စဉ်းစားခြင်း
Vol. 78 Ch. 4.682
ဤကျိန်ဆိုမှုသည် စိမ်းပြာကောင်းကင်ဂိုဏ်း တစ်ခုလုံးနှင့် သက်ဆိုင်သောကြောင့် ကောင်းကင်နဲ့ မြေကြီးကို သစ္စာဆိုထားခြင်းက လုံးဝ အတုလုပ်ယူလို့ မရနိုင်ပေ။ ဂိုဏ်း၏ ဂုဏ်သိက္ခာကို စော်ကားလို့ မရသလို ကျမ်းကျိန်ချက်ကို ချိုးဖောက်ပါက ဂိုဏ်း၏ အနာဂတ်ကံကိုပင် ထိခိုက်နိုင်ပေသည်။
ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ခြင်းက ပျက်ရယ်ပြုစရာ မဟုတ်ပေ။
ထိုသို့သော ကျိန်ဆိုခြင်းကို ပြုလုပ်ပြီးနောက် ဂိုဏ်းချုပ်အားလုံး၏ မျက်နှာများသည်လည်း ပိုကောင်းလာကြသည်။ ရှဲ့ယွင်ထျန်ကို ကြည့်နေသော မျက်လုံးများသည်လည်း အနည်းငယ်ပို၍ သဘောကျလာမှုကို ပြသနေပါပြီ။
ရွေးချယ်စရာ မရှိရင် ကိုယ့်မွေးရပ်မြေကို ဘယ်သူကမှ မစွန့်သွားချင်ကြပါဘူး။ သူတို့နောက်မှာ တန်ခိုးကြီးတဲ့ ဂိုဏ်းတစ်ခု ရှိနေတယ်ဆိုတဲ့ အသိက သူတို့အပေါ် ယုံကြည်မှုတွေ အများကြီး တိုးလာစေခဲ့သည်။
၎င်းတို့သည် သန်မာမှု များစွာမရှိသော ဂိုဏ်းငယ်များသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ တချို့ဂိုဏ်းချုပ်များ၊ တောင်ထွတ်သခင်များ၊ အကြီးအကဲများနှင့်အတူ တိုက်ပွဲတွင် ပါဝင်နိုင်ပြီး အကျဉ်းသားများ၏ တိုက်ခိုက်ခြင်းကို တွန်းလှန်နိုင်သေးသည်။
ကျန်တဲ့ တပည့်တွေနဲ့ ငယ်သားတွေက ဘေးကနေပဲ စောင့်ကြည့်နေနိုင်ပေမယ့် ဒါတွေကလည်း သူတို့အတွက် အစိုးရိမ်ရဆုံးတွေပဲ။ ဘယ်သူက စိတ်မပူဘဲ နေနိုင်မှာလဲ။
ခွန်အားမရှိလျှင် တားမြစ်နယ်မြေရဲ့ လျှိုဝှက်ချက်ကို သိရန် သဘာဝအတိုင်း အရည်အချင်း မရှိပေ။ ယခင် ဂိုဏ်းရှစ်ခုက အမှန်တရားကို အသိပေးခြင်း မပြုမီတွင်း အတွင်းကျကျ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည် မဟုတ်လော။
နောက်ထပ် လျှို့ဝှက်ချက်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။
နောက်ထပ် မသိနိုင်တဲ့ အန္တရာယ်နဲ့ အခက်အခဲတွေရော ရှိနေမလား။
သေခြင်းတရားကို မကြောက်ကြသော်လည်း အဲဒီအချိန်အခါ ရောက်ရင်တော့ ပြေးကြလိမ့်မည်။ ဒါကို သူတို့ စိတ်နှလုံးထဲမှာလည်း ကောင်းကောင်းသိတယ်။ ခက်တာက ဘယ်နေရာကနေ လွတ်မြောက်နိုင်မှာလဲ။
အေးခဲကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကျိုးချွမ်ကတော့ လူအများကို လှည့်စားနေပြီ။ ထိုဂိုဏ်းချုပ်သာမက သူ့လက်အောက်က အကြီးအကဲများသည်လည်း ကောက်ကျစ်စဉ်းလဲပြီး ငယ်သားတွေကပါ ကောက်ကျစ်သောလူများ ဖြစ်ကြသည်။
သူ့ရဲ့နာမည် ကျော်ကြားမှုကြောင့် သူ့ကိုတကယ် လိုက်မယ်ဆိုရင် ကျိုးချွမ်က သူတို့ကို သစ္စာပြန်ဖောက်ပြီး တခြားသူတွေဆီ ရောင်းစားလိုက်ရင်လည်း အခက်တွေ့ရပြီ။
ဒါကြောင့် သူတို့နေနိုင်ရင် ဝမ့်ရှန်းကမ္ဘာမှာပဲ ဆက်နေချင်ကြသည်။ ဒါက ပိုအန္တရာယ်များတယ် ဆိုရင်တောင် အရေးမကြီးပါဘူး။
ဒါပေမဲ့ သူတို့စိုးရိမ်တာက အရာအားလုံးကို တကယ်ပေးဆပ်ပြီးနောက် သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ အဓိပ္ပာယ် ရှိမှာလား ဆိုတာပါပဲ။ သူတို့က သေမှာကို မကြောက်ပေမယ့် သူတို့ရဲ့သားစဉ်မြေးဆက်တွေ အနိုင်ကျင့်ခံရမှာကိုတော့ ကြောက်ရွံ့ကြတယ်လေ။
