← Chapters

ဘယ်သူက ဘယ်သူ့ကို ကြံစည်တာလဲ

Vol. 78 Ch. 4.676

ဘယ်သူက ဘယ်သူ့ကို ကြံစည်တာလဲ

Vol. 78 Ch. 4.676

"ဘယ်သူ့အသံလဲ?"

"ဟားဟား... ငါမင်းလက်ထဲ ရောက်နေပြီ မဟုတ်ဘူးလား?"

အသံက ထပ်ပြီး ထွက်လာကာ အသံထဲမှာ သုတ်သင်ရှင်းလင်းမှု အရိပ်အမြွက်တွေပါ ထွက်ပေါ်လာသည်။ လုရွှမ်လည်း နှလုံးသားထဲ ထိတ်လန့်သွား၏။

"ခင်ဗျားက အကြီးအကဲရှင်းချန်လား?"

"ဟားဟား... ငါ့ကိုတစ်ယောက်ယောက် မှတ်မိနေမယ်လို့တောင် မမျှော်လင့်ထားဘူး... ဟုတ်တယ် ငါက ရှင်းချန်ပဲ... မင်းအရမ်းတော်တယ် မင်းအရမ်းတော်တယ် အခုသူတို့ရဲ့ တောင်းဆိုမှုကို မင်းအရင် သဘောမတူလိုက်ဘူး... ဒါက မင်းသူတို့မှာ အကြံအစည် ရှိနေတယ်လို့ သံသယဖြစ်​နေတာမလား?"

"အမှန်ပဲ...တကယ်တော့ ဒီလူတွေက ဓားနတ်တွေ ဖြစ်သွားမှာ... သူတို့အထဲက အများစုကို ကန့်သတ် နည်းလမ်းဖြစ်တဲ့ လှောင်အိမ်ပိုင်ရှင်က ဖန်တီးထားတာ ဖြစ်နိုင်တယ်..."

"ဉာဏ်ကောင်းသားပဲ... နတ်ဓား မင်းကိုရွေးချယ်လိုက်တာ မဆန်းတော့ပါဘူး"

"နတ်ဓား?"

"ငါ ဝါကြွား​နေတာ မဟုတ်ဘူးကွ! ဒါက တကယ်ပဲ နတ်ဓားပဲ... မင်းသူ့ဆီက သစ်သားဒြပ်စင်လည်း မဟုတ် ရွှေဒြပ်စင်လည်း မဟုတ်တဲ့ ရောင်ဝါ... ဒြပ်စင်ငါးပါးနဲ့ မသက်ဆိုင်တဲ့ ရောင်ဝါ ရှိနေတယ်လို့ မခံစားရဘူးလား?"

လုရွှမ်၏ နှလုံးမှာ တစ်ချက် လှုပ်ရှားသွား၏။ သူတကယ်ကို သေသေချာချာ မစစ်ဆေးမိခဲ့ပေ။ အရင်တုန်းကတော့ သစ်သားဓားလို ခံစားရပေမယ့် စွမ်းရည်သုံးပါး အသက်ဓားသုံးချောင်းကို အသုံးပြုပြီးတဲ့ နောက်မှာတော့ ဓားရောင်ဝါဟာ ရွှေဒြပ်စင်တောင် ယှဉ်လို့ မရတာကို တွေ့ခဲ့ရသည်။

အဲဒီတုန်းကတော့ ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ အခန်းကဏ္ဍလို့ ထင်ခဲ့ပေမယ့် အခုတော့ ဒီဓားဟာ အရမ်းမှော်ဆန်တယ်လို့ ခံစားလာရလေသည်။

"ဒီဓားကို ငါသန့်စင်ထားတာလို့ မင်းတကယ် ထင်နေတာတော့ မဟုတ်ပါဘူးနော်? တကယ်တော့ ငါသန့်စင်ထားတာ မှန်ပါတယ် ဒါပေမဲ့ ဒီနတ်ဓားကို ငါတွေ့တုန်းက ကျိုးနေပြီးသား... နတ်ဓားမှာ ဝိညာဉ်ရှိတယ်။ ငါက ငါ့လက်ကို သန့်စင်ပြီး အသစ်ပြုပြင်ပေးလိုက်ရုံပဲ သူ့ကိုငါ ပေကျီဓားလို့ နာမည်ပေးခဲ့တယ်... အခု မင်းကမှ ဒီနတ်ဓားရဲ့ ပထမဆုံးသခင် ဖြစ်လာတာ ဖြစ်မယ်"

"ဒါ့အပြင် မင်း ဂရုတစိုက်နဲ့ ခံစားကြည့်လိုက်.... တကယ်တော့ ဒီလူတွေက ဒီကျိုးနေတဲ့ဓားကို လုံးဝ မထိန်းချုပ်နိုင်ဘူး ဟားဟားဟား... သူတို့မှာ အဲဒီလို အရည်အချင်း မရှိဘူးလေကွာ!"

