ရတနာကို တောင်းခြင်း
Vol. 78 Ch. 4.677
ဒီအထဲမှာ ဓား၊ လှံ၊ တုတ်၊ ကြာပွတ်နဲ့ အခြားလက်နက် တစ်ထောင်ထက်မနည်း ရှိကာ လက်နက်တိုင်းမှာ အထဲမှာ ချုပ်နှောင်ခံထားဂတဲ့ ဝိညာဉ်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါ၏။ ဆိုလိုတာကတော့ လှောင်အိမ်ရဲ့ မူလသခင်က ဒီနေရာမှာ အနည်းဆုံး သခင်တစ်ထောင်ကို ထောင်ချခဲ့တယ် ဆိုတာ ထင်ရှားနေလေသည်။
ကြောက်စရာကောင်းလိုက်လေခြင်း။
လုရွှမ် ငြိမ်သက်သွားပြီးနောက် သူ့ခန္ဓာကိုယ်သည် လေထုထဲသို့ ညင်သာစွာ လွင့်ပျံလာသည်။ လုရွှမ် လက်ဖဝါးမှ ခရမ်းရောင် အလင်းတန်းများ ထွက်လာပြီး ကြွယ်ဝသော ဖီးနစ် ရောင်ဝါများ ထွက်လာသည်။ ၎င်းက လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် တဆက်တည်းရှိနေသဖြင့် သူ့ကို ဖီးနစ်နတ်ဘုရားကဲ့သို့ ဖြစ်လာစေသည်။
တစ်ဖက်ခြမ်းရှိ လက်နက်များကြားက ဓားဝိညာဥ်များစွာသည် အချင်းချင်း ဆက်သွယ်ပြောဆိုနေကြပြီး အားလုံးက လုရွှမ်၏ ခန္ဓာကိုယ်ကို မက်မောနေကြသည်။
"ဒီကောင်လေးရဲ့ အရည်အချင်းက အရမ်းအစွမ်းထက်တာပဲ!"
"အရည်အချင်းတွေထက် သူ့မှာ ရတနာတွေ ပိုရှိနေတယ်ကွ!"
"ဟမ့် သူ့ကို ခဏလောက်တော့ မာနကြီးခိုင်းလိုက်... ငါတို့ ထွက်သွားလို့ရတဲ့ အခါကျရင် သူ့ခန္ဓာကိုယ်ကို ဖယ်ထုတ်ပြီး သူ့ဝိညာဉ်ကို သတ်ပစ်လိုက်မယ်... ဒါဆို သူဘယ်တော့မှ လူပြန်ဝင်စားဖို့ အခွင့်အလမ်း မရှိနိုင်တော့ဘူး"
"ဟုတ်တယ် သူက ငါတို့ကို နေ့ခင်းအိပ်မက်မက်ဖို့ တွန်းအားပေးချင်တုန်းပဲ ငါတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို လျှော့တွက်ချင်နေတာ ထင်တယ်"
လုရွှမ် သူ့စိတ်ထဲတွင် မြင်ဖူးသည့် အခင်းအကျင်း ပုံစံကို ပြန်သတိရပြီး လေထုအလယ်၌ သူ့လက်များကို ရွှေ့လျားလိုက်သည်။ ဤအခင်းအကျင်း ဖွဲ့စည်းပုံကို နှလုံးစားပိတ်ပင်မှု ဟုခေါ်သည်။
နာမည်ကို ကြည့်ရုံဖြင့် ဤအခင်းအကျင်း ဖွဲ့စည်းပုံဟာ ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲ ပြောပြနိုင်သည်။ ကောင်းကင်အခင်းအကျင်း စာအုပ်ထဲ၌ပင် တားမြစ်ထားသော အခင်းအကျင်း တစ်ခုအဖြစ် စံသတ်မှတ်ထားသည်။ အခင်းအကျင်းထဲ ရောက်သည်နှင့် ၎င်းသည် နှလုံးနှင့် ဝိညာဉ်ကို ကိုက်စားကစ်မည်ဖြစ်ပြီး သေတဲ့အထိ ရပ်တန့်လိမ့်မည် မဟုတ်ပေ။