ထို့ထက်ပို၍ ကြောက်စရာ ကောင်းတာက ယခု ဆန့်ကျင်နေသည့် ဂိုဏ်းကြီး ရှစ်ခုမှာ မှန်ကန်သော အနေအထား မဟုတ်ကြောင်းနှင့် ဂိုဏ်းကြီး ရှစ်ခုကခဘ်း ဆုတ်ခွာသွားနိုင်ကြောင်း သိမြင်လာကြခြင်းပဲ ဖြစ်သည်။
သူတို့က တန်ခိုးကြီးသလို နက်နဲတဲ့ နောက်ခံတွေ ရှိပြီး ဝေးကွာတဲ့ နေရာကိုလည်း အဆက်အသွယ် လုပ်နိုင်ကြ၏။ သူတို့ တပည့်တွေကို အဝေးကို လွှတ်နိုင်ပေမယ့် အဲဒီ ပျင်းရိနေတဲ့ မိမိတို့ဂိုဏ်းရဲ့ တပည့်ငယ်တွေရော ဘယ်လို ဖြစ်သွားမလဲ။
တစ်ယောက်ယောက်က ထွက်သွားပြီးတာနဲ့ မရေမတွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ တပည့်တွေ ရှိတာကြောင့် သူတို့လည်း ပိုအဆင့်မြင့်တဲ့ ကမ္ဘာကို ထွက်သွားချင်မှာပဲ။
စဉ်းစားစရာတွေ များလွန်းလို့ စဥ်းစားရင်း သူတို့လည်း ကြောက်လွန်းလို့ စိတ်ရှုပ်လာကြသည်။
ယခု စိမ်းပြာကောင်းကင်ဂိုဏ်း ကိုယ်စား ရှဲ့ယွင်ထျန်းက ကောင်းကင်နဲ့မြေကြီးကို ကျိန်ဆိုခဲ့ပြီး သေးငယ်သော အလယ်အလတ် ဂိုဏ်းချုပ်များ အားလုံး၏ အာရုံစူးစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။
သူတို့၏ မျက်လုံးများသည် တခြားဂိုဏ်းချုပ်များကို စိုက်ကြည့်ကာ ၎င်းတို့၏ ထွက်ဆိုချက်များကို စောင့်မျှော်နေကြသည်။ ရှဲ့ယွင်ထျန်း တခြားသူများကို ကြည့်လိုက်၏။ ထိုဂိုဏ်းချုပ်များကတော့ ထိတ်လန့်နေကြဆဲ ဖြစ်သည်။
ဘယ်သူကမှ ပညာရှိမဟုတ်ပေ။ လူတိုင်းမှာလည်း ကိုယ်ပိုင် အတွေးအမြင်တွေ ရှိကြပါ၏။ အရေးကြီးတာက အနည်းဆုံး သောင်းချီတဲ့ တပည့်တွေဖြစ်တဲ့ သူတို့ရဲ့ တပည့်တွေဖြစ်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေထဲက တစ်ခုက ဂိုဏ်းတစ်ခုလုံး အပေါ် သက်ရောက်မှုရှိလေသည်။
ကျိန်ဆိုရန် လွယ်ကူသော်လည်း ကျမ်းကျိန်ချက်ကို ထိန်းသိမ်းရန်တော့ ခက်ခဲကေသည်။
ဂိုဏ်းချုပ် ခုနစ်ယောက်၏ တုံ့ဆိုင်းနေသော အရိပ်အယောင်ကို မြင်တွေ့ရသော် ဂိုဏ်းချုပ်ငယ် အားလုံး၏ မျက်လုံးများတွင် စိတ်ပျက်မှုနှင့် မုန်းတီးမှုများက တစ်စတစ်စ သူတို့နှလုံးသားထဲ ပြည့်ကာ ဆူညံလာပြန်သည်။
ကျိုးချွမ်က စင်မြင့်ပေါ်က အမြင့်တွင် ရပ်နေသော လူရှစ်ယောက်ကို ကြည့်ရင်း လှောင်ပြောင်နေလေသည်။ ကျိန်ဆိုဖို့က အရမ်း လွယ်ကူနေတယ်လို့များ ထင်နေလား။ လူတိုင်းက ငတုံး မဟုတ်ဘူးလေ။
"ဟုတ်တယ် ဂိုဏ်းချုပ်ရှဲ့ယွင် ပြောတဲ့စကားအတိုင်း ဒါက ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးအတွက် ဘေးဥပဒ်တစ်ခုပါပဲ။ ဒီဘေးအန္တရာယ်ကို တွန်းလှန်ဖို့ ကျုပ်တို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒီဝမ့်ရှန်းကမ္ဘာက ကျုပ်တို့ ဂိုဏ်းရှစ်ခုရဲ့ ကမ္ဘာပဲ မဟုတ်ပါဘူး... တောင်တန်းနဲ့ ကုန်းမြေပေါ်မှာ နေထိုင်တဲ့ ဂိုဏ်းအားလုံးရဲ့ နယ်မြေပဲ... ကျုပ်တို့တွေ အချင်းချင်း ကြောက်ရွံ့ပြီး တစ်ယောက်ကို တစ်ယောက် ဖိနှိပ်နေမယ့်အစား စည်းလုံးညီညွတ်သင့်တယ်... ကျုပ်တို့ ကောင်းကင်အောင်ခြင်းဂိုဏ်းက ဂိုဏ်းချုပ်ရှဲ့ယွင်ရဲ့ အဆိုပြုချက်ကို လက်ခံပါတယ်"