လုရွှမ် ငြိမ်သက်သွားသည်။ သူသည် ဤဓား၏ ပိုင်ရှင်အစစ် ဖြစ်ပြီး မကြာမီကမှ ဓားသည် အပြင်ပန်းက ပြုပြင်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရသော်လည်း ၎င်းက ဝိညာဥ်စွမ်းအင် အံဝင်ခွင်ကျနှင့် ယွမ်စွမ်းအင်၏ လည်ပတ်မှုမှာ အနည်းငယ် မထင်မရှား ဖြစ်နေသေးသည်။

"ကောင်လေး ဘယ်လိုလဲ? မင်းအတွက် စဉ်းစားဖို့ အချိန်အများကြီး မရှိဘူး... ဒီလှောင်အိမ်က ပျက်စီးတော့မယ် ဆိုတာ မင်းလည်း မြင်တယ်မလား? အခု အပြင်မထွက်ရင် ငါတို့ ဒီမှာ ထာဝရမြှုပ်နှံခံရလိမ့်မယ်!"

ခမ်းနားကျယ်ပြန့်သော ဓား၏အသံသည် လုရွှမ်နဲ့ ရှင်းချန်တို့ အကြားက စကားပြောဆိုမှုကို ဝင်နှောင့်ယှက်လိုက်ကာ သတိပေးချက် အရိပ်အမြွက်ကိုလည်း ဖိနှိပ်ထား​သေးသည်။

"ကောင်လေး ငါ​တော့ သဘောမတူသင့်ဘူးလို့ ခံစားရတယ်... ဒီလူတွေကို လွှတ်ပေးလိုက်တာနဲ့ ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံး လုံးဝ ပျက်စီးသွားလိမ့်မယ်"

ရှင်းချန်ရဲ့ အသံက ထွက်ပေါ်လာသည်။ လုရွှမ်သည် ယခုအချိန်တွင် နတ်ဓား၏ အရှင်သခင် ဖြစ်လာပြီး ရှင်းချန်ရဲ့ ဝိညာဉ်ကလည်း နတ်ဓားနှင့် တွဲဆက်ထား​လေသည်။ ၎င်းတို့နှစ်ဦးကြားက ဆွေးနွေးပွဲကို တခြားသူများက သဘာဝကျကျ မကြားနိုင်ချေ။

လုရွှမ်သည် ဤဓားများကို လှောင်အိမ်က တစ်ခုပြီးတစ်ခု အကျဥ်းချထားကြောင်း သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း တွေးထားမိပြီးသား ဖြစ်သည်။ ၎င်းတို့သည် အလွန်ဆိုးသည်ဖြစ်စေ ကြင်နာတတ်သည်ဖြစ်စေ နှစ်ပေါင်းများစွာ အကျဉ်းချခံထားရသည်ဖြစ်စေ ၎င်းတို့၏ ရန်ငြိုးဟာ သေးငယ်နေမှာတော့ မဟုတ်ပေ။

ဒီလူတွေကို လုံးဝ ထွက်သွားခွင့် မပြုနိုင်ဘူး!

ဒါပေမဲ့ သူတို့ရဲ့ တောင်းဆိုမှုကို သဘောမတူရင် ဒီဓားရှည်တွေက အလွန်ထက်မြက်တာကြောင့် သူ့ဒန်တန်နဲ့ နှလုံးကို တိုက်ရိုက် ထိုးဖောက်သွားမယ် ဆိုရင် သူ မခံနိုင်လောက်ချေ။

"ကောင်လေး မင်းဘာတွေ တုံ့ဆိုင်းနေလဲတော့ ငါမသိဘူး...ငါတို့က မင်းရဲ့သီးသန့်ဓား လုပ်​ပေးဖို့ လိုနေသေးတာလား? မင်းက သွေးနဲ့ သခင်ကျွန်စာချုပ်ကို ချုပ်ချင်နေတာလား?"

ဓားရှည်၏အသံသည် ဒေါသများနှင့် ပြည့်နေသည်။

"အဲဒါက မလုပ်နိုင်ဘူး... နှစ်တွေအကြာကြီး ငါတို့ဒီအတိုင်းပဲ ငုံ့ကြည့်နေခဲ့ရတာ... ဒီက ထွက်ပြီးရင် စိမ်းလန်းတဲ့ တောင်တန်းတွေနဲ့ ရေတွေရှိတဲ့ နေရာကို ရှာချင်တယ် ... ထပ်ပြီး သတ်ဖြတ်တာတွေ မလုပ်ချင်တော့ဘူး"

"ဟုတ်တယ် ညီလေး မင်းမှာ လက်နက်တွေရှိပြီးသားပါ ငါတို့လို လူကြီးတွေကို ဘာလို့ သုံးနေစရာလိုမှာလဲ?"

