ပြေးဝင်ခြင်း
Vol. 78 Ch. 4.686
"ကောင်လေး မင်းဘာလုပ်နေတာလဲ?"
ထူးဆန်းတဲ့ အဘိုးအိုက မေးလိုက်သည်။
သို့သော် လုရွှမ် လုံးဝ နောက်မဆုတ်ဘဲ ရှေ့သို့သာ ဆက်သွားနေခဲ့သည်။ ကျောက်နံရံပေါ်က တောက်ပမှု အက်ကြောင်းဟာ တဖြည်းဖြည်း ပိုကြီးမားလာပြီး အခြေအနေအရ စီးဆင်းနေတဲ့ ရေပေါက်ကို ပိတ်ဆို့လိုက်သလို ဖြစ်သွားသည်။
"ကောင်လေး မင်းလုပ်ရဲလား?"
ထူးဆန်းတဲ့ အဘိုးအိုက အော်ဟစ်လိုက်ပြီး သူ့အသံမှာ ထိတ်လန့်မှု အပြည့်နဲ့။
လုရွှမ် လက်ဖဝါးထဲမှ လက်နက်ဝိညာဉ်များသည်လည်း ကျားဟိန်းနှင့်အတူ ဟောက်ကာ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကာ အက်ကြောင်း ကွာဟချက်ထဲသို့ ပြေးသွားကြသည်။
ထူးဆန်းသော အဘိုးအိုသည် သူ့လက်ကိုဆန့်တန်းကာ ဓားရှည်တစ်ချောင်းကို ကိုင်ကာ ပါးစပ်ထဲသို့ မျိုချလိုက်၏။ ထို့နောက် လုရွှမ်ကို စိုက်ကြည့်ကာ မုန်းတီးစွာ ဟောက်ရင်း ချောက်ထဲသို့ ပြေးဝင်သွားခဲ့သည်။
ကျောက်နံရံ နှစ်ခုပေါ်ရှိ တောက်ပမှုသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မည့် အလင်းတန်းများကဲ့သို့ တောက်ပနေသည်။ ပျံသန်းနေသော လက်နက်များသည် ဝမ်းနည်းစွာ အော်ဟစ်ပြီး တံခါးဆီသို့ ရုန်းကန်ရင်း ဝင်သွားကြလေသည်။
သူတို့သည် အနာကျင်ဆုံး ပြစ်ဒဏ်ကို ခံရသကဲ့သို့ အော်ဟစ်နေကြရာ ထိုလက်နက်များ၏ အော်သံများကို လူတိုင်းပင် ကြားနိုင်ပေသည်။
အလင်းတန်းများသည် ထိုဝိညာဉ်များကို ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေသော်လည်း လက်နက်များသည် လျင်မြန်စွာ ထွက်ကျလာပြီး အက်ကြောင်းစီ ပြေးဝင်သွားဆဲပင်။ နောက်ဆုံးတွင် ကျောက်နံရံကို ပိတ်ကာ စီးဆင်းနေသော ရေများကိုပါ ပိတ်ပြီးသား ဖြစ်သွားချေ၏။
ရေစီးဆင်းမှု မရှိတော့တာကြောင့် လူတိုင်း၏ ခန္ဓာကိုယ်များသည် ရှေ့သို့ အပြေးအလွှား ပြေးဝင်ကာ အချင်းချင်း တိုက်မိကုန်ကြသည်။
လုရွှမ် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့လက်များကို ဆန့်ထုတ်ကာ ဟွမ်ရီးနှင့် ကောင်းလျှိုတို့၏ လည်ပင်းများကို တိုက်ရိုက် ဖမ်းဆုပ်ထားလိုက်သည်။ သူတို့နှစ်ဦး၏ အရေးကြီးသော သွေးကြောကို လုရွှမ်က ဖိထားတာကြောင့် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ ပို၍ ထိတ်လန့်သွားကြသည်။
"ညီလေး ဒီလက်နက်ကြီးတွေက ဘာဖြစ်နေတာလဲ?"