ဒီလိုကြောက်စရာ ကောင်းတဲ့ အကျိုးသက်ရောက်မှုနဲ့အတူ ၎င်းဟာ အခင်းအကျင်း သခင်အတွက် ကြီးမားတဲ့ တုံ့ပြန်မှုလည်း ရှိနေပါသေးသည်။ ရန်သူတစ်ထောင် ဒဏ်ရာရရင် မိမိကိုယ်တိုင်က ရှစ်ရာ ဒဏ်ရာရလိမ့်မည်။ ဒီအခင်းအကျင်းက ကိုယ့်ကိုယ်ကို အရင်ထိခိုက်ပြီးမှ တခြားသူတွေကို ဒဏ်ရာရစေတယ်လို့ ပြောလို့ရပါ၏။
ထို့ကြောင့် ဆန်းကြယ်ကောင်းကင် စံအိမ်တော်၏ ပထမဆုံး နန်းတော်သခင်သည် ကောင်းကင်အခင်းအကျင်း စာအုပ်အကြောင်းကို သိရှိပြီးနောက် ဤအခင်းအကျင်းက အမှန်တကယ် အသုံးမဝင်ကြောင်း ခံစားခဲ့ရသောကြောင့် ၎င်းကို ရိုးရှင်းစွာ ပြုပြင်ခဲ့သည်။
အခင်းအကျင်းသခင်ကို ထိခိုက်မှု လျော့ပါးစေရင် သားကောင်အပေါ် ထိခိုက်မှုကလည်း သဘာဝအတိုင်း များစွာ လျော့ကျသွားလိမ့်မည်။
ဒီလိုမှမဟုတ်ရင် လုရွှမ်ဟာ ဖီးနစ်သားရဲရဲ့ သွေးကို အားကိုးခဲ့ရင်တောင် ဒီအခင်းအကျင်း ဖွဲ့စည်းမှုရဲ့ အစွမ်းသတ္တိကို ဘယ်တော့မှ ပြသနိုင်မှာ မဟုတ်ပါဘူး။
ယနေ့ခေတ် နှလုံးစားပိတ်ပင်မှု အခင်းအကျင်းဟာ လူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အန္တရာယ်ကြီး ဖြစ်စေသည့် မှိုကဲ့သို့ ဖြစ်နေသေးသည်။
ဒါပေမဲ့ အခင်းအကျင်း သခင်အတွက် ရရှိတဲ့ ပျက်စီးမှုက အများကြီး သေးငယ်စေလိုလျှင့် ကျင့်ကြံမှုရဲ့ ပထမအဆင့်ကို အဆုံးရှုံးခံနိုင်ဖို့ လိုအပ်ပေသည်။ လုရွှမ်ရဲ့ အမြင်တွင်တော့ ပြစ်ဒဏ်လုံးဝ မရှိချေ။ မည်သို့ပင် ဆိုစေကာမူ သူ့အဆင့်က အလွန်နိမ့်ကျနေဆဲ ဖြစ်ပြီး မဟာသူတော်စင် ပထမအဆင့်သာ ရှိသည်။
မဟာသူတော်စင် ပထမအဆင့်ပဲ ဖြစ်သေးတာကြောင့် သူ့အတွက် ဆုံးရှုံးစရာ ဘာမှသိပ်မရှိပါဘူး။
ကန့်သတ်ချက် တစ်ခုစီကို ပျက်ပြယ်စေခဲ့ပြီးနောက် တဖြည်းဖြည်း စုစည်းလာတဲ့ ခရမ်းရောင်နှင့် အနက်ရောင် ပေါင်းစပ်ထားသော ဝိညာဉ်နှင့် ခန္ဓာ ဟူသည့် စကားလုံးများက လေထုထဲတွင် ပေါ်လာ၏။
ဤစကားနှစ်လုံးကို ပြောပြီးသည်နှင့်အမျှ နတ်ဆိုးဆန်သော လေထုသည် မြေပြင်မှ ထကြွလာကာ အာကာသ တစ်ခုလုံးကို ဖုံးအုပ်ပစ်လိုက်တာကြောင့် လူအများကို ထိတ်လန့်တုန်လှုပ်စေသည့် ခံစားချက်ကို ပေးစွမ်းလာခဲ့သည်။
ဝိညာဥ်လက်နက် အုပ်စုတစ်စုဟာ ရုတ်တရက် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
"ဒါက ဘယ်လိုကန့်သတ်ချက် အခင်းအကျင်းမျိုးလဲ? ငါဘာလို့ စိတ်ထဲမကောင်းသလို ခံစားနေရပါလိမ့်?"