"ကတိပေးဖို့က မဖြစ်နိုင်တာ​တော့ မဟုတ်ပါဘူး... အနှစ်တစ်ရာလောက်တော့ မင်း ငါတို့ရဲ့ လွတ်လပ်မှုကို ပြန်ပေးရမယ်"

  ……

အသံ​တွေ တစ်သံပြီးတစ်သံ အော်လာ​ကြသည်။ လုရွှမ်ကတော့ သူ့နှလုံးသားထဲမှ လှောင်ပြောင်နေလေ၏။ ဒီလူတွေက ရှင်းရှင်းလင်းလင်း လှည့်စားချင်နေကြတာပင်။ ယခု ဤဓားရှည်များ ဤနေရာမှ ထွက်ခွာသွားသည်နှင့် နဂါးကို ပင်လယ်ထဲ ပြန်လွှတ်ပေးသလို ဖြစ်သွားလိမ့်မည်။

ဒါ့အပြင် သူ့ကိုပါ ချည်နှောင်ထားလိမ့်မည် ဖြစ်ကြောင်း ပိုသေချာနေပြီ။ ဒီလူတွေရဲ့ စကားများက လုရွှမ်နှလုံးသားကို လှုပ်ရှားစေခဲ့သည်။ သို့သော် တချို့သော တားမြစ်ချက်များလည်း ရှိပါသေးသည်။

လုရွှမ် ချောင်းဟမ့်လိုက်ပြီး

"အကြီးအကဲတို့... ဒီကောင်လေး ကျွန်တော်က သံသရာစက်ဝိုင်းထဲ မသွားချင်လို့ပါ... အကြီးအကဲတို့ ဒီနေရာက ထွက်သွား​ပြီးရင် ကျွန်တော့် စွန့်ပစ်သွားမှာ ဒါမှမဟုတ် တုံ့ပြန်လာမှာကို ကြောက်လို့ပါ"

"အကြီးအကဲတို့ အတွက် ဒါက အဓိပ္ပာယ်မရှိဘူး ဆိုပေမယ့် ဒီအငယ်တန်းကတော့ ဒါကို မစဉ်းစားလို့ မရဘူး ဟုတ်တယ်မလား? အဲဒါကြောင့် အကြီးအကဲတို့ရဲ့ ဓားကိုယ်ပေါ်မှာ တားမြစ်ချက်တချို့ကို ချခွင့်ပေးနိုင်ရင် ဒီအငယ်တန်းက ခင်ဗျားတို့ကို ယုံကြည်မှုအပြည့်နဲ့ ခေါ်ထုတ်သွားပေးနိုင်မှာ...ဘယ်လိုထင်လဲ မသိဘူး"

ထိုအခိုက် နတ်ဓားထဲက ရှင်းချန်အသံ ထွက်ပေါ်လာ၏။

"ကောင်လေး မင်း မနောက်စမ်းနဲ့... မင်းက ဘယ်သူလဲ? သူတို့ကရော ဘယ်သူတွေလဲ? အနည်းဆုံးတော့ သူတို့က နတ်မီးနယ်ပယ်ရဲ့ အထွတ်အထိပ်ကနေ မျှော်စင်နယ်ပယ်အထိ ရှိတယ်...မင်းရဲ့ဖွဲ့စည်းပုံလေးကို ထိန်းထားနိုင်မယ်လို့ ထင်လား? မင်း မပြောနဲ့ ငါတောင် မလုပ်နိုင်ဘူး မင်း မီးနဲ့ ကစားနေတာလား?!"

"အကြီးအကဲ စိတ်မပူပါနဲ့... ကျွန်တော့်မှာ အကြံရှိတယ်!"

မဟာသူတော်စင် နယ်ပယ်ရှိ ကျင့်ကြံသူလေးသည် နတ်မီးနယ်ပယ်က သခင်များနှင့် မျှော်စင်နယ်ပယ်ကိုပင် အကျဉ်းချမည့် အခင်းအကျင်းကို ဖွဲ့စည်းမယ် ဆိုတာကို ရှင်းချန် ဘယ်လိုလုပ် ယုံကြည်နိုင်ပါ့မလဲ။

လုရွှမ်ကို နတ်ဓားက သခင်အဖြစ် အသိအမှတ် ပြုခံရသည်ဟု ယူဆရပြီးကတည်းက သူ၏စွမ်းရည်သည် မိမိစိတ်ကူးထားတာထက် ကျော်လွန်နေကြောင်း ပြသ​​နေသော်လည်း ဒီလောက် ကြီးမားတဲ့ ကွာဟချက်ကြီးက အောင်မြင်နိုင်ချေ သုညနီးပါးပဲ ရှိသည်။

ထင်ရှားသည်မှာ ဤနေရာတွင် ပိတ်မိနေသော ဤဓားများသည်လည်း ထိုနည်းအတိုင်းပင် တွေးတောနေသော်လည်း ခဏလောက် စဉ်းစားပြီးနောက် ခမ်းနားတဲ့ဓားက ဆိုလေ၏။

"ကောင်းပြီ လူတိုင်းကိုယ်စား ငါသဘောတူမယ် ဒါကလည်း ဖြစ်သင့်တာပါပဲ ငါနားလည်ပါတယ်!"

