လူကယ်ခြင်း
Vol. 78 Ch. 4.690
"ဒါဆို ကိုကိုက ဘာလုပ်မလို့လဲ?"
ရှောင်ပိုင်သည် အောက်က အခြေအနေကို ကြည့်ပြီး သူမစိတ်တွေ ချက်ချင်း တင်းကျပ်သွားတော့သည်။ အထူးသဖြင့် သူမအတွက် အန္တရာယ်က အလွန်ကြီးမားလွန်းသည်။
"ဟုတ်တယ် လုရွှမ် နင်ကဒီမှာ ဘာလုပ်နေမလို့လဲ?"
ထျန်းရှောင်းနဲ့ ထျန်းလင်လည်း တချိန်တည်း အော်လိုက်ကြသည်။
"ဆရာတူ အစ်မနှစ်ယောက်... မင်းတို့ဒီမှာ နေခဲ့ရင်တောင် အများကြီး မကူညီနိုင်ဘူး!"
ဆရာတူညီအကို နှစ်ယောက် ရေအောက်မှာ မျောပါသွားတာကို သူမတို့ နှစ်ယောက်လည်း တွေ့လိုက်ရပါသည်။ အခုဆိုရင်တော့ အစ်ကိုနှစ်ယောက်ရဲ့ အရိပ်အယောင်ကို မမြင်နိုင် သလောက်ကို ဖြစ်နေပြီ။ သူတို့စိတ်နှလုံးမှာ ဝမ်းနည်းကြေကွဲ သွားကြသော်လည်း သတိလည်း ကပ်နေကြရသည်။ ဆရာတူ အစ်ကိုနှစ်ယောက် အသက်မရှင်တော့ပြီ။
"ဟုတ်တယ် ငါသူတို့ကို သွားကယ်မလို့... ငါအရင်က မပြောခဲ့ဘူးလား ငါ့သူငယ်ချင်းတွေ ဖြစ်လာပြီဆိုရင် ငါဘယ်တော့မှ ချန်ထားခဲ့မှာ မဟုတ်ဘူး!"
လုရွှမ် အော်ပြောပြီး ကျားဖြူလေးရဲ့ လက်မောင်းကို တစ်ချက် ရိုက်လိုက်ကာ ခေါင်းညိတ်ပြပြီး ပင်လယ်ဘက်ကို လှမ်းကြည့်လိုက်ပြီး ရေထဲ ထိုးဆင်းသွားလေသည်။
"ဆရာတူညီလေး?"
ကျန့်ကျောက်နဲ့ ထျန်းယင်တို့ တစ်ပြိုင်တည်း အော်လိုက်ကြသည်။
"လုရွှမ်?" ထျန်းရှားလည်း အော်လိုက်သည်။
"စိတ်မပူပါနဲ့ ငါအဆင်ပြေမှာပါ... မင်းအရင်သွားလိုက်..."
လုရွှမ် ဆိုပြီးနောက် ရေထဲ မြုပ်သွားလေ၏။
ထျန်းရှားမှာ အရူးဟု တိတ်တဆိတ် ကျိန်ဆဲပြီး သူ့နောက်ကို လိုက်တော့မည် ဖြစ်သော်လည်း ကြောင်လေးက သူမကို တားလိုက်သည်။
“ဖယ်စမ်း!”
ထျန်းရှား လှည့်အော်လိုက်ရာ ကြောင်လေးခမျာ လန့်ဖျပ်သွားတော့သည်။ အစ်မဖြစ်သူ တစ်ယောက်ယောက်ကို အရမ်း ဂရုစိုက်နေတာကို မြင်ရတာ ဒါပထမဆုံးအကြိမ်ပဲ။
"အစ်မ... နင်ရေထဲ မသွားရဘူး လုရွှမ်က ညီမတို့ မြန်မြန် ထွက်သွားသင့်တယ်လို့ ပြောခဲ့တယ်မလား? ညီမ သေမှာကြောက်လို့ ပြောတာမဟုတ်ဘူး လုရွှမ်ကို ယုံကြည်လို့ပါ...ညီမတို့သူ့ကို သိတာကြာပြီ။ ဒီလူက တကယ်ကို အစွမ်းထက်တယ် သူဒီလိုလုပ်ဖို့ သတ္တိရှိတာ သူ့မှာ သူ့အစီအစဉ်နဲ့သူ ရှိရမယ်"
"နင်ပြောစရာ မလိုဘူး ငါအကုန်သိတယ်... ဒါပေမဲ့ ငါမလိုက်သွားရင် သူ သက်သာမှာမဟုတ်ဘူး... ဟိုင်ရှင်း ဖြူကောင် နင်တို့နှစ်ယောက်က သူတို့ကို ကာကွယ်ပေးပြီး မြန်မြန်ထွက်သွားတော့... ငါတို့ ပြန်ဆုံဖို့အခွင့်အရေး ရှိသေးတယ် နားလည်လား!"
