← Chapters

အစွမ်းထက်ပေသည်

Vol. 79 Ch. 4.691

အစွမ်းထက်ပေသည်

Vol. 79 Ch. 4.691

ထျန်းရှား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လုရွှမ်ကို သူ နှလုံးသားထဲတွင် ယုံကြည်ထားပြီးသား ဖြစ်သော်လည်း လုရွှမ်နှင့် ယှဉ်ပြိုင်ခွင့်ရပါက သူမ အလွန်ပျော်ရွှင်နေမှာပဲ ဖြစ်သည်။ သူတို့နှစ်ဦးသည် ဓားအလင်း နှစ်ရောင်အဖြစ်သို့ ပြောင်းလဲကာ ချူ့​ကျောင်သားရဲဆီသို့ ပြေးဝင်သွားကြသည်။

အအေးဓာတ်က အလင်းတန်းနှစ်ခု အဖြစ် လင်းလက်လာပြီး ချူ့ကျောင်သားရဲ၏ လက်တံကြီး ပြတ်တောက်သွားသည်။

သို့သော် ချူ့ကျောင်သားရဲတွင် လက်တံများ များပြားလွန်းကာ သူတို့ဖြတ်တောက်လိုက်တဲ့ လက်တံတွေက အနည်းငယ်မျှသာ ဖြစ်သောကြောင့် ချူ့ကျောင်သားရဲကို ပြင်းထန်စွာ မထိခိုက်နိုင်ကြောင်း ထင်ရှား​ပေသည်။

ပိုသိသာသည်မှာ ချူ့ကျောင်ပုတ်သားရဲ၏ ဘုန်းအာနုဘော်ကို သူတို့လို လူလေးများက အနိုင်ကျင့်၍ မရပေ။

ဤအခိုက်အတန့်တွင် ပင်လယ်ရေ အထက်တွင်ရှိ ထန်တုံးနှင့် ဟဲ့ယန်တို့သည် နောက်ဆုံးတွင် ရေထဲမှ ထွက်ခွာသွားနိုင်ခဲ့သည်။ အစတွင် ၎င်းတို့နှစ်ဦးနောက်သို့ လိုက်နေသည့် သားရဲတချို့ ရှိခဲ့သော်လည်း မကြာမီတွင် သားရဲက လက်တံများအားလုံးကို ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။

လုရွှမ်နှင့် ထျန်းရှားတို့သည် ချူ့ကျောင်သားရဲကို သတ်ရန် ရုန်းကန်နေကြသည်ကို သဘာဝကျကျ နားလည်ထားသောကြောင့် သားရဲလက်တံများသည် သူတို့ကို အာရုံစိုက်​နေခြင်းမှ ရပ်တန့်သွားကြသည်။

တစ်ချိန်တည်းမှာပင် နှစ်ယောက်သား ထိတ်လန့်ရှက်ရွံ့မိသွားသည်။

"ဆရာတူအစ်ကို ထန်တုံး.. ဆရာတူအစ်ကို ဟဲ့ယန်... "

ရင်းနှီးတဲ့အသံနှစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ သူတို့ မျှော်ကြည့်လိုက်တဲ့ အခါမှာတော့ ထျန်းယင်နဲ့ ကျန့်ကျောက်တို့ပဲ ဆိုတာကို တွေ့လိုက်ရသည်။

သူတို့သည် အားနည်းတာကြောင့် ပင်လယ်ထဲသို့ ဝင်လိုက်သည်နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တာကို သိထားသော်လည်း ဒီအတိုင်း ထွက်ခွာသွားဖို့ကလည်း မလုပ်နိုင်ပေ။

ထို့ကြောင့် သူတို့ ခဏလေး စောင့်နေခိုက် မမျှော်လင့်ဘဲ ထန်တုံး နှင့် ဟဲ့ယန်တို့ကို တွေ့လိုက်ရသော် အမြန် ပြေးထွက်လာခဲ့သည်။

လုရွှမ်နှင့် ထျန်းရှားတို့၏ အရေးကိစ္စများကို စုစည်း၍ ဆွေးနွေးခဲ့ကြရာ လူတိုင်းမှာ စိတ်ပူပန်မှုနှင့် ယုံကြည်မှု ခံစားချက်များဖြင့် ပြည့်နှက်လာ​တော့သည်။

