← Chapters

ဘယ်မှာလဲ

Vol. 77 Ch. 4.672

ဘယ်မှာလဲ

Vol. 77 Ch. 4.672

တခြားသူများမှာ လုံးဝ မသိကြသေးပေ။ ချင်းချန်လည်း သူမတို့ ပတ်ဝန်းကျင်တွင် ဘီလူးဟောင်းကြီး ပေါ်လာတာကိုပင် သတိမထားမိခဲ့ပေ။ လုရွှမ် တစ်ယောက်တည်းကသာ ဒါကို ရှင်းရှင်းလင်းလင်း ခံစားရ​လေ၏။

ဒြပ်စင် ငါးပါးတို့၏ စွမ်းအားသည် အလွန်လျင်မြန်ပြီး အလွန်ညင်သာစွာ ပေါင်းစပ်သွားကာ သူတို့၏ စွမ်းအားများနဲ့အတူပါ ပေါင်းစပ်သွားတာကြောင့် ခန္ဓာကိုယ်ကို တစ်လှည့်စီ အာဟာရဖြစ်လာစေသည်။

၎င်းတို့က ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီးနောက် စွမ်းအားများ ပိုမိုထွက်လာပြီး တစ်ဖန် လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့​ပြန်သည်။ လုရွှမ်လည်း ထိုစွမ်းအားကို ဂရုတစိုက် နှိမ်နင်းခဲ့ပြီး အသစ်ဖန်တီးလိုက်သော စွမ်းအင်များနှင့် အဆက်မပြတ် ပေါင်းစပ်ကာ အင်အား​ကြီးတစ်ခု ထူထောင်လိုက်သည်။

အပြင်လူများ ရှိလျှင် လုရွှမ်တို့အဖွဲ့သည် အလင်း​ရောင် ငါးရောင်ဖြင့် လင်းထိန်နေတာကိုသာ တွေ့ကြရမှာဖြစ်ပြီး ထိုအလင်းထဲက အလွန်မှော်ဆန်သော အရာနှစ်ခု လင်းလက်နေတာကိုလည်း တွေ့ရလိမ့်မည်။

“နည်းနည်း လိုသေးတယ်!”

လုရွှမ် နှလုံးသားထဲသို့ ရုတ်တရတ် အသိတစ်ချက် ဝင်လာသည်။ သူ့လက်ဖဝါးများ လှုပ်ခါကာ အရေပြားများ အက်ကွဲလာသည်။

ဝူး!

နဂါးဟောက်သံကြီး ထွက်ပေါ်လာ၏။ အလင်းငါးရောင်၊ ယင်နှင့်ယန်စွမ်းအင်၊ အချိန်အတော်ကြာ ပိတ်မိနေသည့် နဂါးစွမ်းအင်တွေဟာ ဤအခိုက်တွင်တော့ ထိုးထွက်လာလေ၏။ နောက်ဆုံးတွင် မိုးနတ်ဘုရား၏ စွမ်းအင်များကို စုပ်ယူပစ်လိုက်သလိုပဲ သူတို့ခန္ဓာကိုယ်ထဲက ခွန်အားများ ပြန်လည် ကောင်းမွန်လာခဲ့သည်။

လူတိုင်းနှင့် မနီးမဝေးတွင်ရှိ စီးဆင်းနေသော ရေကွက်တစ်ခုထဲတွင် တိမ်မြုပ်နေသော ပုံရိပ်တစ်ခုသည် ရေထဲတွင် လွင့်မျောနေ၏။

ဒီအချိန်မှာတော့ သူ့မျက်လုံးတွေက ပြူးကျယ်နေပါ၏။

“ဒါက နဂါးသွေးအစစ်ပဲ!”

သူ့နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ လူအနည်းငယ်ရှိပေမယ့် အခုအချိန်မှာတော့ သူတို့အားလုံး အားနည်းပြီး ဖျော့တော့နေလေပြီ။ အနှစ်သာရသွေးတွေ ဆိုးဆိုးရွားရွား ဆုံးရှုံးနေပေမယ့် တစ်ချက် ကြည့်လိုက်တာနဲ့ သိလေသည်။

ကောင်းလျှို၊ ဟွမ်ရီးနှင့် တခြားသူများသည် အဘိုးအို၏ ကျောပြင်ကို မုန်းတီး ကြောက်ရွံ့မှုများဖြင့် စိုက်ကြည့်​နေကြသည်။

