လွတ်ပြီ
Vol. 78 Ch. 4.687
“မကျေနပ်သေးဘူးလား”
ကြောင်လေးက တိုက်ရိုက်အော်ခေါ်ပြီး ရှေ့ကို တိုးလာကာ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာကို ကန်ထုတ်လိုက်သည်။ ဒါ့အပြင် သူတို့ရဲ့ စွမ်းရည်တွေကို ပိတ်ဆို့ပြီး တိုက်ရိုက် ကန်ထုတ်ပစ်လိုက်၏။
ဖြူကောင်သည် အနည်းငယ် လှုပ်ရှားသော်လည်း သူမကို ဖျောင်းဖျရန် ထွက်မလာနိုင်သေးပေ။ လုရွှမ်ကို နှစ်အတော်ကြာ လိုက်ကြည့်ပြီးနောက် အမှန်တရား များစွာကိုလည်း နားလည်လာခဲ့သည်။ သူ၏ အတိတ်က လုပ်ရပ်များကို ပြန်ကြည့်သောအခါ ထိုလူများနှင့် ခင်မင်ရင်းနှီးမှုသည် ရာသီဥတု သာယာစဥ် တွဲခဲ့သော သူငယ်ချင်းများထက် ဘာမှမပိုပေ။
စစ်မှန်သော မိတ်ဆွေသည် အရေးကြီးသောအခိုက်အတန့်တွင် တစ်စုံတစ်ဦးအား ကယ်တင်ရန် မိမိအသက်ကို စတေးရန် ဆန္ဒရှိသူဖြစ်သည်။
လုရွှမ်နဲ့ ထျန်းရှားတို့ အဖွဲ့က စစ်မှန်တဲ့ သူငယ်ချင်း အုပ်စုဖြစ်ပြီး ကောင်းလျှိုနဲ့ ဟွမ်ရီးကတော့ သေချာပေါက် မဟုတ်ပေ။
ထိုလူနှစ်ယောက်၏ အသက်ကို ကယ်တင်ရန် တတ်စွမ်းသော်လည်း သူတို့အား ဘာဆေးမှ မကျွေးခဲ့ချေ။ ဒီဒုက္ခလေးတွေကိုတောင် ခံချင်စိတ် မရှိရင် သူ့ဆီကနေ ကယ်တင်ခံရဖို့ တောင်းတနေစရာ မလိုဘူး။ သူတို့ နှစ်ယောက် ဒုက္ခရောက်တာ ထိုက်တန်လို့ပဲ။
နောက်တစ်ခုက သူလုပ်ပေးတာ လုံလောက်ပြီ။ နောက်ပြီး ဒီလူတွေအပေါ် သူ ဘာအကြွေးမှ မရှိဘူး။
"နင်တို့နှစ်ယောက်ကို ဖြူကောင်ကြောင့် မသတ်ဘဲ ထားလိုက်တာ... ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိဘူးမလား? အခုနင် ငါတို့ကို အပြင်မှာတွေ့ရင် ချက်ချင်းပြန်ဆုတ် သွားမယ်လို့ စိတ်နှလုံးနဲ့ ကျိန်ဆိုလိုက်... မဟုတ်ရင် နင်တို့ရဲ့ ကျင့်ကြံမှုတွေကို ဘယ်တော့မှ တိုးတက်မလာအောင် ဖျက်စီးပစ်မယ်!”
ကြောင်လေးက ပြုံးပြုံးရွှင်ရွှင်နဲ့ အော်လိုက်၏။
ကောင်းလျှိုနဲ့ ဟွမ်ရီးတို့သည် ခေါင်းကို မော့ကာ အံ့သြမှုနှင့် နာကြည်းမှုအပြည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
အံ့သြစရာကောင်းတာက ဒီလူတွေက သူတို့ကို တကယ်လွှတ်ပေးချင်နေတာပဲ။ ခါးသီးစရာ ကောင်းတဲ့အချက်ကတော့ ကတိသစ္စာပြုပြီးတာနဲ့ လက်စားချေလို့ ဘယ်တော့မှ မရနိုင်ပါဘူး။
"ဟမ့်! ဘာတွေ စိတ်ကူးယဉ်နေတာလဲ?"