"ကျွန်မတို့ အရင်ထွက်သွားရင် ပိုကောင်းမယ်... သူတို့က ပင်လယ်သားရဲကို ထိန်းချင်နေတာ သိသာတယ်... ဒါကြောင့် ဆရာတူအကို နှစ်ယောက် လွတ်မြောက်ဖို့ အချိန်ပေးပြီးတာတောင် ထွက်မလာဘူး... ကျွန်မတို့ အခုထွက်သွားတာ အကောင်းဆုံးပဲ အဲဒါဆို သူတို့လည်း ကျွန်မတို့အတွက် စိုးရိမ်စရာ မလိုတော့ဘူး"

အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ပြကြသည်။ နတ်သမီးထျန်းယင် ပြောတာ မှန်ပါ၏။ သူတို့ အခု အဝေးကို ထွက်သွားနိုင်လေလေ ထျန်းရှားနဲ့ လုရွှမ်က သူတို့ရဲ့ အသက်အတွက် လွတ်မြောက်ရာလမ်းကို ရှာဖို့ ပိုလွယ်လေလေပါပဲ။

လူအုပ်စုသည် လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြပြီး လုရွှမ်နှင့် ထျန်းရှားတို့အား ယုံကြည်စွာ ထားရစ်ခဲ့ကြသည်။

လုရွှမ်တို့သည် ပင်လယ်ရေထဲရှိ သားရဲသတ္တဝါများကို အစွမ်းကုန် ခုခံတိုက်ခိုက်နေကြဆဲ ဖြစ်သော်လည်း မကြာမီတွင် အဆိုပါ အချွန်အတက် လက်တံများက တဖြည်းဖြည်း ခိုင်မာလာတာကို တွေ့လာခဲ့သည်။

အရင်တုန်းက ဓားနဲ့ခုတ်ရင် လက်တံတွေကို မြန်မြန်ဖြတ်နိုင်ပေမယ့် အခုချိန်မှာတော့ အချွန်အတက်တွေကို ခုတ်ထစ်လိုက်တိုင်း အရမ်းကြမ်းတမ်းနေသလို ဖြတ်ဖို့မရ ဖြစ်နေကာ ၎င်းရဲ့ အရောင်ကလည်း တဖြည်းဖြည်း နက်လာသည်။

ယခင်က လက်တံများသည် မွေးခါစ အကောင်ငယ်ကဲ့သို့ပင် အဖြူများ ဖြစ်သော်လည်း ယခုအခါတွင် လက်တံအရောင်သည် တဖြည်းဖြည်း နက်လာပြီး တချို့သော လက်တံများပင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသလို အလွန်မာကျောသော အနက်ရောင်များ ဖြစ်လာသည်။

ပြင်းထန်သော အလင်းတန်း နှစ်ခုသည် ပင်လယ်ရေကို တရစပ် ရိုက်ခတ်သွားသကဲ့သို့ လုရွှမ်တို့ဆီသို့ ပြင်းထန်သော အလင်းတန်းနှစ်ခု ပစ်ခတ်လိုက်၏။ ပင်လယ်ရေမှာ တိုက်ရိုက်အငွေ့ပျံသွားသလို ရေပူဖောင်းတွေနဲ့ တုန်ခါသွားသည်။

လုရွှမ်၏နှလုံးသည် ရုတ်တရက် လှုပ်ရှားသွားကာ သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်သည်။ နောက်အခိုက်အတန့်တွင် အနက်ရောင် လက်တံများသည် သူ့ခေါင်းရှေ့သို့ ရောက်လာ၏။ ၎င်းသည် ချွန်ထက်သော ဓားတစ်ချောင်းလို အစွမ်းထက်တာကြောင့် အထိုးခံလိုက်ရလျှင် ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်သလို မြှားတစ်စင်းလို သူ့နှလုံးကို ထိုးဖောက်သွားနိုင်သည်။

ဝူရှဲ့ စိတ်ထဲမှ တုန်လှုပ်သွားမိသည်။

ပထမဦးစွာဖြင့် သားရဲသည် ရေကို စွမ်းအင်ဖြင့် ရှုပ်ထွေးသွားအောင် အလင်းစွမ်းအင်များ ပစ်လွှတ်လိုက်ပြီးမှ တိုက်ခိုက်လေသည်။

