ခွဲထွက်ခြင်း
Vol. 79 Ch. 4.694
သို့နှင့် လူအုပ်စုလည်း ကွဲသွားကြသည်။
လုရွှမ်ရဲ့ ရုပ်လွှာလေး ပျောက်ကွယ်သွားတာကို လှမ်းကြည့်ရင်း ကျန့်ကျောက်မှာ မျက်နှာမှာ စိုးရိမ်မှုအပြည့်နှင့်။
"စိတ်မပူပါနဲ့ ထျန်းရှားက မင်းညီလေးအပေါ် အထူးခံစားချက်တွေ ရှိနေတယ်ဆိုတာ ငါတောင် မြင်ရတယ်... တခြားသူတွေက သူ့ကို ဒုက္ခပေးရင်တောင် ထျန်းရှားကတော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"
ကျန့်ကျောက် မျက်လုံးပြူးသွားပြီး "ထျန်းရှားက ညီလေးထျန်းချိုင်ကို ကြိုက်နေတာလား?"
ချင်းချန် ခေါင်းညိတ်ပြီး ဆိုသည်။
"သိသာနေတာပဲ မဟုတ်ဘူးလား?"
ကျန့်ကျောက်သည် ထျန်းရှောင်းနဲ့ ထျန်းလင် ဆိုတဲ့ မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်တော့ ထိုကောင်မလေး နှစ်ယောက်ကလည်း ရွှတ်နောက်နောက်နဲ့ ခေါင်းညိတ်ပြ၏။ ထိုအခါမှ ကျန့်ကျောက်လည်း ပြုံးပြီး
"ဒါဆို ငါစိတ်ချသွားပါပြီ"
လုရွှမ်တို့ ထွက်သွားခဲ့သည်။ ထျန်းရှား ထုတ်ယူလိုက်သော မှော်လက်နက်က အလွန်မှော်ဆန်လွန်းလှသည်။ ၎င်းအထဲတွင် နေရထိုင်ရတာ အလွန်အဆင်ပြေပြီး အရှိန်ကလည်း အလွန်မြန်သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့နှစ်ဦးသာ ကျန်ရှိတော့ပြီး ဖြူကောင်၊ ကြောင်လေးနှင့် ဟိုင်ရှင်းတို့က ကိုယ်စီ ထွက်သွားကြပြီ။
"ငါတို့လူတွေများလေ အန္တရာယ်ပိုများလေပဲ... ဒါ့ပြင် အနှစ်သုံးဆယ်ထက်ပိုတဲ့ ငါတို့ရဲ့ဆက်ဆံရေးကို ပျက်ဆီးမသွားစေချင်ဘူး"
ထျန်းရှားရဲ့ စကားတွေက သူမရဲ့ စိတ်နေစိတ်ထားလိုပဲ အရမ်းလွှမ်းမိုးနိုင်စွမ်း ရှိသည်။
ကြောင်လေးက သူမရဲ့ စိတ်နေစိတ်ထားကို သိသူပင်။ ကြောင်လေး ဤနေရာတွင်ဆက်၍ ရှိနေပါက ၎င်းသည်သူမ၏ သံသယကို နှိုးဆွပေးလိမ့်မည်။ ထို့နောက် ထျန်းရှားမှ ထွက်သွားခိုင်းလိုက်ရာ သူတို့လည်း နှုတ်ဆက်ပြီးနောက် ထွက်သွားခဲ့ရာ သူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
"ကောင်းပြီ အခု ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ် မင်းဘယ်သွားမလဲ?"
လုရွှမ် မေးလိုက်သည်။ ထျန်းရှားလည်း ခေါင်းခါလိုက်ပြီး
"မသိဘူး ဒီကမ္ဘာကြီးရဲ့ ပင်လယ်ပြင်က အရမ်းကြီးတယ် ရေထဲဆင်းနေတာက အကြံကောင်းဖြစ်မယ် ထင်တယ်"
လုရွှမ်ကတော့ ဤနေရာတွင် သူ့စွမ်းအားတွေ ပြန်ရလာဖို့ စောင့်ဆိုင်းနေရန် ရည်ရွယ်ချက် မရှိပေ။ ကောင်းကင်အောင်ခြင်း ဂိုဏ်းသည် သူ ဝမ့်ရှန်းကမ္ဘာသို့ ရောက်ပြီးနောက် သူ့ရဲ့တောင်တံခါးအဖြစ် သူ တကယ်မှတ်ယူထားသော ဂိုဏ်းဖြစ်သည်။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်တွေ ပြန်ကောင်းလာတဲ့အခါ ကူညီဖို့ တောင်တံခါးဆီ ပြန်သွားရလိမ့်မည်။
ဤနေရာ၌ အချိန်ဖြုန်းခြင်း၊ ကမ္ဘာ့ရတနာ ပေါ်လာဖို့ စောင့်ဆိုင်းနေခြင်းက သူ့ပုံစံ မဟုတ်ပေ။
"ငါ ပြန်သွားချင်တယ်"
"ပြန်သွားမယ်? ဘယ်ကိုလဲ"
ထျန်းရှားရဲ့ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး အလောတကြီး မေးလေ၏။
"အရင်နေရာကို ပြန်မလို့လား? ရှင် ရူးနေပြီလား?"
