← Chapters

ဓားဝိညာဉ်

Vol. 77 Ch. 4.675

ဓားဝိညာဉ်

Vol. 77 Ch. 4.675

ဒီအသံကို ကြားတော့ လုရွှမ် အံ့သြသွားခဲ့သည်။

ဤအသံများသည် ကျောက်နံရံ အပြင်ဘက်မှာ ကျန်နေခဲ့သော အဖိုးအိုအသံနှင့် အတူတူပင်ဖြစ်ပြီး ၎င်းတို့အားလုံးက ဒီမှာ ပိတ်မိနေကာ အပြောင်းအလဲတွေကို ရှာဖွေနေကြပုံပင်။

ဖြစ်နိုင်ပါ့မလား?

“မင်းက လူသားလား? ဓားလား?”

“ဟားဟား”

နောက်ထပ်ရယ်သံတစ်ခု ထွက်လာပြန်သည်။ ထိုအသံကလည်း လူအိုတစ်ယောက်ရဲ့ အသံပါပဲ။

“ဟုတ်တယ် ငါတို့က လူသားတွေပဲ ဒါပေမဲ့ အခု ငါတို့က ဓားဝိညာဉ်တွေ ဖြစ်သွားကြပြီ.... ငါတို့က ကိုယ့်ကိုကိုယ် ဓားဝိညာဥ်တွေအဖြစ် မကျေမနပ်နဲ့ ပြောင်းလဲခဲ့ကြတာ... ငါတို့ ဆက်ရှင်သန်နိုင်ဖို့အတွက် ဓားဝိညာဉ်တွေ ဖြစ်လာကြတာလေ.... ငါတို့ကို မင်း ဘယ်လိုထင်လဲ? လူလား ဓားလား ?”

“ကောင်လေး... ငါ့စကားတွေကို ဒီနေရာလေးမှာပဲ ရပ်ထားလိုက်တော့မယ်... မင်းငါ့ကို မထုတ်​ပေးနိုင်ရင် မင်းရဲ့နှလုံးကို မြှားတစ်ထောင်နဲ့ ထိုးသတ်ပစ်မယ်!!”

“ကောင်လေး သူတို့ပြောတာကို နားမထောင်နဲ့ အားလုံးက နောက်ပြောင်နေကြတာ မင်းငါ့ကို ထုတ်​ပေးနိုင်သရွေ့ မင်းကို မှော်အစွမ်းတွေ သင်ပေးပြီး လူတွေကြားမှာ တစ်သက်လုံး ဒဏ္ဍာရီတစ်ခု ဖြစ်တည်လာအောင် ငါသင်ပေးမယ်”

အသံတစ်ခုစီသည် ခြိမ်းချောက်တစ်လှည့် ဆွဲဆောင်တစ်လှည့်ဖြင့် အော်ပြောနေကြ၏။ အသံတစ်ခုစီက လုရွှမ်အား သူတို့ကို ဤနေရာမှ သယ်ထုတ်သွားပေးရန် တောင်းဆိုနေကြလေသည်။

“အားလုံး ပါးစပ်ပိတ်ထား!”

အသံတစ်သံ ထွက်ပေါ်လာခိုက် တခြားဓားများသည် တစ်ချိန်တည်းမှာပင် ပါးစပ်ကို ပိတ်ပစ်လိုက်သည်။

လုရွှမ် လှမ်းကြည့်လိုက်သော ရွှေရောင်အလင်းတွေနှင့် တုန်လှုပ်နေသော ဓားရှည်တစ်လက်က သူ့ရှေ့အထိ ပျံတက်လာ​လေသည်။

ကျယ်ပြန့်သော ဓားရှည်သည် ကြီးကျယ်ခမ်းနားသော အသွင်အပြင်ရှိသည်။ ဓားဝိညာဉ် ဖြစ်လာသော်လည်း ၎င်းသယ်ဆောင်လာသော ရောင်ဝါရဲ့ စွမ်းအားကို ခံစားနိုင်ဆဲဖြစ်သည်။