"ဟုတ်တယ် အခု တံခါးက ပိတ်သွားပြီ ငါတို့ ဘယ်လိုထွက်ကြတော့မလဲ"
……
တကယ်ကို ကြီးကျယ်ခမ်းနားပြီး ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အချိန်ပါပဲ။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ သူတို့အားလုံး လုံးလုံး စိတ်ရှုပ်ထွေးနေတုန်းပဲ။ အခြေအနေက လုံးဝ ပြောင်းသွားသလိုပဲလေ။
လုရွှမ်က ပြုံးပြီး "စိတ်မပူပါနဲ့ ငါထွက်လမ်းကို သိပါတယ်.... ဒါပေမဲ့ အခုအချိန်မှာ ငါတို့ ဒီလူနှစ်ယောက်ကို အရင်ဖြေရှင်းသင့်တယ်လို့ မထင်ဘူးလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ထျန်းရှားနဲ့ ကြောင်လေးတို့က ချက်ချင်းထအော်ကာ ထောက်ခံလိုက်ကြသည်။ သူမတို့က ကောင်းလျှိုတို့အား စိတ်ရှိလက်ရှိ ရိုက်နှက်ကြလေ၏။
ကောင်းလျှိုနဲ့ ဟွမ်ရီးတို့မှာ အလွန်ရုပ်ဆိုးနေသော အမူအရာများ ရှိသော်လည်း နှုတ်ဆိတ်နေကြရသည်။ သူတို့ခံရမယ့် ကံကြမ္မာကို သိထားကြတာကြောင့် ဖြစ်နိုင်သည်။
ချင်းချန်က ကျောက်နံရံကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
"လုရွှမ် ဒီလက်နက်တွေ ဘာဖြစ်သွားတာလဲ?"
လုရွှမ်က ထျန်းရှားနဲ့ ကြောင်လေးတို့ကို အရင် တားလိုက်ကာ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။ ထျန်းရှား အံ့အားသင့်သွားပြီး ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားသည်။
"လတ်စသတ်တော့ အဲ့လိုကိုး.... ရတနာအိမ် ဘယ်လိုလုပ် ရှိနေတာလဲလို့ ငါတွေးနေတာ လတ်စသတ်တော့ တခြားကမ္ဘာတစ်ခု ဖြစ်နေတာကိုး... အဲဒီထဲမှာ ငါလည်း ပစ္စည်းတစ်ခုကို တွေ့ခဲ့သေးတယ်... အဲဒါကလည်း ရတနာတစ်ခုပဲ သူတို့ အားလုံးက ပူးပေါင်းကြံစည်ထားမယ်လို့ မမျှော်လင့်ထားဘူး"
"နောက်ပိုင်း ရန်သူနဲ့ ပြန်ပေါင်းစည်းတာ ဒါမှမဟုတ် သူတို့ရဲ့ ရုပ်အလောင်းတွေကို သိမ်းထားရင်တောင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေက ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့ပြီလေ.... အနည်းဆုံးတော့ ခြိမ်းခြောက်မှုတွေ တော်တော်လျော့သွားပြီ... အဓိက ဂိုဏ်းကြီးရှစ်ခုက သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည် ရှိမယ်လို့ မျှော်လင့်လို့ရပြီ.... ."
လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ရှိကြပြီ။ နောက်ဆုံးတွင် ဝမ့်ရှန်းကမ္ဘာက သူတို့အိမ် ဖြစ်သည်။ နှစ်ပေါင်းများစွာ အကျဉ်းချခံထားရသော ဤလူများ ဝမ့်ရှန်းကမ္ဘာကို ဖျက်စီးပစ်မှာ ဘယ်သူမှ မလိုလားကြပေ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ နှစ်ပေါင်း 30,000 ကြာနေတဲ့ နာကျည်းမှုများကို ဖယ်ရှားရန် မလွယ်ကူဘူး မဟုတ်လား။
လုရွှမ် ကျောက်နံရံကို ထပ်မံ လေ့လာခဲ့သည်။ ယခုတစ်ကြိမ်တွင် သူတစ်ခုခုကို သဘောပေါက် သွားခဲ့သော်လည်း ၎င်းသည် အခင်းအကျင်းစာအုပ်၏ သေးငယ်သည့် အပိုင်းသာ ဖြစ်နိုင်ပြီး ပိုလေးနက်သော အရာတစ်ခုကလည်း ရှိနေနိုင်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။
လုရွှမ် အားလုံးကို ဒီနိယာမစွမ်းအင်ရဲ့ အခင်းအကျင်း ပုံစံအား နားလည် သဘောပေါက်နိုင်ရန် လမ်းညွှန်ပေးလိုက်သည်။ အခင်းအကျင်း ဖွဲ့စည်းပုံအကြောင်း ထူးထူးခြားခြား နားလည်သူ ထျန်းရှောင်းက အနည်းငယ် နားလည်နိုင်သော်လည်း တခြားသူများမှာမူ ဘာမှ သင်ယူနိုင်ခြင်း မရှိခဲ့ပေ။
