← Chapters

ကမ္ဘာ့ရတနာ

Vol. 79 Ch. 4.693

ကမ္ဘာ့ရတနာ

Vol. 79 Ch. 4.693

လူတိုင်းရဲ့မျက်နှာ ပြောင်းလဲသွားတာကို မြင်လျှင် လုရွှမ်လည်း ပဟေဠိဖြစ်သွားသည်။

"ဝမ့်ရှန်းကမ္ဘာရဲ့ ကမ္ဘာ့ရတနာက ဘာလို့ အန္တရာယ်ရှိတာလဲ?"

ကျန့်ကျောက်က ခေါင်းညိတ်လိုက်ပြီး လေးလံစွာ ဆိုလေ၏။

"ဒါက အရမ်းကို အန္တရာယ်များတယ်"

ထျန်းရှားကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။

"ကမ္ဘာ့ရတနာကိစ္စကြောင့် လူ​တွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ဖူးတယ်"

လုရွှမ် နှိမ့်ချစွာ မေးလိုက်သည်။ ချင်းချန်နှင့် ရှင်းချန်တို့သည် လုရွှမ်ရဲ့ ဘေးကင်းမှုဟာ သူတို့နဲ့ ဆက်စပ်နေမှန်း သိတာကြောင့် ဇာတ်လမ်းကို အမြန်ပြောပြလိုက်သည်။

ဝမ့်ရှန်းကမ္ဘာတွင် ကမ္ဘာ့ရတနာ ဘယ်လောက်တောင် ရှိသလဲ ဘယ်သူမှ မသိနိုင်သလို ၎င်းတို့ကို ဘယ်သူမှလည်း မရရှိဖူးပေ။

ကမ္ဘာ့ရတနာနှင့် ပတ်သက်သော ကောလဟာလများစွာ ထွက်ပေါ်လာခဲ့ဖူးသည်။ နှစ်ရာဂဏန်းတိုင်းတွင် ကျင့်ကြံသူတစ်ယောက်သည် ကမ္ဘာ့ရတနာက တစ်နေရာရာ၌ ရှိနေကြောင်း၊ တွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာလျက် ရှိသည်။

ဒါပေမဲ့ သူတို့ တစ်ခါမှ မရဖူးတဲ့အတွက် ဘယ်သူမှ ဟုတ်မဟုတ် မသေချာချေ။ နောက်ပိုင်းတွင် မတော်တဆမှုမှ ကျန်ရစ်ခဲ့သော အသိပညာနှင့် ခြေရာလက်ရာများကို အခြေခံမှသာ လူများက ၎င်းသည် ကမ္ဘာ့ရတနာ တစ်ခုဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ကြသည်။

ဒါပေမဲ့ ကောလဟာလ လောကမှာ ရတနာဆိုတာ အချိန်တိုင်း ကွဲပြားပါ၏။ တချို့က ဓားနှင့်တူသည်ဟု ဆိုကြပြီး တချို့ကလည်း လှံဟု ဆိုကြသည်။ တချို့ကျတော့ တစ်ဖက်သွားဓားဟု ​ပြောကြသည်။

နတ်ဘုရားခေါင်းလောင်း၊ ရတနာမျှော်စင် အစရှိသည်တို့လည်း အပြင် ၎င်းသည် ပိတ်ကျဲစတစ်ခုလည်း ဖြစ်ကြောင်း ကောလာဟလများပင် ရှိသေးသည်။

ကမ္ဘာ့ရတနာက တစ်ခုတည်းသာ ရှိမည်ဟု လူအချို့က ခွဲခြမ်းစိတ်ဖြာကြသည်။ အမှန်မှာ ဝမ့်ရှန်းကမ္ဘာသည် ဘယ်လောက်ပဲ ကြီးမားသည်ဖြစ်စေ ကမ္ဘာ့ရတနာကို သုံးမျိုးထက်ပို၍ မွေးမြူရန် လုံးဝ မဖြစ်နိုင်ပေ။ ၎င်းသည် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံး၏ ကံကောင်းခြင်းများကို ပျောက်ကွယ်သွားစေသည်။

