ကောင်းကင်စာအုပ်
Vol. 78 Ch. 4.685
ထိုကျောက်နံရံနှစ်ခုကို ကျပန်းထွင်းထုထားတာ မဟုတ်သည်မှာ သေချာပေသည်။ ဤလှောင်အိမ်၏ ကျောက်နံရံကိုပင် ကျပန်း ထွင်းထုထားတာ မဟုတ်ချေ။ သူ့ခန့်မှန်းချက်သာ မှန်ပါက ဤလှောင်အိမ်သည် ကောင်းကင်အခင်းအကျင်း စာအုပ်ဖြစ်နိုင်သည်။
ဒါကြောင့်သာ ဒီလောက် ပြင်းထန်သော အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်တာပင်။
အခင်းအကျင်းကလည်း အပိုင်းအစ တစ်ခုမျှသာ မဟုတ်ဘဲ အပိုင်းများစွာ ရှိနိုင်ပြီး ဤလှောင်အိမ်သည် ၎င်းတို့အနက်မှ တစ်ခု သို့မဟုတ် နှစ်ခုမျှသာ ဖြစ်နိုင်သည်။
တစ်နည်းဆိုရသော် ထိုလူများသည် ကောင်းကင်အခင်းအကျင်း စာအုပ်ထဲတွင် အကျဉ်းချ ခံခဲ့ရသောသူများ ဖြစ်လေသည်။ ဒါက ကျောက်နံရံရဲ့ ပိုင်ရှင်လည်း ပါဝင်ကောင်း ပါဝင်နိုင်သည်။ သူခန့်မှန်းနိုင်တဲ့ အချက်အလက်က အနည်းငယ်သာ ရှိတဲ့အတွက် လုရွှမ်လည်း မှန်လား မှားလားဆိုတာတော့ မပြောတတ်သေးချေ။
သူသည် ကောင်းကင်အခင်းအကျင်း စာအုပ်ထဲက ဉာဏ်အလင်းကို အမှတ်တမဲ့ ရရှိခဲ့သောကြောင့် ကျောက်နံရံထဲက ရင်းနှီးသော အရာတစ်ခုကို တွေ့တွေ့ချင်း နားလည်ခဲ့တာ ဖြစ်သည်။
လူတိုင်း၏ ခံယူချက်သည် ကျောက်နံရံပေါ်တွင် အမှန်တကယ် ရေးထားသည်နှင့် သဘာဝအတိုင်း ကွဲပြားပါသည်။ အမှန်တော့ လူတစ်ဦးမြင်သော အရာသည် လူတစ်ဦးတစ်ယောက်၏ အမြင်သာ ဖြစ်သောကြောင့် အခင်းအကျင်းကောင်းကင်စာအုပ်ထဲရှိ အရာများ အားလုံးသည် မှားနေမည် မဟုတ်ပေ။
ကျောက်နံရံကနေ သူနားလည်ထားသမျှကလည်း မမှန်နိုင်ပါဘူး။ မတူတဲ့လူတွေက မတူကွဲပြားတဲ့ အရာတွေကိုပဲ နားလည်ကြတယ် မဟုတ်လား။
သို့သော် အမြင်နှစ်ခုကို ပေါင်းစပ်လိုက်လျှင် ဤသည်မှာ လုရွှမ် ရှာဖွေတွေ့ရှိခဲ့သော တွန်းအားပေးမှု အခင်းအကျင်းပုံစံ ဖြစ်သည်။
စီးဆင်းနေသောရေ၏ သက်ရောက်မှုသည် အလွန်အားကောင်းနေပြီ ဖြစ်သော်လည်း လုရွှမ်သည် လူတိုင်းအပေါ် သက်ရောက်နေသော စွမ်းအားကို သက်သာစေသော နိယာမစွမ်းအင်များကို ထုတ်လွှတ်ထားသည်။ လူများလေ အင်အား ကြီးလေ၊ ဖိအားကို ဖယ်ရှားနိုင်လေ ဖြစ်သည်။
လုရွှမ်သည် လှောင်အိမ်သခင်၏ အခင်းအကျင်း ဖွဲ့စည်းပုံကို ယောင်ဝါးဝါး ခံစားခဲ့ရသော်လည်း ကံမကောင်းစွာပဲ သူထိုအရာကို လောလောဆယ် နားမလည်နိုင်သေးပေ။ သူနောက်ထပ် ကြည့်နိုင်လျှင် နားလည်မှုအသစ်တစ်ခု ရနိုင်ပေလိမ့်မည်။
အခု လှောင်အိမ်က ပြိုကျနေပြီမလို့ ကြည့်နေလို့လည်း အများကြီး အသုံးမဝင်တော့ပါ။ သို့သော် ထိုလက်နက်များထဲက ဝိညာဉ်များကို ခြောက်လှန့်နိုင်ဆဲ ဖြစ်သောကြောင့် အဟန့်အတားများစွာ ရှိနေလောက်သေးသည်။
