ကိုယ်သေလမ်းကို ရှာခြင်း
Vol. 79 Ch. 4.696
"အစ်ကိုကျားသစ်... ကျွန်တော်တို့ကို ဒီကိုလာခိုင်းတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာလဲ? ကျွန်တော်တို့လည်း ရောက်နေပြီလေ အခု ပြောသင့်ပြီ မဟုတ်ဘူးလား"
စကားပြောသော လူသည် အလွန်ချောမောသော ယောက်ျားပျို ဖြစ်သည်။ သူသည် တစ်ဖက်က အမျိုးသမီးကို စိတ်ဝင်စားနေပုံရသော်လည်း သူ့လုပ်ရပ်များသည် ဖော်မပြနိုင်လောက်အောင် အတုအယောင် ဆန်နေသည်။
သို့သော် ကျင့်ကြံသူ မိန်းကလေးသည် စူးစူးရဲရဲ အကြည့်များဖြင့်သာ ကြည့်နေသည်။ သူမ မျက်လုံးများက ပြဿနာများကို နှိုးဆော်တော့မလို ထိုယောက်ျားပျို နှစ်ဦးကြားတွင် အဆက်မပြတ် ကူးပြောင်းနေသည်။
ဒါပေမဲ့ အစပိုင်းမှာတော့ ယောက်ျားပျိုက အရမ်းအေးဆေးပါပဲ။ သူက သံလိုက်အိမ်မြှောင်ကို ကြည့်ရုံနေကာ ထိုမိန်းကလေးရဲ့ ကျက်သရေနဲ့ အကြည့်တွေကို ဂရုမစိုက်ပါဘူး။
"ချန်းလီ... စိတ်မပူပါနဲ့ ငါတစ်ချိန်က စွန့်စားခန်းတစ်ခု လုပ်ခဲ့ဖူးတယ် ဆိုတာ အားလုံးလည်း သိကြမှာပါ... ငါအဲ့တုန်းက ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျပြီး လွတ်မြောက်သွားခဲ့ပြီး ဒီလိုသံလိုက် အိမ်မြှောင်တစ်ခုကို ရခဲ့တယ်လေ"
ကျားသစ်ဆိုတဲ့ လူက သူ့ရဲ့အရင်က လျစ်လျူရှုမှုဟာ အတန်ငယ် ပျောက်ကွယ်သွားပြီး သူ့လက်ထဲက သံလိုက်အိမ်မြှောင်အတွက် အလွန်ဂုဏ်ယူကြောင်း ထင်ရှားစွာ ရွတ်ဆိုနေသည်။
တခြားယောက်ျားပျိုနှင့် မိန်းကလေးတို့သည် ကြိမ်ဖန်များစွာ ခေါင်းညိတ်ပြပြီးမှ ကျားသစ်လက်ထဲက သံလိုက်အိမ်မြှောင်ကို ကြည့်ကာ အနည်းငယ် မက်မောလာလေသည်။
ဆန်းကြယ်ကောင်းကင်အိမ်တော်က ကျားသစ်၏ သံလိုက်အိမ်မြှောင်သည် သာမန်လျှို့ဝှက် ဆန်းကြယ်သော လက်နက်တစ်ခုသာဖြစ်ကြောင်း အားလုံး သိထားသော်လည်း ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာခြေရာများဖြင့် ရောနှောနေသလို ကောင်းကင်လက်နက် တစ်မျိုး၏ မှော်ဆန်သည့် အကျိုးသက်ရောက်မှုလည်း ရှိနေသည်။
