← Chapters

စွမ်းအားအားလုံး ဆုံးရှုံးသွားပြီ

Vol. 79 Ch. 4.692

စွမ်းအားအားလုံး ဆုံးရှုံးသွားပြီ

Vol. 79 Ch. 4.692

ထျန်းရှား လှည့်ကြည့်လိုက်တော့ သူမနောက်မှာ ရှိနေတဲ့ သားရဲအရိပ်ကို မတွေ့ရတော့ပေ။

"သူ နောက်ဆုတ်သွားပြီ!"

လုရွှမ် သက်ပြင်းချလိုက်သည်။ ချူ့ကျောင်သားရဲ ထွက်သွားချိန်မှာတော့ လုရွှမ်လည်း သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ မှေးမှိန်သွားသလို ခံစားလိုက်ရသည်။

"ဓားသိုင်းကို ငါနားလည်တာက အချိန်နည်းနည်း စောသေးတာ ဖြစ်နိုင်တယ်...အစောတုန်းက ဓားသိုင်းစွမ်းရည်ကို မထိန်းနိုင်တော့ဘူး"

လုရွှမ် ဆိုလိုက်သည်။ ဒါက သူပြောနိုင်တဲ့ တစ်ခုတည်းသော ရှင်းပြချက်ပါပဲ။

စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ကျောက်နံရံတွင် ထွင်းထုထားသည်။ ယခုသေချာသည်မှာ ကျောက်နံရံသည် ကောင်းကင်စာအုပ် ရှစ်အုပ်နှင့် ဆက်စပ်နေပြီး ၎င်းသည် ကောင်းကင်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် ဓားသိုင်း ဖြစ်နိုင်ဖွယ်ရှိသည်။

ထိုဓားသိုင်းပညာကို နားလည်ပြီးသည်နှင့် ဓားလမ်းစဥ်အပေါ် နားလည်သဘော ပေါက်ခြင်းသည် သဘာဝအားဖြင့် အလွန်တိုးတက်လာမှာပဲ ဖြစ်သည်။

ယခင်ကတော့ လုရွှမ်သည် သူ့ရဲ့ တိုက်ခိုက်မှုက လုံလောက်စွာ မပြင်းထန်မှာကို စိုးရိမ်သောကြောင့် သူသည် ၎င်းအား အင်အားအလုံးအရင်းဖြင့် ဗုံးကြဲခဲ့သော်လည်း အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။

"အိုး... ဒီလှုပ်ရှားမှုကို အနာဂတ်မှာ ပေါ့ပေါ့တန်တန် အသုံးချလို့ မရဘူးပဲ"

ထျန်းရှား မနာလိုစိတ်နဲ့ ပြောလိုက်သည်။

ဒီလို အခြေအနေမျိုးက ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးတွင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးချေ။ ထူးထူးခြားခြား ပါရမီရှင်တစ်ဦးပင် ရုတ်တရက် ကြီးကြီးမားမား တိုးတက်မှု ရှိလာသော်လည်း ခဏတာလောက် သူ့ခွန်အားကို သူ့ဘာသာ မထိန်းချုပ်နိုင်ပေ။

သို့သော် ၎င်းကို ထိန်းချုပ်လိုက်သည်နှင့် ယင်းလှုပ်ရှားမှုသည် မလွဲမသွေ သတ်ဖြတ်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။

သူတို့ နှစ်ယောက် ပင်လယ်ထဲက အပြေးအလွှား ထွက်လာခဲ့ကြသည်။ ယခု အခိုက်အတန့်တွင် ပင်လယ်ရေ မျက်နှာပြင်သည် မှန်တစ်ချပ်လို ချောမွေ့နေပါ​ပြီ။

"ပင်လယ်ဧရိယာက တကယ်ကို အံ့သြစရာ ကောင်းပါတယ်... အရာအားလုံးကို ပင်လယ်ရေက ဖုံးကွယ်ထားပေးတယ် ဥပမာ ငြိမ်သက်နေတဲ့ ပင်လယ်ရေအောက်မှာ လူသတ်ချင်စိတ်တွေ အပြည့်နဲ့ သားရဲတွေ ရှိနေသလိုမျိုးလေ... ပင်လယ်ရေထဲမှာ နေဖို့က မလွယ်ဘူး!"