ဒီလိုမှော်ဆန်တဲ့ အရာတွေ ပေါ်ပေါက်လာရခြင်းရဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိပါသည်။ အဲဒါကတော့ ကမ္ဘာ့ရတနာ တစ်ခု ဖြစ်နေလို့ပါပဲ။ ပြီးတော့ ဖော်ပြထားတဲ့ အရာတွေဟာ ကမ္ဘာ​တွေပေါ်မှာရှိတဲ့ သေးငယ်တဲ့ အရာဝတ္ထုလေးတွေပဲ ဖြစ်ပါ၏။

၎င်းတို့သည် ဝမ့်ရှန်းကမ္ဘာ၏ စစ်မှန်သော ရတနာများ ဖြစ်ကာ ထိုရတနာများ စုပေါင်းကာ ဝမ့်ရှန်းကမ္ဘာကြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်လေသည်။

ကမ္ဘာ့ရတနာကို ဘယ်သူမှ အမှန်တကယ် မမြင်ဖူးသေးသောကြောင့် အနည်းဆုံး ရတနာကို ရထားတယ်လို့ သတင်းထွက်ခဲ့သူက ဘယ်သူမှ အသက်ရှင်ခြင်း မရှိ​တော့သောကြောင့် ဤကောလဟာလကို ယေဘူယျအားဖြင့် လက်ခံ​ကြ​လေသည်။

အထူးသဖြင့် နောက်ပိုင်းတွင် သေးငယ်သော ဂိုဏ်းတစ်ဂိုဏ်းမှ ထက်မြက်သော တပည့်တစ်ဦးသည် ကိုယ်ခံပညာကို ဖျော်ဖြေရင်း သူ၏ မှော်စွမ်းအား အားလုံးကို ရုတ်တရက် ဆုံးရှုံးသွားခဲ့သည်။ ရလဒ်အနေဖြင့် ဂိုဏ်းသည် ဘာအကြောင်းအရင်းကိုမှ ရှာမတွေ့ခဲ့ရဘဲ ထိုအနှစ်တစ်ရာအတွင်း အချိန်ဖြုန်းနေခဲ့ကြောင်း ပြစ်တင်ပြောဆိုလာကြ၏။

ထိုတပည့်သည် လူတိုင်းဆီက ချီးမွမ်းခံရသော ပါရမီရှင်အဖြစ်မှ လူတိုင်း၏ အနိုင်ကျင့် ကဲ့ရဲ့ခြင်းကို ခံရသော အသုံးမကျသူအဖြစ်သို့ ရောက်ရှိသွားသည်။

နောက်ပိုင်းတွင် ထိုတပည့်အား တောင်တံခါးမှ နှင်ထုတ်ခဲ့သော်လည်း ဆယ်စုနှစ်များစွာကြာသောအခါ ထိုပါရမီရှင် တပည့်က ပြန်ရောက်လာသည်။ သူ၏ကျင့်ကြံမှုသည် အလွန်တရာ ရက်စက် ကြမ်းကြုတ်လွန်းလာသည်။

အထူးသဖြင့် သူ့လက်ထဲက တုတ်သည် အလွန်မှော်ဆန်လွန်းသဖြင့် တစ်စုံတစ်ယောက်က သူ့ကို ပိတ်ဆို့ရဲလျှင် သတ်နိုင်ပြီး နတ်ဘုရားက ပိတ်ဆို့လာလျှင် ထိုနတ်ဘုရားကိုပါ သတ်ပစ်နိုင်တဲ့အထိ အင်မတန် ရက်စက်သွား၏။

ထိုတပည့်သည် သူ့အား နှင်ထုတ်ခဲ့သေည ဂိုဏ်းငယ်ကို လုံးဝ သုတ်သင်ပစ်လိုက်သည်။

ဂိုဏ်းချုပ်ကြီး အသတ်ခံရချိန်တွင် နဂါးရေငွေ့တောင်မှ ကျွမ်းကျင်သူတစ်ဦးက ဧည့်သည်အဖြစ် ရောက်ရှိသွားခဲ့သည်။ သူ့လက်ထဲမှာ ကောင်းကင်လက်နက် တစ်ခု ရှိနေ၏။ ထို​သခင်က သည်းမခံနိုင်တော့ပေ။ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အဆင့်အတန်းက ထိုတပည့်ထက် ပိုမြင့်နေပေမယ့် ထိုတပည့်က နဂါးရေငွေ့တောင်ရဲ့ သခင်ကို သတ်ပစ်ဖို့ တုတ်ကိုပဲ သုံးခဲ့လေသည်။