သူများတွေ ဖျောင်းဖျတာကို စောင့်မနေတော့ဘဲ ထျန်းရှားတစ်ယောက် ရေထဲကို ခုန်ချသွားခဲ့လေသည်။
ချူ့ကျောင်သားရဲများသည် လူနှစ်ယောက်ကို ဖမ်းမိသွားပြီးနောက် ၎င်းတို့၏ အရှိန်ကို နှေးကွေးလိုက်တာကြောင့် သူတို့ လွတ်မြောက်ရန် လွယ်ကူသွားစေခဲ့သည်။ လုရွှမ်နဲ့ ထျန်းရှား ပျောက်သွားတော့ ကျန်တဲ့ လူတွေမှာ ဘာလုပ်ရမှန်းမသိ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြ၏။
"ပါရမီရှိတဲ့ ညီလေးထျန်းချိုင် ပြောတာကို နားထောင်ကြရအောင်... သူ ဘာလုပ်ရမယ်ဆိုတာ သူသိပါတယ်... မိန်းကလေး ထျန်းရှားကလည်း ထူးကဲတဲ့ ခွန်အားနဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိတယ် ဒါပေမဲ့ ငါတို့က ရူးကြောင်ကြောင် မလိုက်နာရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်"
ကျန့်ကျောက်က သည်းမခံနိုင်သော အမူအရာဖြင့် အော်လိုက်သည်။ သူက ပြတ်ပြတ်သားသား ပြော၏။
ကြောင်လေးက တခြားအရာတွေကို ပြောချင်ပေမယ့် ဖြူကောင်ကလည်း ဝင်ပြောလာခဲ့သည်။
"ကျန့်ကျောက် ပြောတာမှန်တယ် ငါတို့ ဆင်းသွားရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး... ငါတို့ မြန်မြန်ထွက်သွားရင် ပိုကောင်းမယ် ငါသေမှာ မကြောက်ဘူး တစ်ခါသေပြီးသွားပြီပဲ ကြောက်စရာ ဘာမှမရှိပါဘူး... ဒါပေမဲ့ လုရွှမ်နဲ့ အစ်မထျန်းရှားတို့ရဲ့ စကားကို နားမထောင်ဘဲ သူတို့နောက်ကို ဒေါသတကြီး လိုက်သွားမယ် ဆိုရင် သူတို့ကို အန္တရာယ် ဖြစ်စေလိမ့်မယ်... "
ကြောင်လေးသည် လက်လျှော့ရန် အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း ချေပရန် စကားလုံးတစ်လုံးမျှ ရှာမတွေ့ခဲ့ပေ။
သူမ လှောင်အိမ်ထဲမှာ ကြာကြာနေလေ သူမနဲ့ လုရွှမ်ကြားက ကွာဟချက်ကြီးကို နားလည်လာလေလေပါပဲ။ သူမ ဆက်ပြီး လိုက်နေမယ်ဆိုရင် ဒါဟာ ဘာအကူအညီမှ ဖြစ်နိုင်မှာ မဟုတ်သလို ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်သွားနိုင်ပါ၏။ ဖြူကောင်ပြောတာ မှန်ပါသည်။
"သွားကြစို့!" ထျန်းယင် အော်လိုက်သည်။
ထို့နောက် အုပ်စုလိုက် အမြန်ပြေးသွားကြသည်။ ထျန်းယင်က စကားများများစားစား မပြောတတ်ပေမယ့် သူမ ပြောပြီးတာနဲ့ သူပြောတာမှန်ဖို့ ခိုင်လုံလေ၏။
လုရွှမ် ပင်လယ်ရေထဲသို့ ဝင်ရောက်ပြီးနောက် ပင်လယ်သားရဲ၏ ပုံစံအမှန်ကို မြင်သွားရာ ထိတ်လန့်သွားတော့သည်။
၎င်းသည် ပင်လယ်သားရဲ မဟုတ်ချေ။ သူ၏လက်ရှိ ရှုထောင့်မှကြည့်လျှင် ဤပင်လယ်သားရဲ၏ ရုပ်ပုံအပြည့်အစုံကိုပင် မမြင်နိုင်ပေ။ ဒါပေမဲ့ ရေဘဝဲလို ပင်လယ်သားရဲနဲ့တူပေမယ့် ထူထပ်တဲ့ လက်တံတွေက ၎င်းတစ်ကိုယ်လုံးကို ဖုံးအုပ်ထားပြီး သောင်းဂဏန်းလောက် ရှိမလားတောင် မပြောတတ်။
