← Chapters

ချူ့ကျောင်သားရဲ

Vol. 78 Ch. 4.689

ချူ့ကျောင်သားရဲ

Vol. 78 Ch. 4.689

လှေက အရှိန်ပြင်းပြင်းနဲ့ ပြေးနေပေမယ့် အောက်က ပင်လယ်သားရဲက လိုက်ဖမ်း​နေဦးမယ်လို့ မမျှော်လင့်ထားပေ။

"ကြည့်လိုက်!" ကြောင်လေးက အော်လိုက်သည်။

ပင်လယ်သားရဲကြီးက အလွန်ကြီးမားလှသည်။ ပင်လယ်ကနေ ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ဝေးဝေးကို ပျံသန်းနေပြီ ဆိုကတည်းက ၎င်းရဲ့ အစွမ်းအစကို တကယ်ကို မယုံနိုင်စရာပါပဲ။ ဒါနဲ့တင် ပင်လယ်သားရဲကြီး ဘယ်လောက် ကြီးမားတယ် ဆိုတာ စိတ်ကူးကြည့်နိုင်ပါ၏။

"ငါတို့ဒီထက်မြင့်အောင် မပျံနိုင်​တော့ဘူး ရှေ့ဆက် ​ပြေးရုံပဲ ရှိတော့တယ်"

ချင်းချန်က အော်ပြောပါသည်။ ဝမ့်ရှန်းကမ္ဘာမှာ အရမ်း အမြင့်ကြီး ပျံသန်းလို့ မရချေ။ ဒါက လွန်ခဲ့သော နှစ်သောင်းချီကတည်းက ရှိနေခဲ့သော ဒဏ္ဍာရီပဲ ဖြစ်သည်။

ဒဏ္ဍာရီအရတော့ ဝမ့်ရှန်းကမ္ဘာမှာ တောင်တန်းတွေ အများကြီးရှိသည်။ ပင်လယ်ဧရိယာက ကျယ်ပြောပေမယ့် တောင်တွေက ပိုများပိုမြင့်သည်။ သို့သော် နောက်ပိုင်းတွင် ဝမ့်ရှန်းကမ္ဘာမှာ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ရာ တောင်များအားလုံး ပြိုကျပြီး အမြင့်ဟာလည်း တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။

နောက်ပိုင်းတွင် ထို​ဒဏ္ဍာရီများ တဖြည်းဖြည်း ပျံ့နှံ့လာသည်။ ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံး၏ အမြင့်သည် သတ်မှတ်ထားသော ကန့်သတ်ချက်ထက် ကျော်လွန်ကာ မပျံသန်းရဘူးဟု ဆိုကြသည်။

ထိုကန့်သတ်ချက်သည် ဝမ့်ရှန်းကမ္ဘာထဲက အမြင့်ဆုံးတောင်တန်းဖြစ်ပြီး ဝမ့်ရှန်းကမ္ဘာရဲ့ မိခင်တောင်လည်း ဖြစ်သည်။ ထိုတောင်တန်းကို ကျော်လွန်၍ ပျံသန်းသွားပါက ကောင်းကင်နှင့်မြေကြီးမှ ဒဏ်ခတ်ခြင်းကို ခံရပြီး ပွဲချင်းပြီးသေသွားရတဲ့အထိ ဒဏ္ဍာရီ အမျိုးမျိုး ရှိ​လေသည်။

တချို့လူတွေက အဲဒါကို ဟာသအဖြစ် မှတ်ယူကြပြီး တချို့ကလည်း ဒဏ္ဍာရီလို့သာ မှတ်ယူထားကြသည်။ တစ်ချိန်က အခြားကမ္ဘာငယ်လေးမှ သခင်တစ်ဦးသည် ၎င်းကို မယုံကြည်တာကြောင့် စိန်ခေါ်ချင်ခဲ့သည်။

ထိုနေ့တွင် ဝမ့်ရှန်းကမ္ဘာမှ လူတိုင်းသည် မိုးခြိမ်းသံကို မြင်လိုက်ရပြီးနောက် ထိုသခင်၏ အလောင်းက မီးသွေးတုံးအဖြစ် ပြောင်းသွားပြီး မြေပေါ်သို့ ပြုတ်ကျလာခဲ့တာကို မြင်တွေ့ခဲ့ရလေသည်။

ဒါကိုတောင် မယုံကြဘဲ တိုက်ဆိုင်မှုလို့ပဲ ထင်နေကြဆဲပါပဲ။ ဒါပေမဲ့ အဲဒီနေ့ကစပြီး ဘယ်သူမှ ထပ်မပျံသန်းရဲတော့ပါဘူး။ ဒါက ဘယ်လိုကနေ ဖြစ်တာလဲ ဘယ်သူမှမသိပေမယ့် ကောလဟာလတစ်ခု​တော့ ရှိပါ၏။ အဲဒီအမြင့်ကို ရောက်ခါနီးပြီ ဆိုရင်တော့ တစ်ခုခုကို ခံစားရလိမ့်မယ်လို့ ဆိုလေသည်။