လူအုပ်စုသည် ရှေ့သို့ ဆက်လက် ချီတက်လာကာ ဟွမ်ရီးနှင့် ကောင်းလျှိုတို့ကိုလည်း ၎င်းတို့နောက်သို့ ဆွဲထုတ်နေပြီ ဖြစ်သည်။ အထူးသဖြင့် ကြောင်လေးတို့မှာ ဘယ်လောက် မပျော်နေလဲ ဆိုတာ မပြောပြတတ်အောင် ဖြစ်နေ၏။
ထိုသူတို့နှစ်ယောက်ကို သူမ သတ်ပစ်ချင်နေသည်။ သူမတို့ရှေ့မှာ မောက်မာစွာ လျှောက်လာပေမယ့် သူတို့မျက်နှာတွေက နီရဲနေတုန်းပါပဲ။ ဤအခိုက်အတန့်တွင် သူတို့သည် ထူးဆန်းသော အဘိုးအို၏ အိတ်ကပ်ထဲတွင် ဆက်နေရန် ဆန္ဒရှိနေကြသည်။
ထူးဆန်းသော အဘိုးအိုသည် လူတိုင်း၏ အရှိန်အဟုန်ကို သတိပြုမိလေ။ သူက နိယာမစွမ်းအင်များကို ကြည့်လိုက်ကာ ရယ်မောကာ လုရွှမ်ထံသို့ မျက်လုံးပြူးကြည့်လိုက်သည်။
"ကောင်လေး မင်း တကယ်ကို အစွမ်းထက်တာပဲကွ!"
သူ့မျက်လုံးတွေက မှုန်ဝါးနေပြီး ဘာကိုမှ ဖမ်းဆုပ်လို့မရပေမယ့် လုရွှမ်ရဲ့ ဆံပင်တွေကအစ တစ်ကိုယ်လုံးကို မက်မောစွာ သိမ်းယူချင်နေတာ ထင်ရှားလေသည်။
အကျဉ်းသား၏ ထွက်ပေါက်မှ ထွက်သွားသည့်အခိုက်တွင် ဒီလူကြီးက လှုပ်ရှားတော့မှာ ပြောစရာပင် မလိုချေ။ ဒါကိုလည်း ကြိုတင် သတိပေးချက် အနေနဲ့ လုရွှမ် သူ့ခေါင်းထဲ ထည့်ထားပါသည်။
ထွက်ပေါက်ကို ရောက်တဲ့အထိ တကယ် စောင့်နေရင် အဖြေတစ်ခုကို ထွက်လာဖို့က အရမ်းနောက်ကျသွားလိမ့်မယ်။ အခုပဲ အဖြေကို စဥ်းစားရမယ်။
လုရွှမ်စိတ်ထဲက အတွေးများသည် လျင်မြန်စွာ ပြောင်းလဲသွားကာ နောက်ဆုံးတွင် သူ့မျက်လုံးများသည် နှစ်ဖက်စလုံးရှိ ကျောက်နံရံများပေါ်သို့ ကျရောက်သွားပြန်သည်။ သူတို့ တိုက်ရမှာပဲ။ မဟုတ်ရင် ငါတို့ သေမှာ သေချာတယ်လေ။
ဘိုးဘေးချင်းချန်ရဲ့ စွမ်းအားက ထူးထူးခြားခြား ဖြစ်ပေမယ့် နှစ်ပေါင်း 30,000 ကြာ ပိတ်မိနေခဲ့တာကြောင့် သူမရဲ့ ခွန်အားကို ပြန်လည်ရရှိဖို့က အချိန်အများကြီး ယူရဦးမှာပင်။ ထူးဆန်းသော အဖိုးအိုသည် အနည်းငယ် ရူးသွပ်သော်လည်း သူ့ခွန်အားသည် သူတို့အားလုံးကို ချေမှုန်းပစ်ရန် လုံလောက်သည်။
ကျောက်နံရံပေါ်က နိယာမစွမ်းအင်တွေဟာ အဲဒီဓားဝိညာဉ်တွေ အပေါ် ကန့်သတ်ထားနိုင်တဲ့ သက်ရောက်မှုရှိတာကြောင့် အခုနောက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ရှိရင်တောင် အပိတ်ခံထားခဲ့ရတဲ့ ထူးဆန်းတဲ့ အဘိုးအိုကိုလည်း ကန့်သတ်ထားလိမ့်မည်။
"မင်းတို့ ငါ့အတွက် ပိတ်ဆို့ထားပေး... ငါပြန်ကြည့်ရမယ်"
လုရွှမ် ချင်းချန်တို့ဘက်ကို အမြန် လှမ်းအော်လိုက်သည်။
