← Chapters

နိယာမစွမ်းအင်

Vol. 78 Ch. 4.684

နိယာမစွမ်းအင်

Vol. 78 Ch. 4.684

ဒါကို အတည်ပြုပြီးနောက် လုရွှမ်သည် ပင်လယ်ရေများ စိမ့်ဝင်နေသော ကမ်းပါးနှစ်ဘက်ရှိ ကျောက်နံရံများကို စေ့စေ့ကြည့်နေလိုက်သည်။

မကြာခင်မှာပဲ သဲလွန်စတစ်ခု ပေါ်ထွက်လာတော့သည်။ တခြားကျောက်နံရံတွေက ပြိုကျနေပြီးဖြစ်ကာ အချိန်မရွေး ရေထဲကို ပြေးဝင်သွားတော့မလို ​ဖြစ်နေသည်။ သို့သော် သူတို့ရဲ့ ဘယ်ညာမှာ ကျောက်နံရံတစ်ခုစီ ရှိနေသေးသည်။ အဲဒါတွေက သိပ်မကြီးပေ။ တစ်ပေခန့်သာရှိသည်။ စတုရန်းပုံသဏ္ဌာန် ရှိသော်လည်း လုံး၀ ကွဲပြားသည်။ သူတို့က ရေထဲမှာ အလွန်သပ်ရပ်စွာ ရပ်တန့်နေကြလေ၏။

ပင်လယ်ရေက ကျောက်နံရံကို ရိုက်ခတ်သွားပေမယ့် ၎င်းတို့ကို ထိခိုက်မှု မရှိချေ။

လုရွှမ်သည် နေမျက်လုံးကို လျင်မြန်စွာ ဖွင့်လိုက်သည်။ လက်ရှိအခြေအနေတွင် နေမျက်လုံးကို ဖွင့်ခြင်းက ယွမ်ယန်စွမ်းအင်ကို သုံးစွဲသော်လည်း ထိုလူများကို ထိန်းထားနိုင်လျှင်ပင် ထိုက်တန်နေချေပြီ။

လုရွှမ်၏ ခွန်အားက ပေါ့ပါးသွားတာကြောင့် ကျန်လေးယောက်အပေါ် ဖိအားများက ရုတ်တရက် တိုးလာ​လေသည်။

"လုရွှမ် မင်းဘာလုပ်နေတာလဲ?"

ချင်းချန် အော်လိုက်သည်။ လုရွှမ်ရဲ့ဘေးမှာ သူမ ရှိနေတာကြောင့် ကြီးမားတဲ့ဖိအားတွေက သူမအပေါ်မှာလည်း ရှိနေပါပြီ။ အခုအချိန်မှာတော့ လုရွှမ်ရဲ့ ဖိအား အစိတ်အပိုင်း အနည်းငယ်က သူမဆီ လွှဲပြောင်းပေးသလို ဖြစ်သွားတာကြောင့် ဖိအားက ယခင်ကထက် ပိုပြင်းထန်လာသည်။

လုရွှမ် စကားမပြောဘဲ ပူလောင်နေသော မျက်လုံးများဖြင့်သာ ကျောက်နံရံနှစ်ခုကို စိုက်ကြည့်နေသည်။

ပထမတော့ ဘာမှမတွေ့ချေ။ ၎င်းတွင် မြေကြီးနိယာမနှင့် ဆင်တူသော နိယာမစွမ်းအင် တချို့လည်း ရှိသည်။ သို့သော် လုရွှမ် ကျောက်နံရံနှစ်ခုရှိ နိယာမစွမ်းအင်လိုင်းများကို အမှတ်တမဲ့ ယှဉ်ကြည့်ကာ ခြားနားချက်ကို ချက်ချင်း တွေ့သွားခဲ့သည်။

ကောင်းကင်စာအုပ်ထဲမှ သူ တွေ့မြင်ခဲ့ရသည့် အရာများမှာ ရှင်းရှင်းလင်းလင်း ရှိ​နေသော်လည်း ကွာခြားချက်မှာ ဤနေရာရှိ နိယာမစွမ်းအင်လိုင်းများက ပိုအသေးစိတ်ပြီး မှန်ကန််တယ်လို့ ခံစားနေရလေသည်။

အခင်းအကျင်း ကောင်းကင်စာအုပ်ထဲတွင် သူတွေ့ခဲ့သည့် အရာအချို့နှင့် ကွဲလွဲမှုတချို့လည်း ရှိ​နေသည်။ ဒါပေမဲ့ ဒီအခင်းအကျင်း ဖွဲ့စည်းပုံတွေက မှားနေတာတော့ မဟုတ်ခေ

"ဆရာတူညီလေး ထျန်းချိုင်!"