ချင်းချန်၏ စကားများကို နားထောင်ပြီးနောက် လူတိုင်းသည် ဒဏ္ဍာရီကို ချက်ချင်း သဘောပေါက်သွာကြသည်။ ထိုအခိုက် အကြောင်းပြချက်မရှိဘဲ သူတို့နှလုံးသားများပင် တုန်လှုပ်ချောက်ချား သွားကြသည်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့လည်း ဘာမှမထူးခြားတာကို တွေ့လိုက်ရ၏။

တစ်နည်းဆိုရသော် ကောင်းကင်ကြီးသည် ကြည်လင်နေပြီး တိမ်ဖြူများစွာ ရှိနေသော်လည်း အထက်တွင် ဖုံးကွယ်ထားသော ကြီးမားသော အကျပ်အတည်းတစ်ခု ရှိနေတာကို ခံစားနေရသယောင်ပင်။

လုရွှမ်သည် နေမျက်လုံးကို ဖွင့်ချင်သော်လည်း ဖွင့်လိုက်လျှင် ဆိုးရွားသည့် အရာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်သည့်စိတ်က သူ့နှလုံးသားထဲတွင် ပေါ်လာခဲ့သည်။

ရုတ်တရက် ဟိန်းဟောက်သံနဲ့အတူ သားရဲ၏လက်တံဟာ သူတို့လှေငယ်လေးကို ရိုက်လိုက်လေသည်။ ဒါက ရှေးဟောင်းလျှပ်စီးကမ္ဘာက ထုတ်လုပ်ထားတဲ့ လှေငယ် ဖြစ်တာကြောင့် ပင်လယ်သားရဲတွေရဲ့ ထိုးနှက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်။

၎င်းရဲ့ ထိုးနှက်ချက် တစ်ချက်ကြောင့် လှေက ကွဲထွက်သွားသည်။ အားလုံးကလည်း လှေပေါ်ကနေ လျင်မြန်စွာ ပြေးထွက်လိုက်ကြ၏။

လှေပေါ်မှာတုန်းက တကယ်တမ်း နောက်ပြန် လှည့်ကြည့်လိုက်မှသာလျှင် ဤလက်တံကြီးရဲ့ ကြောက်မက်ဖွယ် ကောင်းမှုကို သူသဘောပေါက် သွားလေသည်။ ၎င်းသည် ဧရာမတိုင်ကြီး တစ်ခုလိုပင်။ ၎င်းရဲ့လက်တံနဲ့တင် ကောင်းကင်ကြီး ပြိုလဲလုနီးပါးဖြစ်နေပြီး တစ်ကမ္ဘာလုံးကို သူတစ်ကောင်တည်းနဲ့ နှိမ်နှင်းတော့မတတ် အလွန်ကြောက်စရာ ကောင်းလှသည်။

ဒါတင်မကသေးပေ။ ကောင်းကင်မှာ နားမလည်နိုင်တဲ့ စွမ်းအားတစ်ခုက သူတို့ခန္ဓာကိုယ်ကို ဖြိုခွင်းချင်နေသလိုမျိုး စိတ်ထဲမှာ နားမလည်နိုင်တဲ့ ကြောက်ရွံ့မှုတွေလည်း ရှိနေသည်။

"ပျံသန်းကြရအောင်" လုရွှမ် အော်လိုက်သည်။

အောက်ခြေက အရမ်းအန္တရာယ်များသည်။ အောက်နားကို ဆင်းသွားရင် ပင်လယ်သားရဲတွေဆီက သတ်ဖြတ်ခံရဖို့ ဖြစ်နိုင်ချေ များပါ၏။ သို့သော် ကောင်းကင်၏ အထက်ပိုင်းတွင်မူ သူတို့ကို အချိန်မရွေး သတ်ပစ်နိုင်တဲ့ အရာတစ်ခု ရှိနေသလို ခံစား​​နေရသည်။

ဘယ်သူမှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။ လုရွှမ် ဒါကို ခံစားရသလို တခြားသူများကလည်း ပိုမိုရှင်းလင်းစွာ ခံစားခဲ့ရသည်။ ထိုအခိုက် သားရဲလက်တံက ခဏလောက် ကျုံ့သွားပြီးနောက် လူတိုင်းကို ဖမ်းဆုပ်လိုက်ပြန်၏။