ကောင်းကင်လက်နက် ကျိုးသွားသော်လည်း တပည့်၏နယ်ပယ်သည် စွမ်းအင် မလုံလောက်တော့ဘဲ ဒဏ်ရာဟောင်းက ပြန်ထလာခဲ့သည်။ သူက သေရမယ်ဆိုတာ သိပေမယ့် ကြံစည်ခဲ့သေး၏။ သူက မသေခင်မှာ သူ့လက်နက်ကို လိုချင်တပ်မက်တဲ့ လူတွေတိုင်းကို သူ့ရဲ့ စွမ်းအားကို ပြသပြီး ရှိနေတဲ့ လူတိုင်းကို သတ်ပစ်လိုက်သည်။

သူသတ်လိုက်တဲ့ လူတွေအထဲ၌ ကလေးတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ပြီး နောက်ပိုင်း သတင်းတွေ ပြန့်နှံ့လာတဲ့အခါ လူတွေဟာ အဲဒီတုတ်ဟာ ကမ္ဘာ့ရတနာလို့ ကောက်ချက်ချခဲ့ကြပါ၏။

ကလေးဆီက စကားမှတ်တမ်းအရ ကမ္ဘာ့ရတနာသည် ထိုတပည့်၏ ခန္ဓာကိုယ်ပေါ်တွင် အနည်းငယ် ငိုကြွေး​နေသည့် အသံများကို ထုတ်လွှတ်ပြီးနောက် ခြေရာလက်ရာမရှိဘဲ ထွက်ပြေးသွားခဲ့လေသည်။

ကမ္ဘာ့ရတနာက တစ်ခုတည်း ဆိုရင်တောင် စစ်ပွဲကြီးတစ်ခုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖြစ်ပေါ်စေသည့် ရလဒ်မျိုးကို ဖြစ်လာစေတာ ရတနာတွေ အားလုံးသာ ပေါ်လာခဲ့ရင် ဘယ်လိုများ ဖြစ်သွားလိမ့်မလဲ။

နောက်ပိုင်းမှာ လူတွေက ဒီလိုအကြောင်းအရာတွေကို အကျဉ်းချုံး ပြောကြပေမယ့် ကမ္ဘာ့ရတနာကိုတော့ ဘယ်သူမှ မရနိုင်ခဲ့ပါဘူး။

လုရွှမ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီး သူ့​နှာခေါင်းကို လက်ညှိုးထိုးပြကာ။

"ဒါဆို ကျွန်တော်က ဆယ်စုနှစ်ပေါင်းများစွာအထိ ဘာစွမ်းအားမှ မရှိဘူးဘဲ နေရတော့မယ်လို့ ပြောနေတာလား?"

ရှင်းချန်က ချင်းချန်အား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဒါက တကယ်ဖြစ်နိုင်ပေမယ့် အခွင့်အရေးတစ်ခုဆိုလည်း ဟုတ်တယ်.. ဘယ်သူပဲဖြစ်ဖြစ် မတူကွဲပြားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်"

"ဆရာတူညီလေး ထျန်းချိုင်... စိတ်လျှော့ပါ အဆိုးဆုံး သံသရာကို ဖြတ်ကျော်ပြီး မြန်မြန်ဆန်ဆန် ခွန်အားပြန်ရနိုင်တဲ့ လူရှိရင် အဲဒါလူက မင်းပဲလို့ ငါယုံကြည်တယ်"

ကျန့်ကျောက်က သူ့အသံဖြင့် နှစ်သိမ့်မှုအရိပ်အမြွက်ပြပြီး သူ့အပြုံးထဲတွင်လည်း အားပေးမှုနေသည့် အငွေ့အသက်များ ရှိနေသည်။