ချင်းချန်က ချက်ချင်း ခေါင်းညိတ်ပြသည်။ အပြင်ထွက်ပြီးရင် ဖြစ်လာမယ့် ပြဿနာများကို သူမ တွေးနေပြီဖြစ်သည်။ သူမသည် ထူးဆန်းသော အဘိုးအိုကို ခွန်အားအပြည့်ဖြင့် တိုက်ချင်နေပေမယ့် သူမမှာ ခွန်အားမရှိကြောင်း သိပါ၏။ သူမအသက်ကို စွန့်စားရသော် အသက်ဆုံးရှုံးနိုင်ချေ ရှိသည်။
လွတ်မြောက်နိုင်မလားဆိုတာ ဒီမှော်ဆရာလေးအပေါ်မှာ မူတည်သွားပြီ။ ထျန်းရှားနဲ့ ကြောင်လေးကလည်း လိမ္မာပါးနပ်စွာ ပြေးထွက်လာကာ လုရွှမ်ကို ပိတ်ဆို့ထားလိုက်သည်။
လုရွှမ် မျက်လုံးများက တကယ့် နေလုံးလို ပေါ်လာပြန်သော်လည်း တခြားသူများက အလွန် သတိမထားမိပေ။ တခြားသူများ၏ မျက်လုံးထဲတွင် သူ့မျက်လုံးများသည် အနည်းငယ် တောက်ပနေရုံသာ ရှိ၏။
"လုရွှမ် မင်းဘာကြည့်နေတာလဲ ကျောက်နံရံထဲမှာ ရတနာတစ်ခုခု ရှိလို့လား?"
ဟွမ်ရီးရဲ့ အသံထွက်လာသည်။ သူ့မျက်နှာက နီရဲနေပေမယ့် သူ့ပါးစပ်ထောင့်မှာ လှောင်ရယ်သံကို ဆုပ်ကိုင်ထားကာ မျက်လုံးတွေကလည်း မနာလိုသည့် အရိပ်အယောင်များနှင့် ပြည့်နေသည်။
သူတို့စတွေ့ကတည်းက ဒီကောင်လေးရဲ့ ခွန်အားက သူ့ထက် သာလွန်လွန်းနေခဲ့သည်။ သူနဲ့ ကောင်းလျှို ထိုကောင်လေးကို လိုက်ဖမ်းပြီး ထွက်ပြေးနေနရတာ ဘယ်လောက် ကြာသွားပြီမှန်းတောင် မသိတော့ပေ။
ယခုမူ ကောင်းလျှိုတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးလို့ ခံစားနေရလေသည်။ ဒီကောင် ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲဟုပင် သံသယတွေ ဝင်လာလေပြီ။
ယခု သူသည် နားမလည်နိုင်သော ကျောက်နံရံတစ်ခုကို စိုက်ကြည့်နေတာကို မြင်လိုက်ရသဖြင့် ဒါက နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်မယ်လို့ တွေးရင်း ကြောက်လန့်သွားတာကြောင့် ချိုးဖျက်ပစ်ရန် လှမ်းအော်လိုက်သည်။
ထူးဆန်းသော အဘိုးအိုက လှည့်ကြည့်လာကာ ၎င်း၏ ထူးဆန်းသော အပြုံးဖြင့် လုရွှမ်ကို ကြည့်လေသည်။
"ကောင်လေး မင်း လှည့်ကွက်တွေ ကစားချင်နေတာလား"
လုရွှမ်က တခစ်ခစ်ရယ်ပြီး "အကြီးအကဲ... ဘာတွေပြောနေတာလဲ ကျွန်တော်မှာ ဘယ်လိုလုပ် လှည့်ကွက်တွေ ရှိပါ့မလဲ? ကျွန်တော် ကျောက်နံရံကို ကြည့်နေတာ တစ်ခုခု မှားနေတယ်လို့ ခံစားနေရလို့ပါ... ခင်ဗျား ခံစားရရင် ခင်ဗျားလည်း လာကြည့်လို့ရတယ်"
ထူးဆန်းသော အဘိုးအိုက လျှောက်လာ၏။ သူ ဘယ်လောက်တောင် လွတ်လွတ်လပ်လပ် လျှောက်လှမ်းနေလဲ ဆိုတာကို မြင်လိုက်ရသဖြင့် လုရွှမ် တိတ်တဆိတ် ထိတ်လန့်သွားမိသည်။ ဤလူကြီးရဲ့ ခွန်အားက အမှန်တကယ်ကို ချင်းချန်ထက် မြှင့်နေတာပဲ။