“မဟုတ်ဘူး ငါတို့လူသား ကျင့်ကြံသူတွေမှာ ခေါင်းလောင်းကို တီးဖို့ ကိုယ့်ရဲ့ခေါင်းလောင်းကို ချည်ထားရမယ် ဆိုတဲ့ ဆိုရိုးရှိတယ်... ငါ အခုလက်ရှိ အခြေအနေ ကြုံလာပြီမလို့ အဲဒီနေရာကို ပြန်သွားပြီး ခွန်အားပြန်ရဖို့ အခွင့်အလမ်းတွေ ရှာလို့ရတယ်"
"ဒါပေမဲ့ အဲ့မှာက အရမ်းအန္တရာယ် များတယ်မလား?"
လုရွှမ်က ပြုံးပြီး "ဘယ်နေရာက အန္တရာယ်ကင်းလို့လဲ?... ဒါတင်မကဘူး ချူ့ကျောင်ပုတ်သားရဲက ထွက်သွားလောက်ပြီ အဲ့ကောင်ကြီး ငါတို့ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတာ မင်းလည်းသိတာပဲ"
"ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်လေ"
ထျန်းရှားက ခေါင်းခါနေတုန်းပဲ။ လုရွှမ် သူမကို စည်းရုံးရမယ်ဆိုတာ သိထားပါသည်။ မဟုတ်ပါက ခရီးထွက်နိုင်မည် မဟုတ်ပေ။
"ထျန်းရှား... အခု ဝမ့်ရှန်းကမ္ဘာက ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ ဘေးအန္တရာယ်တစ်ခု ကျရောက်နေပြီဆိုတာ မင်းလည်း သိပါတယ်... ဒါပေမဲ့ ငါက အဲဒီလက်နက်တွေထဲက ဝိညာဉ်တွေကို လွတ်မြောက်စေခဲ့သူပဲ ငါက သူတို့ကို အခင်းအကျင်းနဲ့ ကန့်သတ်ထိန်းထားပေမယ့် အခုအချိန်မှာ ငါ့ယွမ်စွမ်းအင်တွေ မရှိတော့ဘူး... အဲ့ဒါကြောင့် ထိန်းချုပ်ထားတာတွေက အများကြီး အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး”
"သူတို့က အနည်းဆုံး နတ်မီးနယ်ပယ် အဆင့်၆ ဒါမှမဟုတ် အဆင့်၇နဲ့ အထက်ရှိတယ်... ပြီးတော့ မျှော်စင်နယ်ပယ်က သခင်တွေပဲဆိုတာ မင်းသိထားရဦးမယ်... ငါတို့ ဝမ့်ရှန်းကမ္ဘာက ပင်လယ်မျိုးနွယ်စုတွေ ပါခဲ့ရင်တောင် သခင်ဘယ်နှစ်ယောက်က မျှော်စင်နယ်ပယ်မှာ ရှိလဲ? အရေအတွက်ကို စဥ်းစားကြည့်ရင် လှောင်အိမ်ထဲက အကျဉ်းသားတွေကို သေချာပေါက် မယှဉ်နိုင်ဘူးလို့ ပြောလို့ရတယ်"
"ဒါပေမဲ့ ငါထိန်းချုပ်ထားတဲ့ ကန့်သတ်ချက်တွေက သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ထိထိရောက်ရောက် ချုပ်နှောင်ထားနိုင်ပါတယ်... သူတို့ပြသခွင့်ရတဲ့ ခွန်အားက သူတို့အင်အားရဲ့ 20% ဒါမှမဟုတ် အများဆုံး 30% ပဲရှိတယ်... အဲဒီအခါမှာ ငါတို့အောင်ပွဲရဖို့ အခွင့်အလမ်းတွေ အများကြီး တိုးလာမှာပဲ"
"အဲဒါကြောင့် ငါ့ရဲ့ ခွန်အားကို ပြန်ရဖို့လိုတယ်...မဟုတ်ရင် ငါက လောကရတနာလို့ ခေါ်တာတောင် မရဘူး"
လုရွှမ်သည် ပူလောင်သော မျက်လုံးများဖြင့် ထျန်းရှားကို စိုက်ကြည့်လိုက်ရာ သူမ မျက်နှာသည် တဖြည်းဖြည်း နီရဲလာ၏။ သူမ ခေါင်းကို လှည့်သွားကာ
"ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်"
"အန္တရာယ်မရှိရင် ငါတို့လုပ်စရာ လိုသေးလို့လား?"
