ထုတ်ဖော်ခြင်း
Vol. 78 Ch. 4.678
လုရွှမ် ထိုအဘိုးကြီးသည် သူ့လက်ဖဝါးတွင် အကျဉ်းကျနေသော ဝိညာဉ်များကို ခံစားနိုင်မှန်း သိသည်။ ဒီလူကြီးက အထဲက လူတွေနဲ့ အဆက်အသွယ် ရှိနေတာ ဖြစ်နိုင်သည်။
ဒါပေမဲ့ တစ်ဖက်လူတွေမှာ အစီအစဥ်ကောင်း တစ်ခုရှိသလို သူ့မှာလည်း အကြံရှိပြီးသား။ အောင်မြင်ချင်ရင်တော့ ကိုယ့်ရဲ့ကိုယ်ပိုင် နည်းလမ်းတွေ ကောင်းမကောင်းအပေါ် မူတည်သွားလေပြီ။
"မဆိုးပါဘူး"
လုရွှမ် ထျန်းရှားကို လှည့်ကြည့်ရင်း သူ့မျက်လုံးတွေက ဟွမ်ရီးနဲ့ ကောင်းလျှိုတို့ကိုပါ တစ်ချက် စိုက်ကြည့်လိုက်သည်။
ထိုလူနှစ်ယောက်ရဲ့ မျက်နှာများက မည်းမှောင်နေသော်လည်း ထျန်းရှားကတော့ သူ့ကို မျက်တောင်ခတ် ပြလိုက်သည်။
လုရွှမ် ကောင်းကောင်း ရိတ်သိမ်းသင့်ပေမယ့် ဟွမ်ရီးနဲ့ ကောင်းလျှိုရဲ့ အမြတ်တွေကို ဒီထူးဆန်းတဲ့ အဖိုးအိုက လုယူသွားတာ ထင်ရှားလေသည်။
"အပြင်ထွက်ရအောင်!" လုရွှမ် ဆို၏။
"ငါစောင့်နေတာကြာပြီ"
ထူးဆန်းတဲ့ အဘိုးအိုက အော်ပြီး အရှေ့ကို ပြေးထွက်သွားသည်။ ဟွမ်ရီးနဲ့ ကောင်းလျှိုက အမြန် နောက်ကလိုက်သွားကြပေမယ့် ထူးဆန်းတဲ့ အဘိုးအိုကို ကြောက်ရွံ့မုန်းတီးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြလေသည်။
"သွားရအောင်!"
လုရွှမ်တို့ လူတစ်စုလည်း ဂရုတစိုက် လိုက်သွားကြသည်။
အရှေ့ဘက်ရှိ ရေသည် ပိုမိုကြည်လင်လာပြီး ကျောက်နံရံ၏ အပိုင်းအစများကိ မြင်နိုင်နေပြီ။ သို့သော်လည်း ပိုပိုပြီး လှိုင်းထန်လာနေ၏။ ရေအောက်ကို ရောက်နေပြီ ဆိုရင်တောင် ရေရဲ့ ကြီးမားတဲ့ သက်ရောက်မှုကို ခံစားနေကြရဆဲ။
ရေအောက်ထဲက ဖိအားတွေ ခန္ဓာကိုယ်အပေါ် သက်ရောက်လာမှုသည် နတ်မီးနယ်ပယ် သခင်တစ်ဦးက သူတို့ကို ဖိနှိပ်ထားသည့်အတိုင်းပင်။ ၎င်းသည် အလွန်ခက်ခဲပြီး အန္တရာယ် အငွေ့အသက်တွေလည်း ရှိသည်။
လုရွှမ် ထျန်းရှားကို သူ့အနားမှာ ဖမ်းကိုင်လိုက်ပြီး တခြားလူတွေ အားလုံးကလည်း သူတို့ပတ်ဝန်းကျင်က လူတွေကို သူ့အလိုလို ဖမ်းဆွဲထားလိုက်သည်။
ရေဖိအား ပို၍ပို၍ အားကောင်းလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်သည် ပိုမိုလေးလံလာကာ အရေပြားသည် ဆေးထိုးအပ်ဖြင့် ထိုးခံထားရသလို ခံစားလာရသည်။
အဲဒီလို မခံစားခဲ့ရတာ ကြာပြီ။ စီးဆင်းနေတဲ့ ရေထဲမှာ ရပ်နေရတာကို ခံနိုင်ရည်စွမ်းအား မရှိတော့တဲ့ အသေကောင်လို ဖြစ်နေရသည်။ လုရွှမ် အခုလို နာကျင်နေသလို တခြားလူတွေလည်း ခံစားကြရသည်။
မျက်လုံး၊ နား၊ နှာခေါင်းတို့မှ သွေးများ ဖြည်းဖြည်းချင်း ညှစ်ထုတ်နေရသည်။ ပါးစပ်ကိုတော့ ဘယ်သူမှ မဖွင့်ရဲချေ။ မဟုတ်ပါက ပါးစပ်ထဲမှ သွေးများ အလုံးအရင်းဖြင့် ထွက်ကျလာနိုင်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ?"
