← Chapters

လူတွေလာနေပြီ

Vol. 79 Ch. 4.695

လူတွေလာနေပြီ

Vol. 79 Ch. 4.695

လုရွှမ်သည် ယခင်က ဤနေရာကို လာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ့ကိုယ်သူ အသက်ရှင်သော မြင်းအဖြစ် သရုပ်ဆောင်နေသောကြောင့် ဖြစ်သည်။ ယခု သူသည် နတ်မီးနယ်ပယ်က သခင်တစ်ဦးဟာ ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာကို တွေ့လိုက်ရသဖြင့် ဤနေရာတွင် တစ်ခုခု မှားယွင်းနေတာ ထင်ရှား​ကြောင်း သိလိုက်သည်။

"မဟုတ်ဘူး ငါတောင်းပန်ပါတယ် ထျန်းရှား... ဒါပေမဲ့ ငါတို့ အခုထွက်သွားလို့ မရသေးဘူး.. အဲဒီလူရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်အပြင်က ဒီမှာ တကယ်ပဲ ပြဿနာ ရှိနေတယ်ဆိုတာ ပြသနေတယ် ငါ့ရဲ့ ယွမ်စွမ်းအားက ဒီမှာပဲ ပြန်ကောင်းလာလိမ့်မယ်"

လုရွှမ်သည် အန္တရာယ်ကိုလည်း သိသော်လည်း ခွန်အားမရှိလျှင် ပို၍ပင် အန္တရာယ်ရှိလာနိုင်သည်။

ဒါပေမဲ့ အခုအချိန်မှာတော့ ထျန်းရှားဟာ အန္တရာယ်ရှိကြောင်း သူမစိတ်က အပြည့်အ၀ ခံယူထားပြီး သူကတော့ နေချင်သေးတာကြောင့် လုရွှမ် သူမကို တောင်းပန်မှုအပြည့်နဲ့ ကြည့်လိုက်သည်။

ထျန်းရှားက ခဏလောက် စဉ်းစားပြီးမှ ပြောလာခဲ့သည်။

"ကောင်းပြီ... ရှင်အဲ့လို ခံစားရတယ် ဆိုရင်လည်း ဒီမှာစမ်းကြည့်ရအောင်... ကျွန်မရှင့်ကို ကာကွယ်ပေးမယ်"

ထျန်းရှားက ရဲရင့်ပြတ်သားတဲ့ အသံနဲ့ ပြောလာတာကြောင့် လုရွှမ် တုန်လှုပ်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း ရှက်ရွံ့သွားခဲ့သည်။

"သွားကြည့်ရအောင်"

ထျန်းရှားဆိုပြီး သူတို့နှစ်ဦးသည် ယခင်က ထိုနေရာသို့ သွားကာ ဂရုတစိုက် ရှာဖွေခဲ့ကြသည်။

ဤနေရာသည် မြုံနေသော သမုဒ္ဒရာနယ်မြေနှင့်တူပြီး ပင်လယ်ရေထဲတွင် ဝိညာဉ်စွမ်းအင်များပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပါးလွှာနေသည်။ တကယ့် ကမ္ဘာ့ရတနာ တစ်ခုရှိလျှင် ဤနေရာတွင် ထွက်ပေါ်လာမည်ဟု စိတ်ကူးကြည့်ရန်မှာ အလွန် ခက်ခဲလှသည်။

ဒါပေမဲ့ အရာအားလုံးက အကြွင်းမဲ့ ထင်ကြေးပေးနေရမယ့် အရာ မဟုတ်ပါဘူး။ ကမ္ဘာ့ရတနာ ကမ္ဘာပေါ်မှာ မှော်အစွမ်း အထက်ဆုံး နေရာတစ်ခုမှာသာ ရှိနေတတ်တယ်လို့ သိထားကြပေမယ့် နတ်ဘုရားတွေပဲ ဘယ်လိုမှော်ပညာဖြစ်မယ် ဆိုတာ သိလိမ့်မည်။

