နားမလည်နိုင်သော ကျောက်နံရံ
Vol. 78 Ch. 4.683
ကျိုးချွမ်ကတော့ နှစ်ကြိမ်ခန့် ကဲ့ရဲ့ပြီးနောက် ဘာစကားမှ မပြောတော့ဘဲ လူအုပ်ကြားတွင် ရောနှောသွားတော့သည်။
အနည်းငယ် ဆွေးနွေးပြီးနောက်တွင် ဂိုဏ်းငယ်နှင့် အလတ်စား အသီးသီးမှ ဂိုဏ်းချုပ်ကြီးများသည် သူတို့ဂိုဏ်းများဆီ စာများ ချက်ချင်းပြန်ပို့ကာ ကျန်နေခဲ့သည့် အကြီးအကဲများအား စတင်ပြောင်းရွှေ့ရန် မှာကြားလိုက်သည်။ ပြောင်းရွှေ့ရမယ့် နေရာကတော့ အဓိက ဂိုဏ်းရှစ်ခုအနက်မှ တစ်ခုဖြစ်သည်။
ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချမှတ်ခဲ့ပြီး လုပ်ဆောင်ချက်သည်လည်း မကြုံစဖူး မြန်ဆန်ခဲ့သည်။ ဒါက သေရေးရှင်ရေး ကိစ္စဖြစ်တာကြောင့် ဘယ်သူကမှ မတုံ့ဆိုင်းဝံ့ချေ။
ပင်လယ်နက်ထဲကနေ ဒီရေတွေဟာ အကွာအဝေးမှ ရှေ့သို့ ဆက်လက် ရွေ့လျားနေသည်။ ရက်အနည်းငယ်အတွင်း ဤကမ်းခြေက ရေမြုပ်သွားတော့မှာ ဖြစ်ပြီး မြေဧရိယာ၏ 99% အထိ ဆက်လက်ကျူးကျော် ဝင်ရောက်လာမယ်လို့ မှန်းဆရလေ၏။
ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံး ရေအောက်မှာ နစ်မြုပ်သွားမလား ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။
လူတိုင်းက အဲဒီလို မဖြစ်ပါစေနဲ့လို့ စိတ်ထဲမှ ဆုတောင်းနေရုံပဲ တက်နိုင်သည်။ မဟုတ်ပါက ဝမ့်ရှန်းကမ္ဘာရှိ လူသားများအားလုံး ဆိုးရွားစွာ မျိုးသုဉ်းသွားရလိမ့်မည်။
သာမာန်လူများနှင့် အလွန်ဆင်းရဲသော တပည့်အချို့ပင်လျှင် ရွှေ့ပြောင်းနေထိုင်ရန် အခွင့်အလမ်း မရှိနိုင်တော့ပေ။
အဲဒီအခါ အခြေအနေက ပိုအရေးတကြီး ဖြစ်လာရင် တပည့်တော်တော်များများတောင် စွန့်စားကြလိမ့်မယ်။
……
တစ်ဖက်က လုရွှမ်၏ တစ်ကိုယ်လုံးမှာ အလင်းရောင်နှင့် ပြည့်နေပြီး ယွမ်ယန်ကျင့်စဥ်ဟာလည်း သူလုပ်ဆောင်နိုင်တဲ့ ကန့်သတ်ချက်သို့ ရောက်လုနီးနေပြီ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားလှိုင်းတွေက နေငယ်လေးလို အလင်းရောင်တွေနဲ့ ထုတ်လွှတ်လျက် ရှိသည်။
၎င်းသည် ပတ်ဝန်းကျင်ရှိ ရေများကို ဖယ်ထုတ်ကာ ရေ၏ အပြင်းထန်ဆုံး စွမ်းအားကို စုပ်ယူနေသယောင် ရှိလေ၏။