"ဝိညာဥ်နဲ့ခန္ဓာ? မင်းဆိုလိုတာက ငါတို့ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို သက်ရောက်မှု ရှိမှာလား?"
"ဘာကို စိတ်ပူနေတာလဲ? သူက မဟာသူတော်စင် တစ်ယောက်ပါကွာ... သူ ဒီကြောက်စရာကောင်းတဲ့ ပုံစံတွေကို လုပ်နိုင်သေးတယ် ဆိုရင်တောင် သူ့ရဲ့ ခွန်အားကို အားကိုးနေရတာပဲလေ မဟုတ်ဘူးလား"
ထိုအခါမှ ဝိညာဥ်လက်နက်ကြီးများ၏ လှုပ်ရှားမှုများ တဖြည်းဖြည်း လျော့ပါးသွားကာ တိတ်တဆိတ် သက်ပြင်းချ၍ လုရွှမ်ကို ကြည့်လိုက်သည်။
နှလုံးစားပိတ်ပင်မှု အခင်းအကျင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်း စီစဉ်ရန်တော့ သိပ်မလွယ်လှချေ။ အကယ်၍ ဤလက်နက်များ မပူးပေါင်းပါက သူသည် မှော်ပညာကို အောင်မြင်စွာ ချပြနိုင်သည့် အခွင့်အလမ်း ရှိလာမည်မဟုတ်။
ကံကောင်းထောက်မစွာနဲ့ ဤဝိညာဉ်များသည် မာနကြီးလွန်းပြီး ဘယ်သူကမှ အထင်မကြီးကြချေ။ စကားလုံး နှစ်လုံးသည် ထောင်ပေါင်းများစွာသော စွမ်းအင် စီးကြောင်းများ အဖြစ် လက်နက်များပေါ်တွင် ကျရောက်ကာ ၎င်းတို့၏ စိတ်ဝိညာဉ်များထဲသို့ ပေါင်းစည်းသွားခဲ့သည်။
ဖူး!
လုရွှမ် သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။
"အန္တရာယ်များလိုက်တာ... ကျရှုံးတော့မလို့"
ဖီးနစ်သွေး အနှစ်သာရနှင့် သူ့ခန္ဓာကိုယ်ထဲရှိ သွေးများသည် ခဏတာမျှ လည်ပတ်မှုတွေ နှေးကွေးသွားတယ်လို့ ခံစားလိုက်ရပြီး သူ၏ တက်ကြွမှုမှာ အလွန်လျော့ကျသွားခဲ့သည်။
"ကောင်လေး ရပြီလား... မင်းငါတို့ကို အခင်းအကျင်းနဲ့ ကန့်သတ်ထားပြီးပြီ ဆိုမှတော့ အခု အပြင်ထွက်ရအောင်လေ"
ခမ်းနားတဲ့ဓားက အော်ပြောလိုက်သည်။ လုရွှမ် သူ့ပါးစပ်ထောင့်က သွေးတွေကို သုတ်ပြီး ပြုံးကာပြော၏။
"လူကြီးမင်းတို့က စိတ်မရှည်လွန်းဘူးလား? ကျွန်တော် ဒဏ်ရာတွေ ရနေတာ တွေ့ရဲ့သားနဲ့... ကျွန်တော့် ခွန်အားတွေ ပြန်ရဖို့ ရတနာတချို့ ရှာရမယ် ဟုတ်တယ် မဟုတ်လား? ကျွန်တော် ဒီကိုရောက်တုန်းက ဒီနေရာမှာ ကောင်းကင်မြေကြီးရဲ့ ပစ္စည်းတွေနဲ့ ရတနာတွေ စုဆောင်းတဲ့ နေရာလို့ ကြားမိတယ်.... အကြီးအကဲတို့ စုဆောင်းထားမိတာများ ရှိမလား မသိဘူး"