ယခင်အန္တရာယ်ကို ပြန်သတိရသောအခါ လုရွှမ် သက်ပြင်းမချဘဲ မနေနိုင်လိုက်ပေ။

ထျန်းရှားလည်း ခေါင်းညိတ်ပြသည်။ တကယ်တော့ သူမဟာ လုံလောက်တဲ့ အင်အားမရှိလို့ ကမ်းလွန် ပင်လယ်ပြင်မှာ အမြဲနေရတာ ဖြစ်​လေ၏။ အဲဒီလို နက်နဲတဲ့ ပင်လယ်ပြင်ကိုတော့ သူမ တစ်ခါမှ မရောက်ဖူးဘူး။

ငယ်ငယ်လေးကတည်းက နက်ရှိုင်းတဲ့ပင်လယ်ရဲ့ အန္တရာယ်တွေ အကြောင်း အကြီးအကဲတွေက သူမကို အမြဲသတိပေးခဲ့သည်။ ဒီ​နေ့ကြောင့်သာ မဟုတ်​ရင်​ ဒီလို​ကြောက်​စရာ​ ကောင်းတဲ့ ​ကောင်​​လေးတစ်​​ယောက်လည်း ရှိမယ်​လို့ ဘယ်​​တော့မှ မထင်​မှတ်​မိလောက်ချေ။

လုရွှမ်၏ ဓားစွမ်းအင်နှင့် ပတ်သက်ပြီး သူမသည် ယခုအချိန်တွင် မယုံနိုင်လောက်အောင် အံ့ဩနေရသလို ခံစား​နေရသည်။ ယခု သူမ၏ ခွန်အားသည် နတ်မီးနယ်ပယ်သို့ ရောက်ရှိသွားပေပြီ။ သူမသည် ပထမဆုံး နတ်မီးလုံးကို မီးထွန်းထားသရွေ့ နတ်မီးနယ်ပယ်သို့ ချက်ချင်း ရောက်သွားနိုင်သည်။

ဒါပေမဲ့ သူမရဲ့ နှလုံးသားထဲမှာတော့ သဘာဝအတိုင်း အစီအစဉ်တချို့က စနစ်တကျ ရှိနေပါပြီ။

လုရွှမ်သည် ယခုအခါ မဟာသူတော်စင် ပထမအဆင့်တွင် ကျင့်ကြံသူ ဖြစ်နေပြီဟု ဆိုသော်လည်း မထင်မှတ် နိုင်လောက်အောင်ပင် ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သူမ မသိစိတ်က အနည်းငယ် ပိုမနာလိုဖြစ်မိသော်လည်း နားမလည်နိုင်လောက်အောင် ဂုဏ်ယူမိသလိုလည်း ခံစားလိုက်ရသည်။

ထျန်းရှားသည် လုရွှမ်ကို ကောင်းကင်ထက်သို့ ပျံသန်းနိုင်ရန် ကူညီပေးခဲ့သည်။ လုရွှမ်သည် ယခင်က စိမ်းပြာနဂါး၏ နှလုံး ခုန်နေသရွေ့ နဂါးစွမ်းအားကို အဆက်မပြတ် စွမ်းဆောင်နိုင်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ယွမ်ယန် စွမ်းအားသည် ပြန်လည်ကောင်းမွန် လာလိမ့်မည်ကို တွေ့ရှိလိုက်ရသည့်အတွက် ထိတ်လန့်သွားခဲ့ဖူးသည်။

ဒါပေမဲ့ အခုအချိန်မှာတော့ အချိန်အတော်ကြာ ပျံသန်းပြီးတဲ့အထိ သူ့ရဲ့ စွမ်းအင်တွေ အားနည်းနေပြီး ပြန်လည်ကျန်းမာလာဖို့ အလွန်နှေးကွေးနေတယ်လို့ ခံစားမိနေတုန်းပါပဲ။

"ဘာဖြစ်နေတာလဲ?"

လုရွှမ်ရဲ့အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ ထျန်းရှား အလျင်အမြန် မေးလိုက်သည်။

ထျန်းရှားက ယခုတွင် သူ့အပေါ် ယုံကြည်ချက်ကြီးမားလာပြီး ဖြစ်သောကြောင့် လုရွှမ်လည်း အရာအားလုံးကို ပြောပြလိုက်သည်။ ထျန်းရှားမှာလည်း ထိတ်လန့်သွားကာ လုရွှမ် ခန္ဓာကိုယ်ထဲက ယွမ်စွမ်းအင်ကို စမ်းသပ်ရန် စတင်လုပ်ဆောင်ခဲ့သည်။ သေချာသည်မှာ လုရွှမ်၏ ခန္ဓာကိုယ်သည် ယခုအချိန်တွင် ဗလာဖြစ်နေကြောင်း သူမ ခံစားလိုက်ရသည်။

"အဲဒီလှုပ်ရှားမှုက အားကောင်းလွန်းတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိကောင်းရှိနိုင်တယ်... ဖြည်းဖြည်းချင်း စောင့်ရင် လေ့ကျင့်လိုက်... နင့်ရဲ့ကျင့်ကြံမှုက အမြန်ဆုံး ပြန်ကောင်းလာလိမ့်မယ်။"