သူ့အနားမှာ ပျံနေတဲ့ ဓားရှည်တွေက သူတို့ရဲ့ ကတိပေးဟန်ရှိတဲ့ အသံတွေကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာခဲ့သည်။

'ကောင်လေး... မင်း မနောက်စမ်းနဲ့!'

ရှင်းချန် အော်ဟစ်နေသေးသော်လည်း လုရွှမ် သူ့ကို လုံးဝလျစ်လျူ ရှုထားခဲ့သည်။

"ကောင်းပြီ ကောင်လေး မင်း ဖွဲ့စည်းမှုနည်းလမ်းကို သတ်မှတ်လို့ရပြီ... ငါတို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာရမလား.. ဒါမှမဟုတ် ငါတို့ အတူတူဝင်လာရင်ရော မင်းရဲ့ ခွန်အားက လုံလောက်ပါ့မလား"

ခမ်းနားတဲ့ဓားက စိုးရိမ်တကြီးနဲ့ မေးလေရာ လုရွှမ်က အနည်းငယ် ပြုံးလိုက်ပြီး

"အရမ်း စိတ်ရှုပ်ထွေးနေဖို့ မလိုပါဘူး... ခင်ဗျားတို့ ပူးပေါင်းနေသရွေ့ အဆင်ပြေတယ်"

လုရွှမ် ဒီနေရာကို ရောက်လာသောအခါ ကောင်းကင် စာအုပ်၏ အစိတ်အပိုင်း ရှစ်ခုထဲက အခင်းအကျင်း ဖွဲ့စည်းခြင်း ဆိုတဲ့ စာလုံးအကြောင်းကို တွေးတောမိသွားသည်။ လက်ရှိဒီနေရာမှာ အခင်းအကျင်း တစ်ခုရှိနေတာက အတော်ပဲ ဖြစ်သွားပြီ။

လုရွှမ်၏ ကျင့်ကြံမှုနှင့် တိုက်ပွဲနည်းလမ်း အပေါ် နားလည်မှုအားဖြင့် ကြည့်ရလျှင် ဤနေရာက ဓားများကို ကန့်သတ်ထားသော အခင်းအကျင်းသည် ကောင်းကင်အလိုကို အတော်လေး ဖီဆန်ပါသည်။ လုရွှမ်သည် အခင်းအကျင်းရဲ့ 10% အဆင့်ကို ကစားနိုင်သရွေ့ ထိန်းချုပ်နိုင်ကြောင်း သူ့စိတ်ထဲတွင် တွက်ချက်ထားပြီးသား ဖြစ်သည်။

ဤဓားများတွင် နတ်မီးနယ်ပယ် လွတ်မြောက်ပြီးပါက ပြင်ပခန္ဓာကိုယ်နှင့် ပေါင်းစည်းချင်လျှင်ပင် ၎င်းတို့ခွန်အား၏ 20% မှ 30% အထိ ကန့်သတ်ထားဦးမှာပင်။

နှစ်ပေါင်းများစွာ အကျဉ်းချခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုနှင့် စိတ်ဒဏ်ရာများ ကြုံတွေ့ခဲ့ရပြီးနောက် အမှန်တကယ် အားထုတ်နိုင်သည့် ခွန်အားသည် ၎င်းတို့၏ အထွတ်အထိပ်ကာလ၏ 10% အထိသာ ရှိပေ၏။

ဒီလိုအခြေအနေမျိုးမှာ ပြင်ပသခင်တွေက ဒီအကျဉ်းသားတွေကို အနိုင်မယူနိုင်ရင် ဒါမှမဟုတ် မသတ်နိုင်ဘူး ဆိုရင်တော့ ပြင်ပလူတွေရဲ့ အသက်ကို ဆုံးရှုံးစရာ မလိုတော့ဘူးလို့ ပြောနိုင်​သေးသည်။

"ကောင်းပြီ ဒါဆို ကျွန်​တော် စတော့မယ်"

လုရွှမ် ဆို၍ ဝိညာဉ်စွမ်းအားကို လေထုအလယ်သို့ ဖြတ်ကျော် ဝင်ရောက်သွားစေခဲ့သည်။

All Chapters