သူ့ရဲ့ မှန်းဆချက်သာ မှန်ရင် ဒီလူရဲ့ဝိညာဉ်ကိုလည်း လက်နက်ထဲမှာ ထိန်းထိမ်းထားသင့်တယ်လေ။ သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်သတိရှိတဲ့ အရိပ်အယောင်နဲ့ လက်ရှိ ခွန်အားတွေ ရှိနေတာက စိတ်ဝိညာဉ်သာ သူ့နေရာကိုသူ ပြန်ရောက်သွားရင် ဘယ်အဆင့်အထိ ပြန်ရောက်သွားမလဲ။
ထူးဆန်းသော အဘိုးအိုသည် နံရံကိုထိလိုက်ကာ ရုတ်တရက် ပြုံးလိုက်လေသည်။
"အင်း ဒီကျောက်နံရံနှစ်ခုမှာ ဒီလိုအပေါက်တွေရှိမယ်လို့ မမျှော်လင့်ထားဘူး... သူတို့ငါ့ကို မတားနိုင်တာတော့ သနားစရာပဲ"
သူက နောက်ပြောင်ပြီး ကျောက်နံရံကို ရိုက်ချလိုက်၏။ ကျောက်နံရံ၏ တောက်ပမှုသည် ပြင်းထန်စွာ တုန်ခါသွားကာ ပြန်မြုပ်သွားလုနီးပါး အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ကျောက်နံရံက အရမ်းကြမ်းတာကို ဒီလူကြီးက ဘယ်လိုလုပ် ရိုက်နိုင်ရတာလဲ။
"ကောင်လေး မင်း အံ့သြနေလား? ဒီကျောက်နံရံက အရမ်းမှော်ဆန်တယ် ဒါပေမဲ့ သူ့ဘေးက ကျောက်နံရံက သိပ်မှော်ဆန်တာနေတာတော့ မဟုတ်ဘူး"
သူက ကျောက်နံရံကို ထပ်ထိုးချလိုက်ရာ ဝုန်းခနဲ မြည်သံနဲ့အတူ ကျောက်နံရံက တုန်ခါသွားသည်။ သို့သော် လုံးဝ မပျက်စီးသွားဘဲ တဖြည်းဖြည်း ပြင်းထန်စွာ တုန်ခါလာကာ လူတွေဆီကို ပျံသန်းလာတော့မလို ခံစားရစေသည်။
လုရွှမ် မျက်လုံးများသည် တကယ့်နေမီးလို တောက်ပလာပြီး လျင်မြန်စွာ လေ့လာကြည့်လိုက်သည်။ ထူးဆန်းသော အဖိုးအို၏ စကားများက သူ့ကို စိတ်အားတက်ကြွလာစေ၏။
ဤထူးဆန်းသော အဘိုးအိုသည် တန်ခိုးကြီးလွန်းသဖြင့် သူ့ကို အနိုင်ယူလိုပါက ထိပ်တိုက် ရင်ဆိုင်ရန် ခွန်အား မရှိနိုင်သော်လည်း တခြားသူများနှင့် ရင်ဆိုင်ရာမှာတော့ အသုံးဝင်နိုင်သည်။
လုရွှမ် ရုတ်တရက် ပြေးထွက်လာပြီး တောက်ပနေတဲ့ နိယာမစွမ်းအင် လိုင်းတွေကို ရိုက်ချလိုက်သည်။ ထိုအခါ နိယာမစွမ်းအင်တွေဟာ သူတို့ရဲ့ အသိုက်ဆီ ပြန်လာတဲ့ ငှက်တွေလိုပဲ ကျောက်နံရံနှစ်ဖက်ထဲ ပြန်ဝင်သွား၏။
ဒီထွက်ပေါက်ရဲ့ အရေးအကြီးဆုံး အချက်က ဒီကျောက်နံရံနှစ်ခုမှာ တည်ရှိနေတာပဲ ဖြစ်မယ်။ နိယာမစွမ်းအင်လိုင်းတွေ စီးဆင်းလာနေတဲ့ မူလနေရာက ထွက်ပေါက်ဖြစ်မယ်လို့ ခန့်မှန်းရလေသည်။ တခြား ကျောက်နံရံတွေကိုတော့ နိယာမစွမ်းအင်တွေ တည်ဆောက်ဖို့ အသုံးပြုထားတာ ဖြစ်နိုင်သည်။
ဒါဆို ဒီကျောက်နံရံ နှစ်ခုကို အသက်သွင်းနိုင်ရင် မှော်ဆန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်မှာလား။