ပျော့ပျောင်းသော စွမ်းအားတစ်ခု ကူးစက်သွား၏။ လုရွှမ်လည်း ဒါက စွမ်းအင်တွေကို ပေါင်းစည်း ကျော်ဖြတ်ခဲ့သော အနောက်ဘက်ရှိ လူများဖြစ်ကြောင်း သိပါသည်။
ဒီအချိန်မှာ သူလှုံ့ဆော်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှုနဲ့ ယှဉ်ရင် နည်းနည်းလေး အားနည်းပေမယ့် ဒါက စွမ်းအားအသစ် တစ်ခုလိုပါပဲ။
“သွားစို့!”
လုရွှမ် အော်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် လှည့်ပတ်ကာ အလင်းရောင် စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားကာ သူဆီသို့ ပြေးလာသော ကျောက်နံရံကို နှုတ်ဆက်သည်။ စိမ်းပြာနဂါး၏ နှလုံးသည် ပြင်းထန်စွာ ခုန်နေပြီး ရက်စက်ကြမ်းကြုတ်သော စိမ်းပြာနဂါး စွမ်းအားများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ထျန်းရှားဆီကိုပါ ရိုက်ခတ်သွားသည်။
ထျန်းရှားသည် ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအားကို ခံစားလိုက်ရပြီး သူ့စိတ်ထဲတွင် ခဏတာမျှ ထိတ်လန့်သွားသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယခုမှသာ သူမသည်လည်း သူမခန္ဓာအား သိမ်းပိုက်လိုက်သော မကောင်းဆိုးဝါး၏ ကြောက်ရွံ့သွားမှုကို နားလည်သွားလေ၏။
သူမ ထပ်ခါထပ်ခါ ခံစားကြည့်သည်။ အမှားအယွင်း မရှိပေ။ ဒါက အလွန်သန့်ရှင်းပြီး တက်ကြွမှု အပြည့်ရှိသည်။ ဒီနဂါးစွမ်းအင်က လူတစ်ယောက်ဆီက ကူးလာခဲ့တာ ဖြစ်နေသည်။
အကယ်၍ သူမသည် လုရွှမ်နဲ့အတူ အနှစ် 30 သာ နေထိုင်ခဲ့တည မဟုတ်ပါက သို့မဟုတ် လုရွှမ်အကြောင်း ကောင်းကောင်း သိထားခဲ့သူ မဟုတ်ပါက နဂါးက လူဟန်ဆောင်နေသလားဟုပင် တွေးမိပေမည်။
သို့သော် အရမ်းကြီး မတွေးတော့ဘဲ သူမရဲ့ ခွန်အားကို မြန်မြန်ဆန်ဆန် ပေါင်းစည်းလိုက်ပြီးတော့ ကျော်ဖြတ်သွားခဲ့သည်။ ထျန်းရှား ထိတ်လန့်စရာသွားသလိုပဲ ကြောင်လေး၊ ဟိုင်ရှင်းနှင့် ဖြူကောင်တို့လည်း ထိတ်လန့်ကုန်သည်။
သူတို့အားလုံးသည် ပင်လယ်သားရဲများ ဖြစ်ကြတာကြောင့် နတ်နဂါးကို လေးစားကြသည်။ သေသေချာချာ နားမလည်ရင်တောင် ဒီစွမ်းအားရဲ့ အရည်အသွေးကို ခံစားနိုင်ပါသေးသည်။
သို့သော်လည်း ကောင်းကင်အောင်ခြင်း ဂိုဏ်းက လူများသည် ရှင်းရှင်းလင်းလင်း မသိကြဘဲ ဒါက လူတိုင်းအတူတကွ ဆွဲထုတ်နိုင်သော စွမ်းအားလို့သာ ထင်ခဲ့ကြသည်။ ဤကြီးကျယ်ခမ်းနားမှုကို ခံစားလိုက်ရသဖြင့် သူတို့၏စိတ်သည် ပို၍ပို၍ တည်ငြိမ်လာသည်။
ထို့အပြင် စွမ်းအားမှာလည်း အနည်းငယ် တိုးတက်လာခဲ့သည်။ ချင်းချန်လည်း သူမရင်ထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဒီကလေးကတော့ တကယ်ကို အံ့သြစရာကောင်းတာပဲ။
“မင်းတို့ကတော့ သေလမ်း ရှာနေတာပဲ...ငါလည်း အစကတော့ ဖြတ်သွားရုံပါပဲ။ ဒီလှောင်အိမ်က ငါတို့ကို လုံးဝအပြင်မထွက်စေချင်ဘူး... သူကိုယ်တိုင် ပျက်စီးသွားရမယ် ဆိုရင်တောင်မှ အဲဒီမှာရှိတဲ့ လူတိုင်းကို သေဖို့ တွန်းအားပေးလိမ့်မယ်”