၎င်းက ပင်လယ်ရေထဲမှာ သပ်သပ်ရပ်ရပ် ဝှေ့ယမ်းနေပုံမှာ အလွန်ကို ကြီးကျယ်ခမ်းနားပြီး ပိုလို့တောင် ကြောက်စရာကောင်းပါ၏။
ပူလောင်သော မျက်လုံးများဖြင့် လုရွှမ်သည် ထန်တုံးနှင့် ဟဲ့ယန်ကို ရှာဖွေလိုသောကြောင့် ထိုအချွန်အတက်များထဲ ကြည့်လိုက်သည်။
သို့သော် လက်တံများစွာကြောင့် သူတို့ကို ဘယ်လိုလုပ် အလွယ်တကူ ရှာတွေ့နိုင်ပါ့မလဲ။ သူသည် ကြောက်မက်ဖွယ် ကောင်းသော ပင်လယ်သားရဲကောင်ကို ကြည့်ပြီ ထိုသာ့ကောင်သားတို့ နှစ်ကောင်လုံးကို လျင်မြန်စွာ စုပ်ယူခံလိုက်ရမှာကို ကြောက်ရွံ့သဖြင့် အရှိန်မြှင့်လိုက်ရသည်။
သူ့အနောက်က အသံတစ်သံကြောင့် ရုတ်တရက် လှည့်ကြည့်လိုက်တော့ ထျန်းရှားတစ်ယောက် သူ့နောက်ကို လိုက်လာနေတာကို မြင်လိုက်ရသည်။
မလိုက်စေချင်ပေမယ့် ထျန်းရှား သူ့နောက်ကို လိုက်လာနေတာကို မြင်လိုက်ရတော့ အနည်းငယ် ထိတ်လန့်သွားမိသေးသည်။
"ထန်တုံးနဲ့ ဟဲ့ယန် ဘယ်ရောက်နေလဲ မင်းသိနိုင်လား?"
လုရွှမ် မေးလိုက်သည်။ ထျန်းရှား ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆို၏။
"နင် စိတ်ရှုပ်နေမယ်ဆိုတာ ငါသိသားပဲ... ငါနဲ့လိုက်ခဲ့"
လူနှစ်ယောက်သည် ခေါင်းချင်းဆိုင်၍ မဝံ့မရဲဖြင့် ပင်လယ်ကြီး၏ ခန္ဓာကိုယ်ဆီသို့ ပြေးဝင် ချဥ်းကပ်လာခဲ့ကြသည်။ ဒါပေမဲ့ ပင်လယ်သားရဲရဲ့ အာရုံခံစားမှုတွေက အလွန်ကို ထိလွယ်ရှလွယ်ပြီး သူတို့နှစ်ဦး နီးကပ်လာတာနဲ့အမျှ နှစ်ယောက်လုံးကို ရှာဖွေတွေ့ရှိနေပြီ ဖြစ်သည်။
ရုတ်ချည်းဆိုသလို ၎င်းက လက်တံတွေနဲ့ လွှဲရိုက်လိုက်လေပြီ။ လက်တံ ရိုက်ချက်တွေက ခန္ဓာကိုယ်အနှံ့ အပေါ်အောက် လွင့်ပျံနေတာကြောင့် ရေစီးဆင်းမှု အတက်အကျတွေ ဖြစ်နေသလိုပင် ခံစားရလေသည်။
သူတို့ နှစ်ယောက် နီးကပ်စွာ ပျံသန်းသွားကာ ချက်ချင်းဆိုသလိုပင် ဒါဇင်ပေါင်းများစွာသော လက်တံများက သူတို့ကို ဖမ်းဆုပ်လိုက်ကြသည်။
ထျန်းရှား ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ကြိမ်းမောင်းသံနဲ့အတူ ဝေ့ယမ်းလိုက်ရာ လက်တံနှစ်ခု ပြတ်သွားကာ နေရာအနှံ့ သွေးတွေ ဖြာထွက်သွားသည်။
လုရွှမ် အံ့အားသင့်သွား၏။ ဒါက အရမ်းရင်းနှီးတဲ့ ဓားလှုပ်ရှားမှု မဟုတ်လား? သူမက ၎င်းကို ဓားတစ်ချောင်းနဲ့ ဖြတ်လိုက်တယ်တဲ့လား။
“ငါ့ရဲ့ ခန့်မှန်းချက်က အမှန်ပဲ ဒါက ပင်လယ်သားရဲတွေရဲ့ ဝိသေသ လက္ခဏာ ဖြစ်နိုင်တယ်... ဆိုရိုးစကားအတိုင်းပဲ အာရုံစူးစိုက်မှုက အနှစ်သာရပဲ ငါတို့ အရေအတွက်က မလုံလောက်ပေမယ့် အရည်အသွေးမှာတော့ အားကောင်းတယ်... အဲဒါကြောင့် ချူ့ကျောင်သားရဲတွေက ကမူးရူးထိုး မတက်လာရဲဘူး.. ငါအစက တစ်ကောင်တည်းလို့ ထင်နေတာ လတ်စသတ်တော့ အများကြီးရှိတာကိုး...သူတို့တစ်ကောင်စီက မတူလို့ မတူညီတဲ့ စွမ်းအားတွေနဲ့ ခွန်အားတွေလည်း ရှိနေတာ သိသာတယ်"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ ထျန်းရှား ပြောတာက အဓိပ္ပာယ်ရှိပါ၏။