၎င်းက တိုက်ပွဲတွင် အလွန်အထောက်အကူ မဖြစ်သော်လည်း ရတနာများကို ရှာဖွေရာတွင်တော့ အလွန်မှော်ဆန်သည်။ ဤသံလိုက်အိမ်မြှောင်ဖြင့် ကျားသစ်သည် သာမန်တပည့်ငယ်တစ်ဦးမှ ရာထူးတိုးခံရပြီး လျင်မြန်စွာပင် အတွင်းစည်း တပည့်ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတိုင်းသည် ရတနာများ လိုအပ်ပါက ကျားသစ်ထံသို့ သွားနိုင်ကြောင်း သိရှိထားကြသည်။ သူရှာနေတဲ့ နေရာတိုင်းတွင် ရတနာတွေ ရှိကောင်းရှိနိုင်ပေလိမ့်မည်။ သို့သော် မရှိပါကလည်း သူ အချိန်တစ်ခုပေး၍ ရှာဖွေပါက ရလာတာချည်းသာ။
အစပိုင်းတွင် ဆန်းကြယ်ကောင်းကင်အိမ်တော်က လက်ထောက်သခင်ဟာ ကျားသစ်အား အကူအညီတစ်ခု တောင်းဆိုခဲ့ပြီးနောက် ထိုလူသည် ဆန်းကြယ်ကောင်းကင်အိမ်တော်က နာမည်ကြီးသူတစ်ဦး ဖြစ်လာခဲ့သည်။
ဒါပေါ့။ လူကြိုက်များတဲ့ သူတွေလည်း အများကြီးရှိကြသလို လူတော်တော်များများက ကျားသစ်ကို သတ်ပြီး သံလိုက်အိမ်မြှောင်ကို လုယူချင်နေကြပါသည်။ နောက်ဆုံးမှာ တစ်စုံတစ်ယောက် တကယ် အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သံလိုက်အိမ်မြှောင်ကို သိုလှောင်အိတ် ဒါမှမဟုတ် သိုလှောင်လက်ကောက်ထဲမှာ ထည့်ထားရင်တောင် နောက်အခိုက်အတန့်မှာ ပျောက်ကွယ်သွားပြီး ကျားသစ်ရဲ့ လက်ထဲမှာ ပြန်ပေါ်လာတာကို တွေ့လာရ၏။
တစ်ယောက်ယောက်က ကျားသစ်ကို သတ်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် ကျားသစ်မှာ ခုခံကာကွယ်တဲ့ မှော်လက်နက်တစ်ခု ရှိပြီး တိုက်ခိုက်ခံရတာနဲ့ ရေနဲ့အနိုင်ကျင့်လို့မရတဲ့ လိပ်အဖြစ် ပြောင်းလဲသွားပြီး ဘာလက်နက်ပဲဖြစ်ဖြစ် မထိမှန်နိုင်တော့ပေ။
တဖြည်းဖြည်းနဲ့ လူတွေကလည်း သံလိုက်အိမ်မြှောင်ကို လုယူလို့မရကြောင်း ယုံကြည်လာကြတော့သည်။
လူများစွာသည် ကျားသစ်နှင့် ခင်မင်ရင်းနှီးဖို့ ကြိုးစားလာကြကာ ယခု လူနှစ်ယောက်သည် ကျားသစ်နှင့် အနီးကပ်ဆုံးသူများ ဖြစ်ပေသည်။
ဒီလိုဖြစ်နိုင်တယ်လို့ သူတို့ မှန်းဆထားပြီးသား ဖြစ်ပြီး ကျားသစ်ရဲ့ စကားကိုကြားတော့ သူတို့နှစ်ယောက်သားရဲ့ အမူအရာတွေ ပြောင်းလဲသွားတော့သည်။
“အစ်ကိုကျားသစ်... ဒီမှာ ပစ္စည်းကောင်း တစ်ခုခု ရှိနေတယ်လို့ ပြောနေတာလား?”
"ဒါပေါ့!"
မိန်းကလေးနဲ့ ယောက်ျားပျိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ယောက်ျားပျိုက မေးလေသည်။
"အစ်ကိုကျားသစ်... အဲဒါက ရတနာတစ်ခုဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ကို ဘာလို့ဒီကိုလာခိုင်းတာလဲ? ဧကန္တ ဒီရတနာကို ကျွန်တော်တို့ကို ပေးချင်လို့လား?"