လုရွှမ်ခေါင်းထဲကို တိတ်တဆိတ် အသံတစ်ခု ပေါ်လာပြီး အသံလှိုင်းက သူ့စိတ်ထဲအထိ စိမ့်ဝင်သွားသည်။ ဒီခံစားချက်က အဲဒီခံစားချက်ပဲ။ ဒီနားမှာ ပုန်းအောင်းနေတဲ့ လူတစ်ယောက် ရှိသေးမယ်လို့ မမျှော်လင့်ထားဘူး။
ဒါပေမဲ့ သူတို့မြှားက ကြိုးပေါ် ရောက်နေပြီ။ ပစ်လွှတ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
လုရွှမ် လူတိုင်းဆီမှ ထွက်ခွာမသွားဘဲ သူ့ဆီသို့ ပြေးလာနေသော ကျောက်နံရံဆီသို့ အပြေးအလွှား သွားရန်သာ လူတိုင်းကို လမ်းညွှန်လိုက်သည်။ ကျောက်နံရံက မာကျောပေမယ့် လုရွှမ် ရှင်းရှင်းလင်းလင်း မြင်နိုင်သေး၏။
၎င်းဟာ လှပတဲ့ အက်ကြောင်းတွေနဲ့ ပြည့်နေပြီမို့ ရှေ့ကို အလျင်စလို ပြေးမတိုက်ခိုက်ရင် အခွင့်အလမ်း မရှိနိုင်တော့ဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက် အနေနဲ့ အခွင့်အရေးက တခဏလေးပဲ ရတာကြောင့် လွဲချော်သွားရင် ဘယ်တော့မှ ထွက်မသွားနိုင်မှာကို ကြောက်ရသည်။
“ကောင်လေး မင်းက အရင်ပင်လယ်သားရဲတွေထက် အများကြီး ပိုတော်သားပဲ... ဟားဟား... ဒီအဘိုးအိုကြီးက မင်း ဒီကျောက်နံရံထဲကနေ ဘယ်လို ထွက်သွားနိုင်မလဲ ကြည့်ချင်ပါသေးရဲ့....”
လုရွှမ် ကံကောင်းထောက်မစွာ သူ့စိတ်ကိုပိတ်ကာ ထိုလူရဲ့အသံကို သူ့စိတ် အပြင်ဘက်သို့ ညှစ်ထုတ်ပစ်လိုက်သည်။ သူ့စိတ်နှလုံးအကြွင်းမဲ့ အားစိုက်ထားတဲ့ လှည့်ပတ်မှုအရှိန်သည် အမှတ်အနည်းငယ် တိုးလာသည်။
ကျောက်နံရံထဲ စိမ့်ဝင်နေတဲ့ ဒီရေတွေက တဟုန်ထိုး တက်လာပြီး သူတို့အပေါ်တွင် ကြီးမားသော ဖိအားများလည်း ကျဆင်းလညသည်။ ဤအခိုက်အတန့်တွင် လုရွှမ်နှင့် လူတိုင်းသည် တစ်သားတည်း ဖွဲ့စည်းထားပြီဖြစ်ကာ တခြားလူတွေရဲ့ ထိတ်လန့်မှုနှင့် တင်းမာမှုကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သို့သော် မကြာမီတွင် ထိုတင်းမာမှုနှင့် ကြောက်ရွံ့မှုများက နူးညံ့မှုနှင့် နွေးထွေးမှုအုပ်စုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
“ကလေးမလေးက မဆိုးပါဘူး...ဒါပေမဲ့ မင်းက သူမကို အရင်တွေ့သွားတာပဲ... သူမအသက်ကို ချမ်းသာပေးဖို့တော့ မမျှော်လင့်ထားပေမယ့် သူမ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငါတော့ထင်တယ်”
အစောတုန်းက အသံက ထပ်ထွက်လာပြန်သည်။ လုရွှမ် ထိုလူကို ဂရုစိုက်နေရန် အချိန်မရှိသဖြင့် ကျောက်နံရံကို ဗုံးကြဲနေသော အတောက်ပဆုံး အလင်းရောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
“စွမ်းရည်သုံးမျိုး အသက်သုံးချောင်ဓား!”
“လှောင်အိမ်နဂါးတုတ်သိုင်း!”
“မီးတောက်အရူးဓား!”
“လေနဂါးသိုင်း!”
“နတ်ဘုရားခွဲခွာခြင်း!”