ခမ်းနားတဲ့ဓားက အော်ဟစ်လိုက်သည်။
"ဟမ့် ရှိတာတော့ အမှန်ပဲ... မင်းကို နည်းနည်းလေး ပစ်ချပေးလိုက်မယ်"
ထို့နောက် အနီရောင် သစ်သီးတစ်လုံးကို လွှင့်ပစ်လိုက်တဲ့အခါ မွှေးကြိုင်သော မွှေးရနံ့များ ထွက်ပေါ်လာလေသည်။
လုရွှမ် အနီရောင်အသီးကို အလျင်အမြန်ယူ၍ အတန်ကြာအောင် စိုက်ကြည့်လိုက်သော်လည်း ၎င်းသည် ဘာလဲဆိုတာကို မသိတာကြောင့် သူက ပြုံးပြီး မေးလိုက်သည်။
"အကြီးအကဲ... ကျွန်တော်က ဗဟုသုတ သိပ်မရှိဘူး ဒါက ဘာအသီးလဲဟင်?"
"ကမ္ဘာမြေဝိညာဉ်သစ်သီး... အစေ့ပေါက်ဖို့တောင် အနှစ်သုံးရာလောက် ကြာတယ် အပွင့်ပွင့်ဖို့ ပွင့်ရန်အနှစ်သုံးရာ.... အသီးသီးဖို့ အနှစ်သုံးရာ ရင့်မှည့်ဖို့အနှစ်တစ်ရာ ကြာတယ်.... သူ့ကို ကံကြမ္မာတစ်ထောင် သစ်သီးလို့လည်း ခေါ်တယ် မင်း သွေးအန်တာလောက်ကို မပြောနဲ့ မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေကို ရိုက်ချိုးထားရင်တောင် သေချာပေါက် ပြုပြင်ပေးလိမ့်မယ်"
လုရွှမ်သည် ဤအနီရောင် သစ်သီးတစ်လုံးက ဒီလောက် မှော်ဆန်နေမယ်လို့ မထင်ထားတာကြောင့် အနည်းငယ် အံ့သြနေမိသည်။
ဤနေရာသည် အနည်းဆုံး နှစ်ပေါင်း 30,000 ကြာခဲ့ပြီ။ လွန်ခဲ့သော နှစ် 30,000 ကတည်းက ကောင်းမွန်သော အရာများ မရှိခဲ့ဘူးဟု မပြောနိုင်ပေ။
သူသည် ကမ္ဘာမြေဝိညာဉ် အသီးကို အမြန် သိမ်းထားလိုက်ပြီး
"အကြီးအကဲ တစ်လုံးတည်းလား? ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာ ဒဏ်ရာ အပြင်းအထန်ရနေတဲ့ ညီအစ်ကို မောင်နှမတွေ အများကြီး ရှိသေးတယ် သူတို့ကလည်း ကျွန်တော့် အကူအညီ လိုနေသေးတယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို နည်းနည်းလောက် ထပ်ပေးပါဦးလား?"
"ဟမ့် ကောင်လေး... ကိုယ့်ကိုကိုယ် ဟုတ်လှချည်းရဲ့လို့ ထင်နေတာလား?"
ခမ်းနားတဲ့ဓားက အော်လိုက်သည်။ လုရွှမ်ရဲ့ စကားတွေကို သူတို့ မယုံကြပါဘူး။
"ဟေး... အကြီးအကဲတို့ ခင်ဗျားတို့အားလုံးက အကြီးအကဲ သခင်တွေပဲလေ... နှစ်တွေကြာလာတာနဲ့ ခင်ဗျားတို့ ရတနာတွေ အများကြီး စုဆောင်းထားမိမှာပဲလေ... ဒါကြောင့် ကျွန်တော့်ကို နည်းနည်းလောက် ထပ်ပေးပါလား?"