လုရွှမ်ရဲ့ စိတ်တွေ တုန်လှုပ်သွားပြီး နူးညံ့တဲ့ ထျန်းရှားရဲ့ပုံစံက အရမ်းလှတယ်ဆိုတာ ပထမဆုံး တွေ့လိုက်ရလေသည်။ သူမ ရှက်သွားတဲ့အခါ မတူညီတဲ့ ဆွဲဆောင်မှုတစ်ခုလည်း ရှိပေ၏။
သူသည် သူ့နှလုံးသားထဲတွင် စွဲမက်ဖွယ်ကောင်းသော အတွေးများကို အမြန်ဖယ်လိုက်ပြီး ထျန်းရှားကို အလေးအနက်ထား ကြည့်လိုက်မိသည်။
သူမက နောက်ဆုံးမှာ ခေါင်းညိတ်လာ၏။
"ကောင်းပြီ ကျွန်မရှင်နဲ့ လိုက်ခဲ့မယ် ဒါပေမဲ့ အန္တရာယ်ရှိလို့ ကျွန်မတို့ မထိန်းနိုင်ရင် ချက်ချင်း ထွက်သွားရမယ်!"
"ကိစ္စမရှိပါဘူး မင်းပြောတဲ့ အတိုင်းပဲ"
သူတို့နှစ်ယောက် စကားပြောရင်း မဆိုင်းမတွ လုပ်ရှားလိုက်ကာ လမ်းမပေါ် ပြန်ပြေးထွက်လာပြန်သည်။
ခရီးက ပိုနက်လာပေမယ့် အနည်းဆုံးတော့ မျှော်လင့်ထားတဲ့ အန္တရာယ်တော့ မရောက်လာသေးချေ။ ပင်လယ်မျက်နှာပြင်သည် ပြန့်ကျဲနေသေးသော်လည်း ချူ့ကျောင်လို့ခေါ်တဲ့ လက်တံသားရဲကို မြင်ပြီးနောက် ဤပြန့်ပြူးသော ပင်လယ်ရေအောက်တွင် ပုန်းကွယ်နေသော စိတ်လှုပ်ရှားဖွယ်ရာ လူသတ်ချင်သည့် ရည်ရွယ်ချက်များ ရှိနေကြောင်း သူတို့ သေချာသိလိုက်ကြသည်။
ပင်လယ်ပြင်ကို ရောက်လာသောအခါ လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အာရုံစူးစိုက်ပြီး ကြည့်နေလေသည်။
သူ့ထင်မြင်ချက်အရ ဤနေရာသည် သူ့ခွန်အားကို ပျောက်ကွယ်သွားစေခဲ့သော ပင်လယ်နယ်မြေ ဖြစ်သောကြောင့် ဤနေရာတွင် နားမလည်နိုင်သော မှော်ဆန်သည့် အရာတစ်ခု ရှိနေသည်မှာ ထင်ရှားပေသည်။ သူ့မှာ စွမ်းအင်တွေ မရှိတော့ရင်တောင်မှ သူနဲ့ ပတ်သက်နေတာကြောင့် သေချာပေါက် ခံစားရသင့်သည်။
သို့သော် ယခုအချိန်အထိ ဘာခံစားချက်မှ မရှိလာပေ။
လုရွှမ် စိတ်မရှည်တော့ပေ။ ပြဿနာကို ဒီနည်းနဲ့သာ ဖြေရှင်းနိုင်ရင် အကြီးအကဲက သူ့ကို အထူးတလည် သတိပေးခဲ့မှာ မဟုတ်လောက်ဘူး။
"တစ်ယောက်ယောက် လာနေတယ်!"
