← Chapters

နှစ် 30,000 အကြာမှာ ပြန်တွေ့ပြီ

Vol. 78 Ch. 4.688

နှစ် 30,000 အကြာမှာ ပြန်တွေ့ပြီ

Vol. 78 Ch. 4.688

"ဆရာတူအစ်ကိုရှင်းချင်... အစ်ကို? တကယ် အစ်ကိုလား?"

ချင်းချန် မယုံနိုင်စွာ အော်လိုက်သည်။ ရှင်းချန်က ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး ဆို၏။

"ငါပဲ မဟုတ်ဘူးလား?"

သူက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်းပြောပြသည်။ သူ့ခန္ဓာကိုယ် ကွဲအက်လာသောအခါ သေချာပေါက် သေမည်ဟု ထင်ခဲ့သည်။ မမျှော်လင့်ဘဲ သူသည် နတ်ဓားထဲမှာ ပိတ်ဆို့ခံလိုက်ရပြီး သူ့ဝိညာဉ်သည်လည်း နတ်ဓားထဲသို့ ရောက်ရှိသွားခဲ့သည်။

ကံမကောင်းစွာဖြင့် သူ့ကို ကျိုးနေသော ဓားတစ်ဝက်က စုပ်ယူသွားပြီး ကျန်ဓားတစ်ဝက်ကိုတော့ ကောင်းကင်အောင်ခြင်း ဂိုဏ်းတည်ထောင်သူ ကျစ်ဝေမှ ဂိုဏ်းသို့ ပြန်ပို့ခဲ့သည်။ အခုတော့ ကောင်းကင်ဘုံက ချမှတ်ထားတဲ့ ကံကြမ္မာလို့ မှတ်ယူနိုင်ပါပြီ။ လုရွှမ်က အဲဒါကို ရခဲ့ပြီး သူ့ကိုပါ ကယ်တင်နိုင်ခဲ့သည်။

သူတို့သည် ရှင်းချန် ချန်ထားခဲ့သော ဓားအခင်းအကျင်းကို ကြုံတွေ့ခဲ့ရပြီး မျှော်လင့်ချက် အလင်းရောင်ကို ရှာတွေ့ခဲ့သည်။ ၎င်းတို့သည် အရေးကြီးသော အခိုက်အတန့်တွင် ကယ်တင်ခံခဲ့ရပြီးနောက် ဘေးဥပဒ်မှ လွတ်မြောက်ကာ လှောင်အိမ်ထဲမှလည်း ထွက်လာနိုင်ခဲ့သည်။

ဒီနည်းနဲ့ စဉ်းစားကြည့်ရင် ရှင်းချန်ဟာ လုရွှမ်တို့ အဖွဲ့ကို ကယ်တင်ဖို့ ဓားအခင်းအကျင်းကို ချန်ထားခဲ့ပြီး လုရွှမ်နဲ့ သူ့အဖွဲ့ကလည်း ရှင်းချန်ကို ကယ်တင်ခဲ့သည့။

နှစ်ယောက်သား လမ်းခွဲပြီးနောက် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆွေးနွေးကြပြီး လက်ရှိကိစ္စများကိုလဘ်း ဆွေးနွေးကြသည်။

"လုရွှမ် ငါတို့ကို ကယ်တင်ခဲ့တဲ့ အတွက် မင်းကို အရမ်းကျေးဇူးတင်ပေမယ့် လှောင်အိမ်ထဲမှာ အကျဉ်းချခံထားရတဲ့ သူတွေကို လွှတ်ပေးလိုက်တာက မင်းအမှားလုပ်မိတုန်းပဲ"

ချင်းချန်က ရှင်းချန် ရဲ့စကားကို ကြား​တော့ ဖြတ်ပြောလိုက်သည်။

"အစ်ကို အစ်ကိုအရမ်း စိုးရိမ်နေတာပါ... ကျွန်မတို့ ဒီကိုလာတုန်းကလည်း ဒီအန္တရာယ်ကို သိခဲ့တယ်လား? ဒါပေမဲ့ ကျွန်မတို့ မဆိုင်းမတွဘဲ ဆက်ဝင်ခဲ့မိတယ်... ဒါပေမဲ့ အခု လုရွှမ်ရဲ့ ရောက်လာမှုက ကျွန်မတို့ကို ကယ်ဖို့ အခွင့်အရေး ရသွားခဲ့တယ်လေ... သူက တကယ့် အခွင့်အရေးကို ရှိတဲ့သူ သူကကျွန်မတို့ကို ကယ်တင်နိုင်ခဲ့တယ်"