ချင်းချန်တို့လည်း စိမ်းပြာနဂါး၏ သွေးများဖြင့် အာဟာရဖြည့်သွင်း ခံလိုက်ရတာကြောင့် သူတို့၏ ခန္ဓာကိုယ်များထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သွေးစွမ်းအင်များသည် သူတို့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး အလွန်ပေါ့ပါးလာရာ ခွန်အားတွေတောင် အနည်းငယ် တိုးလာတယ်လို့ ခံစားနေရလေ၏။

ပင်လယ်သားရဲများလည်း ၎င်းကို သဘာဝကျကျ ပိုမိုရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဟိုင်ရှင်း၊ ကြောင်လေးနှင့် ဖြူကောင်တို့ ရွှင်မြူးကြသည်။ ဒီလို စိမ်းပြာနဂါးရဲ့ သွေးစွမ်းအင် ပမာဏနဲ့ဆို ထျန်းရှားလို အဆင့်သို့ မရောက်ရှိနိုင်သော်လည်း ပိုမိုမြင့်မားသော နယ်ပယ်များကို ရရှိရန် အခွင့်အလမ်းရမှာ သေချာပါ၏။ ဒါက သူတို့ရဲ့ အနာဂတ်အတွက် အခွင့်အရေးပေးပဲ။

ထျန်းရှားက ခဏတာမျှ စိတ်မသက်မသာ ဖြစ်သလို ခံစားလိုက်ရသည်။ သူမတွင် နဂါးမီးအနှစ်သာရနှင့် သွေးပါသောကြောင့် ဤသွေး၏ အဖိုးတန်မှုကို သူမ နားလည်သည်။ သွေးစွမ်းအင် ထုတ်လွှတ်တဲ့ ပမာဏက များလွန်းရင် လုရွှမ် နောက်ပိုင်းတွင် ပြင်းထန်သော ရောဂါကို ခံစားလာရနိုင်သည်။ သို့မဟုတ် ကျင့်ကြံမှု အကြီးအကျယ် ပျက်စီး ဆုံးရှုံးသွားနိုင်သည်။

သူမ အလွန်အမင်း စိုးရိမ်နေမိသည်။ လုရွှမ်ကတော့ သူ့စိတ်ထဲမှာ ကြံစည်ထားပြီးသား ဖြစ်သည်။ စိမ်းပြာနဂါး၏ နှလုံးသည် အချိန်အတိုင်းအတာ တစ်ခုအထိ သွေးစွမ်းအင်များစွာကို ထုတ်ပေးနိုင်သလို ပေးဆပ်ခဲ့သမျှ အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ပြုစုပျိုးထောင်နေသမျှ ကာလပတ်လုံး များစွာ မထိခိုက်နိုင်တော့ပေ။

သူ့အတွက် အရင်းအမြစ်တွေ ပေါများပေမယ့် တခြားသူတွေမှာတော့ အဲဒီလို အရင်းအမြစ်တွေ မရှိပါဘူး။

လူတိုင်းသည် ရှည်လျားသော မြွေရုပ်များကဲ့သို့ တဖြည်းဖြည်းချင်း လွင့်မျောနေလေသည်။ ပြီးပြည့်စုံသော်လည်း အလင်းရောင် ငါးရောင်ရှိသော ဝိညာဥ်စွမ်းအင်သည် လူတိုင်းအပေါ် လွှမ်းခြုံထားသည့် နဂါးအကြေးခွံများကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲသွား​ပေသည်။

“ဒီကလေးက ရိုးရိုးရှင်းရှင်းနဲ့ကို ကောင်းကင်နဲ့ မြေကြီးရဲ့ အလိုလိုက်တာကို ခံထားရတာပဲ... သူ့ရဲ့ အနှစ်သာရနဲ့ အသွေးတွေကို စုပ်ယူလိုက်မယ်ဆိုရင် ငါ့ရဲ့ ကျွမ်းကျင်မှုရဲ့ အနည်းဆုံး 30% ကို ပြန်ရနိုင်မှာပဲ”

ထိုလးက ကျယ်လောင်စွာ ရယ်မောရင်း တစ်ဖက်သို့လှည့်ကာ ကောင်းလျှို မျက်နှာကို ရိုက်ချလိုက်ပြီး

“ကောင်လေး မင်းအလုပ်လုပ်တာ ကောင်းတယ်.... မင်းရဲ့ ခန့်မှန်းချက်က အရမ်းတိကျတယ် ဒီကောင်လေးက အဲဒီနေရာကို တကယ် ရှာတွေ့နိုင်​လောက်တယ်... ဟားဟားဟားဟား .”

“ငါ​တောင်မင်းကို တကယ် မသတ်ချင်လာတော့သလိုပဲ?”