လုရွှမ်နောက်တွင် ထျန်းရှား၊ ချင်းချန်၊ ဖြူကောင်နှင့် ဟိုင်ရှင်းတို့ဖြစ်သည်။ သူတို့ငါးဦးမှာ လူများကြားတွင် တန်ခိုးအကြီးဆုံး ငါးယောက်ဖြစ်သည်။
လူငါးဦးသည် ပင်လယ်ရေ၏ အပြင်းထန်ဆုံး ရိုက်ခတ်မှုကို ရင်ဆိုင်ကာ အရှေ့တွင် ရပ်နေကြပြီး ၎င်းတို့နောက်တွင်မှ ထျန်းယင်၊ ကျန့်ကျောက်နှင့် ထျန်းရှောင်းတို့ ဖြစ်ကြသည်။ သူတို့၏ အင်အားမှာ အလွန်နိမ့်နေသေး၏။
လုရွှမ်နဲ့ သူ့အဖွဲ့ဟာ သူတို့ရှေ့က ပင်လယ်ရေဖိအားကို မခုခံနိုင်ခဲ့ဘူးဆိုရင် သူတို့လည်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘဲ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အပိုင်းပိုင်း ကွဲသွားလိမ့်မည်။
သို့သော်လည်း အထူးသဖြင့် အပျော့ဆုံးနှစ်ယောက်ဖြစ်သည့် ထျန်းရှောင်းနှင့် ထျန်းလင် တို့သည် မဟာသူတော်စင် အဆင့်သို့သာ ရောက်ရှိထားကြသေးသည်။ ဤအခိုက်တွင် ဒွဟခုနစ်ပေါက်သည် သွေးများထွက်ကျနေတာကြောင့် အသက်ရှုကြပ်လွန်းလို့ အလွန်အမင်းလည်း ရှက်ရွံ့နေကြသည်။ နောက်ထပ် လှိုင်းလုံးရိုက်ခတ်မှု တစ်ခုသာ ဖြစ်လာပါက သည်းမခံနိုင်တော့ဘဲ ခန္ဓာကိုယ်က ပေါက်ကွဲကာ သေဆုံးသွားလိမ့်မည်။
လုရွှမ်သည် ယခု ပင်လယ်အောက်ခြေက ဘယ်လောက် နက်သလဲ မသိသည့်အပြင် ပင်လယ်ရေ၏ နောက်ပြန် စီးဆင်းမှုက ဘယ်လောက် ပြင်းထန်ဦးမလဲ ဆိုတာလည်း သူမသိပေ။
ဒါပေမဲ့ သူ့နောက်က လှောင်အိမ်ရဲ့ အသံဟာ ပြိုကျရုံတင်မကဘဲ ဒီပင်လယ်ရေတွေရဲ့ အန္တရာယ်က ကျောက်နံရံတွေကိုတောင် ဖြိုခွဲနေခဲ့တာကိုတော့ အသေအချာ သိပါ၏။
ပင်လယ်ရေက အဓိကအားဖြင့် ကျောက်နံရံကို ရိုက်ခတ်ပြီးမှ အင်အားရဲ့ အစိတ်အပိုင်းအနည်းငယ်ကသာ သူတို့ကို လာထိတာ ဖြစ်လေသည်။ မဟုတ်ရင် ပင်လယ်ရေရဲ့ ရိုက်ခတ်မှုက ကျောက်နံရံတွေကိုတောင် ဖြိုခွဲနိုင်တဲ့အတွက် သူတို့လည်း ခံနိုင်ရည်ရှိမှာ မဟုတ်ချေ။
"အကြီးအကဲတို့ ခင်ဗျားတို့လည်း ဝင်လှုပ်ရှားသင့်တယ်နော်... မဟုတ်ရင် ကျွန်တော်တို့လည်း သည်းမခံနိုင်လောက်ဘူး လှောင်အိမ်တောင် မခံနိုင်တော့ဘူးလေ... ကျွန်တော်တို့အားလုံး အတူတူ အမြှုပ်ခံရလိမ့်မယ်.."