ကြောင်လေးသည် သူတို့ နှစ်ယောက်ရဲ့ မျက်နှာကို အားရပါးရ ထပ်ရိုက်လိုက်သည်။ သူမ ဘယ်လောက်တောင် ပျော်နေလဲ မပြောတတ်တော့ချေ။ အရင်တုန်းကတော့ ကောင်းလျှိုတို့ဆီကနေ အနိုင်ကျင့်တာကို အမြဲခံခဲ့ရပေမယ့် အခုနောက်ဆုံးမှာတော့ သူမက အဲ့ရာထူးကို ရသွားပါပြီ။
ကောင်းလျှို ဒေါသထွက်ချင်ပေမယ့် ဟွမ်ရီးက သူ့ကို ဝင်တားလိုက်လေသည်။
နှစ်ယောက်သား အရှက်တရားတွေကို လက်ဝယ်ပိုက်လျက် သတိရှိရှိ ခံနိုင်ရည်ရှိအောင် ကျိန်ဆိုလိုက်ကြသည်။ လုရွှမ် သူတို့ရဲ့ အကြောတွေကို ဖွင့်ပေးလိုက်သော် နှစ်ယောက်သား ပျံသန်း ပြေးထွက်သွားကြလေ၏။
"ဟမ့် မျက်လုံးဖြူ ဝံပုလွေနှစ်ကောင်!"
ကြောင်လေး ဒေါသတကြီး ဆဲဆိုနေဆဲပင်။ ထျန်းရှားက သူမကို အသာလေး ပြန်ဆွဲထုတ်ပြီး ဖြူကောင်ဘက်ကို လှည့်ပြောလိုက်၏။
"ဖြူကောင် မင်း အခု နားလည်လား"
ဖြူကောင်က ခါးသက်စွာ ပြုံးလိုက်သည်။
"ငါဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ? အနာဂတ်မှာ ငါတို့ ဆုံရင် အဲဒီလူနှစ်ယောက်က ငါ့ကို အပိုင်းပိုင်း ခွဲပစ်ချင်လိမ့်မယ် ထင်တယ်"
အဲဒီလူနှစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သူ နားမလည်ဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့အားလုံး မာနကြီးတယ်လေ။ အထူးသဖြင့် ဖြူကောင် သူ့ရှေ့မှာ မျက်နှာပျက်သွားသလို ခံစားလိုက်ရတာကြောင့် အငြိုးထားမှာ သေချာသည်။
"ကံကောင်းချင်တော့ နင့်ရဲ့ခွန်အားက အခု တိုးတက်လာပြီလေ... သူတို့ကိုပြန်တွေ့ရင်တောင် ကြောက်စရာ မလိုတော့ဘူး"
ထျန်းရှား သူ့ကိုနှစ်သိမ့်လိုက်သည်။
"မျှော်လင့်ရတာပဲ"
ပင်လယ်ရေသည် စီးဆင်းနေသော်လည်း ယခင်အင်အားနှင့် နှိုင်းယှဉ်ပါက ပိုမိုသေးငယ်သွားပြီ။ ယခင်က ကျောက်နံရံများထဲက ရေစီးဆင်းမှုဟာ မြန်ဆန်ပြီး အားကောင်းနေသေးသော်လည်း ထိခိုက်မှုအရဆို ပိုမိုသေးငယ်သွားပါသည်။
ဝုန်း!
ကျောက်နံရံဟာ ပင်လယ်ရေကြောင့် အမြန်ပဲ ပြိုကျသွား၏။ ထို့နောက် လူအုပ်စုသည် လျင်မြန်စွာ ပြေးထွက်သွားပြီးနောက် လှောင်အိမ်ထဲမှ ထွက်လာခဲ့သည်။
"ငါတို့ မြန်မြန်ပျံသန်းဖို့ လိုတယ်... လှောင်အိမ်တွေ ပျက်စီးသွားရင် အကျဉ်းသားတွေလည်း ပျံထွက်လာလောက်တယ် ပြီးတော့ ပင်လယ်ရေရဲ့ ကြီးမားတဲ့ စုပ်ယူမှု စွမ်းအားက ငါတို့ကို ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရစေနိုင်တယ်"
လုရွှမ် အော်ပြောလိုက်သည်။
လူတိုင်းက သဘာဝအတိုင်း နာခံပြီး အပေါ်ကို မြန်မြန် ပျံတက်သွားကြသည်။ ရေနက်ပိုင်း အောက်ခြေက ဖိအားဟာ ကြီးမားနေတုန်းပါပဲ။ လက်ရှိအချိန်မှာ ခံနိုင်ရည် ရှိလာပေမယ့် ဒီလို ဖိအားတွေအောက်မှာ အချိန်အတော်ကြာအောင် ခံနိုင်ရည်ရှိဖို့က မလွယ်ချေ။
နက်နဲသောပင်လယ်၏ အောက်ခြေဖိအားက ဘယ်လောက်တောင် ကြီးမားလိုက်သလဲ ဆိုရင် ပင်လယ်သားရဲများပင် မကျူးကျော်ရဲကြချေ။ ကျူးကျော်မိပါက သူတို့ရဲ့ ခန္ဓာကိုယ်တွေ ညှင်းဆဲရလိမ့်မည်။
လူအုပ်စုသည် အဝေးသို့ ပျံသန်းသွားစဥ် ရုတ်တရက် အနောက်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး လေစီးကြောင်းများ တဟုန်ထိုး တက်လာသည်။ ရေစီးကြောင်းကြောင့် သက်သာသွားသော်လည်း စွမ်းအားသည် အလွန်အံ့သြဖွယ်ကောင်းနေသေးသည်။
"အားလုံး မြန်မြန်!"