လုရွှမ်သည် ဤအရာက ကောင်းကင် စာအုပ်၏ အစိတ်အပိုင်း ရှစ်ခုထဲက တစ်ခုပါလို့ လူတိုင်းကို အသိပေးခြင်း မရှိသေးပေ။
ကောင်းကင်စာအုပ်၏ အစိတ်အပိုင်း ရှစ်ခု အမည်က ကြီးကျယ်လွန်းလှသည်။ တခြားသူများ သိလိုက်သည်နှင့် ကောင်းကင်စာအုပ်ကို မြင်တွေ့ရလောက်အောင် ကံကောင်းကြတယ် ဆိုပြီး အနာဂတ်တွင် အဆုံးမဲ့ဒုက္ခများ ရှိလာလိမ့်မည်။ မရေမတွက်နိုင်သော လူများသည်လည်း ကောင်းကင်စာအုပ်၏ တည်နေရာနှင့် ၎င်း၏ အကြောင်းအရာများကို သိရှိလိုသဖြင့် ပြေးလွှားလာကြလိမ့်မည်။
သူတို့ကို ရှင်းပြလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။
"မောင်လေးထျန်းချိုင် အဲဒီလူတွေရဲ့ ခန္ဓာကိုယ်တွေက သူတို့ရဲ့ ဝိညာဉ်တွေနဲ့ ပြန်ပေါင်းစည်းမယ်လို့ မင်းပြောလိုက်တယ်မလား "
ဆရာတူအစ်မ ထျန်းယင်က သေသေချာချာလေး ပြန်မေးလေ၏။
"ဟုတ်တယ် ပြီးတော့ ဒီကျောက်နံရံက လုံးဝကို ကြာကြာမခံနိုင်ဘူး....ကျောက်နံရံရဲ့ အစွမ်း ထိရောက်မှုက ဆုံးရှုံးသွားပြီး မကြာခင်မှာပဲ လွင့်ပျံသွားနိုင်ပါတယ်.... အဲဒီအချိန်မှာ လှောင်အိမ်တစ်ခုလုံး ရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်... နောက်ဆုံး သာမန် ကျောက်နံရံတွေ ဖြစ်သွားလိမ့်မယ်"
ဒီကျောက်နံရံနှစ်ခုရဲ့ မူလဇာစ်မြစ်နဲ့ မှော်ဆန်တဲ့ သက်ရောက်မှုတွေကို မသိပေမယ့် ဒီလှောင်အိမ်ရဲ့ စွမ်းအားက ဒီကျောက်နံရံနှစ်ခုနဲ့ လုံးဝဆက်စပ်နေတာကိုတော့ သူတို့ သိထားကြပါ၏။
အကယ်၍ ဤကျောက်နံရံ နှစ်ခုသာ ဝေးကွာသွားပါက လှောင်အိမ်ကလည်း သဘာဝအတိုင်း ရှိတော့မည် မဟုတ်ပေ။
"တခြားကမ္ဘာမှာရော ဒီလိုမျိုး တည်ရှိနေလောက်လား"
ထျန်းလင် ရုတ်တရက် ဝင်မေးလိုက်သည်။ လုရွှမ်က ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်... နည်းနည်းပေါ့"
သူ ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ မြင်ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်ကို တွေးမိသွားသည်။ အဲဒီမှာလည်း ကျွမ်းကျင်တဲ့ ကျင့်ကြံသူတချို့လည်း ပိတ်လှောင်နေခဲ့သည်။
ဒီလောက် အစွမ်းထက်နေတာ ဘယ်သူ့လက်ရာလဲတော့ မသိပေ။
"ဒါဆို ဒီကျောက်နံရံကို သိမ်းထားလို့ရလောက်ပြီလား"
ကျန့်ကျောက် မေးလိုက်သည်။
ဒီစကားကို ပြောတဲ့အခါ အားလုံးရဲ့ မျက်လုံးတွေ တောက်ပလာတော့သည်။ ဒီကျောက်နံရံက အရမ်းအစွမ်းထက်တာမို့ ဖယ်ထုတ်ပြီး မှော်လက်နက်အဖြစ် သန့်စင်နိုင်ရင် တစ်စုံတစ်ယောက်က ပိတ်ဆို့လာရင် အဲဒဖိလူတွေကို သတ်ပစ်မယ်၊ နတ်ဘုရားက ပိတ်ဆို့လာရင် နတ်ဘုရားကိုလည်း သတ်ပစ်နိုင်မယ်လို့ မဆိုလိုဘူးလား။
လုရွှမ် ခါးသက်စွာ ပြုံးလိုက်လေ၏။
"ဒီလောက် ရိုးရှင်းတဲ့ အဖြေ ဘယ်လိုလုပ် ရှိမှာလဲ? ဒါက လူ့စွမ်းအားနဲ့ စုဆောင်းလို့ မရနိုင်ဘူး... လုံးဝ လုံးဝ မရဘူး ဒါပေမဲ့ ဒါက မျှော်စင်နယ်ပယ်ကိုတောင် အကျဥ်းချထားနိုင်တယ် ဆိုတော့ သူ့ကို သိမ်းပိုက်ဖို့ အနည်းဆုံးတော့ မျှော်စင်နယ်ပယ် ဒါမှမဟုတ် အဲဒီအဆင့်ကို ကျော်ထားဖို့တော့ လိုတယ်လေ ဟုတ်တယ်မလား"
အားလုံးလည်း သက်ပြင်းအသာ ချလိုက်ကြသည်။ လုရွှမ်ပြောတာ အမှန်ပါပဲ။ ဒီလို ရတနာကို သူတို့က ဘယ်လိုလုပ် သိမ်းဆည်းနိုင်ပါ့မလဲ။ ဒီလို ရတနာတစ်ခုကို ကြည့်ရုံနဲ့သာ ကြည့်နိုင်ပြီး ဘာမှမရယူနိုင်တာတော့ သနားစရာ ကောင်းပေ၏။
ထိုစဥ် ကျောက်နံရံက ရုတ်တရက် တုန်ခါသွားတာကြောင့် လူတိုင်း လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။
"အားလုံး သတိထားကြ!"