“ကောင်လေး ငါတို့က လူဆိုးတွေလို့ မင်းထင်​နေတာ ငါသိတယ်... ဒါပေမဲ့ ငါတို့က လူဆိုးတွေမဟုတ်ဘူးကွာ ငါတို့ကဒီမှာ အားနည်းပြီး အရှုံးသမား​တွေလို့ ပြောလို့ရတယ်.... ငါတို့က ဒီမှာ ထောင်ကျနေတယ်။ ဒါ့ထက် ငါတို့က ဓားဝိညာဥ်တွေတောင် ဖြစ်သွားကြပြီ။ မင်းလိုချင်တဲ့လူတွေကို ဒုက္ခပေးဖို့ မင်းမှာခွန်အားတွေ အများကြီး မရှိဘူး... မင်း ငါတို့ကို ဖယ်ထုတ်​ပေးလိုက်တာက မင်းအတွက် လုံးဝ မနစ်နာပါဘူး... ဟုတ်တယ်မလား?”

ရောင်ဝါတွေ ကျယ်ပြောလှသော ဓားရှည်သည် ပြတ်သားပြီး အစွမ်းထက်သော၊ မာနကြီးသော၊ မရိုမသေသော အငွေ့အသက်များကို ဓားမှ ထုတ်လွှတ်၍ အမှန်တရားကို တည်ငြိမ်သော လေသံဖြင့် ဖော်ပြလာသည်။

“ဟုတ်တယ် ဟုတ်တယ်... ငါတို့အမှားတစ်ခုခု လုပ်ခဲ့ရင်တောင် ဒီမှာ နှစ်ပေါင်းများစွာ အပြစ်ပေးခံရပြီးပြီလေကွာ!”

နောက်ထပ် ဓားရှည်ကြီး၏ အသံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ဓားရှည်၏ ဦးတည်ရာ လှည့်သွားကာ သူ့အနောက်မှ အသံသည်လည်း လုံးဝ တိတ်ဆိတ်သွားသည်။

လုရွှမ်သည် သူ့မျက်နှာပေါ်တွင် စူးစူးဝါးဝါး အကြည့်တချို့ဖြင့် ကြည့်နေသော်လည်း သူ့နှလုံးသားထဲတွင်တော့ လှောင်ပြောင်မှုတစ်ခု ရှိနေခဲ့သည်။

“အဲ့လောက်တောင် ရိုးရှင်းလား?”

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီလူကြီးတွေက ဒီမှာ ထောင်ကျပြီး ဓားဝိညာဥ်မှာ လူ့ဇာတိကို ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်ခဲ့ကြတာပဲလေ။ ဒီလူတွေဟာ သူတို့အတွက် လွတ်လမ်းကို မချန်ထားခဲ့ဘဲ နေမှာလား။

ဓားဝိညာဥ်အဖြစ်သို့ ပြောင်းလဲခြင်းက ရှင်သန်နိုင်တဲ့ နည်းလမ်းတစ်ခု ဆိုတာ မှန်သော်လည်း ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်လျှင် ဓားဝိညာဉ် အဖြစ် ပြောင်းလဲဖို့ ဘယ်မှာလိုတော့မှာလဲ။

အဘိုးကြီးနှင့် ချင်းချန်ကို မတွေ့ခဲ့ရပါက လုရွှမ် ဤလူများ၏ စကားကို ယုံကြည်နိုင်ချေက အနည်းဆုံး ၅၀% ရှိသည်။ သို့သော် နှစ်ယောက်လုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားသောကြောင့် ထိုလူများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းထားနိုင်မှာ မဟုတ်ပေလော?

လိမ်နေတာလား?

လှောင်အိမ်ထဲမှာ ဝှက်ထားတဲ့ ရတနာတစ်ခု တကယ် ရှိ​နေတာလား?

ဖွက်ထားတဲ့ ရတနာ ဆိုတာဟာ ထိုအဘိုးအိုရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာခဲ့တာ ဖြစ်သည်။ တကယ်ပဲ ရှိနေတာဆိုရင် အရင်တုန်းက ချင်းချန် ပါးစပ်ကနေ အရင်ထွက်လာရမှာ မဟုတ်ဘူးလား။

ချင်းချန်ကို ယုံလား?