ကျောက်နံရံမှာ သူသင်ယူခဲ့တဲ့ သိုင်းကွက်များကို လုရွှမ် တစ်ချက်ပြီး တစ်ချက် ထုတ်လွှတ်လိုက်သည်။ ခန္ဓာကိုယ်ထဲက စွမ်းအားတွေက လူတိုင်းရဲ့ စွမ်းအားကို ပေါင်းစပ်ထားတာကြောင့် ကျောက်နံရံကို အရှိန်ပြင်းပြင်း တိုက်ခိုက်လိုက်သည်။
“ဟေ့ ကောင်လေး မင်းက ကောင်းကင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒြပ်စင်သိုင်းစွမ်းရည် အမျိုးအစား ငါးမျိုးလုံးကို သင်ယူပြီးပြီပေါ့... မဆိုးပါဘူး ဒါပေမဲ့ ကံမကောင်းစွာနဲ့ အဲဒီ အစိတ်အပိုင်းငါးခုက အစွမ်းထက်ပေမယ့် မပြည့်စုံဘူး”
နောက်အခိုက်အတန့်တွင် သူ့အသံ ရပ်တန့်သွားသည်နှင့် တပြိုင်နက် လုရွှမ်၏ ခန္ဓာကိုယ်ထဲတွင် သန့်စင်သော ယင်စွမ်းအားတစ်ခု ပွင့်ထွက်လာပြီး ဒြပ်စင်ငါးခုအတူ ရောနှောသွားသည်။ တစ်ချိန်တည်းမှာပင် ငြိမ်သက် ကြည်လင်နေသော အသက်ရှုသံသည် ဒြပ်စင်ငါးခုရဲ့ စွမ်းအင်အတွင်း တိုးဝင်လာသည်။
လုရွှမ် သူ့ခန္ဓာကိုယ်ထဲရှိ ယန်စွမ်းအား အားလုံးကို ဖိနှိပ်ထားသည်။ ချို့ယွင်းချက် တချို့ရှိနေကြောင်း သိသော်လည်း အခုအချိန်မှာ တခြားနည်းလမ်း မရှိတော့ပေ။
ထို့အပြင် လူတိုင်းက အသက်ရှုသံကို ချိန်ညှိထားသောကြောင့် သူတို့၏ခွန်အားသည် ယင်စွမ်းအား အဖြစ်သို့ ပြောင်းလဲသွားပြီ။ အထူးသဖြင့် မိန်းကလေး နှစ်ဦးဖြစ်သည့် ချင်းချန်နှင့် ထျန်းရှားတို့သည် သူတို့၏ ရက်စက်ကြမ်းကြုတ်သော ခွန်အားနှင့်အတူ တိုက်ပွဲခွန်အားကို မြှင့်တင်ပေးထားသည်။
“ကောင်းလိုက်တဲ့ ကောင်လေး.... ဒါက မင်းရဲ့ဖွဲ့စည်းပုံအတွက် အကြောင်းပြချက်ပေါ့လေ... ယင်နဲ့ယန်ကို ခွဲခြားဖို့ ရိုးရှင်းတဲ့ လှည့်ကွက်ကို သုံးသွားတယ်.....ယင်က ယန်မဖြစ်နိုင်ပေမယ့် မင်းခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ ယန်စွမ်းအားတွေ ရှိနေတာပဲ...ဟားဟား ဒီအဘိုးကြီးက မင်း ခွန်အားတွေ ထပ်ရပါစေလို့ ဆုတောင်းပေးပါတယ်”
သူအော်လိုက်သည်နှင့် လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ ယင်စွမ်းအားများကို တိုက်ရိုက် ရောနှော ကျဲချလိုက်လေသည်။ ၎င်းအင်အားစုက ရုတ်တရက် ဝင်ရောက်လာတာကြောင့် လုရွှမ် အံ့သြသွားသည်။
ဒီအဘိုးကြီးက ဘယ်သူလဲ? သူ့ခွန်အားက ရက်စက် ကြမ်းကြုတ်လွန်းပြီး သူ့နယ်ပယ်ကလည်း အရမ်းမြင့်လွန်းတယ်။
ထင်ရှားတာကတော့ ဒီလူကြီးက သူ့ကို အချည်းနှီး ကူညီနေတာတော့ မဟုတ်နိုင်ပေ။ သူ့ရည်ရွယ်ချက်မှာ ဤကျောက်နံရံကို ချိုးဖျက်ပြီး သူ့ကို အပြင်သို့ ထုတ်ပစ်နိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်မည်။
ဒါပေမယ့် ဒီလို ဘီလူးဟောင်းကြီး ထွက်လာတာက တကယ်ကောင်းပါ့မလား။
လုရွှမ် သူ့သွားတွေကို အံကြိတ်ထားလိုက်သည်။
ဂရုမစိုက်တော့ဘူး။ အရင်ဆုံး အပြင်ထွက်ကြတာပေါ့။