လုရွှမ် မြန်မြန်ဆန်ဆန် သူ့လက်ထဲက နတ်လက်နက်အား မေးမြန်းလိုက်သည်။ နတ်ဓားရဲ့ အသံက သူ့စိတ်ထဲမှ ထွက်ပေါ်လာ၏။
'ဒါက ပုံမှန်ပါပဲ...ရေတွေ လွန်လွန်ကဲကဲ ကျုံ့သွားတဲ့အခါ သူ့အလိုလို ပေါက်ကွဲသွားပြီးသား... ဒါပေမဲ့ အခုက လှောင်အိမ်ကြီး ပျက်စီးတော့မှာ ဆိုတော့ အရင်က ဖိနှိပ်ထားတဲ့ ပတ်ဝန်းကျင်စွမ်းအင်က ရုတ်တရက် ပြန်လည် ရှင်သန်လာခဲ့တာ.... မူလရေစီးကြောင်းနဲ့ဆိုရင် ရေစီးနှုန်း ဘယ်လောက်မြန်မယ် ဖိအားဘယ်လောက်မြင့်မယ် ဆိုတာကို စိတ်ကူးကြည့်နိုင်တယ်... ဒီကာလကို ထိန်းထားနိုင်ရင် ကျန်တာက လွယ်သွားပါလိမ့်မယ်”
အခုအားလုံးက အတူတွဲချည်ထားတဲ့ နှံကောင်တွေလို ဖြစ်နေပြီ။ သူတို့ဒီကနေ ထွက်သွားရမှသာ အားလုံးအတွက် ကောင်းလိမ့်မည်။
လုရွှမ် လူတိုင်းထံသို့ သတင်းစကားကို လျင်မြန်စွာ ပေးပို့ခဲ့ပြီး လူတိုင်းကလည်း ရေစီးဆင်းမှု၏ သက်ရောက်မှုကို တွန်းလှန်ရန် သူ့ခန္ဓာကိုယ်ရှိ ယွမ်စွမ်းအားသည် ဂရုတစိုက် ပေးပို့ခါခဲ့သည်။ သို့နှင့် ရှေ့ကို ဆက်လျှောက်လာခဲ့သည်။ ဒီလို လှိုင်းထန်နေတဲ့ ရေစီးကြောင်းမှာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်တာက အံ့ဩစရာဖြစ်နေပါပြီ။
……
"ဘာဖြစ်နေတာလဲ? ဒီရေတွေ ဘာလို့ပြန်စီးလာတာလဲ?"
ကောင်းကင်ယံက လူတစ်စုက ထိတ်လန့်စွာ အော်လိုက်သည်။
အရင်က ခြောက်သွေ့တဲ့ ပင်လယ်ထဲကို သူတို့ရောက်လာခဲ့ပေမယ့် ပင်လယ်နက်ထဲမှာသာ မြင်ခဲ့ရပြီး လှိုင်းကြမ်းတွေဟာ အစီအရီနဲ့ ဒီဘက်ခြမ်းကို ပြေးလာနေလေပြီ။
လှိုင်းလုံးကြီးတွေက ကီလိုမီတာ ဒါဇင်နဲ့ချီတဲ့ အကွာအဝေးထက် မနည်းတဲ့ မြင့်တက်နေတာကြောင့် ကောင်းကင်နဲ့ နေကို ဖုံးလွှမ်းလုနီးပါးပင် ဖြစ်နေပြီ။ ရေလှိုင်း အလွှာတွေက တစ်ခုပြီးတစ်ခု ဝှေ့ယမ်းကာ သူတို့ဆီသို့ တဟုန်ထိုး ပြေးလွှားနေကြသည်။
ပင်လယ်အထက်က ကျင့်ကြံသူတွေသာမက ကမ်းခြေက ကျင့်ကြံသူတွေပါ အလွန်ပြင်းထန်တဲ့ လှိုင်းလုံးကြီးကို သတိထားမိကြ၏။ ဒီရေမတက်သေးပေမယ့် ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဟုန်က တိုးဝင်လာပြီး မရေမတွက်နိုင်တဲ့ လှိုင်းလုံးတွေကို နှိုးဆော်နေသလို ကောင်းကင်နဲ့ မြေကြီးတစ်ခွင် ဟိန်းဟောက်လျက် ရှိသည်။
သဲများနှင့် ကျောက်ဆောင်များနှင့်အတူ ကောင်းကင်နှင့် မြေကြီးသည် လောင်ကျွမ်းနေသော အဝါရောင် အရိပ်အမြွက်များကို ပြသနေကြသည်။ ကမ်းခြေမှာ သဲတွေက ပေါက်ထွက်လာစဥ် ထိမှန်သွားတဲ့ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်း နာကျင်သွားလေသည်။
"ကမ္ဘာမြေကြီးက ဘာဖြစ်သွားတာလဲဟ... ကမ္ဘာကြီးရဲ့ အဆုံးသတ် ရောက်လာတော့မှာလား?"