ပင်လယ်ရေသည် ကြည်လင်နေပြီး လေနှင့်အတူ ညင်သာစွာ စီးဆင်းနေသည်။ ဒါ့အပြင် ပင်လယ်အောက်ခြေမှာ အရှိန်အဟုန်နဲ့ ကွက်တိလှုပ်ရှားနေသည်။ လုရွှမ်ရဲ့ မှော်စွမ်းအားတွေက ချိတ်ပိတ်ခံထားရပေမယ့် သူ့ခန္ဓာကိုယ်က သန်မာနေဆဲပါပဲ။

ဝိညာဉ်စွမ်းအားကို အသုံးမချနိုင်တော့တာကတော့ သနားစရာပဲပေါ့။ မဟုတ်ရင် လုရွှမ်ဟာ စိတ်ဝိညာဉ် စွမ်းအားရဲ့ ခွန်အားနဲ့ ဒီနေရာကို တွန်းလှန်ရှာ​ဖွေ​နိုင်မှာ ဖြစ်လေသည်။

အခုက သူ့ခံစားချက်ပေါ်တွင် မူတည်ကာ ရှာဖွေနေရတာကြောင့် ကောက်ရိုးပုံထဲ အပ်တစ်ချောင်းကို ရှာဖွေနေရသလိုမျိုး အောင်မြင်နိုင်ချေက အလွန်နည်းပါးသည်။

ထျန်းရှားသည် စိတ်ရှည်သောလူ မဟုတ်သော်လည်း လုရွှမ်အတွက်မို သူမသည် စိတ်မရှည်လည်း ရှည်နေရကာ အနီးနားရှိ အခြေအနေကို ဖြည်းဖြည်းချင်း ခံစားသိရှိရန် လုရွှမ်နောက်မှ လိုက်ပါသွားခဲ့သည်။

သူတို့ရဲ့ ရှာဖွေရေးဟာ တစ်လခွဲ​လောက် ကြာသွားခဲ့သည်။ အဲဒီလဝက် အတွင်းမှာတော့ အရင်က ပင်လယ်သားရဲတွေ နောက်ကြောင်း ပြန်လှည့်လာမလား ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံသဏ္ဌာန်နဲ့ အသွင်ပြောင်း သားရဲတွေ ထပ်ပေါ်လာမလား ဆိုတာကို စိုးရိမ်ပြီး ကြောက်လန့်တကြားလည်း ဖြစ်ခဲ့ရသညိ။

ကံမကောင်းစွာနဲ့ပဲ လုရွှမ်နဲ့ ထျန်းရှားဟာ ဘာမှကို ရှာမတွေ့ခဲ့ပါဘူး။ ဒါတွေအားလုံးက လုရွှမ် စိတ်ထဲကထွက်လာတဲ့ ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုလိုပါပဲ။

သို့နှင့် လုရွှမ်လည်း သူ့စိတ်ထဲက ခံစားချက်ကို စွန့်လွှတ်လိုက်တော့သည်။ ထျန်းရှားအတွက် ဒီမှာနေပြီး သူ့ကို ကာကွယ်ပေးရမှာကို အရမ်းအန္တရာယ်များလှသည်။ ဆန့်ကျင်ဘက်အနေနဲ့ သူမက လုရွှမ်ကို ဖျောင်းဖျလာ​သေးသည်။ အခု သူတို့ဒီကို ရောက်လာ​ပြီ ဆိုမှတော့ ဒီမှာသေချာ စစ်ဆေးသွားရမည်။ ဒီမှာတကယ်သာ အနာဂတ်အတွက် သဲလွန်စတွေ ရှိနေတယ်ဆိုတာ သိသွားခဲ့ရင် လုရွှမ် အရမ်းနောင်တ ရသွားလိမ့်မယ်။

နောက်တစ်လက လျှပ်တစ်ပြက်အတွင်း ကုန်သွားတော့ သူတို့ရဲ့ စိတ်ရှည်သည်းခံမှုတွေလည်း တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။

"ထျန်းရှား ငါတကယ် တောင်းပန်ပါတယ်... သွားကြရအောင် ငါ့ဘက်က တစ်ဖက်သတ် စိတ်ကူးယဉ်နေတာ ဖြစ်မယ်"