လုရွှမ် အော်လိုက်ပြီး လူတိုင်းရဲ့ လက်တွေကို အမြန် တင်းတင်း ဆုပ်ကိုင်ထားဖို့ အချက်ပြလိုက်သည်။
ပြင်းထန်တဲ့ တွန်းအားတစ်ခုက သူတို့နောက်ကနေ တက်လာပြီး သူတို့ရဲ့ ကျောကို ရိုက်ခတ်သွားတာကြောင့် နာကျင်မှုတွေ ပေါက်ကွဲထွက်လာသည်။ ထို့နောက်တွင် စွမ်းအားကြီးမားသော အင်အားတစ်ခုက လူတိုင်းကို ပင်လယ်ထဲသို့ တွန်းပို့လိုက်တော့သည်။
အလွန်လျင်မြန်ပြီး အစွမ်းထက်သော လုရွှမ်ပင် ပစ်ပေါက် ခံလိုက်ရမည်ကို စိုးရိမ်သဖြင့် လက်နှစ်ဖက်စလုံးဖြင့် သူ့ဘေးက လူတွေကို တင်းကျပ်စွာ ဖမ်းဆုပ်ထားသည်။ ကျယ်ပြောလှတဲ့ ဒီပင်လယ်ကြီးအောက်မှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေ ရှိနေတယ်တဲ့။
တကယ်တမ်း ပင်လယ်ထဲရောက်တဲ့ အခါ ထိုအရာကို ရှာဖွေချင်ရင်တော့ ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းကို ရှာရသလိုပဲ ခက်လိမ့်မည်။
……
အချိန်ဘယ်လောက် ကြာသွားလဲ မသိ။ လုရွှမ် သူ့ဘေးနားကလူကို လှမ်းကိုင်လိုက်စဥ် သူ့စိတ်တွေလည်း နည်းနည်း ရှုပ်နေ၏။ နောက်ဆုံးတွင် သူ့နောက်ကျောမှ အလင်းအားတစ်ခု ခံစားလိုက်ရပြီး ရုတ်တရက် ရေထဲတွင် ငြိမ်ငြိမ်လေး ငြိမ်ကျသွားခါမှ အသိစိတ် အာရုံများ ပြန်လည် ရရှိလာခဲ့သည်။
ပတ်ဝန်းကျင်က လူတွေကို အမြန် အကဲခတ် ကြည့်လိုက်တော့ သူတို့အားလုံး ရှိနေတုန်းပဲဆိုတာ တွေ့လိုက်ရသည်။ တော်တော်များများက ပါးစပ်ထဲက သွေးတွေတောင် ထွက်ကျလာပေမယ့် ပတ်ဝန်းကျင်က လူတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်ကာ ဘယ်သူမှ လက်မလွှတ်ကြသေးချေ။
ချင်းချန်က ပထမဆုံး အသိစိတ်အာရုံတွေ ပြန်ရလာသော တစ်ဦးတည်းသော သူဖြစ်သည်။ လုရွှမ် နိုးလာတာကို မြင်တော့မှ သူမ သက်ပြင်းချမိလေသည်။
"ဘိုးဘေး... သူတို့ကိုခေါ်ပြီး အပေါ်ကို ဆက်ပျံသန်းကြရအောင် တွန်းအားပြီးရင် ပြင်းပြင်းထန်ထန် စုပ်ယူတဲ့ အားတစ်ခုက ပေါ်လာလိမ့်မယ် ကျွန်တော်တို့ မြန်မြန်ထွက်မသွားရင် ပြန်ပြီး စုပ်ယူခံရလိမ့်မယ်"
ချင်းချန်လည်း သတိလက်လွတ် မခံဝံ့သောကြောင့် ခွန်အားကို အလျင်အမြန် စုဆောင်းကာ လုရွှမ်နှင့်အတူ ခွန်အားကို ဖြည့်သွင်းကာ အားလုံးကိုခေါ်၍ ပင်လယ်ဆီသို့ ပျံသန်းသွားကြသည်။
ထျန်းရှားလည်း နိုးလာခဲ့သည်။ သူမသည် ရေ၏သဘော သဘာဝကို ပိုရင်းနှီးတာကြောင့် လျင်မြန်စွာ ခွန်အားကို အသုံးချခဲ့သည်။ တဖြည်းဖြည်းနဲ့ လူတွေအားလုံး နိုးလာပြီး ပင်လယ်ထဲကို အမြန်ပြေးဝင်ကြလေ၏။