ဝင်ပြောလာသူက လော့ချောင်ဖုန်းပဲ ဖြစ်လေသည်။ သူက ထရပ်ကာ လူအုပ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ညာလက်ကို မြင့်တင်လိုက်သည်။
"ကျုပ် လော့ချောင်ဖုန်း ဒီနေ့ ဒီကိုရောက်နေပြီ.. ကောင်းကင်အောင်ခြင်း ဂိုဏ်းက ဂိုဏ်းချုပ်ရှဲ့ယွင်လိုပဲ အစွမ်းကုန် လုပ်ဆောင်ပေးမယ်လို့ ကောင်းကင်နဲ့မြေကြီးကို ကျိန်ဆိုပါတယ်... ဂိုဏ်းပေါင်းစုံ၊ မျိုးဆက်သစ်လူငယ်တွေ ရန်သူကို တိုက်ခိုက်ဖို့ ပါဝင်သူတိုင်း ကျုပ်တို့ရဲ့ မိတ်ဆွေဖြစ်ပြီး ကျုပ်တို့ကောင်းကင်အောင်ခြင်း ဂိုဏ်းကနေ အကန့်အသတ်မရှိ ကြိုဆိုပါတယ်... ဒီကတိသစ္စာကို ချိုးဖောက်ခဲ့ရင် ကျုပ် လော့ချောင်ဖုန်းဟာ နှလုံးကို မြှားထောင်နဲ့ချီ ထိုးဖောက်ပြီး သေပါစေ"
"ကောင်းပြီ!"
အောက်ခြေ လူအုပ်ကြီးမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ရှဲ့ယွင်ထျန်း လော့ချောင်ဖုန်းအား ကျေးဇူးတင်စွာဖြင့် စိုက်ကြည့်နေသည်။ အကယ်၍ သူသာ ဒီအတိုင်းပဲ မတ်တပ်ရပ်နေပါက ရယ်မောစရာကြီး ဖြစ်လာလိမ့်မည်။
ကျန့်ဝူဝေါ်လည်း ရှိုက်ကြီးတငင် ပြုံးပြီး ခေါင်းကို ခါလိုက်လေသည်။ ဒီအခြေအနေမှာ သူဘာပြောနိုင်ဦးမလဲ။
သူတို့၏အဓိက ဂိုဏ်းကြီးရှစ်ခုသည် အမှန်တကယ်ပင် အင်အား ကြီးမားသော်လည်း ၎င်းတို့အားလုံးကို စုစည်းကာ အလယ်အလတ်နှင့် သေးငယ်သော ဂိုဏ်းများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ စွမ်းအားသည် တခြားသူများထက် ဆယ်ပုံတစ်ပုံမျှပင် ရှိမည် မဟုတ်ပေ။
ဂိုဏ်းတစ်ခုတွင် နတ်မီးနယ်ပယ် သခင်တစ်ဦး သို့မဟုတ် နှစ်ဦးသာ ရှိကောင်းရှိနိုင်သော်လည်း ထိုဂိုဏ်းများတွင် လူများစွာ ရှိသောကြောင့် သဘာဝအားဖြင့် သခင်များစွာလည်း ရှိသည်။
သူတို့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ဆို သူတို့ဟာ လှောင်အိမ်သခင်တွေ အတွက် လုံးဝ မယှဉ်နိုင်ပါဘူး။ ပုန်းအောင်းပြီး အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ ပင်လယ်သားရဲတွေတောင် ရှိပါသေး၏။ ထိုလူတွေနဲ့ တိုက်ခိုက်ပြီးတာနဲ့ သူတို့ရဲ့ ဂိုဏ်းကြီးရှစ်ခုက ရက်အနည်းငယ် ကြာအောင်တောင် ခုခံနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လူတိုင်းက စည်းလုံးညီညွတ်မယ်ဆိုရင် လှောင်အိမ်သခင်တွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အရေအတွက် အများအပြားမို့ ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။ ၎င်းသည် ထိုပင်လယ်သားရဲများ၏ မကောင်းသော ရည်ရွယ်ချက်များကို ခြောက်လှန့်နိုင်ကာ ဝမ့်ရှန်းကမ္ဘာ၏ ဘေးဥပဒ်ကို ဖယ်ရှားနိုင်လောက်သည်။
ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရချင်လဲ။ ရချင်ရင်တော့ သဘာဝအတိုင်း ပေးဆောင်ရမယ့် စျေးနှုန်းလည်း ရှိလိမ့်မည်။
ကျန့်ဝူဝေါ်လည်း မတ်တပ်ထရပ်လိုက်သည်။
"ကျုပ်လည်း ကျိန်ဆိုတယ်!"