သူ့ဘေးနားတွင် အသံတစ်ခု ထပ်ထွက်လာသော်လည်း ၎င်းက ကျန့်ကျောက် ဖြစ်​​နေသည်။

လုရွှမ် အသိစိတ် ပြန်ဝင်လာစဥ် ယွမ်စွမ်းအင်ဖြင့် ဖိအားကို တွန်းလှန်ရန် ကူညီပေးခဲ့သူမှာ ထျန်းယင် ဖြစ်နေတာကို တွေ့လိုက်ရသော်လည်း သူမခွန်အားမှာ နောက်ကျ ကျန်နေသေးသည်။ ထို့ကြောင့် ခုခံနိုင်သည့် နေရာတိုင်းတွင် သွေးသုံးလုတ်ကို ဆက်တိုက် ထွေးထုတ်လိုက်သည်။

လုရွှမ် ကျောက်နံရံရှိ နိယာမစွမ်းအင် လိုင်းတွေအပေါ် နှစ်မြှုပ်မနေဝံ့​တော့ဘဲ ဖိအားကို သိမ်းပိုက်ရန် သူ့​စွမ်းအင်ကို လျင်မြန်စွာ အသုံးပြုလိုက်သည်။ ကျန့်ကျောက်လည်း ထျန်းယင်ကို လျင်မြန်စွာ ထောက်ကူပြီး ဆေးတစ်လုံး တိုက်ကျွေးလိုက်သည်။

"အဆင်ပြေပါတယ် ကျွန်မခွန်အားက အရမ်းအားနည်းနေသေးလို့ပါ!"

လုရွှမ်ရဲ့ နေမျက်လုံးများထဲက အလင်းမှုန်များ ပျောက်ကွယ်သွားပြီး ကျောက်နံရံသည်လည်း မူလပုံစံအတိုင်း ပြန်ဖြစ်သွား​ပြီ။ လုရွှမ်မှာ နှမြောစရာကောင်းသလို ခံစားလိုက်ရ၏။ သူသာ တတ်နိုင်လို့ ခဏလောက် စောင့်ကြည့်လိုက်ရင် အများကြီး အမြတ်ရလိမ့်မယ်။

ကံမကောင်းစွာနဲ့ပဲ အဲဒီလိုအခွင့်အရေးက မရှိတော့ချေ။

"အမ်! ဒီအခင်းအကျင်းက?"

လုရွှမ် ဝမ်းသာလွန်းလို့ မြန်မြန် လှည့်အော်လိုက်သည်။

"ဆရာတူအကိုကြီး ကျွန်တော့်ကို ကူပေး!"

ကျန့်ကျောက် လျင်မြန်စွာ ရှေ့ကို တိုးလာခဲ့သည်။ လုရွှမ် အာရုံပျံ့လွင့် ​နေချိန်ကတည်းက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့မှန်း သူသိလိုက်သည်။

လုရွှမ် သူ့လက်ဖဝါးများကို ဝှေ့ယမ်းလိုက်ပြီး ကျောက်နံရံပေါ်တွင် သူမြင်လိုက်ရသော ပုံစံများအတိုင်း ယွမ်စွမ်းအင်ကို လှည့်ပတ်လိုက်ရာ နိယာမစွမ်းအင် ပြေးလွှားမှုများက တဖျပ်ဖျပ်တောက်လျက် လူတိုင်းအပေါ်သို့ တဖြည်းဖြည်း ​ဖြာကျသွားသည်။

လုရွှမ်ရဲ့အသံက လူတိုင်းရဲ့နားထဲသို့ ပဲ့တင်ထပ်လာ၏။

"မတွန်းလှန်နဲ့... ငါ့စိတ်နောက်ကို လိုက်ပြီး စွမ်းအားတွေကို ဖြန့်ကျက်ထားကြ!"

နိယာမစွမ်းအင် နောက်တစ်ခုက သူတို့ခန္ဓာကိုယ်ပေါ် ကျလာပေမယ့် ရှင်းရှင်းလင်းလင်း မမြင်ရဘဲ သူတို့ပေါ်ကျလာတဲ့ တစ်ခုခု ရှိနေကြောင်း ခံစားလိုက်ရသည်။

ထူးဆန်းတာက အဲဒီစွမ်းအားတွေ သူတို့ခန္ဓာကိုယ်ပေါ် ကျရောက်လာတာနဲ့အမျှ သူတို့ရဲ့ခန္ဓာကိုယ်အပေါ်က ဖိအားက ပိုနည်းသွားတယ်လို့ ခံစားလိုက်ရပေ၏။ သက်ရောက်မှုက သိပ်မများပေမယ့် အံ့သြစရာတော့ ကောင်းနေတုန်းပင်။