ဒီလထဲမှာ လုရွှမ်နဲ့ ထျန်းရှားတို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပါသည်။ သူ့နှလုံးသားနဲ့ ဝိညာဉ်က နိုးကြားနေတယ်လို့ ထပ်ခါတလဲလဲ ပြောနေပေမယ့် ထျန်းရှားကတော့ သူ ပင်ပန်းနေတာကြောင့် ကောင်းကောင်းအနားယူဖို့ သူ့ကို အားပေးလာ၏။

လုရွှမ်သည် ထျန်းရှား မျက်လုံးထဲမှ ယွီရှန်ရဲ့ အရိပ်အငွေ့လေးကို မြင်လိုက်ရသလိုပင် ခံစားလိုက်ရသည်။

"ကောင်းပြီ ကျွန်မတို့အလုပ်က တကယ်ကို အချည်းနှီး ဖြစ်သွားပုံပဲ...အမ် မြန်မြန် ပုန်းတော့"

ထျန်းရှား အော်လိုက်သည်။ အဲဒီအချိန်မှာပဲ လုရွှမ်ဟာ ကျောက်စိမ်းပြားထဲမှ ရွှေကျီးကန်းဆီကလည်း သတင်းရလာ၏။ တစ်စုံတစ်ယောက် ရောက်လာပြီး ဖြစ်ကာ သူတို့ဘက်က လူအရေအတွက်ကလည်း တော်တော်များသည်။

နှစ်ယောက်သား ရေအောက်မှာ အလျင်စလို ပုန်းနေပြီး အသက်ရှုသံများကို ထိန်းချုပ်ထားလိုက်၏။

လုရွှမ်လည်း ရွှေကျီးကန်းအား သူတို့ကို ဖုံးကွယ်ထားပေးဖို့ စွမ်းအင်အလွှာ တစ်ခုကို ချခိုင်းထားလိုက်သည်။ နတ်မီးသုံးလုံးကို လောင်ကျွမ်းခဲ့ထားတဲ့ နတ်မီးနယ်ပယ်က သခင်တစ်ဦးသာလျှင် သူတို့ လက်ရှိအခြေအနေကို မြင်နိုင်လိမ့်မည်။

လှောင်အိမ်ထဲသို့ ဝင်ပြီးနောက် ရွှေကျီးကန်းသည် ကျောက်စိမ်းပြား၏ လက်ရှိ လုပ်ဆောင်မှု စွမ်းရည်ကို အလွန်ဒေါသ ထွက်​နေခဲ့သည်။ ၎င်းက အန္တရာယ် ကြုံလာတိုင်း အထပ်ထပ် ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။

သူ့ဒေါသနဲ့အတူ သူသည် ယခုအချိန်အထိ သူ့ရုပ်သွင်ကို ဖုံးကွယ်ထားရန် အမြဲတမ်း အသုံးပြုခဲ့သည့် အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုကို တီထွင်ထားခဲ့သည်။ သို့သော် ရွှေကျီးကန်းမှာ ၎င်းကို ဤနေရာတွင် တိုက်ရိုက် မသုံးချင်ခဲ့ပေ။

ထျန်းရှားရဲ့ အသိအာရုံများသည် အလွန်အစွမ်းထက်တာကြောင့် အခင်းအကျင်းရဲ့ ရောင်ဝါက တစ်စုံတစ်ရာ ထူးဆန်းနေကြောင်း သူမ ချက်ချင်း သတိပြုမိသွားခဲ့သည်။

လုရွှမ်လည်း ထျန်းရှားက သံသယဝင်ရမယ့်လူ မဟုတ်တာကြောင့် လျင်မြန်စွာ ရှင်းပြခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူလှောင်အိမ်ထဲတွင် ရှိနေသောအခါက ချင်းချန် အပါအဝင် လူတိုင်းကို အံ့အားသင့်စေသည့် အခင်းအကျင်း ဖွဲ့စည်းမှုကို ထုတ်ပြခဲ့ဖူးသည်လေ။