"ဟုတ်တယ်... မောင်လေးထျန်းချိုင် မင်းရဲ့ အရည်အချင်းတွေကို မြန်မြန် ပြန်ရနိုင်မယ်လို့ အစ်မလည်း ယုံကြည်တယ်"

ထျန်းယင်ကလည်း ဆို၏။ ထျန်းရှား မျက်နှာသည် ချက်ချင်းဆိုသလို မည်းမှောင်ကျသွားပြီး ဖြူကောင်၊ ဟိုင်ရှင်းနှင့် ကြောင်လေးတို့အား လှည့်ပြောလိုက်သည်။

"လုရွှမ်ရဲ့ ဒီအကြောင်းကို ဘယ်သူမှ ထုတ်ပြောခွင့်မရှိဘူး... မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ဤကိစ္စသည် အလွန်အရေးကြီးကြောင်း လူတိုင်းကလည်း သဘာဝကျကျ သိကြသည်။ ထျန်းရှား ဘာမှ မပြောရင်တောင် ဒီအကြောင်းက အပြင်လူဆီကို ဘယ်သောအခါမျှ မပျံ့နှံ့နိုင်ကြောင်း သိကြသည်။ သို့မဟုတ်ပါက လူဘယ်နှစ်ယောက်တောင် လုရွှမ်ကို ကြံစည်လာမလဲ မပြောတတ်ချေ။

လူအချို့က လုရွှမ်ဟာ ကမ္ဘာ့ရတနာ တစ်ခုကို ရထားကြောင်း သိသွားပါ သူ့ကို လုပ်ကြံဖို့ အလုံးအရင်းနဲ့ လာ​ကြမှာကိုတောင် ကြောက်ရသည်။

ကမ္ဘာ့ရတနာ ရှေ့မှာဆို လူ့နှလုံးသားဟာ အလွန်ခက်ထန်သွားပြီး မယုံနိုင်​စရာ ကောင်းလောက်အောင် ပြောင်းလဲသွားတတ်သည်။ လုရွှမ် လူတိုင်းထံမှ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွား၏။ သူ ဒီလူတွေဆီကနေ ပွင့်လင်းမြင်သာတဲ့ သူငယ်ချင်း ခံစားချက်ကို ခံစားရ​လေသည်။

အာကာသကျောက်စိမ်းပြား ရှိနေတာမို့ သူသည် အခြားသူများဆီက လုပ်ကြံခံလိုက်ရမှာ မကြောက်ပါ။ အဆိုးဆုံးမှာတော့ သူ့ကိုယ်သူ ဖုံးကွယ်ရန် နေရာတစ်ခုကို ရှာတွေ့နိုင်သည်လေ။ ၎င်းက ဆယ်စုနှစ် အနည်းငယ်မျှသာ ကြာမည်မဟုတ်လော။

"ဒါဆို ကျွန်မတို့ အခု ကောင်းကင်အောင်ခြင်း ဂိုဏ်းကို ပြန်ဦးမှာလား"

ကြောင်လေးက မေးသည်။

သူတို့က လုရွှမ်ကြောင့် ကောင်းကင်အောင်ခြင်းဂိုဏ်းကို ကူညီဖို့ ထွက်လာခဲ့တာ ဖြစ်သည်။ သို့သော် ယခု လုရွှမ်ရဲ့ ခွန်အားက တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ လက်ရှိ အခြေအနေအရ ကောင်းကင်အောင်ခြင်းဂိုဏ်းသို့ ပြန်သွားလျှင် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖိတ်ခေါ်မိသလို ဖြစ်သွားမည်။

ကျင့်ကြံခြင်းလောကမှာ လေလုံတဲ့ နံရံလည်း မရှိဘူး။ သတင်းက အမြဲတမ်း ထွက်နေလိမ့်မယ်။

ယခုဆိုလျှင် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးက ပရမ်းပတာ ဖြစ်နေ​ပြီ။ ကောင်းကင်အောင်ခြင်း ဂိုဏ်းသည် အလွန်အစွမ်း ထက်သော်လည်း ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ၎င်းသည် ၎င်း၏ကိုယ်ပိုင်ခွန်အားကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ လုရွှမ် ပြန်သွားပါက အနှေးနဲ့အမြန် သူ့စွမ်းရည်များ ကျဆင်းလာတာကို သတိပြုမိသွားလိမ့်မည်။

