လေထုကပြောင်းသွားပြီ
Vol. 78 Ch. 4.681
တခြားဂိုဏ်းများသာ ဆိုလျှင် သူတို့မှာ စကားဝင်မပြောခံမည် မဟုတ်သော်လည်း အေးခဲကောင်းကင် ဂိုဏ်းကတော့ မတူချေ။
ကျိုးချွမ်သည် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးတွင် နာမည်ကောင်း မရထားသော်လည်း ထိုလူရမ်းကားများကို နှိမ်နင်းနိုင်မှုမှာတော့ လူအများ လေးစားရတဲ့ လူဖြစ်သည်။
အမှန်ပင် အဓိက ဂိုဏ်းကြီးရှစ်ခုမှ တပည့်များသည် မလိုအပ်ဘဲ အေးခဲကောင်းကင်ဂိုဏ်းက လူများနှင့် သွားမရှုပ်ဖို့ တင်းကြပ်စွာ သတိပေးခံထားရလေသည်။
အေးခဲကောင်းကင်ဂိုဏ်း ကြီးပြင်းလာရခြင်း အကြောင်းရင်းမှာ ဂိုဏ်းချုပ်ကျိုးချွမ်သည် လူ့စိတ်နှလုံးကို ရှုပ်ထွေးစေသော မှော်စာအုပ်တစ်အုပ်ကို ရရှိထားသောကြောင့်ဟုလည်း အချို့က ဆိုကြသည်။
ထို့နောက်တွင် ဂိုဏ်းကြီးရှစ်ခုမှ တပည့်များစွာတို့သည် သက်ဆိုင်ရာဂိုဏ်းများကို စွန့်ခွာကာ အေးခဲကောင်းကင်ဂိုဏ်းသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ကြရာ သူတို့ဂိုဏ်းမှ ထူးဆန်းမှုမှာ ပို၍ပို၍ ပျံ့နှံ့လာခဲ့သည်။
ဂိုဏ်းကြီးရှစ်ခုက စကားပြောသူဟာ ဂိုဏ်းချုပ်ကျိုးချွမ် ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့အမူအရာမှာ အနည်းငယ် ရုပ်ဆိုးသွားခဲ့သည်။ အဓိက ဂိုဏ်းကြီးရှစ်ခုထဲက နဂါးရေငွေ့တောင်နှင့် ဖီးနစ်အသိုက်မှ တပည့်များပင် ဂိုဏ်းမှဆန္ဒအလျောက် ထွက်သွားပြီး အေးခဲကောင်းကင်ဂိုဏ်းသို့ ထပ်မံဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။
ပြင်ပကမ္ဘာအတွက်က ကောလဟာလ တစ်ခုသာ ဖြစ်သော်လည်း အဓိကဂိုဏ်းကြီး ရှစ်ခုအတွက်ကတော့ အေးခဲကောင်းကင်ဂိုဏ်းဟာ အမှန်တကယ် လျှို့ဝှက်ချက်များ ရှိကြောင်း ထင်ရှားလှသည်။
ရှဲ့ယွင်ထျန်းက တခြားဂိုဏ်းချုပ် ခုနစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီး ဆိုလေသည်။