ဒါက သိုင်းပညာ တစ်ခုလိုပါပဲ။ သင်သည် သိုင်းပညာ တစ်ခုတည်းကို သိပြီး တစ်နှစ်ပတ်လုံး ၎င်းသိုင်းပညာထဲမှာပဲ နှစ်မြုပ်နေပါက ထိုအရာအပေါ် ထိန်းချုပ်မှုစွမ်းအားက သဘာဝအားဖြင့် ပို၍ လေးနက်လာလိမ့်မည်။ ထို့အထူ ထိုသိုင်းပညာတစ်ခုကို သင့်ထက်ပို၍ ဘယ်သူမှ မကျွမ်းကျင်နိုင်တော့ချေ။
လုရွှမ်မှာ ပေကျီဓားကို ချင်းချန်ဆီကို ပြန်ပေးလိုက်ပြီ။ ယခုအချိန်တွင် ကျောက်စိမ်းပြားက ဖွင့်လို့ရပြီ ဖြစ်သလို အတွင်းထဲတွင် ဓားများစွာလည်း ရှိသည်။ သူသည် လက်တစ်ဖက်စီတွင် ဓားတစ်လတ်စီကိုင်လျက် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား သိုင်းစွမ်းရည်ကို ချက်ချင်း သုံးလိုက်သည်။
ဓားအလင်းသည် အမှိုက်များအား ရှင်းလင်းနေသော လေပွေကြီးလိုပင်။ ဓားစွမ်းအင်က ကောင်းကင်ကို ဖြတ်ပျံသွားကာ ချူ့ကျောင်သားရဲ၏ လက်တံများကို ဖြတ်တောက်ပစ်လိုက်ရာ ခြေလက်များက နေရာအနှံ့ ပျံသန်းသွားခဲ့သည်။
ထို့နောက် လက်တံတွေ လွတ်နေတဲ့ ထွက်ပေါက်နှစ်ခုထဲမှ ရုပ်ပုံနှစ်ပုံ ပြုတ်ကျလာသည်။ ယခုအချိန်တွင် ၎င်းတို့နှစ်ဦးသည် သေးငယ်သော လက်တံနှစ်ခုဖြင့် ထုပ်ပိုးခံထားရသည်။ လုရွှမ်နဲ့ ထျန်းရှားတို့၏ ရက်ရက်စက်စက် တိုက်ခိုက်ခံရသောအခါ ၎င်းတို့က လူနှစ်ယောက်ကို တိုက်ရိုက် ပစ်ချပြီး ထွက်ပြေးသွားခဲ့သည်။
လုရွှမ်နှင့် ထျန်းရှားတို့ကို တွေ့သောအခါ ဝမ်းသာပီတိ ဖြစ်သလို ပို၍ပင် ကျေးဇူးတင်မိသည်။ သူတို့သာ လာမကယ်တင်ရင် သေရတော့မယ်ဆိုတာ သူတို့သိပါ၏။
လူနှစ်ယောက်သည် လျင်မြန်စွာ ပြေးလာကြသည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ လူနှစ်ယောက်အတွက် ဆေးလုံး၂လုံး ပစ်ပေးလိုက်သည်။
သူတို့နှစ်ဦးကို အချိန်အတော်ကြာအောင် ဖမ်းမိမထားသော်လည်း နှစ်ဦးစလုံးသည် ယခုအချိန်တွင် ယွမ်စွမ်းအင်နှင့် သွေးများ အလွန်အမင်း ယိုစီးနေသည်။ လုရွှမ်တို့သာ အချိန်မီ မရောက်လာရင် နှစ်ယောက်စလုံး သေသွားလိမ့်မည်။
"မင်းတို့ မြန်မြန်ထွက်သွား! ငါနဲ့ ထျန်းရှား နေခဲ့မယ်!"
လုရွှမ် အော်လိုက်သည်။
သူတို့နှစ်ယောက်က ဒီမှာ အကူအညီ သိပ်မရနိုင်မှန်းလည်း သိတဲ့အတွက် “ဂရုစိုက်ပါ” လို့ ပြောပြီး ပင်လယ်ထဲကနေ အမြန် ပြေးတက်သွားကြသည်။
"ထျန်းရှား ဒီမြွေဆိုးကြီးကို ဘယ်သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်မလဲ ဆိုတာ ငါတို့ ပြိုင်ကြမလား?"