လုရွှမ်လည်း ဒါက သူလုပ်နိုင်တာပဲလို့ တွေးပြီး သူ့စိတ်ထဲမှာ စိုးရိမ်ပူပန်မှု သိပ်မရှိပါဘူး။ ယခု အာကာသကျောက်စိမ်းပြားသည် နောက်ဆုံးတွင် ပြန်ပွင့်လာပြီးမလို့ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိ​ပြီ​ဖြစ်သောကြောင့် သဘာဝကျကျ စိုးရိမ်စရာ မရှိတော့ချေ။

ထို့အပြင် ထိုဓားစွမ်းအင်ကလည်း ပြင်းထန်လွန်းသွားခဲ့တယ်လို့လည်း သူထင်ခဲ့သည်။

ထျန်းရှားသည် လုရွှမ်ကို အလွန်လျင်မြန်စွာ ခေါ်ဆောင်သွား၏။ ၎င်းတို့သည် ယခု ပင်လယ် အနက်ပိုင်းထဲတွင် ရောက်နေကြောင်း သိလိုက်ရသည်။ ပြီးတော့ ပင်လယ်နက်ထဲမှာ မှော်ဆန်ပြီး ကြောက်စရာကောင်းတဲ့ ပင်လယ်သားရဲတွေ အမျိုးမျိုး ရှိတာကြောင့် သဘာဝအတိုင်း ဒီမှာ အချိန်မဖြုန်းဝံ့ပါဘူး။

နောက်တနေ့မှာတော့ လုရွှမ်နဲ့ ထျန်းရှားတို့ဟာ ချင်းချန်နဲ့ တခြားသူတွေရှေ့ကို ရောက်လာခဲ့သည်။ အချိန်အများကြီး မဖြုန်းချင်သလို လုရွှမ်ကိုလည်း စိတ်ပူနေတာကြောင့် သူတို့နှစ်ယောက်ဟာ လမ်းတစ်လျှောက်လုံး ကြိုးစားပြေးလာခဲ့ကြ၏။

"ဘာ?? လုရွှမ် မင်းမှာ အခု ဘာစွမ်းအားမှ မရှိ​တော့ဘူး ဟုတ်လား?"

ထျန်းယင်တို့အုပ်စုက စိုးရိမ်မှုအပြည့်နဲ့ မေးလိုက်သည်။

လုရွှမ် သူတို့ကို စိတ်ပျက်လက်ပျက် အခြေအနေတွေကနေ ကယ်တင်ခဲ့တာ ဘယ်နှစ်ကြိမ်လဲ။ ယခုအချိန်တွင် သူ့​စွမ်းရည်များ မသန်မာတော့ကြောင်း ကြားလိုက်ရသောအခါ လူတိုင်း လုရွှမ်အတွက် အလွန်စိုးရိမ် သွားကြသည်။

"အဆင်ပြေပါတယ်.... ငါအရမ်းပင်ပန်းပြီး မောပန်းနေလို့ ဖြစ်လိမ့်မယ်... ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ"

လုရွှမ် ဆိုလိုက်သည်။ တမင်တကာ ဘာမှမထူးခြားသလို ကြည့်နေသော်လည်း သူ့စိတ်ထဲတွင် စိုးရိမ်မကင်းပေ။

လမ်းမှာတုန်းက ရွှေကျီးကန်းကို မေးပြီးပြီ။ မ​မျှော်​လင့်​ဘဲ ရွှေကျီးကန်းကလည်း ဘာ​တွေဖြစ်​​နေမှန်း မသိ​အောင်​ စိတ်ရှုပ်နေသည်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက်မှာ အားလုံးအဆင်ပြေနေပြီး သူ့မှာ ဘာပြဿနာမှ မရှိပါဘူးလို့ပဲ ဆိုလာသည်။

အရမ်းထူးဆန်းတယ်။

"ဧကန္တ....?"

တစ်ချိန်လုံး တိတ်ဆိတ်နေချိန် ချင်းချန်ရဲ့နောက်ကျောမှာ တိတ်တဆိတ် သယ်ဆောင်လာတဲ့ ပေကျီဓားဆီက ရုတ်တရက် အသံထွက်လာသည်။

"အကိုကြီး... အစ်ကိုဘာတွေ ပြောနေတာလဲ တစ်ခုခု သိလို့လား?"

​ပေကျီဓားပေါ်တွင် ရှင်းချန်၏ဦးခေါင်းက ပေါ်လာသည်။ ထို့နောက် တစ်ကိုယ်လုံး ပေါ်လာကာ သူက ဓားကိုကိုင်၍ လုရွှမ် အနီးတစ်ဝိုက်တွင် ခဏကြာတာ ပျံသန်းသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ ခန့်မှန်းချက်က မှန်နေပုံပဲ... လုရွှမ် မင်းအခု ပြဿနာတစ်ခု ပေါ်နေတာ မဟုတ်ဘူး.. ဒါက အခွင့်အရေးတစ်ခုပဲ”

"အခွင့်အရေး?"