"အေးခဲကောင်းကင်ဂိုဏ်း ကျိုးချွမ်က ထွက်သွားဖို့ ဆန္ဒရှိတယ်ဆိုလည်း ထွက်သွားလိုက်ပါ... ကျိုးချွမ်နဲ့အတူ ထွက်ခွာချင်တဲ့သူတွေလည်း ထွက်သွားနိုင်ပါတယ်... ဒါကြောင့် နေခဲ့တဲ့သူတွေက ကျုပ်နဲ့အတူ တစ်ဖက်လူတွေကို တွန်းလှန်ကြမယ်... ကျုပ် ရှဲ့ယွင်ထျန်းက အဲဒီဂိုဏ်းအားလုံးကို ကျုပ်တို့ အေးခဲကောင်းကင်ဂိုဏ်းရဲ့ မဟာမိတ်တွေ ဖြစ်လာစေရမယ်လို့ ဒီနေရာမှာ ကတိပေးခဲ့တယ်... ငါတို့ အတူတကွ ဆုတ်ခွာမယ် တိုက်ခိုက်မယ်"
ကျိုးချွမ်ထံမှ လှောင်ပြောင်သံတစ်ချက် ထွက်လာသည်။
"ဟမ့် လူတိုင်း သေချာစဉ်းစားကြပါ.... တိုက်ပွဲစပြီးတာနဲ့ မင်းတို့ကိုယ်မင်းတို့ပဲ အားကိုးရမှာ တခြားသူကို အားကိုးလို့ မရဘူး... မင်းသန်မာရင် ရှင်သန်နိုင်ပေမယ့် မင်းမသန်ဘူး ဆိုရင်တော့ သေမှာ သေချာတယ်... အဲ့တော့ နေခဲ့ပြီး ဘာဆက်လုပ်မှာလဲ"
“နောက်ဆုံးမှာ တိုက်ခိုက်ပြီး အောင်နိုင်ခဲ့ရင်တောင်မှ မင်းတို့ရဲ့ ဂိုဏ်းနေရာက ပျောက်သွားပြီလေ.. တိုက်ပွဲလုပ်ဖို့ လိုသေးလို့လား? ငါတို့ဂိုဏ်းရဲ့တည်နေရာက မမြင့်ပေမယ့် ဂိုဏ်းကြီးရှစ်ခုရဲ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာ... သူတို့က ကိုယ့်နေရာကို ခွဲပေးနိုင်မယ်တဲ့လား?"
"မင်း လက်လျှော့လိုက်ရင်တောင် မင်းတို့ ဂိုဏ်းကို ထိန်းထားနိုင်သေးမယ် ထင်လား? မင်းတို့က တခြားသူတွေရဲ့ လက်အောက်ခံ ဖြစ်လာပြီမှာ ဟားဟား မင်းတို့က တခြားလူတွေလောက် အရည်အချင်း မပြည့်မီဘူး မသန်မစွမ်း ဖြစ်မယ် ဆိုရင် တခြားတစ်ယောက်ရဲ့ တပည့်ကျွန်တစ်ယောက်တောင် ဖြစ်သွားနိုင်တယ်နော်..."
ကျိုးချွမ်၏ စကားများသည် ကျယ်လောင်လာပြီး လူတိုင်း၏ နားထဲအထိ တုန်လှုပ်သွားသည်။ သူပြောခဲ့တဲ့ စကားက တကယ်ကို လူတိုင်းအစိုးရိမ်ဆုံး အချက်တွေပါပဲ။
"မင်းပြောတာက ဇာတ်သိမ်းက အရမ်းသနားစရာကောင်းလို့ ငါတို့က ဒီမှာနေပြီးတော့ တခြားကမ္ဘာငယ်လေးကို သွားနေရမယ်... အဆင့်နိမ့်တဲ့ ကမ္ဘာငယ်လေးတွေမှာ ရှင်သန်ရမယ်ပေါ့"
"ဂိုဏ်းချုပ်ကျိုးချွမ် ပြောတာ မှန်တယ်!!"