“နောက်ပြီး သူ့မှာ လှောင်အိမ်ထဲက လူတွေနဲ့ ဆက်ဆံဖို့ နည်းလမ်း ရှိမယ်လို့လည်း ကျွန်မယုံကြည်တယ်... အမှန်တော့ ဖွင့်လိုက်တာထက် ပိတ်ဆို့တာက ပိုကောင်းပါတယ် ဒါပေမဲ့ အစ်ကိုလည်း တွေ့တာပဲ လှောင်အိမ်က နှစ်ပေါင်းများစွာ ရေတိုက်စားမှုကို မခံနိုင်တော့လို့ အက်ကွဲနေပြီ လုရွှမ်ရဲ့ ​ရောက်​လာမှုက​တော့ ​ကြောက်​စရာ​ကောင်းတဲ့ အရာကို လုပ်လိုက်မိတယ်လို့လည်း မဟုတ်​ပါဘူး "

ချင်းချန်၏ ချီးကျူးမှုသည် အနည်းငယ် လွန်ကဲတာကြောင့် လုရွှမ်ပင် အနည်းငယ် ရှက်သွားခဲ့ရသည်။

ရှင်းချန် မယုံနိုင်ပေမယ့် အမြဲတမ်း မာနကြီးပြီး မောက်မာတဲ့ ဆရာတူညီမက ဒီလိုလေသံနဲ့ လူတစ်ယောက် အကြောင်းကို ပြောနေတာကြားတော့ တိတ်ဆိတ်သွားခဲ့သည်။ သူမက လူတစ်ယောက်ကို ချီးကျူးဖို့ မပြောနဲ့ စိတ်တိုင်းကျ ကောက်ချက်ချမှာ မဟုတ်ဘူးဆိုတာ သူသိတယ်လေ။

"ညီမလေး... သူ အဲဒီလူတွေကို ကိုင်တွယ်နိုင်မယ်လို့ မင်းထင်လား"

"ဒါပေါ့... သူကိုယ်တိုင် မလုပ်ဖူး​သေးပေမယ့် အဲဒီလူတွေကို ဒဏ်ရာရအောင် သတ်နိုင်တဲ့သူသာရှိရင် အဲဒီလူက လုရွှမ်ပဲ ဖြစ်လိမ့်မယ်!"

ရှင်းချန် စကားမပြောတော့ပေ။ လုရွှမ်က ပေကျီဓားကို ချင်းချန်ထံ ပေးအပ်ပြီး ပြုံးလျက် ပြောလေသည်။

"အကြီးအကဲ ကျွန်တော့်အမြင်အရတော့ ဒီနတ်ဓားကို ​ပေကျီဓားလို့ ခေါ်တုန်းပဲ... အစကတည်းက အကြီးအကဲတို့ သန့်စင်ထားတဲ့ ဓားပါ... ဒါကြောင့် ဒီဓားကို အကြီးအကဲချင်းချန်ဆီကို ကျွန်တော် ပြန်ပေးမယ်... အနည်းဆုံး ဘိုးဘေးချင်းချန်က ဒီနတ်ဓားကို စောင့်ရှောက်ဖို့ သင့်တော်တဲ့လူလို့ ကျွန်တော် ထင်ပါတယ်"

ရှင်းချန်၏ ရုပ်လွှာက တုန်လှုပ်သွားပြီး။

"မင်းဘာတွေ ပြောနေတာလဲ? ဒီဓားကို မင်းက မလိုချင်ဘူး?? ဒီဓားက ဘယ်အဆင့်အထိ ရှိနေ​ပြီလဲဆိုတာ မင်းသိလား?"

လုရွှမ်ကတော့ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ဆိုလေ၏။

"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လက်နက်တွေကို ကျွန်တော် ရနိုင်မယ်လို့ ယုံကြည်ပါတယ်... အဲဒီအခွင့်အရေး မရခဲ့ရင်တောင် ကျွန်တော့်ဓားကို နတ်ဓားထက် ပိုကောင်းတဲ့ ဓားတစ်လတ်ဖြစ်အောင် သန့်စင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီဓားထက် အဲဒီဓားက ကျွန်တော့်ရဲ့ နတ်ဓားဖြစ်ဖို့ ပိုသင့်တော်တယ်”

"ဘိုးဘေးဦးလေး ညီလေးထျန်းချိုင်က ကိုယ်ပိုင် အစွမ်းအစ အရမ်းကြီးတာမို့ စိတ်ချထားလို့ ရပါတယ်"

ကျန့်ကျောက်လည်း အော်လိုက်လေသည်။

သူတို့ တစ်အုပ်စုလုံးလည်း ထိတ်လန့်သွားကြသည်။ လှောင်အိမ်ထဲမှာ ဘိုးဘေးချင်းချန်နဲ့ တွေ့ရမယ်လို့ မမျှော်လင့်သလို ဘိုးဘေးနောက်တစ်​ယောက်ကိုပါ ထပ်တွေ့ရမယ်လို့ မထင်ထားကြချေ။