လုရွှမ် သူ့စိတ်ထဲက မုန်းတီးမှုများဖြင့် အော်ဟစ်လိုက်သည်။
ရှေ့တွင် ထူးဆန်းသော အဘိုးအိုသည် နောက်ပြန်လှည့်ရန် မရည်ရွယ်ဘဲ ရေထဲတွင် အလွယ်တကူ ပျံဝဲနေသည်။ ဟွမ်ရီးနှင့် ကောင်းလျှိုတို့ကလည်း ဘေးကနေ လုံးလုံးလျားလျား ကြည့်နေ၏။
ပင်လယ်ရေ၏ သက်ရောက်မှုကို ခံနိုင်ရည်ရှိရန် မလိုအပ်ပေ။ လုရွှမ်တို့သည် ၎င်းတို့ကို ကာကွယ်ထားပေးတာကြောင့် ပျံဝဲရတာ ပိုမိုလွယ်ကူစေသည်။ သူက ဖြူကောင်ကိုတောင် ကဲ့ရဲ့ပြီး သူ့နောက်က လိုက်ခိုင်းလိုက်သေး၏။
သို့သော် ဖြူကောင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး လုရွှမ်တို့နှင့်အတူ ဆက်လက် ခုခံနေခဲ့သည်။ လုရွှမ် သူတို့နှစ်ယောက်ကို ပိုလို့တောင် မုန်းတီးသွားမယ်လို့ သူ ခံစားနေရပြီ။ အဲ့ဒီလူယုတ်မာ နှစ်ယောက်ကတော့ သူတို့ထွက်သွားပြီးရင် မသေဘူးဆိုရင်တော့ သူကိုယ်တိုင်ပဲ အဲဒီနှစ်ယောက်ကို သေလမ်း ပို့ပေးလိုက်တော့မည်။
လုရွှမ် သူ့လက်ထဲမှာရှိတဲ့ ဓားရှည်တွေကို ပိုလို့တောင် မုန်းတီးသွားလေသည်။ အခုအချိန်မှာ သူတို့မှာ စွမ်းအားမရှိတော့ဘူးလို့ မယုံပေ။ ယခင်က လျှို့ဝှက်ဆန်းကြယ်သော ကျောက်နံရံတွင် သူ့အား ခြိမ်းခြောက်လာသည့် ရောင်ဝါများသည် နတ်မီးနယ်ပယ်က သာမန်သခင်များထက် မနည်းလှပေ။
ဒီရေစီးကြောင်းတွေကို တွန်းလှန်ဖို့က သူတို့အတွက် ခွန်အားအများကြီး ထုတ်စရာ မလိုပါ။ သူတို့ကိုယ်တိုင်ကိုက မလှုပ်ရှားချင်နေတာပဲ။
"ကောင်လေး မင်းဘာလို့ ဒီလူတွေကို ဂရုစိုက်နေတာလဲ? သူတို့က အငယ်တန်းတွေပဲလေ"
"ဟုတ်တယ် ငါတို့ရဲ့ စိတ်ဝိညာဉ်တွေက ဓားဝိညာဉ်တွေလို ဖြစ်သွားပြီ.... ရှည်လျားတဲ့ဓားရဲ့ စွမ်းအားက သဘာဝအတိုင်း တိုးလာကြတာ ဒါပေမဲ့ ငါတို့ကို လှုပ်ရှားခိုင်းရင်တော့ ငါတို့ရဲ့ စိတ်ဝိညာဉ်တွေ ပျက်စီးသွားလိမ့်မယ်... ဒါကြောင့် ကူညီဖို့က တကယ်ကို ခက်ခဲတယ်ကွ"
"ဒါပေမဲ့ ကောင်လေး မင်းအပေါ်တော့ ငါ အကောင်းမြင်ပါတယ်... မင်းရဲ့ ပင်ကိုယ်စွမ်းရည်၊ ခွန်အားနဲ့ ကံကောင်းမှုတွေကြောင့် မင်း ဒီဘေးအန္တရာယ်ကို ဘေးကင်းကင်း လွတ်မြောက်နိုင်မယ်လို့ ငါယုံကြည်တယ်"
လုရွှမ် သူ့စိတ်ထဲမှ လှောင်ပြောင်နေလိုက်သည်။ ဤလူယုတ်မာတွေ သူတို့ရဲ့ အကူအညီကို မပေးချင်တာက လုရွှမ်ကို အမှန်တကယ် အံ့သြသွားစေ၏။
ယုတ္တိဗေဒအရ ပြောရရင် ဒါက သူတို့အတွက် ကိတ်မုန့်တစ်ဖဲ့လေး လောက်ပဲ ရှိလေသည်။ ဒါပေမဲ့ သူတို့က ပြတ်ပြတ်သားသား ငြင်းဆိုလာခဲ့သည်။ ဒီရေစီးကြောင်းက သူတို့အတွက် အလွန်အန္တရာယ် ဖြစ်စေနိုင်လို့လား။
သူ ရှင်းချန်နှင့် စကားမပြောဝံ့တော့ပေ။ ရှင်းချန်လိုပဲ ဤလက်နက်များဟာ များသောအားဖြင့် သူ့ခန္ဓာကိုယ်တွင် ကပ်ထားလျက် ရှိသည်။