လူများစွာက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့အားလုံးသည် အင်အား မလုံလောက်သော အားနည်းဂိုဏ်းများ ဖြစ်ကြပြီး ဤတိုက်ပွဲတွင် သေဆုံးရမည့် အမြောက်စာများသာ ဖြစ်ကြတယ်ဟု ဆိုနိုင်သည်။
သူတို့ လုံးဝ မတိုက်ချင်ဘူး။ လုံးဝ အနိုင်မယူနိုင်သလို တိုက်ခိုက်ဖို့ ခွန်အားလည်း မရှိဘူးလေ။ ဒါကြောင့် တိုက်ခိုက်ဖို့ နေခဲ့ရမှာလဲ။
ကျိုးချွမ်က ဆက်လက်၍ ဆိုလေ၏။
"မင်းတို့ကို ထပ်ပြောပြမယ်... ဂိုဏ်းကြီး ရှစ်ခုက ဘာကြောင့် ရန်ဖြစ်နေကြတာလဲ? သူတို့ ဒီနေရာမှာ ဝမ့်ရှန်းကမ္ဘာမှာ စိုးမိုးနိုင်ပေမယ့် တခြားကမ္ဘာငယ်လေးကို သွားတဲ့အခါကျရင် သူ့ရဲ့ လက်ရှိ အနေအထား ရှိနေသေးမှာတဲ့လား? အဲ့တော့ ဘာလို့ သူတို့ဒီမှာ ဘာလုပ်ချင်နေတာလဲ? အားလုံးကို သူတို့က ဖိနှိပ်ချုပ်ချယ် ချင်နေကြတာပဲ ဟုတ်တယ်မလား အားလုံးပဲ!"
"ဟုတ်တယ်!"
ဂိုဏ်းခေါင်းဆောင်တွေက ပိုပိုပြီး အော်ဟစ်လာကြသည်။
ရှဲ့ယွင်ထျန်းနဲ့ သူ့အဖွဲ့ဟာ မျက်မှောင်ကြုတ်ပြီး လူတိုင်းကို လှည့်စားနေတဲ့ ကျိုးချွမ်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
"ဂိုဏ်းချုပ်ရှဲ့ယွင်... ဒီလူယုတ်မာက အရမ်းလွန်သွားပြီ ငါ သူ့ကို သတ်ချင်လာပြီ!!"
ရှုံထျန်းပါ့က ဒေါသများ ပေါက်ကွဲထွက်လာကာ ကျယ်လောင်စွာ အော်ငေါက်ပစ်လိုက်သည်။ ရှဲ့ယွင်ထျန်းက ရှုံထျန်းပါ့ရဲ့ လက်ဝါးစွမ်းအင် တစ်ချက်ကို အမြန်ဖယ်ရှားပြီး ဆိုလေ၏။
"ဂိုဏ်းချုပ်ရှုံ... ခင်ဗျား စိတ်အေးအေးထားရမယ် တိုက်ပွဲတစ်ခု တကယ်ဖြစ်လာရင် ခင်ဗျား တခြားတစ်ယောက်ရဲ့ အကြံအစည်ထဲကို ရောက်သွားလိမ့်မယ်"
ထိုအခိုက် မက်မွန်ပွင့်တောင်ကြားမှ ဟွားဝူချင်းကလည်း ဝင်ဆိုလာသည်။
"ကျွန်မကတော့ ရှင်က ပေါင်အနည်းငယ်နဲ့ တံတောင်လေး နည်းနည်းပဲ ရှိမယ်လို့ ထင်နေတယ်... ရှင်ကြိုးစားရင်တောင် ဒုက္ခရောက်နေဦးမှာပဲ အခုက တိုက်ရမယ့် အချိန်လား? တိုက်ချင်ရင် လှောင်အိမ်ထဲက အကျဉ်းသားတွေ ထွက်လာတဲ့အခါကျ တိုက်လိုက်ပါလား.... ငတုံး"
ဟွားဝူချင်း၏ လှောင်ပြောင်မှုကို ရင်ဆိုင်နေရသော ရှုံထျန်းပါ့မှာ စိတ်ကောင်းမဝင်သော်လည်း ဘာမှ မပြောပေ။
"အော်မီတော်ဖော်... ဒီလိုဆိုရင် ဂိုဏ်းချုပ်ကျိုးချွမ် ထွက်သွားသင့်ပါပြီ... ဆရာတော်တို့က သနားကြင်နာတတ်တယ် ကပ်ဘေးဆိုတာ ရှောင်လွှဲလို့ မရပေမယ့် နောက်ထပ် လူငယ်တွေကို လွတ်ခွင့်ပေးလိုက်တာကလည်း ကုသိုလ်တစ်ခုပါပဲ"
ဆရာတော်ထန်ယီးသည် သူ့လက်များကို ဆုပ်လျက် အော်ဟစ်လိုက်ပြီး ဂိုဏ်းခေါင်းဆောင်များ၏ ဆူဆူညံညံ အသံများကို ချက်ချင်း ဟန့်တားလိုက်သည်။