သို့သော် သူတို့အတွက်ကတော့ လုရွှမ်ရဲ့ စကားကိုသာ လုံးဝ ယုံကြည်​ကြသည်။ ဘိုးဘေးချင်းချန် ပြောသလိုပဲ လှောင်အိမ်ထဲက သေသူတွေကို သတ်နိုင်သူဟာ ပါရမီရှင် လုရွှမ်ပဲ ဖြစ်လိမ့်မည်။

သူတို့အမြင်အရတော့ အနာဂတ်မှာ ပိုကောင်းတဲ့ ဓားရှည်တစ်လက်ကို မရနိုင်ရင်တော့ သူ့ဓားကို သူ့ဘာသာ သန့်စင်လို့ရသည်။ ဘယ်သူမှ မလုပ်နိုင်ရင်တောင် လုရွှမ်ကတော့ လုပ်နိုင်လိမ့်မည်။

လုရွှမ်ရဲ့ ယုံကြည်မှုနှင့် လူတိုင်းရဲ့ ထောက်ခံမှုကို ခံစားလိုက်ရတော့ ရှင်းချန် စကားမပြော​တော့​ဘဲ လုရွှမ်ကို မြင့်မားသော အကြည့်ဖြင့်သာ ကြည့်လိုက်သည်။

"လှောင်အိမ်က ကွဲသွားပြီ လက်ရှိဒီရေက ကုန်းမကြီးဘက်ကို ရွေ့သွားပြီလို့ ကျွန်တော်ထင်တယ်... ကုန်းမြေအများစုက ပင်လယ်ထဲ မြုပ်သွားလောက်ပြီ ကျွန်တော်တို့ ဂိုဏ်းကို အမြန်ပြန်ရအောင်"

ထုံးစံအတိုင်း လူတစ်စုလုံး မကန့်ကွက်ကြချေ။

လုရွှန်သည် လက်နက်များထဲ ဖိနှိပ်ခံထားရသော ဓားဝိညာဉ်များထံမှ ရရှိခဲ့သော ဝိညာဉ် အသီးအနှံများစွာကို ထုတ်နှုတ်ပြီး ခွန်အားကို ပြန်လည်ရရှိထားသော ချင်းချန်ထံသို့ ပေးလိုက်သည်။

ဘိုးဘေးချင်းချန်သည် အမှန်တကယ်ပင် နတ်မီးလုံး ရှစ်လုံးကို ထွန်းညှိခဲ့သော်လည်း ယခုအခါတွင် သူ၏ အစွမ်းသတ္တိသည် အထွတ်အထိပ်နှင့် ဝေးနေသေးသော နတ်မီးလုံး ၂လုံးဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့​ပြီ။ ဒါပေမဲ့ သူတို့ရဲ့ ခွန်အားတွေ မြန်မြန်ပြန်ရလေ သူတို့ရဲ့ အနာဂတ်ခရီး အတွက် ပိုလုံခြုံလေလေပါပဲ။

ချင်းချန်က သင်္ဘောကို ထိန်းချုပ်ထားပြီး လူတိုင်း၏အရှိန်က အလွန်မြန်လာသည်။

လုရွှမ် ထျန်းရှား၊ ကြောင်လေးနဲ့ ဖြူကောင်တို့ကို နှုတ်ဆက်ချင်ခဲ့သည်။ နောက်ဆုံးတော့ သူတို့ဟာ ပင်လယ်သားရဲတွေ ဖြစ်သလို အချိန်အကြာကြီး ပိတ်မိနေတာကြောင့် သူတို့ဆွေမျိုးတွေကို အရမ်းလွမ်းနေလောက်ပြီ။

မထင်မှတ်ဘဲ သူတို့သည် အလွန်စိတ်အားထက်သန်ပြီး လုရွှမ်အဖွဲ့နှင့်အတူ ကောင်းကင်အောင်ခြင်း ဂိုဏ်းသို့ သွားရန် မတုံ့ဆိုင်းဘဲ ပြောခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားများကို အတူတူ တိုက်ခိုက်ခြင်းမည်ဟု အလွန်စိတ်လှုပ်ရှားစွာ ဆိုလာခဲ့သည်။

ယခုအခါ ပင်လယ်ရေသည် ဝမ့်ရှန်းကမ္ဘာထဲက နယ်မြေအများစုကို နစ်မြုပ်သွားခဲ့ပြီဖြစ်ရာ အနာဂတ်တွင် ပင်လယ်သတ္တဝါများ ပေါ်ထွက် ကြီးစိုးလာတော့မယ် ဆိုတာ ရှောင်လွှဲလို့​မရဘူးဟု ဆိုနိုင်ပါသည်။ ဒီအချိန်မှာ သူတို့ဘက်မှာ ရပ်တည်ဖို့က အရမ်းအရေးကြီးတယ်။ သူတို့ဘက်က ရပ်တည်နိုင်တာက သူတို့ကို စစ်မှန်တဲ့ သူငယ်ချင်းအဖြစ် ဆက်ဆံတာ သိသာပါ၏။