တခြားသူများအတွက် ဤခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက အောင်မြင်ရန် အခွင့်အလမ်းင မရှိသလောက်ပဲ ဖြစ်သည်။ ယခုမူ ပင်လယ်ရေတွင် ကြောက်မက်ဖွယ် ကောင်းသော သားရဲအကောင်ကြီးက သူတို့ကို အဲဒီလို တိုက်ခိုက်နေပြီ။

ထျန်းရှား ဟစ်အော်လိုက်ပြီးနောက် ဓားခုတ်သံများ ထွက်ပေါ်လာ၏။ သူမ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း ခံရတာ သိသာထင်ရှားသော်လည်း သူမအသံထဲက ပြင်းထန်သော စွမ်းအင်ကို ကြားရသလောက်ဆို သူ မထိခိုက်သွားလောက်ပေ။

"သွား!"

လုရွှမ် ညည်းတွားပြီး အားပြင်းတဲ့လေလှိုင်းတွေက ပေါက်ကွဲထွက်သွားစေသည်။ သူ့ပတ်ဝန်းကျင်က ပွက်ပွက်ဆူနေတဲ့ ပင်လယ်ရေတွေကို လွှင့်ထုတ်လိုက်ပြီး လေဟာနယ်ဧရိယာကို တိုက်ရိုက် ဖြန့်ချလိုက်သည်။

ရေပူဖောင်းတွေကို ရှင်းထုတ်လိုက်တဲ့ လမ်းကြောင်းအတိုင်း လိုက်သွားကာ ယွမ်ယန်ဓားကိုးစင်းကလည်း ဆက်တိုက် ထွက်ပေါ်လာသည်။ ပင်လယ်ရေထဲက ဓားစွမ်းအင်တွေဟာ ချူ့ကျောင်သားရဲကို မရပ်မနား တိုက်ခိုက်နေ၏။

ပင်လယ်ရေထဲမှာ ရေဓားတွေ အမြောက်အမြား စုရုံးနေကြသလိုပင်။

ထိုစဥ် လုရွှမ်သည် သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံး ချက်ချင်းနီးပါး ခုန်ထွက်သွားတာကို ခံစားလိုက်ရသည်။ စိမ်းပြာနဂါးရဲ့ နှလုံးက ပြင်းထန်စွာ ခုန်နေပြီး စိမ်းပြာနဂါး စွမ်းအားရဲ့ သဲလွန်စများကိုလည်း ထုတ်ပေးလာရာ လုရွှမ် ချက်ချင်း ထို​စွမ်းအားကို ထိန်းချုပ်လိုက်သည်။

ပတ်ဝန်းကျင်က မငြိမ်မသက်မှုတွေကြောင့် ရေပူဖောင်းတွေ လွင့်စင်သွားခဲ့ပြီး အားလုံးနီးပါး ရေဓားတွေအဖြစ် ပြောင်းလဲသွားကြသည်။ ထျန်းရှားမှာလည်း ရေဓားအလွှာတွေနဲ့ ဝန်းရံခံထားရတာကြောင့် ထိတ်လန့်တုန်လှုပ် သွား​လေ၏။

လုရွှမ်ခွန်အားကို သူမ သိပါသည်။ လုရွှမ်ရဲ့ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား အပေါ် နားလည်မှုက သူမထက် သာလွန်ကြောင်း သိထားသော်လည်း ဤလှုပ်ရှားမှုသည် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက မယှဉ်နိုင်သည့်အပြင် စွမ်းအားအရဆိုလျှင်လည်း အစွမ်းထက်မည် မဟုတ်ပေ။

အတိုင်းအတာအရ ၎င်းသည် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားသိုင်းထက်တောင် ပိုမိုအားကောင်း​လေသည်။

"သွားတော့!"