မက်မွန်ပွင့်တောင်ကြားက ဟွားဝူချင်းကလည်း မတ်တတ်ထရပ်လာ၏။
"ကျွန်မလည်း ကျိန်ဆိုပါတယ်"
သူမပြောပြီးတဲ့အခါ ရှုံထျန်းပါ့ကို စိုက်ကြည့်လေ၏။ ရှုံထျန်းပါ့လည်း မတ်တပ်ထရပ်ကာ။
"ကျုပ်လည်း ကျိန်ဆိုပါတယ်!"
ထိုစဥ် ဗုဒ္ဓတစ်ထောင်တောင်က ဆရာတော်ထန်ယီးမှာ လက်အုပ်ချီလျက်။
"ကောင်းပါတယ် ကောင်းပါတယ် ဒါက ကြီးကျယ်တဲ့ ကြင်နာမှုတစ်ခုပါပဲ... ဆရာတော်ကတော့ သဘာဝကျကျကို သဘောတူပါတယ်"
ယခုတွင် ဖီးနစ်အသိုက် နှင့် နဂါရေငွေ့တောင်တို့ တပ်ဖွဲ့နှစ်ခုသာ ကျန်ရှိတော့သည်။
လုံထန်းရှောက်နှင့် ဖုန့်ချောင်မင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက်တွင် ကူကယ်ရာမဲ့သော အရိပ်အမြွက်များက သူတို့မျက်လုံးများထဲ ထွက်ပေါ်လာကာ နှစ်ယောက်စလုံး အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
လက်ရှိအခြေအနေမှာ သဘောထား ကွဲလွဲခွင့်မရှိတော့ပါဘူး။
ရှဲ့ယွင်ထျန်း ရယ်မောလိုက်ပြီး။
"မိတ်ဆွေတို့ အခုလူတိုင်းက ကျုပ်တို့ရဲ့ ရိုးသားမှုကို မြင်ပြီးပါပြီ လူတိုင်း စည်းလုံးနေသမျှတော့ ဘယ်သူပဲလာလာ ငါတို့ရဲ့ အမိမြေကို ကာကွယ်ပြီး ခြိမ်းခြောက်မှု အားလုံးကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ပါတယ်"
အားပေးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အသေးစားနှင့် အလတ်စား ဂိုဏ်းပေါင်းစုံများမှာလည်း အကြီးအကဲများသည် ထုတ်ဖော်မပြနိုင်လောက်အောင် ရွှင်မြူးသွားခဲ့ကြသည်။ ဒါက သူတို့ မျှော်မှန်းထားတဲ့ မကောင်းတဲ့အဆုံးသတ်ထက် အများကြီး ပိုကောင်းတယ် မဟုတ်လား။
ဂိုဏ်း၏ မျှော်လင့်ချက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်းကြောင့် သူတို့သည် တခြားဘယ်ကိစ္စကိုမှ တွန်းအားပေးခြင်း မပြုတော့ပေ။
ဝမ့်ရှန်းကမ္ဘာကို စွန့်ခွာပြီး တခြားနေရာတွေကို သွားဖို့၊ နယ်မြေချဲ့ထွင်ပြီး နယ်မြေတစ်ခုကို ရယူဖို့ ကြိုးစားရာမှာ သွေးထွက်သံယိုနဲ့ ယဇ်ပူဇော်ခြင်းလည်း ပါဝင်နိုင်သလို ဂိုဏ်းကိုတောင် ဆုံးရှုံးသွားရနိုင်ချေ ရှိသည်။