ရှဲ့ယွင်ထျန်းက "အားလုံးပဲ.. လူတိုင်းလည်း ကြားပြီးသားပါ...ထွက်သွားချင်ရင် ထွက်သွားလို့ရတယ် ဒါပေမဲ့ ငါဒီမှာပြောစရာ စကားနည်းနည်းတော့ ရှိတယ် သည်းမခံနိုင်ရင် ဘယ်သူ့ကိုမှ တားမှာ မဟုတ်ဘူး... မွေးရပ်မြေနဲ့ ဝမ့်ရှန်းကမ္ဘာကို စွန့်ခွာပြီး တခြားကမ္ဘာတွေကို သွားချင်ရင် သွားလိုက်ကြပါ"
“ဂိုဏ်းခွဲတွေ ဘယ်လောက်အထိ လုပ်နိုင်မလဲလို့တော့ တွေးမိတယ် ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်မှာ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်သွားကြတာပဲလေ.... ဒါ့ပြင် ဂိုဏ်းရဲ့အမွေကို ဘိုးဘေးတွေက ဂိုဏ်းချုပ်တွေ လက်ထဲမှာ နှစ်အတော်ကြာအောင် လက်ဆင့်ကမ်းခဲ့ပြီးပြီ... ဘယ်ဘိုဘေးက သူ့ရဲ့သားစဥ်မြေးဆက်ကို မထိုက်တန်တဲ့ လူတစ်ယောက် ဖြစ်စေချင်မှာလဲ??"
"ကျုပ်ပြောနိုင်တယ် ဒါက ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးအတွက် ကပ်ဆိုးတစ်ခုပဲ... ရှောင်ချင်ရင်တောင် ဘယ်သူမှ မရှောင်နိုင်ဘူး တိုက်ပွဲမှာ မတ်တပ်ရပ်ပြီး အသေခံဖို့ အစပြုပြီး တိုက်ပွဲကြီးက ဖြစ်သွားနိုင်တယ်... ပုန်းအောင်းပြီးမှ တခြားလူတွေ ရှာတွေ့သွားရင် အရှက်တကွဲနဲ့ ခေါင်းဖြတ်ခံရပြီး အဲဒီလူရဲ့ဂိုဏ်းကလည်း သုတ်သင်ရှင်းလင်း ခံရလိမ့်မယ်... သူသေပြီးရင် မျိုးဆက်အားလုံးရဲ့ ဘိုးဘေးတွေရဲ့ ဘယ်လို မျက်နှာချင်းဆိုင်မလဲ စဥ်းစားကြည့်ကြပါ"
"တကယ်လို့ လူတိုင်းနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ကျုပ်တို့ အဓိကဂိုဏ်းကြီးရှစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်း 30,000 လောက်ကတည်းက ပြင်ဆင်ထားပြီးပြီပေါ့.... ဂိုဏ်းချုပ်တိုင်းက တပည့်ငယ်တွေကို ကျုပ်တို့ရဲ့ အဓိကဂိုဏ်းကြီး ရှစ်ခုဆီ ဝင်ခွင့်ပြုပေးခဲ့ကြတယ်... အဓိကဂိုဏ်းကြီး ရှစ်ခုရဲ့ ကျားတောင် အခင်းအကျင်း ဖွဲ့စည်းမှုက မျှော်စင်နယ်ပယ်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလောက်အောင် သန်မာပါတယ်...ဒါကြောင့် လူတိုင်း စိုးရိမ်ပူပန်မှုတွေကို ရှောင်ရှားနိုင်ပြီး အတူတိုက်ပွဲထဲကို ဝင်နိုင်ပါတယ်"
ရှဲ့ယွင်ထျန်းရဲ့ စကားများသည် ဝမ့်ရှန်းကမ္ဘာက အကြီးဆုံးဂိုဏ်း ဖြစ်ခြင်း၏ လွှမ်းမိုးချုပ်ကိုင်မှုအား အရိပ်အမြွက်မျှ မပါဘဲ အလွန်ရိုးသားစွာ ထွက်ပေါ်လာသည်။
"ဟုတ်တယ်... မလုပ်ချင်ရင် ဘယ်သူမှ အတင်းအကျပ် လုပ်ခိုင်းမှာ မဟုတ်ပါဘူး ဒါပေမဲ့ ကျုပ်တို့ရဲ့ ဂိုဏ်းရှစ်ခုက ခုခံစစ်ပွဲရဲ့ ရှေ့တန်းမှာ အမြဲရှိနေမှာပါ ကျုပ်တို့မှာ နောက်ဆုတ်စရာ နေရာမရှိဘူး ကျုပ်တို့နောက်မှာ ကျုပ်တို့ရဲ့ တောင်တံခါးနဲ့ ကျုပ်တို့ အိမ်တွေ ရှိနေလို့ပဲ!"