"ဝမ့်ရှန်းကမ္ဘာကြီး နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲကို ကြုံတွေ့ရတော့မှာလား?"
နတ်မီးနယ်ပယ်က သခင်များသည် ၎င်းတို့ ပါးစပ်ကို ဖွင့်ဟ၍ ကြီးမားသော အပြောင်းအလဲများနှင့် တဟုန်ထိုးရေစီးကြောင်းများကို နားမလည်နိုင်စွာ ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဂိုဏ်းကြီးရှစ်ခုသည် ပင်လယ်ကမ်းခြေရှေ့တွင် စုရုံးခဲ့ကြပြီး အလယ်အလတ်အဆင့် ဂိုဏ်းခွဲများ၏ ခေါင်းဆောင်အများအပြားလည်း ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ဝမ့်ရှန်းကမ္ဘာတွင် တောင်များစွာရှိသည်ဟု ဆိုသော်လည်း ပင်လယ်သည် ဝမ့်ရှန်းကမ္ဘာထဲရှိ အရာအားလုံးကို အမှန်တကယ် လွှမ်းမိုးထားကြောင်း လူတိုင်းသိပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း 30,000 ခန့်က ကြီးမားသော အပြောင်းအလဲများကို ယနေ့တိုင် လက်ဆင့်ကမ်းခဲ့ပြီး အတွေ့အကြုံနှင့် အဖြစ်အပျက်သည် သူတို့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ ပင်လယ်ပြင်တွင် ထပ်မံဖြစ်ပေါ်လာမည့် အပြောင်းအလဲများအတွက် ဘယ်သူ့မှ ငြိမ်ငြိမ်မနေနိုင်ချေ။
ဤအခိုက်အတန့်တွင် ပင်လယ်နှင့် မဝေးသော တောင်ကုန်းတစ်ခုပေါ်တွင်ရှိ ဂိုဏ်းချုပ်ကြီးများက လက်ရှိအတွက် တန်ပြန်ဆောင်ရွက်မှုများကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
"ဒီရေရဲ့အရှိန်ကို ကြည့်လိုက်.... တကယ်ရေကြီးလာရင် မင်းတို့ ဂိုဏ်းကြီးရှစ်ခုကလွဲရင် ငါတို့ဂိုဏ်းအားလုံး ရေလွှမ်းသွားမှာကို ကြောက်ရတယ်"
တစ်စုံတစ်ယောက်က အော်ဟစ်ပြီး သူ့အသံမှာ ဒေါသတွေ အပြည့်နဲ့ ဖြစ်လေသည်။ သူတို့ ဒီကို ရောက်နေတာ နှစ်လကျော်ပြီ ဆိုတော့ ဆွေးနွေး နေကြပေမယ့် ဘာမှ ပြေလည် မလာပေ။
အနီးဆုံး ဂိုဏ်းခွဲများမှ ထွက်ပေါ်လာသော သတင်းမှာ အဓိက ဂိုဏ်းကြီး ရှစ်ခုကို ဖော်ပြခြင်း မရှိသော်လည်း တချို့သော အလယ်အလတ် ဂိုဏ်းများပင်လျှင် ၎င်းတို့၏ အတွေ့အကြုံများကို တပည့်များနှင့် ငယ်သားများကို လွှဲပြောင်း ပေးနေပြီ။ သူတို့မှာ ပင်လယ်ဒီရေ ပျက်သုဉ်းမှု အကျပ်အတည်းကို ရင်ဆိုင်ရန် အလားအလာ များစွာ မရှိချေ။
ဒါပေမဲ့ အဲဒီဂိုဏ်းကြီးတွေနဲ့ အလယ်အလယ် ဂိုဏ်းကြီးတွေကတော့ သူတို့ရဲ့ဂိုဏ်းသားတွေကို သိုင်းပညာတွေပါ လွှဲပေးပေးနေရတဲ့အထိ လုပ်နေရပြီ။ ဂိုဏ်းကြီးရှစ်ခု ဝမ့်ရှန်းကမ္ဘာကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျန်နေခဲ့တဲ့ သူတို့ရဲ့ ကံကြမ္မာက သေခြင်းတရားပါပဲ။
အခုက သေရေးရှင်ရေး အကြပ်အတည်း ဖြစ်နေပြီ။ သူတို့မြင်နေရတာက ဒီရေက တကယ်လာနေပြီ။ ဒါ့အပြင် သူတို့ မခံနိုင်လောက်ချေ။