တစ်ချိန်တည်းမှာပင် လူအများက မနာလိုစိတ်များနှင့် ရှုပ်ယှက်ခတ်စွာ အော်ဟစ်လာကြသည်။ ရှင်းချန်က ဆက်ပြောလေ၏။

"လုရွှမ် ငါခန့်မှန်းတာသာ မှန်ရင် မင်းခန္ဓာကိုယ်ထဲမှာ ကမ္ဘာ့ရတနာတစ်ခု ရှိတယ်မဟုတ်လား?"

ကမ္ဘာ့ရတနာ။ လူတိုင်းရဲ့ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ ဒီကိစ္စက ကမ္ဘာ့ရတနာနဲ့ ပတ်သက်နေတာ ဖြစ်နိုင်လား။

ထိုစဥ် လုရွှမ် ခေါင်းညိတ်လိုက်ပြီး ဒြပ်စင်ငါးပါးထဲက ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ထုတ်ယူ​ပြလိုက်သည်။

တောက်ပြောင်သော ရွှေရောင်နတ်ပုတီးစေ့ကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လုရွှမ်သည် အလွန်အစွမ်းထက်သော ဥာဏ်ရှိမှန်း လူတိုင်းသိသော်လည်း လုရွှမ်မှာ ကမ္ဘာ့ရတနာ တစ်ကယ်ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ရွှေဒြပ်စင်နတ်ပုတီးစေ့ဆီက ကြွယ်ဝသော ရောင်ဝါကို ခံစားလိုက်ရသဖြင့် သူတို့အားလုံး သဘာဝကျကျ ထိတ်လန့်သွားကြသည်။ သူက ဓားသိုင်းပညာကို နားလည်ရုံသာမက ရွှေဒြပ်စင်နတ်ပုတီးစေ့ ဆိုတဲ့ အပိုဆုကိုလည်း ရထားလေ၏။

လုရွှမ်လည်း သူ့စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။ ယွမ်ယန်စွမ်းအင်ကို အပြည့်အဝ ထုတ်နိုင်ဖို့ တိုက်ပွဲမှာ သူ ​ရွှေဒြပ်စင်နတ်ပုတီးစေ့ကို လှုံ့ဆော်ခဲ့ဖူးသည်။ အစကတော့ ရွှေဒြပ်စင်နတ်ပုတီးစေ့က သူ့စိတ်ဝိညာဉ်မှ အတင်းအကျပ် ဆုတ်ခွာသွားသည်ဟု ထင်ခဲ့သည်။ ၎င်းကို ထပ်မံအသုံးပြုပါက မပြီးပြည့်စုံတော့မှာ မလွဲမသွေပင်။

ဒါက အမှန်ပဲဖြစ်သည်။ သို့သော် ဓားတစ်သောင်းရိုက်ချက်မှာ အမှန်တကယ် အစွမ်းထက်သော အကျိုးသက်ရောက်မှုကို ထုတ်ပေးလာသောကြောင့် သူ့အား လွန်ကဲစွာ အံ့အားသင့်သွားစေခဲ့သည်။

အဲဒီအချိန်မှာ သူဟာ ခဏလောက်တော့ ဒါဟာ ကမ္ဘာကြီးရဲ့ ရတနာဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုပဲလို့ သူ မစဥ်းစားမိချေ။

"ဘိုးဘေးဦးလေး... ညီလေးထျန်းချိုင်က ဝမ့်ရှန်းကမ္ဘာရဲ့ ကမ္ဘာ့ရတနာကို ရဖို့ အခွင့်အရေးရှိတယ်လို့ ပြောနေတာလား"

ကျန့်ကျောက် မေးလိုက်ချိန် သူ့မျက်နှာက အနည်းငယ် နီရဲနေပေမယ့် လုရွှမ်အတွက်တော့ ဝမ်းသာနေပါသည်။ ရှင်းချန်က ခေါင်းညိတ်လိုက်ပြီး တစ်ဖန် ခေါင်းယမ်းလိုက်​ပြန်သည်။

"ဒါက အခွင့်အလမ်းလို့ ယူဆနိုင်ပေမယ့် ကြီးမားတဲ့ အန္တရာယ်လည်း ရှိ​နေတယ်"

လူတိုင်းက မယုံကြည်နိုင်စွာ ကြည့်နေကြသော်လည်း ခေါင်းညိတ်ပြကြသည်။ ဤစကားငယက မှန်ပါသည်။ ကမ္ဘာ့ဘဏ္ဍာကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည် မဟုတ်ပါလား။

All Chapters