လုရွှမ် သူမကို ယုံကြည်ခဲ့တာ သေချာသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် ခုခံချင်တဲ့ စိတ်ကလေးကိုတော့ ခံစား​နေရသေးသည်။ ဒီအကျဉ်းထောင်ကို အမှန်တကယ် ထွက်သွားမှသာလျှင် ဒီသံသယ ခြေရာလက်ရာတွေလည်း ပျောက်ကွယ်သွားနိုင်လောက်သည်။

နောက်ဆုံးတွင် ချင်းချန်သည် သူတို့နောက်လိုက်ရန် အကောင်းဆုံး အဆင်ပြေမှုများ ပြုလုပ်ဿ ဤတစ္ဆေနေရာမှ ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤနေရာတွင် မြှုပ်နှံထားသော ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ရှိမရှိ မသေချာနိုင်သောကြောင့် ယခုလိုနေရာမှ ထိုဓားဝိညာဥ်များ၏ အဆိုများကို ယုံကြည်လက်ခံရန် မဖြစ်နိုင်ပေ။ သူတို့ပြောနေကြတာက နည်းနည်းတော့ ယုံနိုင်စရာ ရှိပေမယ့်ပေါ့။

လှောင်အိမ်က တကယ် ကွဲလွယ်ပါ့မလား?

အကယ်၍ လှောင်အိမ် တည်ဆောက်သူသည် ဒီလောက် အစွမ်းထက်သော မှော်အစွမ်းများ ရှိခဲ့ပါက သူ့တွင် ဒုတိယအလွှာအတွက် အကာအကွယ် မရှိဘူးဆိုတာ ဖြစ်နိုင်မည် မဟုတ်ပေ။

လုရွှမ်ဟာ သူ ဒီလိုလှောင်အိမ်မျိုး ဆောက်ချင်ရင် အကာအကွယ် သုံးလွှာ မရှိရင်တောင် အနည်းဆုံး နှစ်လွှာ​လောက်​တော့ ရှိမယ်ဆိုတာ ကောင်းကောင်း သိပါ၏။

ဘယ်လိုပဲ စေ့စေ့စပ်စပ် တွက်ချက်နေပါစေ မျှော်လင့်ချက် အရိပ်အယောင်များကတော့ အမြဲကျန်နေ ပေလိမ့်မည်။ ဆိုလိုတာက လှောင်အိမ်ထဲမှာ လှည့်စားမှုကြောင့် မတော်တဆမှုတွေ ကြုံရလိမ့်မည်။

အဲဒီထဲက တစ်ခုကတော့ အသက် ရှင်သန်ဖို့အတွက် ဓားဝိညာဉ်တွေအဖြစ် ပြောင်းလဲခဲ့ကြတာကို ထောက်ပြလို့ ရသည်။ တကယ့် အခြေအနေကတော့ သူတို့ရဲ့ ဝိညာဉ်တွေကို အကျဉ်းချပြီး ဒီဓားတွေနဲ့ ဖိနှိပ်ထားတဲ့လူတွေဟာ ထောင်နဂါး၏ ချည်နှောင်ခြင်းမှ မလွတ်မြောက်ရန် အကာအကွယ်တစ်ခု အနေနဲ့ ဖြစ်သွားကြခြင်းပင်။

ဓားတွေ အများကြီး ရှိတယ်လို့ ငတုံးတစ်ကောင်လို တွေးရင် ဒီကနေ ထွက်သွား​စေလိုက်ရင် ဓားဝိညာဥ်​တွေက သူတို့ရဲ့ ရုပ်အလောင်းများကို ဆင့်ခေါ်လိုက်လိမ့်မည်။

ထို့နောက် အချိန်တစ်ခု ရောက်လာသောအခါတွင် ရတနာတစ်ခုရပြီဟု ထင်ကာ အလွန်ပျော်ရွှင်သော်လည်း တစ်ဆက်တည်းမှာပဲ ဝမ်းနည်းသွားရလိမ့်မည်။

ပြီးသွားပြီလေ။ အဲဒီအခါကျရင် ကိုယ့်ကိုကိုယ် ဘယ်လိုသေလို သေသွားခဲ့မှန်းတောင် မသိလိုက်လောက်ချေ။

ဒီဓားတွေကို ဖယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ထိန်းထားဖို့ လိုတယ်။

“ကောင်လေး သေချာစဉ်းစားပြီးပြီလား?”

ခမ်းနားတဲ့ဓားက မေးလေသည်။ သူ့အသံက တည်ငြိမ်ပြီး ငြိမ်သက်နေဆဲ။

လုရွှမ်သည် ဓားရှည်များစွာ ဝန်းရံထားသည့် ပေကျီဓား၏ ကျိုးသွာသော တခြားတစ်ဝက်ကို လက်ညှိုးထိုးပြရင်း ဆိုလိုက်သည်။

“ကျွန်​တော့်ဆီကို အဲ့ဓား အရင်ပို့ပေး...”