လူသုံးဦး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ပင်လယ်အတွင်းသို့ ပြေးဝင်လာကြသည်။ အမျိုးသားတစ်ဦးမှာ ယခင်က ဤနေရာကို ရောက်လာခဲ့ဖူးသော ပင်လယ်သားရဲ ဖြစ်သည်။

လုရွှမ် အမျိုးသမီးအား မြင်လိုက်ရပြီးနောက် သူ့မျက်လုံးများက အလွန်တုန်လှုပ်သွား၏။ ထိုအမျိုးသမီးကို သူ မှတ်မိသည်။ ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် သူ၊ အောင်ရှင်း၊ ကျင်းဟုန်နှင့် အခြားသူများသည် ဆန်းကျယ် ကောင်းကင်အိမ်တော်မှ ပေးသော ရွှမ်ထျန်းတံဆိပ်ပြားကို ရရှိသောအခါ လူအများက ၎င်းကို လုယူရန် လာခဲ့ကြပြီး ထိုအမျိုးသမီးသည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်​ပေသည်။

သူမသည် ယခင်က ကောင်းကင်ဘုံသခင် နယ်ပယ်က ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ခဲ့ဖူးသည်။ မမျှော်လင့်ဘဲ အနှစ်ငါးဆယ်နီးပါး ကြာသွားသောအခါ နတ်မီးနယ်ပယ်ကိုပင် ထိုးဖောက်သွားခဲ့ပြီ။

ဆန်းကြယ်ကောင်းကင်အိမ်တော်ကတော့ အမှန်တကယ်ကို အစွမ်းထက်လှ​ပေသည်။

ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်က နှစ်၆၀မှာ တစ်ကြိမ်သာ ထွက်လာတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခု ဘာကြောင့် ဒီလောက်စောပြီး ထွက်လာရတာလဲ။

အဲဒီလူနဲ့ ရင်းနှီးနေတယ်လို့ ခံစားနေခဲ့ရတာ အံ့သြစရာ​တော့ မဟုတ်ပါဘူး။

"သူတို့က ဆန်းကြယ်ကောင်းကင်အိမ်တော်ကပဲ!"

လုရွှမ် ပြောလိုက်တော့ ထျန်းရှားလည်း ထိတ်လန့်သွားသည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်ကနေ မျက်နှာသာ အပေးခံရတဲ့ လူတွေဆိုရင် ထူးထူးခြားခြား အရည်အချင်းတွေ ရှိတဲ့လူပဲ။

အစပိုင်းတွင် သူမသည် အကဲဖြတ်ရာတွင်လည်း ပါဝင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ ယခင်က မီးနဂါးသွေး အနှစ်သာရကို မရရှိထားခဲ့ပေ။ လူတွေက သူမရဲ့ ပုံစံအစစ်အမှန်ကို မြင်ပြီး စမ်းသပ်ဖို့ အခွင့်အရေးတောင် မပေးခဲ့ဘဲ သူမအား ထုတ်ပယ်ခဲ့သည်။

ထျန်းရှားသည် သူမ နှလုံးသားထဲက အထင်အမြင်သေးမှု အရိပ်အယောင်ကို သည်းမခံနိုင်ဘဲ ထုတ်ဖော်ပြသလိုက်လေ၏။

"ဒီလူတွေရဲ့ ခွန်အားက သာမန်ပါပဲ"

လုရွှမ်သည် ထျန်းရှားရဲ့ စကားကိုကြားတော့ သူမ ဒေါသထွက်နေကြောင်း နားလည်လိုက်ရာ သူမက စွန့်ပစ်ခံထားရသော ပါရမီရှင်တစ်ယောက် ဖြစ်နိုင်ကြောင်း သူ့စိတ်ထဲ သိလိုက်သည်။

ဆန်းကြယ်ကောင်းကင်အိမ်တော်ဟာ ယခင်က ပါရမီရှင်တွေအပေါ် တောင်းဆိုမှုတွေ အလွန် များခဲ့သည်။ ကမ္ဘာငယ်လေးထဲက လူတစ်ဦးတည်းကိုသာ လက်ညှိုးထိုးပြကာ တခြားပါရမီရှင်တွေကို တဖြည်းဖြည်း စွန့်လွှတ်သွားခဲ့သည်။ သို့သော် တကယ့်ပါရမီရှင် များစွာကိုလည်း စွန့်လွှတ်လိုက်ရတာ ထင်ရှား​ပေသည်။