နှစ်လကျော် ပျံသန်းပြီးနောက် ယခုအခါ လူတိုင်းသည် ပင်လယ်ပြင်၏ ကျယ်ပြောလှသော ဧရိယာကို ကောင်းစွာ နားလည်လာကြသည်။ ကမ်းရိုးတန်းကို ပြန်ပျံသန်းချင်ခဲ့တာ ဟုတ်ပေမယ့် ပင်လယ်ရေက ဧရိယာအများစုကို မြုပ်သွားတာကြောင့် ပင်လယ်ဧရိယာက အရမ်းကျယ်လာတယ်လို့ပင် ခံစားရ​စေသည်။

သို့သော် ဘယ်သူမှ ဤမှန်းဆချက်အား ထုတ်မပြောကြဘဲ လူတိုင်း စိတ်ထဲကနေသာ အလွန်စိတ်ပျက်သွားကြသည်။ အခုက အရေးကြီးဆုံး အခိုက်အတန့်ကို ရောက်နေပြီဆိုတာ သိထားတော့ ဘယ်သူမှ ဒီကိစ္စကို ခဏလောက် မစဉ်းစားချင်ကြပါဘူး။

"အန္တရာယ်ရှိတယ်!"

ထျန်းရှား ရုတ်တရက် အော်ပြောလိုက်သည်။ နောက်ဆုံးတော့ သူမဟာ ပင်လယ်သားရဲ တစ်ကောင်ဖြစ်ပြီး ပင်လယ်ထဲမှာ အန္တရာယ် အပြင်းထန်ဆုံး ဆိုတဲ့ အရာတွေကို ခံစားနိုင်စွမ်း ရှိလေ၏။

ချင်းချန်က လှေကို အပေါ်ဘက်သို့ တိုက်ရိုက် ပျံသန်းနိုင်ရန် ထိန်းချုပ်ခဲ့သည်။ ထိုစဥ် အောက်မှ ကျယ်ပြန့်သော ခန္ဓာကိုယ်နှင့် သားရဲကြီးတစ်ကောင်က သူတို့ လှေဆီသို့ ရွေ့လျားလာနေတာကို တွေ့လိုက်ရသည်။

အရှိန်အဟုန်သည် အလွန်ပြင်းထန်သည်။ ပြင်းထန်သော မုန်းတီးမှုနှင့်အတူ ၎င်းဆီက အနံ့အသက်က လူတိုင်း၏ နှလုံးနှင့် ဝိညာဉ်များကို ရိုက်ခတ်လာလေရာ ပျို့အန်ချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာကြသည်။

"ဒါက ဘယ်လိုပင်လယ်သားရဲလဲ?"

လုရွှမ် မေးလိုက်သည်။

သူ့အမြင်အရ ဤပင်လယ်သားရဲသည် အစွမ်းထက်သော ရောင်ဝါ မရှိသော်လည်း အလွန်အန္တရာယ်များသည်။

ထျန်းရှားက ခေါင်းခါလိုက်ပြီး ပြော၏။

"ပင်လယ်သားရဲ အမျိုးပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ မသိဘူး... တချို့ ပင်လယ်သားရဲ မျိုးစိတ်တွေကို ငါတို့ မျိုးနွယ်ထဲက အသိဥာဏ်အရှိဆုံး အကြီးအကဲတွေတောင်မှ မသိဘူး"

“ငယ်ငယ်က အဖိုးကို မေးဖူးတာ မှတ်မိသေးတယ်... ပင်လယ်မှာ မှော်ဆန်တဲ့ သားရဲတွေက 120%လောက်ရှိတယ်... အဲ့အထဲမှာ မှော်သတ္တဝါ မျိုးစုံ ပါဝင်တယ်လို့ သူပြောဖူးတယ်... သူသိပြီး ကြားသိရသလောက်တော့ဆို ဆယ်ပုံတစ်ပုံပဲ ရှိတယ်တဲ့"

လူတိုင်း တုန်လှုပ်သွားကြသည်။

"သူ့ကို အခုချက်ချင်း လျစ်လျူရှုပြီး ရှောင်လိုက်ကြရအောင်"

ချင်းချန် အော်ပြောလိုက်သည်။ အသေးစိတ် မသိထားတဲ့ ပင်လယ်သားရဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အသင့်တော်ဆုံး နည်းလမ်းက ရှောင်ထွက်သွားဖို့ပဲ။ နောက်ဆုံးတော့ သူတို့က ပင်လယ်ထဲမှာ ရှိနေတာဆိုတော့ ပင်လယ်သားရဲကို ရှောင်နိုင်ရင် ပိုကောင်းပါလိမ့်မည်။

All Chapters