“ဘာကိုဆိုလိုတာလဲ?”

လုရွှမ် ပြုံးပြီးပြောလိုက်သည်။

“ခင်ဗျားတို့ကို ခေါ်သွားစေချင်ရင် ခင်ဗျားတို့ရဲ့ ရိုးသားမှုကို​တော့ ပြရမယ်လေ... ခင်ဗျားတို့အားလုံးက အကြီးတွေပဲ ကျွန်တော့်ဓားလို ဘယ်သူမှ ဖြစ်ချင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်.... ဒါက ခင်ဗျားတို့ အတွက်ပဲလေ ကျွန်တော့်မှာလည်း ကိုယ်ပိုင်ဓားရှည် ရှိဖို့လိုသေးတယ် ဟုတ်တယ်မလား?”

ဒီလိုစကားတွေနဲ့တော့ ငြင်းခုံ​နေစရာ ဘာအကြောင်းမှ မရှိဘူး။

“အဲ့ဓားကျိုးကို သူ့ဆီပေးလိုက်!”

ထို့နောက် ကျိုးသွားသော ဓားသည် လွင့်ထွက်သွားပြီး လုရွှမ်လက်ထဲသို့ အလိုအလျောက် ပြေးဝင်လာလေသည်။

လုရွှမ်ရဲ့ လက်ဖဝါးကို ထိလိုက်တာနဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ အလွှာများ ပျောက်ကွယ်သွားပြီး ဓားကျိုးဟာ အိမ်ပြန်လာသော ကလေးငယ်လို ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေ​တော့သည်။ ကျိုးနေသော ဓား၏ဦးခေါင်းပိုင်းနှင့် ချိတ်ဆက်ထားသော တောက်ပမှု အစီအမံများ တဖျပ်ဖျပ် ခတ်လာပြီး ကျိုးပဲ့နေသော ဓားသည် ၎င်း၏ မူလအသွင်အပြင်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

“ကောင်လေး ငါတို့က တွန့်တိုတတ်တဲ့လူ​တော့ မဟုတ်ပါဘူး... မင်းကို လက်ဆောင်တစ်ခု ပေးလိုက်မယ်”

ခမ်းနားတဲ့ဓားက အော်ပြောပြီး အသက်ရှုသံတစ်ချက် ထွက်လာကာ ကျိုးပဲ့နေတဲ့ဓားရဲ့ မျက်နှာပြင်ကို ထိခတ်သွား၏။

ဓားစွမ်းအင်များ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပျံသန်းလာကာ ပေကျီဓား၏ ချိတ်ဆက်နေသည့် နေရာများဆီသို့ ဓားစွမ်းအင် စီးကြောင်းကို တစ်ချက်ချင်း လွှင့်ပစ်လိုက်သည်။

ကျိုးသွားသော ဓား​​​​နေရာသည် တဖြည်းဖြည်း ချင်း အံဝင်ခွင်ကျ ဖြစ်လာပြီး ယခင်က အရိုးအကြေ ​နေရာများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ်၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွား​တော့သည်။

ဒီဓားရှည်တွေက ဘယ်လို နည်းလမ်းတွေ သုံးသွားတယ် ဆိုတာ သူတောင် နားမလည်သလို ဖြစ်သွားချေ၏။

“ဘယ်လိုလဲ? မင်း ငါတို့ကို ခေါ်ထုတ်သွားပေးမယ် ဆိုရင် မင်းကို ဒီဓားလေ့ကျင့်နည်းကို သင်ပေးမယ်”

ခမ်းနားတဲ့ဓားက အော်လို​က်ရာ လုရွှမ်ရဲ့ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားလေ၏။

“သူတို့ကို မယုံနဲ့... သူတို့ ထွက်သွားတာနဲ့ ဒီလှောင်အိမ်က သူတို့ကို လုံးဝ ထိန်းချုပ်လို့ မရနိုင်တော့ဘူး”

လုရွှမ် လက်ရှိ အကျပ်အတည်းကို ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားနေချိန်တွင် သူ့စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

All Chapters