ဒါပေမဲ့ ဒီလူတွေကို အရမ်း ကြောက်စေတာက ဘာများလဲ။ သူသာ ဒီလူတွေကို အခုချက်ချင်းသတ်နိုင်ခဲ့ရင် လုရွှမ် လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ပေ။
အရင်တုန်းကတော့ လုရွှမ် ကံကောင်းခဲ့ပါသည်။ ဒီလူတွေလို လှောင်အိမ်ထဲမှာ ထောင်သွင်း အကျဉ်းချခံရပြီးနောက် ကံကောင်းမှုတွေ ပျောက်သွားတာက ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ။
ယခုတော့ လုရွှမ်သည် ကြီးကျယ်သော ကောင်းမှု၊ မကောင်းမှု မရှိကြောင်း၊ သူ့အတွက် ကံကောင်းခြင်းနှင့် ကံမကောင်းခြင်းသာ ရှိကြောင်း လုံး၀ နားလည်သွားလေပြီ။
ဒီလူတွေက ဘယ်လို ရုန်းထွက်ရမလဲ ဆိုတာကို တွေးနေကြတာပဲ။ အခုကိစ္စက ကောင်းမှု မကောင်းမှု ဘာမှမဆိုင်ဘူး။ ရှင်သန်ခြင်းနဲ့ ပတ်သက်နေတယ်လေ။
ငြိမ်သက်သွားပြီးနောက် လုရွှမ်သည် ကြီးမားသော အင်အားကို တွန်းလှန်ရန် သူ၏ ခွန်အားရှိသမျှကို အသုံးပြုကာ သူ့ပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။
သူ့ရှေ့မှာ ပရမ်းပတာ ဖြစ်နေပြီ။ သူတို့ပတ်ဝန်းကျင်မှာ ပင်လယ်ရေကလွဲရင် ဘေးချင်းကပ်နေတဲ့ ကျောက်နံရံတွေပဲ ရှိသေး၏။ သို့သော်လည်း ပင်လယ်ရေမှ ဖန်တီးထားသော ကွာဟချက်သည် အလွန်ကြီးမားနေပြီ ဖြစ်သည်။
ကျောက်နံရံသည် ကြည်လင်ပြီး အလင်းရောင် ခပ်ဖျော့ဖျော့ဖြင့် ထွန်းလင်းနေသည်။ တခြားနေရာများရှိ ကျောက်နံရံများနှင့် မတူပေ။
'ဟင် မဟုတ်သေးဘူး!'
အနည်းငယ် ပိုတောက်ပနေတဲ့ ဤနေရာက ကျောက်နံရံ အပိုင်းအစတွေဟာ ပျောက်ဆုံးနေပုံရသည်။ လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် အံ့မခန်းဖြစ်လာပြီမို့ သူ၏သတိနှင့် စေ့စေ့စပ်စပ်မှုမှာ သာမန်ကျင့်ကြံသူများထက် များစွာသာလွန်နေပေပြီ။
ယခင်က ကျောက်နံရံကို ပြန်စဥ်းစားကြည့်လိုက်ရာ ဘေးပတ်လည်က ကွက်လပ်ကို ပိတ်ဆို့ရန် ဤနေရာတွင် အနည်းဆုံး ကျောက်နံရံ နှစ်ပိုင်းရှိသင့်လေ၏။
ဒါပေမဲ့ အဲဒီကျောက်နံရံ နှစ်ခုကရော။ အခု ဖြစ်နိုင်ခြေအရှိဆုံးက အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားလောက်ပြီ ဆိုတာပါပဲ။ သို့သော် လှောင်အိမ် တစ်ခုလုံးနှင့် ပတ်သက်ပြီး ကြည့်ရလျှင် ဖောက်ထွက်ရန် အလွယ်ဆုံးနေရာက ဘယ်မှာလဲ။
'ဟုတ်တယ် တံခါးက ဘယ်မှာလဲ?'
တခြားနေရာတွေက တဖြည်းဖြည်းနဲ့ တိုက်စားသွားပေမယ့် ဒီလမ်းကြောင်းမှာတော့ ပင်လယ်ရေက အပေါက်ပွင့်ထားသလိုမျိုး အစကတည်းက တဟုန်ထိုး တိုးဝင်လာနေလေသည်။
အပေါက် ပွင့်ထားတယ် ဆိုရင် အဲဒီဓားရှည်ထဲက ဝိညာဉ်တွေက အရမ်းပျော်နေသင့်တယ်လေ။ ဘာလို့ကြောက်နေတာလဲ။
အဲဒီတံခါးမှာ ကာကွယ်ရေး အခင်းအကျင်း တစ်ခုခုများ ရှိနေတာလား။ သူသာဆိုရင်လည်း ဒီလိုပဲ လုပ်မှာပဲ။
သူတို့ကို ဖြိုခွင်းချင်တဲ့ ကျောက်နံရံမှာ သူတို့ကို တားဆီးထားတဲ့ တစ်ခုခုတော့ ရှိရမယ်။