ချင်းချန်သည် စွမ်းအားအရှိဆုံး ဖြစ်ပြီး သူမသည် ပေကျီဓားကို သူမနောက်ကျောတွင် ထမ်းထားသည်။ ကျင့်ကြံမှု အဆင့်များ ကွဲသွားသော်လည်း သူမသည် နတ်မီးနယ်ပယ်တွင် ရှိနေဆဲဖြစ်ပြီး သူမ၏ စိတ်ဝိညာဉ် စွမ်းအားသည် အလွန်အားကောင်း နေတာကြောင့် ပင်လယ်သားရဲများ အတွက်က ဖြည့်စွက်စာလို ဖြစ်နေသည်။

"ဒီပင်လယ်သတ္တဝါက ဘာကောင်လဲ? လှောင်အိမ်ထဲမှာ အကျဉ်းချခံထားရတဲ့ တစ်ကောင်လားဟ!"

ကျန့်ကျောက် အော်လိုက်၏။ ဒီလို ပင်လယ်သားရဲမျိုး တစ်ခါမှ မမြင်ဖူးတဲ့အတွက် ထျန်းရှားလည်း ခေါင်းခါလိုက်သည်။

"မသိဘူး!"

သူအ နောက်ထပ် စကားတစ်ခွန်းကို ထပ်ထည့်လိုက်သည်။

"တကယ်လို့ လှောင်အိမ်ထဲမှာ ပင်လယ်သားရဲတစ်ကောင် ရှိတယ်ဆိုရင် လုရွှမ်ကို အရင်တိုက်ခိုက်မှာ မဟုတ်ဘူးလား?"

ဒါက နည်းနည်းတော့ ရယ်စရာကောင်းလေသည်။ လူတိုင်းက မထိန်းနိုင်ဘဲ ရယ်ချလိုက်လေ၏။ လုရွှမ်ကတော့ ဘာမှမပြောဘဲ ချင်းချန်ကိုသာ လှည့်ပြောလိုက်သည်။

"ဘိုးဘေးချင်းချန် ဘိုးဘေး အရင်သွားတော့... ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့ ကျွန်တော်တို့မှာ သဘာဝအတိုင်း လွတ်မြောက်ဖို့ နည်းလမ်းရှိမှာပါ"

"ငါတို့ဆီမှာ ရှိလို့လား?"

ကျန့်ကျောက် အော်ပြောလိုက်စဥ် ထျန်းယင်ဆီက လက်ဝါးတစ်ချက် အကျွေးခံလိုက်ရလေ၏။ လုရွှမ် ဘာတွေတွေးနေမှန်း သူမ မသိသော်လည်း လုရွှမ်ရဲ့ စကားများက အလွန်ယုံကြည်စိတ်ချရကြောင်း ချင်းချန်ကိုယ်တိုင်လည်း သိသည်။

"ဒါဆို ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ!"

ချင်းချန်၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖျတ်ခနဲ ပြေးထွက်သွားခဲ့သည်။

ချင်းချန် အမြန် ထွက်သွားတာကို မြင်တော့ လုရွှမ်လည်း ပူလောင်တဲ့ မျက်လုံးတွေနဲ့ သားရဲကို စိုက်ကြည့်လိုက်သည်။ ၎င်းရဲ့ လက်တံတွေက တကယ်ပြန်ဆုတ်သွားပြီး ပင်လယ်ရေထဲ ပြန်ကျသွားတာကို မြင်လိုက်ရလေ၏။

အားလုံး ရွှင်မြူးသွားကြပြီး ဟိုင်ရှင်းက စိတ်လှုပ်ရှားစွာနဲ့ မေးမြန်းလာသည်။

"လုရွှမ် ဒီကောင်က နတ်မီးနယ်ပယ်အထက်က သခင်တွေကိုပဲ တိုက်ခိုက်တာ မင်းကောင်းကောင်း သိတယ်ပေါ့"

လုရွှမ်မျက်နှာသည် ဖြူဖျော့သွားကာ အလျင်စလို အော်လိုက်သည်။

"ငါဘာမှမသိဘူး... အားလုံးမြန်မြန် ထွက်သွားကြတော့... နောက်ထပ် အဖုအထစ်တွေ လာနေပြီ"

သူ အစောတုန်းက ချင်းချန်ကို အရင်ထွက်သွားခိုင်းတယ် ဆိုတာ စမ်းကြည့်ရုံပဲ။ နောက်ဆုံးတော့ တစ်ဖက်က သားရဲဟာ အရမ်းအစွမ်းထက်တယ်လေ။ သာမန်ငါးကြီးများ ကဲ့သို့ပင် ၎င်းတို့သည် ငါးသေးသေးများကိုသာ စားကြသော်လည်း ဗိုက်ဆာနေရင်တော့ ပုစွန်များကိုလည်း စားကြလိမ့်မည်။