"သူတို့ရဲ့ ခွန်အားက မင်းနဲ့ အတူတူ​လောက်ပဲ...ဒါပေမဲ့ မင်းက နတ်မီးနယ်ပယ်ကို မရောက်သေးဘူး အဲဒီလူတွေက အရင်းအမြစ်တွေ ပေါများပေမယ့် ငါတို့လည်း အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရုန်းထွက်နိုင်အောင် ကံကောင်းမှာပါ... အခုတော့ ငါတို့က သူတို့ထက် အားနည်းနေတုန်းပဲ"

"ဟမ့် သူတို့ဘာလုပ်မယ်ဆိုတာ ကြည့်ရသေးတာပေါ့"

လုရွှမ်သည် ဤလူသုံးယောက်ဟာ ဆန်းကြယ်ကောင်းကင် အိမ်တော်ကနေ အတူထွက်လာခဲ့တာ ဖြစ်ကြောင်း သူ့စိတ်ထဲက သိလိုက်သည်။ ​ယောက်ျားပျိုက ဤမှော်ဆန်သော နေရာကို ရှာတွေ့ပြီးနောက် ၎င်းတို့နှစ်ဦးကို လာရန်ဖိတ်ခေါ်ခဲ့လိမ့်မည်။

ဆိုလိုတာက သူ့ရဲ့ ခန့်မှန်းချက်က မှန်နေပြီ။ ဒီနေရာမှာ ပစ္စည်းတစ်ခုခု ရှိနေတာ သေချာသွားပြီ ဖြစ်သည်။ အခုမေးစရာက ဒီလူတွေ သူတို့ရှာနေတဲ့အရာက ကမ္ဘာ့ရတနာ ဆိုတာ သိကြလားဆိုတဲ့ မေးခွန်းပါပဲ။

ထျန်းရှားသည် သူမမျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် တုံ့ပြန်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး စိတ်ထဲတွင် အတွေးကိုယ်စီထားလျက် ယခုအခါတွင် သဘာဝအတိုင်း ပုန်းအောင်းနေပြီး နဂါးနှင့် ကျားကြားတိုက်ပွဲကို ကြည့်ရှုနေကြပြီ ဖြစ်သည်။

ဒီလူတွေဟာ အဲဒီသံလိုက်အိမ်မြှောင်ကို မှီခိုအားထားရင် ကမ္ဘာ့ရတနာရဲ့ တည်ရှိမှုကို အမှန်တကယ် ရှာဖွေနေကြပြီ။ ရတနာက လူတွေရဲ့ နှလုံးသားကို အရောင်ပြောင်းစေတဲ့အတွက် သူတို့သုံးယောက် ပြဿနာမတက်ဘူး ဆိုတာ လုံးဝ မဖြစ်နိုင်ချေ။

အချိန်တန်လို့ ဤလူများ အချင်းချင်း ရန်ထသတ်ကြတဲ့အခါ သူတို့အတွက်လည်း အကျိုးရှိလာလိမ့်မည်။

ဒီလူတွေ ရန်ဖြစ်မလား ဆိုတာကတော့ ခန့်မှန်းဖို့ လွယ်လွန်းပါသည်။ သူတို့ တစ်ယောက်စီတိုင်းရဲ့ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ရောင်ဝါရှိကာ အားလုံးက တစ်ယောက်ကို တစ်ယောက် သတိထားနေကြပြီး ရန်ပွဲစလိုလျှင် ချက်ချင်း စကြတော့မည့်အတိုင်းပင်။

ကမ္ဘာ့ရတနာသည် သူတို့ အချင်းချင်း ရန်ဘက်ပြုဖို့ တွန်းအားပေးလာတော့မှာ ထင်ရှား​ပေသည်။

All Chapters