ထိုအချိန်တွင် ခမ်းနားတဲ့ဓား၏ ခန္ဓာကိုယ်ပေါ်တွင် မျက်နှာတစ်ခု ပေါ်လာသည်။
"ကောင်လေး...ပစ္စည်း တစ်ခုခုပေးဖို့ ဆိုတာ မလွယ်ဘူးကွ!"
လုရွှမ် ရယ်မောလိုက်သည်။ ဒီလူတွေ ဘာစီစဉ်ထားတာလဲ ဆိုတာ ကောင်းကောင်း သိပေမယ့် ဘယ်သူက ဘယ်သူ့ကို ကြံစည်နေတာလဲ ဆိုတာ နတ်ဘုရားတွေပဲ သိလိမ့်မည်။
မွှေးကြိုင်သော ဝိညာဉ်အသီးအနှံများ၊ ကောင်းကင်နှင့် မြေကြီး၏ တောက်ပနေသော ရတနာများ အပါအဝင် ထူးကဲသော အပင်များသည် လုရွှမ်ရှေ့သို့ ပျံ့လွင့်လာခဲ့သည်။ လုရွှမ် ရတနာတွေ အားလုံးကို အမြန်သိမ်းလိုက်ပြီး အလွန်ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“အကြီးအကဲတို့ ကျွန်တော်တို့ သွားကြစို့”
သူသည် သူလက်ဖဝါးများကို ပိတ်လိုက်သည်နှင့် ဓားရှည်များနှင့် လက်နက်မျိုးစုံတို့သည် သူ့နံဘေးသို့ ပျံသန်းလာပြီး လက်ဖဝါးထဲ၌ ပေါင်းစည်းသွားကြသည်။
လုရွှမ်က လောဘကြီးသူ မဟုတ်ချေ။ ထို့ကြောင့် ဤနတ်ဆိုးအိုများထံမှ တစ်စုံတစ်ခုကို တောင်းခံခြင်းက မကောင်းတဲ့အကြံ မဟုတ်ပေ။ ဒါပေမဲ့ အတွင်းထဲမှာ တခြားရတနာတွေ ရှိနေရင်တောင် ဒီအချိန်မှာ စူးစမ်းဖို့ မလိုအပ်တော့ပါဘူး။
ဒီလူကြီးတွေ အားလုံးက ကောက်ကျစ်ပြီး ယုတ်မာကြတဲ့ လူတွေ ဖြစ်ကြပြီး ဒီလူတွေ သူ့အပေါ် သံသယ ဝင်လာတာမျိုး မဖြစ်စေချင်ဘူး။
ခဏလောက် ပျံသန်းပြီးနောက် ကျောက်နံရံကို ပြန်တွေ့လိုက်ရသည်။ ထိုအခိုက် သူ့လက်ထဲက လက်နက်တွေရဲ့ တုန်လှုပ်နေခြင်းကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေတယ် ဆိုတာ သိသာပါ၏။
တခြားကမ္ဘာကို ဖြတ်သန်းသွားသလို စင်္ကြံလမ်းမဆီကို ပြန်ရောက်သွားဖို့ ကျောက်နံရံထဲကနေ အလွယ်တကူပဲ ထွက်လာခဲ့လိုက်သည်။
ထျန်းရှားနှင့် ဟွမ်ရီးတို့လည်း ထွက်လာပြီး ဖြစ်သည်။ သူတို့သုံးယောက်၏ အမူအရာမှာ မမြင်နိုင်လောက်အောင် ပြောင်းလဲသွားသည်။ နှစ်ယောက်သား ပျော်ရွှင်နေကြတာ သိသာပေ၏။
“ဘယ်လိုလဲ?”
ထူးဆန်းသော အဘိုးအိုက မေးလာသည်။ လုရွှမ် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်တော့ လက်နက်ကြီးများ၏ အသွင်အပြင်များ ထွက်ပေါ်လာသည်။
ထူးဆန်းသော အဘိုးအို၏ မျက်လုံးများက ခဏတာ လှည့်ပတ်သွားပြီးနောက် ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာကာ အလွန်ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။