လုရွှမ် အော်လိုက်သည်။

ဤအခိုက်အတန့်တွင် ဝိညာဉ်ဓားများ နိုးထလာသကဲ့သို့ ရေဓားများ အားလုံးသည် ချူ့ကျောင်သားရဲဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားလေသည်။ အရှိန်က အရမ်းမြန်တာကြောင့်ရော ဓားစွမ်းအင်က အရမ်းထက်တာကြောင့်ရော ပြင်းထန်တဲ့ ရေတွေတောင် ဖြန်းခနဲ ခွဲထွက်သွားရသည်။

ရေဓားသွားရာ လမ်းတိုင်းမှာ ရှည်လျားသော ရေလိုင်းများကိုပါ ဆွဲထုတ်သွားသည်။ လုရွှမ်သည် သူ့ခန္ဓာကိုယ်မှ ယွမ်စွမ်းအားများ ထပ်မံ ကုန်းခမ်းသွားတာ ခံစားလိုက်ရသဖြင့် တကယ်ကို ထိတ်လန့်သွားရသည်။

သူဒီမှာ ဆက်နေဖို့ ဘယ်လိုလုပ် သတ္တိရှိ​တော့မလဲ။ သူသာ သားရဲကို မသတ်နိုင်ခဲ့ရင် သူ့ရဲ့ ယွမ်စွမ်းအား​တွေကို လုံး၀ စုပ်ယူသွားမှာ မလွဲမသွေပါပဲ။

"ထျန်းရှား သွားစို့!"

လုရွှမ်လည်း လျင်မြန်စွာ ပျံတက်သွားသည်။ လုရွှမ်တစ်ယောက် အောင်ပွဲခံရမယ့် အခွင့်ကောင်းရှိတာကို မယူဘဲ ဘာကြောင့် လက်လျှော့လိုက်ရလဲ မသိသော်ငြား လုရွှမ်သည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း မှန်ကန်သော ဆုံးဖြတ်ချက်များကို ​ချ ခဲ့ခြင်းကြောင့် သူမပင် ကျင့်သားရလာခဲ့​ပြီ။

အနားကို ပြေးလာကြည့်တော့မှ လုရွှမ်မျက်နှာက ဖြူဖျော့ပြီး မောပန်းနွမ်းနယ်နေတာကို တွေ့လိုက်ရသည်။ သို့နှင့် ရေထဲရှိ တဲပုတ်ကောင်ကို ဂရုမစိုက်နိုင်​တော့ဘဲ နှစ်ယောက်သား ရေ​ကော့သို့ ပြေးတက်လာကြသည်။

ရေထဲမှ ဟောက်သံများ အစီအရီ ထွက်ပေါ်လာသည်။ ထျန်းရှား သူ့နောက်ကို လှည့်မကြည့်ဘဲ မနေနိုင်လိုက်ပေ။ လှည့်ကြည့်လိုက်ခိုက် ချူ့ကျောင်သားရဲကို ထိုရေဓားများက ဖုံးအုပ်ထားတာကို တွေ့လိုက်ရ​လေ၏။

လက်တံ အများစုကို ဖြတ်တောက်ထားသော်လည်း တချို့သော လက်တံများကတော့ နဂိုအတိုင်း ရှိနေသေးသည်။ သားရဲတစ်ဝိုက်တွင် သွေးများ စီးကျ​နေပြီး ပတ်ဝန်းကျင် ပင်လယ်ရေကို အနီရောင်တောက်တောက်ဖြင့် ဆေး​ရောင်ဆိုးလိုက်သည်။

၎င်းက ပင်လယ်ထဲတွင် လူးလိမ့်နေပုံမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ ထင်ရှား​ပေသည်။ လုရွှမ် ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်လိုက်ပြီး စိတ်ထဲကလည်း ကျိန်ဆဲလိုက်သည်။

'ချီးပဲ... ဒီဓားသွားက ဘာဖြစ်နေတာလဲ? ခုနကလေးတင် ယွမ်စွမ်းအားကို ထုတ်လို့ရနေသေးတာကို ဒီလိုသာ ဆက်ဖြစ်နေရင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး'

ထျန်းရှားလည်း ထိတ်လန့်သွားပြီး ဝိညာဥ်အသီး တစ်လုံးကို အလျင်အမြန်ထုတ်ကာ လုရွှမ်ပါးစပ်ထဲသို့ ထည့်လိုက်သော်လည်း လုရွှမ်က ဆိုလေ၏။

"ကောင်းပြီ ငါအဆင်ပြေပါတယ်"

All Chapters