လုရွှမ် အော်ပြောလိုက်၏။ နောက်အခိုက်အတန့်တွင် ကျောက်နံရံ နှစ်ခုသည် အရောင် ခုနစ်ရောင် အလင်းတန်းများ ထွန်းတောက်လာပြီး ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတာ သဲလွန်စပင် ရှာမရတော့ချေ။
"တကယ်မှော်ဆန်တာပဲ!"
ချင်းချန် သက်ပြင်းချလိုက်သည်။ ရုတ်တရက်ပင် ပြင်းထန်သော ပင်လယ်ရေများ လျှံထွက်လာပြီး လူတိုင်းကို တရစပ် တိုက်ခတ်သွားလေသည်။
အားလုံးက အဆင်သင့် ပြင်ထားပြီးသားပါပဲ။ သူတို့ စည်းစည်းလုံးလုံးနဲ့ ခွန်အားတွေနဲ့အတူ ရေစီးကြောင်းရဲ့ စွမ်းအားကို ဖြုတ်ချခုခံပြီး ခိုင်မြဲစွာ ရပ်နိုင်ခဲ့သည်။ ဟွမ်ရီးနဲ့ ကောင်းလျှိုတို့ မျောပါသွားပေမယ့် ဖြူကောင်က လှမ်းဖမ်းထားလေသည်။
"သူတို့က ငါ့သူငယ်ချင်းတွေမလို့ ငါ..."
ဖြူကောင်သည် အပြစ်ရှိနေသလို ခံစားရတာကြောင့် ထိုနှစ်ယောက် လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ မလွှတ်လိုက်မိပေ။
လုရွှမ်လည်း ပြုံးပြီး ဆို၏။
"ဒါကမှညီအကို အစစ်အမှန်ပဲ ကိစ္စမရှိပါဘူး ထျန်းရှား သူတို့ရဲ့ လက်တစ်ဖက်စီကို ဖြတ်ပစ်လိုက်!"
ဖြူကောင်က သဘောတူကြောင်း အကြိမ်ကြိမ် ခေါင်းညိတ်သည်။ သူတို့နှစ်ဦး၏ အသက်ကို ကယ်တင်နိုင်မယ်ဆိုရင် လက်တစ်ဖက်ကို ဆုံးရှုံးခံရမယ် ဆိုရင်တောင် ဘာမှမဟုတ်ပေ။
ထျန်းရှားလည်း ဒီအခိုက်အတန့်ကို ရောက်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။ သူသည် သူ့ဓားကို မြှောက်ကာ လွှဲချလိုက်သည်နှင့် နှစ်ယောက်သား သနားစရာကောင်းသော အော်ဟစ်သံများဖြင့် ထအော်ကြလေ၏။
"မင်း ငါတို့လက်တွေကို ချိုးလိုက်တာလား? မင်း ငါတို့ကို အပြီးတိုင် ပျက်စီးသွားစေချင်နေတာလား?"
ကောင်းလျှိုက ဟောက်လိုက်သည်။
ထျန်းရှားက "ဖြူကောင်ကြောင့် နင်တို့အသက်ကို မသတ်တာနဲ့တင်ကို လက်ဆောင်ကြီးတစ်ခု ဖြစ်နေပြီ... မကျေနပ်ရင် အခုချက်ချင်း သတ်ပေးလိုက်မယ်!"
ကောင်းလျှိုနဲ့ ဟွမ်ရီးတို့လည်း တစ်ယောက်ကို တစ်ယောက် ဒေါသအပြည့်ဖြင့်သာ စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်ကြသည်။