ငါးဖမ်းပိုက်မှာ ငါးဖမ်းသလိုမျိုး တချို့ငါး သေးသေးလေးတွေကို ဒီအကောင်ကြီးက မျက်စိကျမှာ မဟုတ်ပေမယ့် တခြားအကောင်တွေကတော့ မျက်စိကျနိုင်တယ်လေ။

ထိုချူ့ကျောင်သားရဲကြီး ပြန်ဆုတ်လိုက်ချိန်တွင် လုရွှမ် ရုတ်တရက် မကြုံဖူးသေးသော အန္တရာယ်တစ်ခု နီးကပ်လာတာကို ခံစားလိုက်ရသည်။ ဤပင်လယ်သားရဲသည် ဇီဇာမကြောင်သည့်အပြင် စား​သောက်ရန် ငါးကြီးများကိုသာ ရွေးချယ်တတ်သော်လည်း ငါးလေးတွေကိုလည်း စားလိမ့်မည်။

လူတိုင်း ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြသည်။ လုရွှမ် ထျန်းရှောင်းနဲ့ ထျန်းလင်ကို လှမ်းဖမ်းလိုက်သည်။ ယွမ်စွမ်းအင်သည် သူမတို့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွား​စေပြီး ထူးဆန်းသော မီးအမျိုးအစား နှစ်မျိုးလည်း ထွက်ပေါ်လာကာ ရှည်လျားသော အလင်းတန်းကြီးအဖြစ် ဆွဲထုတ်ကာ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားလေသည်။

အောက်က ပင်လယ်ပြင်တွင် သားရဲများသည် ရေထဲမှ ရုတ်တရက် ပေါက်ထွက်ပြီး လူတိုင်းဆီသို့ ခုန်တက်လာလေ၏။

"င-ိုး.... သားရဲတွေ အများကြီးပဲဟ!"

ဖြူကောင်ရဲ့ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ အားလုံးလည်း လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားကြ၏။ လုရွှမ် ဘာကြောင့် လူတိုင်းကို ထွက်ပြေးဖို့ ပြောခဲ့တာလဲဆိုတာ နားလည်သွားပါပြီ။

ဒီချူ့ကျောင်သားရဲတွေ အရင်သားရဲလောက် မကြီးမားသလို အသက်ရှုသံကလည်း ကြောက်စရာ မရှိပါဘူး။ သို့သော် ၎င်း၏ ကြီးမားသော အရှိန်အဝါက ပိုကောင်း​ပေသည်။ ၎င်းတို့က အုပ်စုလိုက် လေထဲသို့ လျင်မြန်စွာ ထိုးဖောက် ဝင်ရောက်ကာ လူတိုင်းကို ဖမ်းစားဖို့ ကြိုးစားလေ၏။

လူတိုင်း ခပ်ဝေးဝေးကို မပြေးနိုင်ခင်မှာ အဆုံးမှာ ပြေးနေတဲ့ ဟဲ့ယန်နဲ့ ထန်တုံးတို့ဟာ လုံးထွေးသွားပြီး ရေအောက်ကို အမြန်ဆွဲချ ခံလိုက်ရလေ၏။

"မင်းတို့နှစ်ယောက် မြန်မြန်ထွက်သွားတော့!"

လုရွှမ် အော်လိုက်စဥ် သူ့ဘေးမှာ အလင်းရောင်တစ်ခု ထွန်းတောက်လာပြီး ကျားလေးတစ်ကောင်က ခုန်ထွက်လာ၏။ ကျားလေးက လှည့်ပတ်ကာ ပြေးလွှားပြီးမှ လူသားအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှောင်ပိုင်မှာ ယခင်က ကျောက်စိမ်း​ပြားထဲသို့ အထည့်ခံရပြီးနောက် သူမမှာ တစ်ချိန်လုံး ပိတ်မိနေခဲ့လေသည်။ အခု နောက်ဆုံးတွင် သူမ လွတ်မြောက်သွားခဲ့ပြီ။ ထို့ကြောင့် လက်ရှိ အခြေအနေကို အနည်းငယ် သတိမထားမိသေးပေ။ လှည့်ပြန်ထွက်လာပြီးနောက် သူမက ပြုံး၍ အော်လိုက်သည်။

"ကိုကိုလုရွှမ်... နောက်ဆုံးတော့ ညီမကို ထွက်လာခွင့် ပေးပြီပေါ့လေ"

"အခုအချိန်က စကားပြောရမယ့် အချိန် မဟုတ်သေးဘူး... အရမ်း အန္တရာယ်များတယ် ညီမလေး သူတို့နှစ်ယောက်ကို မြန်မြန်ပြေးတော့ တတ်နိုင်သမျှ ဝေးဝေးကိုသာ ပြေး!"

All Chapters