ထိုစဥ် အောက်ခြေမှ တွင်းကြီးတစ်ခုက ရုတ်တရက် ထွက်လာပြီး အနီးနားရှိ ပင်လယ်ရေများကို စုပ်သွားခဲ့သည်။
လူဆယ်ယောက်လည်း ရှေ့သို့ အလျင်အမြန် ပျံသန်းရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ အရှိန်က မြန်လွန်းသဖြင့် ချင်းချန်ပင် အနည်းငယ် မောပန်းသွား၏။ သို့သော် နောက်ဆုံးတွင် ၎င်းတို့အနောက်မှ စုပ်ယူစွမ်းအားထဲမှ လွတ်မြောက်သွားကာ ပင်လယ်ထဲသို့ ပြေးဝင်ကာ ကောင်းကင်သို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။
ကောင်းကင်သို့ အမြန် ပြေးသွားသောအခါ လုရွှမ် အာကာသကျောက်စိမ်းပြားရဲ့ တည်ရှိမှုကို ပထမဆုံးအကြိမ် ပြန်လည် ခံစားလိုက်ရသည်။
သူသည် လက်ကိုဝှေ့ယမ်းကာ အာကာသ လွန်းပျံယာဉ်တစ်စင်းကို လွှင့်ပစ်ကာ လူတိုင်းကို စုပ်ယူလိုက်သည်။ ထို့နောက် ယာဥ်ပေါ်တွင် အနားယူရင်း လေထဲတွင် ပျံဝဲနေခဲ့သည်။
"နောက်ဆုံးတော့ လွတ်သွားပြီကွ!"
ကျန့်ကျောက် ကျယ်လောင်စွာ အော်ပြီး အကြီးအကျယ် စိတ်လှုပ်ရှားနေမိသည်။
သူသည် ထျန်းယင်လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမကလည်း အားတက်သရော ပြန်ပြုံးပြသည်။ သေဘေးဒဏ်မှ လွတ်မြောက်ခြင်း၏ ပျော်ရွှင်မှုသည် လူတိုင်းရဲ့ နှလုံးသားထဲ ပြည့်လျှံလာခဲ့သည်။
ချင်းချန်သည် အရှေ့ဘက် ကောင်းကင်ယံမှ နေကို ကြည့်ကာ အတော်ကြာတဲ့အထိ တိတ်ဆိတ်နေမိသည်။ ထို့နောက် သူမ တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွားပြီး မျက်ရည်များ စီးကျလာခဲ့သည်။
"ဘိုးဘေး ဝမ်းနည်းနေစရာ မလိုပါဘူး အိမ်ပြန်ရောက်လာပြီ"
လုရွှမ် တိုးတိုးလေး ပြောလာသည်။ ချင်းချန် သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ဆို၏။
"ဟုတ်တယ် ငါ အိမ်ပြန်ရောက်နေပြီ ကံမကောင်းချင်တော့ မျိုးဆက်တူ လူတွေက မရှိတော့ဘူး"
"မဟုတ်တာ"
လုရွှမ် ပြုံးပြီး ပေကျီဓားကို ထုတ်ပြလိုက်သည်။ ယခုအချိန်တွင် ပေကျီဓား၏ ရှေ့နှင့်နောက် အစိတ်အပိုင်းများကို ချိတ်ဆက်ထားပြီး ၎င်းသည် ယခင်ကဲ့သို့ ပျက်စီးယိုယွင်းနေသော အသွင်အပြင် မရှိတော့ဘဲ သန့်စင်ပြီးသော နတ်ဓားအသစ်စက်စက် ဓားတစ်လတ်နှင့် တူလေသည်။
"ဒါ...ဒါက ပေကျီဓားလား?"
လုရွှမ် သူမလက်ထဲ ထည့်ပေးလိုက်သည်။
"တကယ်ကို ပေကျီဓားပဲ ပြီးတော့ အသိအကျွမ်း တစ်ယောက်လည်း ရှိနေသေးတယ်..."
ထိုစဥ် နတ်ဓားထဲမှ လူတစ်ယောက်ရဲ့ အသွင်အပြင်တစ်ခု ထွက်ပေါ်လာ၏။
"ချင်းချန် မတွေ့ရတာ ကြာပြီ"