ထျန်းရှား ရုတ်တရက် အော်လိုက်သည်။
သူမသည် လုရွှမ်ကို အလျင်အမြန် ဆွဲခေါ်ကာ ရေထဲသို့ ဂရုတစိုက်ဝင်၍ ရေအောက်တွင် ပုန်းအောင်းနေလိုက်သည်။ နှစ်ယောက်သား အသက်ရှူသံများကို ထိန်း၍ အပေါ်မှ လှုပ်ရှားမှုကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
အမှန်တော့ ၎င်းသည် ပင်လယ်သားရဲ တစ်ကောင်ဖြစ်ပြီး ၎င်း၏ အရိပ်အာဝါသကို ငုပ်လျှိုးဝှက်ထားနိုင်သော စွမ်းရည်သည် ကမ္ဘာပေါ်တွင် တုနှိုင်းမယှဉ်နိုင်လောက်ချေ။ လုရွှမ်မှာ ထိုအကောင် သူ့ဘေးမှာ ရှိနေရင်တောင် မခံစားနိုင်လောက်တဲ့အထိ ၎င်းက တစ္ဆေတစ်ကောင်လို ပေါ့ပါးသွတ်လတ်လှ၏။
ပင်လယ်သားရဲ တစ်ကောင်က လူအသွင်ပြောင်းသွားပေမယ့် ပင်လယ်သားရဲရဲ့ အရိပ်အာဝါသကတော့ လျော့မသွားပါဘူး။
၎င်းရဲ့ရောင်ဝါက အလွန်တန်ခိုးကြီးသည်။ အနည်းဆုံး သူသည် နတ်မီးနယ်ပယ်က သခင်ဖြစ်လေသည်။ သူသည် သူ့လက်ထဲတွင် သံလိုက်အိမ်မြှောင်ကဲ့သို့ အရာတစ်ခုကို ကိုင်ဆောင်ကာ ပင်လယ်ရေထဲတွင် တစ်စုံတစ်ခုကို အဆက်မပြတ် ရှာဖွေနေပြီး သူ့မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးနေသော အကြည့်များ ရှိနေ၏။
ဤနေရာ၌ တစ်စုံတစ်ယောက် ပုန်းအောင်းနေမည်ဟု သူ မမျှော်လင့်ထားပုံရပေမယ့် ဂရုတစိုက်တော့ မရှာဖွေခဲ့ပေ။
"အဲဒီလူရဲ့ သံလိုက်အိမ်မြှောင်က အရမ်းကို အစွမ်းထက်တဲ့ မှော်လက်နက်တစ်ခုပဲ"
ထျန်းရှားက ဆိုသည်။ ထိုသံလိုက်အိမ်မြှောင်၌ ကောင်းကင်မြေကြီးနဲ့ ဝေးကွာနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါရှိနေတာကို သူမ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပါသည်။
လုရွှမ်မှာ ထိုလူကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း နားမလည်နိုင်လောက်အောင် ရင်းနှီးနေသလို ခံစားနေရသည်။ သို့သော် လက်ရှိသူ့တွင် ယွမ်စွမ်းအင် မရှိသဖြင့် အသံများကို မထုတ်လွှင့်နိုင်တော့ပေ။ သူတို့အား ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်သောကြောင့် သူ့စိတ်ထဲက သံသယများကိုသာ ခဏ ဖိနှိပ်ထားရလေသည်။
အဲဒီလူဟာ ပင်လယ်ထဲကို ထိုးဆင်းလာပြီး သူတို့နှစ်ဦးနဲ့ တစ်ကီလိုမီတာလောက်သာ ဝေးတဲ့ နေရာ၌ ရပ်နေခဲ့၏။
ထိုလူ ထွက်သွားပြီးနောက် လုရွှမ်နဲ့ ထျန်းရှားလည်း သက်ပြင်းတစ်ချက်စီ ချလိုက်ကြသည်။ သူတို့ကို ရှာမတွေ့သွားတာ အတော်လေး ကံကောင်းလွန်းလှသည်။
"အဲဒီလူရဲ့ သံလိုက်အိမ်မြှောင်က လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တစ်ခု ဖြစ်နိုင်ပေမယ့် ကောင်းကင်နဲ့ မြေကြီးရဲ့ ထွက်သက်ဝင်သက်တွေက မှုန်ဝါးဝါးနဲ့... သူဘာလုပ်နေတာလဲ? ကမ္ဘာ့ရတနာတွေကို ရှာနေတာလား?"
၎င်းရဲ ထူးထူးခြားခြား ခွန်အားကြီးပြီး ထူးထူးခြားခြား နည်းလမ်းများဖြင့် ဤနေရာ၌ ထူးထူးခြားခြား ပေါ်လာခြင်းမှာ သူသည် ရတနာမုဆိုးတစ်ယောက်နှင့် တကယ်ကို တူလေသည်။
သူတို့ နှစ်ယောက်နဲ့ မတူတာတော့ ထိုယောက်ျားပျိုဟာ သံလိုက်အိမ်မြှောင်ကို ယူလာခဲ့တာကြောင့် သေချာပြင်ဆင်ထားခဲ့တာ သိသာလေ၏။
"လုရွှမ်... အရင်ထွက်သွားရအောင် အဲဒီလူရဲ့ အရိပ်အယောင်ကို ကျွန်မ ခံစားရတယ် သူက လူသတ်ချင်ပြီး အန္တရာယ်ရှိတဲ့လူပဲ... ကျွန်မတို့ကို တွေ့တာနဲ့ လူသတ်နှုတ်ပိတ်ပစ်မှာ သေချာတယ်"