ကောင်းလျှိုက လျင်မြန်စွာ ဝင်ပြောလာ၏။

“အကြီးအကဲ... ဒီအငယ်တန်းက အကြီးအကဲအပေါ် ကြီးကြီးမားမား အကျိုးပြုနိုင်တာကို အကြီးအကဲ တွေ့လာရမှာပါ.... ဒီရက်တွေထဲမှာ အကြီးအကဲက မှော်အစွမ်းတွေ ထပ်ခါထပ်ခါ ပြသနေခဲ့တာ တွေ့ခဲ့ရပါတယ် တကယ်ကို လေးစားစရာ ကောင်းလှပါတယ်... ပြီးတော့ ဒီအငယ်တန်းက ပင်လယ်မျိုးနွယ်မှာ အဆင့်အတန်း တစ်ခုရှိတယ်။ ကျွန်တော် အကြီးအကဲကို အများကြီး ကူညီနိုင်မှာပါ... ဒီအငယ်တန်းက ဘာကိုမှ မတောင်းဝံ့ပါဘူး အကြီးအကဲရဲ့ တံခါးဝကိုလာပြီး တစ်သက်လုံး ဂုဏ်ပြု​ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်...”

အဘိုးအိုကလည်း ရယ်မောရင်း ဆို၏။

“မင်းက ငါ့တပည့် ဖြစ်ချင်တယ်ပေါ့.. ကောင်လေး မင်းရဲ့ အရည်အချင်းက လုံလောက်ပါပြီ ဒါပေမဲ့ ငါ တပည့်တစ်ယောက် လက်ခံဖို့ စိတ်ကူးမရှိလို့ တပည့်ဖြစ်ဖို့ ကြံစည်နေတာတော့ နှမြောစရာပဲ”

သူသည် ကောင်းလျှို မျက်နှာကို ပါးရိုက်ကာ သူတို့အဖွဲ့ကို လျစ်လျူရှုကာ လုရွှမ်တို့နောက် တိတ်တဆိတ် လိုက်သွားခဲ့သည်။

ကောင်းလျှိုနဲ့ သူ့အဖွဲ့ဟာ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြပြီး အားလုံးက ဒီလူကြီးကို အပိုင်းပိုင်း ဖြတ်ကာ သတ်ပစ်ချင်နေကြလေသည်။

စိတ်ဝိညာဉ်က ထောက်ပံ့ခံထားရသလို ဒီလောက် ချောချောမွေ့မွေ့ လည်ပတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခုအခါတွင် နဂါးအဖြစ်သို့ ပြောင်းလဲသွားသော လုရွှမ်သည် ကျောက်နံရံကို တိုက်ခိုက်ရာတွင် ပိုမိုယုံကြည်မှု ရှိလာခဲ့သည်။

သူ့လက်ထဲတွင် ရွှေရောင် နတ်ပုတီးစေ့ကို ကိုင်ထားရင်း မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ရောင်ဝါကိုလည်း ဆွဲဆောင်လိုက်သည်။ ပေကျီဓားကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး ဓားစွမ်းအင်တစ်စင်း ပစ်ခတ်လိုက်သည်။

ဓားစွမ်းအင်က ကြီးမားသော ကျောက်နံရံကြီးနဲ့ ထိပ်တိုက်တွေ့သွားသည်။ ဖိအား အရှိန်က ပြန့်ကျဲသွားသကဲ့သို့ လုရွှမ် မထိန်းနိုင်ဘဲ ပါးစပ်ထဲမှ သွေးများ ပါးစပ်ကို ထွက်ကျလာသည်။ ကျောက်နံရံ၏ စွမ်းအားသည် ပြင်းထန်လွန်းနေပြီး ၎င်းနောက်မှ စီးဆင်းနေသော ရေများကလည်း ကျောက်နံရံကို တွန်းထုတ်နေသည်။ ယခု သူတို့ အစွမ်းကုန် အားထုတ်နေသော်လည် ခံနိုင်ရည်ရှိရုံလောက်သာ ခုခံထားနိုင်သည်။

လုရွှမ်သည် ထိခိုက်မှုအများစုကို ခံနိုင်ရည်ရှိသော်လည်း သူ့နောက်မှ လူများကတော့ ပါးစပ်အပြည့် သွေးများ ထွက်ကျလာသည်။

သို့သော် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုများကြောင့် သူတို့၏ စိတ်များက အရင်ကထက် တည်ငြိမ်လာခဲ့ပြီ။ အားလုံးက ထိတ်လန့်သွားသော်လည်း ဘယ်သူမှ လက်မလွှတ်ဘဲ သူတို့ရှေ့ကလူကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ယခု နှိုးဆော်ချက်မှာ သူတို့ဘဝအတွက် သာမက သူတို့ပတ်ဝန်းကျင်ရှိ ညီအစ်ကို မောင်နှမများ၏ ဘဝအတွက်လည်း ပါဝင်သည်။

“အားလုံး ထိန်းထားနိုင်​သေးလား?”