"သေသေချာချာ ဆွေးနွေးကြည့်ရအောင် ကျုပ်တို့အိမ်က ထွက်သွားသင့်လား ဒါမှမဟုတ် ကျုပ်တို့မွေးရပ်မြေကို ကာကွယ်ဖို့ တိုက်ပွဲဝင်သင့်လား? အံ့ဩစရာတွေ ကြုံလာရရင် ကျုပ်တို့ရဲ့ မွေးရပ်မြေကို ကယ်တင်နိုင်မလား ဘယ်သူသိမှာလဲ!"
ကျိုးချွမ်က ဆဲဆိုကြိမ်းမောင်းနေပေမယ့် မနှောက်ယှက်ဖို့ ဆုံးဖြတ်ထားလေသည်။
"မင်း ငါတို့ရဲ့သားစဉ်မြေးဆက်တွေကို ကာကွယ်ဖို့ တကယ် ဆန္ဒရှိလား? ငါတို့ဂိုဏ်းရဲ့ စည်းစိမ်ဥစ္စာကို မင်း အခွင့်ကောင်းမယူပါဘူးလို့ အာမခံလား"
အသံတစ်သံက တိတ်ဆိတ်နေသည့် အကြားမှ ထွက်ပေါ်လာခဲ့သည်။ သို့နှင့် ရှဲ့ယွင်ထျန်းက လက်ဖဝါးကို မြင့်တင်လိုက်ပြီး ကျမ်းကျိန်ပြလေ၏။
"ကျုပ် ရှဲ့ယွင်ထျန်း... စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ရှင်သန်မှုနဲ့အတူ ကတိသစ္စာ ပြုပါတယ်... ကျုပ် ရှဲ့ယွင်ထျန်း ကတိမတည်ခဲ့ရင် နှလုံးကို မြှားထောင်ပေါင်းများစွာ ထိုးဖောက်ပြီး သေရပါစေ.. သူတပါးကို အခွင့်ကောင်းယူခဲ့ရင် မင်းဂိုဏ်းက နှင်ထုတ်ခံရပြီး ဓားတစ်ထောင်နဲ့ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပါစေ!"
ဝုန်း!
ရှဲ့ယွင်ထျန်းရဲ့ ကျိန်ဆိုချက်ကို အတည်ပြုပေးလိုက်သလို မိုးငြိမ်းသံက မြည်ဟီးလိုက်တဲ့အခါ လူတိုင်းရဲ့စိတ်က တုန်ရီသွားစေသည်။
တောက်ကျင့်စဥ် စာသားများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ပြိုင်တည်း စုစည်းသွား၏။ ၎င်းတို့က တစ်ခဏမျှ ထွန်းတောက်သွားပြီးနောက် ကမ္ဘာလေထုအနှံ့ ပေါင်းစပ် ပျံ့နှံ့သွားခဲ့သည်။