အော်သံတစ်သံ ထွက်ပေါ်လာပြီး တခြားအသံများလည်း ချက်ချင်း ထွက်ပေါ်လာသည်။ တောင်ထွတ်တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီး လေထုကလည်း နာကြည်းမှုတွေ အပြည့်ဖြင့်။
စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှဲ့ယွင်ထျန်းသည် တခြားဂိုဏ်းချုပ် ခုနစ်ယောက်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ဂိုဏ်းကြီးရှစ်ခုသည် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို အမှန်တကယ် တာဝန်ယူထားရသည်။ အခြားဂိုဏ်းများ ဘယ်လောက်ပဲ ပြင်းထန်ပါစေ ၎င်းတို့သည် လုံလောက်သော အင်အားမရှိသည့်အပြင် ၎င်းတို့ကို ဘယ်သူကမှ အာရုံစိုက်နေမည် မဟုတ်ပေ။
"အားလုံးပဲ... အနှစ်သုံးသောင်း ကုန်လွန်ပြီ ငါတို့ဒါကို နောက်တစ်ကြိမ် ကြုံတွေ့ရဦးမယ်လို့ မမျှော်လင့်ထားဘူး... ငါတို့ဘာလုပ်သင့်လဲ? အားလုံး အကြံတစ်ခုခုတော့ ထုတ်ကြပါဦး"
“ပင်လယ်ပြင်ကလူတွေ မရောက်လာသေးဘူးလား?”
ဒီမေးခွန်းကို မေးလာတဲ့သူကတော့ ဓားတစ်သောင်းဂိုဏ်းက ဂိုဏ်းချုပ် ကျန့်ဝူဝေါ်ပဲ ဖြစ်သည်။
နဂါးရေငွေ့တောင် နှင့် ဖီးနစ်အသိုက်တို့သည် တူညီသော စိတ်သဘောထားဖြင့် အမြဲချိတ်ဆက်နေကြသူတွေပင်။ ယခုအချိန်တွင် ဂိုဏ်းချုပ်ကြီး နှစ်ဦးဖြစ်သည့် လုံထန်းရှောက်နဲ့ ဖုန့်ချောင်မင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ညီညီညွတ်ညွတ် ပြောလာကြပေသည်။
"သူတို့ လာမှာ မဟုတ်ဘူး... ငါတို့အရင်က အထူးသတိထားပြီးတော့ ပင်လယ်သားရဲတွေဆီကို ချီတက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်တန့်ပြီး တပ်တွေ ဆုတ်သွားလာခဲ့ရတယ်”
"ဒါက ဘာကိုဆိုလိုတာလဲ? ဝမ့်ရှန်းကမ္ဘာကြီး တစ်ခုလုံး ပင်လယ်ထဲ နစ်မြုပ်သွားပြီးရင် သူတို့အချင်းချင်း တကယ်ပဲ စည်းလုံးနိုင်ဦးမယ်လို့ ထင်နေတာလား?"
ဒေါသတကြီး အသံထွက်လာသူက ဓားဖြတ်တောင်ထွတ်က ဂိုဏ်းချုပ် ရှုံထျန်းပါ့ ဖြစ်သည်။ တစ်ဆက်တည်း ကြီးစိုးနေသော ရောင်ဝါကပါ တွဲပါလာ၏။ သူ့နောက်ကျောတွင် ဓားရှည်တစ်လက် ရှိကာ အရပ်ရှည်ရှည်၊ သွေးနီနေသော မျက်နှာနှင့် သူ့တစ်ကိုယ်လုံး ထူးကဲသော ရောင်ဝါရှိသည်။
လှပသော အမျိုးသမီးတစ်ဦးက အေးစက်စွာ ဝင်ဟစ်အော်လိုက်သည်။
"ဒါဆို ရှုံထျန်းပါ့... ရှင့်မှာ တခြားနည်းလမ်း ရှိသေးလား? အဲဒီပင်လယ်သားရဲကို သွားတိုက်ခိုက်ချင်လို့လား?!"
ရှုံထျန်းပါ့၏ မျက်နှာသည် ဖြူဖျော့သွားကာ ထိုအမျိုးသမီးကို ငုံ့ကြည့်ရင်း ရှုံ့တွသော မျက်နှာဖြင့် ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
ထိုအမျိုးသမီးကတော့ မက်မွန်ပွင့်တောင်ကြားမှ တောင်သခင် ဟွားဝူချင်းပဲ ဖြစ်လေ၏။