လုရွှမ်၏ အသံသည် လူတိုင်း၏ စိတ်ထဲ ထွက်ပေါ်လာသည်။

“ရတယ်!”

“ပြဿနာမရှိဘူး!!”

“ငါတို့ ထပ်လုပ်မယ်! ဘာပဲဖြစ်ဖြစ် သေဖို့ပြင်ထားပြီးသား မဟုတ်ဘူးလား”

ရောထွေးနေသော အသံတစ်ခု ထွက်ပေါ်လာသော်လည်း တိုက်ပွဲ စိတ်ဓာတ်ကို မထိခိုက်စေခဲ့ချေ။

“ကောင်းပြီ ထပ်လုပ်ရအောင်!”

မျှော်လင့်ချက် လုံးဝမရှိလျှင် လုရွှမ်ဟာ သဘာဝအတိုင်း သေတဲ့အထိ တိုက်ပွဲဝင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကျောက်နံရံကို တိုက်မိခြင်းကြောင့် အရှိန်အဟုန် သိသိသာသာ လျော့ကျသွားကာ ကျောက်နံရံပေါ်ရှိ အက်ကွဲကြောင်းများဟာ အကြားအာရုံကို အသုံးမပြုဘဲပင် သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

လုရွှမ် ခန္ဓာကိုယ်သည် တစ်ဖန်တုန်ခါသွားကာ သူ့ခန္ဓာကိုယ်မှ သွေးစွမ်းအင် အများအပြား ထွက်ကျလာပြီး လူတိုင်းအပေါ်သို့ ပတ်ဖြန်းလိုက်သည်။

နတ်နဂါး၏ ကြွယ်ဝပြီး အစွမ်းထက်သော အငွေ့အသက်များ ဖောင်းကားလာခဲ့သည်။ ထိုနဂါး ဟိန်းဟောက်ပြီးနောက် လုရွှမ် ယခင်က ထိုးသွင်းခဲ့သော သွေးစွမ်းအင်သည် နတ်နဂါး၏ သွေးဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။

ဒါက သူတို့ကို အံ့သြ​စေပြီး တစ်ဆက်တည်း စိတ်လည်း ရှုပ်သွားစေ၏။

လုရွှမ် ဒီလောက် သွေးဆုံးရှုံးမှုကို အမှန်တကယ် ခံနိုင်ရည်ရှိပါ့မလား။ သွေးတွေ အများကြီးနဲ့ ထောက်ပံ့ပေးရတာမျိုးဟာ နဂါးရေငွေ့တောင်က အတွင်းစည်း တပည့်တွေတောင် သူတို့ခန္ဓာကိုယ်ထဲမှာ ဒီလောက်ကြွယ်ဝတဲ့ နဂါးသွေးတွေ အများကြီး မရှိမှာကို ကြောက်ရသည်။

လုရွှမ်နှင့် ချင်းချန်တို့၏ ဦးဆောင်မှုအောက်တွင် နဂါး၏ အသွင်အပြင်သည် လူတိုင်း၏ ခန္ဓာကိုယ် အပြင်ဘက်တွင် ပေါ်လာပြန်သည်။ နတ်နဂါးတစ်ကောင်သည် ၎င်း၏အမြီးကို ဝှေ့ယမ်းလိုက်သကဲ့သို့ ကြီးမားသော စွမ်းအားသည် ချင်းချန်ရှိရာ အနောက်မှ အရှေ့သို့ ပြေးထွက်လာလေ၏။

လူတိုင်း လုရွှမ်ကို အာရုံစိုက်ထားကြသည်။ ယင်နဲ့ယန် ဆက်စပ်မှုအောက်တွင် အလင်းငါးရောင်ရှိ အလင်းတန်းများက ထက်မြက်ပြီး အစွမ်းထက်သော ရောင်ဝါများကို ထုတ်လွှတ်လိုက်​ပေသည်။

“အခုထိ မလှုပ်ရှားသေးဘဲ ဘယ်အချိန်ထိ စောင့်​နေမှာလဲ?”

လုရွှမ် အော်ဟစ်လိုက်သည်။

လုရွှမ် ဘယ်သူနဲ့ စကားပြောနေတာလဲဟု တွေးရင်း လူတိုင်းမှာ အံ့သြပြီး စိတ်ရှုပ်သွားတော့သည်။

ဘာလဲ? သူ့ဘေးမှာ တခြားတစ်ယောက် ရှိနေတာလား?

All Chapters