ကမ္ဘာ့ရတနာ အကြောင်းကိုတော့ ဘယ်သူမှ မပြောလိုပါဘူး။ သူ့ရဲ့ ပါရမီရှင် တစ်ယောက်ရဲ့ နာမည်ကြောင့် နောက်ဆုံးမှာ ဘေးဒုက္ခကနေ လွတ်ကင်းနိုင်သေးသည်။

ကြောင်လေး ဒီလိုပြောပြီးတာနဲ့ ချင်းချန်နဲ့ ကျန့်ကျောက်တို့ တိတ်ဆိတ်သွားခဲ့သည်။ သူတို့ ဂိုဏ်းထဲကို ပြန်လာချင်ကြတာ သဘာဝပါပဲ။ သို့သော် လုရွှမ်ရဲ့ လက်ရှိ အခြေအနေသည် သူ့ဆန္ဒအတိုင်း ပြန်မသွားရန် တားဆီးထားဆဲဖြစ်သည်။

လုရွှမ်က ပြုံးလိုက်ပြီး

"ဘိုးဘေးနဲ့ ညီအကို မောင်နှမတို့ မင်းတို့​ငါ့ကို စိတ်ပူစရာ မလိုပါဘူး... ငါလောလောဆယ်တော့ မပြန်တော့ဘူး မင်းတို့ကတော့ ဂိုဏ်းကို မြန်မြန် ပြန်သွားကြတာ ကောင်းလိမ့်မယ်... အခု ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးက ကပ်ဘေးဆိုက်နေတယ် ​​ဂိုဏ်းက မင်းတို့ရဲ့အကူအညီကို လိုတယ်”

"ငါ ကုစားဖို့ နေရာတစ်​နေရာ ရှာနိုင်တယ် အဲဒီအတွက်ကတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး... ပြီးတော့ ငါ့မှာ ထျန်းရှား၊ ဟိုင်ရှင်း၊ ဖြူကောင်နဲ့ တခြားသူတွေလည်း ရှိတယ်... ငါတို့အားလုံး အတူတူ ရှင်သန်ပြီး အတူတူ သေခဲ့ကြပြီးပြီ... ဒါက တစ်သက်တာမှာ အဖိုးတန်ဆုံး ခင်မင်ရင်းနှီးမှုတစ်ခုပဲ သူတို့ရဲ့ အကာအကွယ်နဲ့ဆိုရင် ငါ ပြဿနာရှိမှာ မဟုတ်ဘူး”

ကျန့်ကျောက် တုံ့ဆိုင်းသွားသည်။ ဤလူများသည် အကြပ်အတည်း ကာလတွင် အန္တရာယ်များကို အတူတကွ ခုခံပေးခဲ့သော ပင်လယ်သားရဲများ ဖြစ်ကြောင်း ဆိုချင်သော်လည်း ၎င်းတို့ လုရွှမ်အတွက် ထွက်လာသောအခါတွင် အခြေအနေ လုံးဝ ပြောင်းလဲသွားလိမ့်မည်။

ဒါပေမဲ့ ဘယ်လိုပဲပြောပြော ပြောပြီးတာနဲ့ ဆယ်စုနှစ်တွေ ကြာရှည်ခဲ့တဲ့ ခင်မင်ရင်းနှီးမှုဟာ ပျက်စီးသွားလိမ့်မယ်။

"ဟုတ်တယ်!" ထျန်းရှား ဟစ်အော်လိုက်သည်။

ကျန့်ကျောက်က ပြုံးပြီးပြော၏။

"ညီလေး ငါတို့ ထျန်းရှားနဲ့ တခြားသူတွေကို ယုံနိုင်တယ်... ဒါကြောင့် မင်းကို သူတို့လက်ထဲ အပ်ခဲ့လိုက်ပါ့မယ်"

"စိတ်မပူပါနဲ့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"

ဖြူကောင်က သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။

All Chapters