သူတို့ထွက်ပေါက်ကိုနိုင်နေပြီ။ သို့သော်လည်း ရေလှိုင်းက အရမ်းပြင်းထန်နေတာတော့ သနားစရာ ကောင်းလှသည်။ သူတို့သည် ရေလှိုင်း၏ တိုက်ရိုက် သက်ရောက်မှုကို ခံနိုင်ရည် မရှိကြသေးလို့ ထိုသို့ရောက်လျှင်ပင် အလျင်စလို ထွက်နိုင်မည် မဟုတ်ပေ။

လုရွှမ် နိယာမစွမ်းအင်များကို မကြာခဏ ဖြန့်ကျက်ကာ ပြေးနှုန်းများကို ဆက်တိုက် မြင့်တင်နေသည်။

ချင်းချန်သည် အမြင့်ဆုံး စွမ်းအားရှိပြီး နတ်မီးနယ်ပယ်၏ အထွတ်အထိပ် ကာလသို့ ရောက်နေပြီ ဖြစ်သည်။ မူလခွန်အားကို ပြန်လည်ရရှိရန် ဝေးနေသေးသော်လည်း အခုသူမရဲ့ အားထုတ်ထားသော စွမ်းအားမှာလည်း အထင်ကြီးစရာပင်။ လူတိုင်း ဤနေရာသို့ရောက်လာအောင် ချင်းချန်သည် ခွန်အားကို အများဆုံး ထုတ်ပေးသူဟု ဆိုနိုင်ပါသည်။

ဤအခိုက်အတန့်တွင် အနည်းငယ် အနားယူခြင်းက သူမအတွက် ကြီးမားစွာ သက်သာရာရစေသည်။ သူမသည် လုရွှမ်ကို ကြည့်လိုက်သော်လည်း သူ့နည်းလမ်းကို လုံးဝ မမြင်နိုင်တော့ချေ။

စိတ်ထဲမှာ ဝမ်းသာပြီး ထိတ်လန့်တကြားလည်း ဖြစ်သွားသည်။ ဒီအငယ်တန်း လုရွှမ်ကို သူမ ပိုသဘောကျမိသွားကာ ဂိုဏ်းက တကယ်ပဲ အမွေဆက်ခံသူ ရှိလာပြီဟု တွေးလာမိသည်။

လုရွှမ် မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး ပြေးလွှားနေသော နိယာမစွမ်းအင် လိုင်းများကို တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ လူတိုင်း ထိုအရာတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေပြီ။ ပါးလွှာသော နိယာမစွမ်းအင်တွေက သူတို့ ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင် ခပ်ဖျော့ဖျော့ဖြင့် စီးဆင်းနေသည်။

နိယာမစွမ်းအင်လိုင်းတွေက အလွန်ပါးလွှာသော်လည်း ၎င်းတို့သည် ပင်လယ်ရေ၏ သက်ရောက်မှု အများစုကို ပိတ်ဆို့နိုင်ပြီး သူတို့အား ခဏတာ ပိုမိုသက်တောင့်သက်သာ ဖြစ်စေသည့် မှော်ဆန်​သော နိယာမစွမ်းအင် ဖြစ်​လေသည်။

ယခုဆိုလျှင် ထျန်းရှောင်းနှင့် ထျန်းလင်တို့ပါ ပင်လယ်ရေ၏ ဖိအားကို ခံနိုင်ရည် ရှိ​နေကြလေ​ပြီ။

"ညီလေးထျန်းချိုင်... ဒါက ဘယ်လို နိယာမစွမ်းအင်မျိုးလဲ အံ့သြစရာ ကောင်းလိုက်တာ"

ကျန့်ကျောက်က အော်လိုက်သည်။ လုရွှမ် ပြုံးပြလိုက်၏။ သူ့စိတ်ထဲတွင် ကျန့်ကျောက် ဒီလိုမေးတော့မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားပြီးသားပါ။

"မသိဘူး ရုတ်တရက် သဘောပေါက်လိုက်တာ"

သူသည် တွန့်တိုခြင်း မဟုတ်သော်လည်း ယခုအချိန်တွင် ရန်သူများက သူ့အနီးအနားတွင် ရှိနေသည်။ ထိုလက်နက်များ အတွင်းမှ ဝိညာဉ်များ သတိပြုမိသွားမှာကို စိုးရိမ်သောကြောင့် ကျောက်နံရံနှစ်ခုကို အကြာကြီး မကြည့်နိုင်တော့ပေ။

"ညီလေးထျန်းချိုင်ကတော့ တကယ့်ကို ထူးထူးခြားခြား ပါရမီရှင်တစ်ယောက်ပဲဟေ့!"

ကျန့်ကျောက်ကတော့ သူ့ထက်ပင် ပျော်ရွှင်စွာ အော်လိုက်သည်။

ထျန်းရှားကလည်း သူ့ကို ယုံကြည်သည်။ သူမသည် လုရွှမ်နှင့် ထပ်ခါထပ်ခါ နှိုင်းယှဉ်ပြီးနောက်မှ အနိုင်ယူန်ိုင်ခဲ့ကြောင်း သူမဘာသာ သိလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ လုရွှမ်လောက် မအောင်မြင်နိုင်သောကြောင့် လုရွှမ်၏ ထပ်ခါတလဲလဲ အံ့ဖွယ်အမှုထဲမှ မိမိဘာသာ နှုတ်ထွက်ခဲ့သည်။

"ဟမ့် ငါနင့်ကို မကျော်နိုင်ရင်တောင် အမှီလိုက်​ပြမယ်!"

သူမစိတ်ထဲမှာ ရုတ်တရက် ပေါ်လာတဲ့ အတွေးတစ်ခုကို တွေးရင်း ထျန်းရှား မျက်ရည်တောင် မထိန်းနိုင်တော့ပေ။

လူအုပ်ကြီးက အရှိန်ပြင်းပြင်းနဲ့ ပြေးနေကာ မကြာခင်မှာပဲ ကောင်းလျှိုနဲ့ ဟွမ်ရီးတို့ကိုပါ ကျော်တက်သွားပြီး သူတို့ကို ထိတ်လန့်သွားစေခဲ့၏။

အရင်က ထိန်းမနိုင်သိမ်းမရ ဖြစ်​​နေပုံပေါ်တယ် မဟုတ်လား? အခုမှ ဘာလို့ အရမ်း​တွေ တက်ကြွနေတာလဲ။ ရတနာတစ်ခု တွေ့လို့လား။

သူတို့နှစ်ဦးသည်လည်း ခွန်အားကို လျင်မြန်စွာ စုဆောင်းကာ ဖိအားကိုထိန်းရန် ကြိုးစားသော်လည်း မျက်နှာများသာ နီမြန်းသွားကြသည်။ ဒီအတိုင်းသာ ဆက်သွားပါက ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။

"ဟဲဟဲ ကောင်လေး မင်းက အရမ်းတော်တယ်လို့ ငါပြောသားပဲ... မင်း ဒါကိုတောင် သိအောင်လုပ်နိုင်တယ်"

"ကောင်လေး မင်းက အရမ်းတော်တယ်... မင်းရဲ့ အရည်အချင်းနဲ့ ပတ်သက်ရင် ငါတို့အစ်ကိုကြီးတွေတောင် မင်းလောက် မတော်ဘူး"

……

သူ့ရင်ခွင်ထဲက ထောင်ကျနေသော ဝိညာဉ်များသည် တစ်ယောက်ပြီး တစ်ယောက် မော့ကြည့်ရင်း အော်ဟစ်နေကြသည်။ လုရွှမ် တည်ငြိမ်စွာ ပြုံး​ပြလိုက်ကာ သူ့စိတ်ထဲတွင် ထိုနိယာမပုံစံများ အကြောင်းသာ ဆက်တွေးနေလေသည်။

သူတစ်ခါက မြင်ဖူးတဲ့ လေပြင်းနိယာမကိုသာ နားမလည်ခဲ့ရင် ကျောက်နံရံမှာ ထွင်းထားတဲ့ အကြောင်းအရာကိုလည်း အလွယ်တကူ မှတ်မိနိုင်မှာ မဟုတ်ပါဘူး။

လုရွှမ်မှာ ထူးခြားတဲ့ အရည်အချင်းရှိပြီး တစ်ချို့အရာတွေကို မှတ်မိသလောက် နားလည်လေသည်။ နားမလည်နိုင်တဲ့ အရာတွေဆိုရင် စာရွက်အလွှာက ပိတ်ဆို့သွားသလို အနည်းငယ်တော့ ရှုပ်ထွေးနေပါသေးသည်။ သို့သော် သူချက်ချင်း​တော့ နားလည်နိုင်၏။

ဤကျောက်နံရံ၊ ဤလှောင်အိမ်တို့နှင့် ပတ်သက်ရင်တော့ လုရွှမ်မှာ အံ့သြဖွယ်ကောင်းတဲ့ ခန့်မှန်းချက်တစ်ခု ရှိနေပြီ ဖြစ်သည်။

All Chapters