သူက ပြုံးပြီး နောက်ပြောင်လေ၏။ အမျိုးသမီးကလည်း သဘောတူဟန် ရယ်မောလိုက်သည်။
"ဟုတ်သားပဲ... အစ်ကိုကျားသစ်မှာက ရတနာတွေ အများကြီး ရှိပြီးသားပဲ.. ရှင်နဲ့ သူငယ်ချင်းဖြစ်ရတာ ကျွန်မတို့အတွက် ဂုဏ်ယူရတော့မယ် ထင်တယ်"
ကျားသစ်သည် သူ့မျက်နှာပေါ်က အေးစက်သော လေလှိုင်းများကို ပြသလိုက်ပြီး ဆိုသည်။
"မင်းတို့နှစ်ယောက် ပြောတာ တစ်ဝက်လောက်ပဲ မှန်တယ်... တကယ်တော့ ရတနာရှာဖို့ မင်းတို့နှစ်ယောက်ကို ငါတောင်းဆိုခဲ့ပေမယ့် ရတနာကို မင်းတို့နဲ့ခွဲဝေဖို့တော် ငါမစဥ်းစားထားဘူး... မင်းတို့ငါ့ကို ဒီရတနာလေးရအောင် ကူညီပေးနိုင်တယ် ရတနာတစ်ခု ပေါ်လာတာနဲ့ ငါစုဆောင်းထားတဲ့ အထဲကနေ မင်းတို့ တစ်ယောက်စီကို လက်ဆောင်အဖြစ် ပေးမယ် ဘယ်လိုလဲ?"
သူတို့နှစ်ဦးသည် ချက်ချင်းပင် မနာလို ဖြစ်လာသော်လည်း ခဏမျှ စဉ်းစားပြီးနောက်တွင် သူတို့နှစ်ဦးက ဆိုလေသည်။
“အစ်ကိုကျားသစ် ဒါဆိုရင်တော့ ဒီရတနာရဲ့ တန်ဖိုးက အစ်ကို့ဘဏ္ဍာတိုက်ထဲက တခြားရတနာတွေထက် အများကြီး သာလွန်နေမှာ သေချာသွားပြီ... ကျွန်တော်တို့က ကြိုးကြိုးစားစား လုပ်ခဲ့ပြီးမှ တစ်ခုတည်း ရမယ်ဆိုရင် ယုတ္တိမတန်ဘူး မဟုတ်လား"
ကျားသစ်ရဲ့ မျက်နှာက အေးစက်သွားပြန်သည်။ သို့သော် သူက။
"ရိုးရိုးသားသား ပြောရရင် ဒီမှာရှိနေတဲ့ ရတနာက ဘာမှန်းတောင် ငါမသိသေးဘူး... သံလိုက်အိမ်မြှောင်ပြကွက်က အရမ်းထူးဆန်းတယ် ငါတို့မှာ ကံကြမ္မာမရှိလို့ ဒီရတနာကို မရှာနိုင်ရင်တောင် ငါမင်းတို့ တစ်ယောက်ချင်းစီအတွက် ရတနာ တစ်ခုစီ ပေးမှာပါ.."
"ဟာဟား အစ်ကိုကျားသစ်က နောက်နေတာပဲ... မင်း ဒီကို လာတယ် ဆိုမှတော့ သဘာဝအတိုင်းပဲ ရတနာကလည်း ရောက်နေလောက်ပြီ... မင်းက လွတ်နေတဲ့ဂူကို ဘယ်တုန်းက အခွင့်ကောင်းယူဖူးလဲ?"
အမျိုးသမီးကလည်း ရုတ်တရက် ပြုံးပြီး ဝင်အော်လိုက်သည်။
"အစ်ကိုကျားသစ် ဒီလိုဆိုရင်ရော? အစ်ကိုရဲ့ ရတနာအိမ်ထဲက ရတနာတွေကို အရင်ယူဖို့ မပြောသေးနဲ့... အခု ဒီရတနာကို အရင်ထုတ်ဖို့ အတူတူ လုပ်ရအောင် ပြီးရင် ဒီရတနာရဲ့ တန်ဖိုးကို ကျွန်မတို့မြင်ရမှာပဲလေ အဲဒီအခါကျမှ ဘယ်လို ခွဲဝေယူမလဲ ဆုံးဖြတ်ကြတာပေါ့"
ဒါဟာ တကယ့်ကို ဆိုးရွားတဲ့ အကြံအစည်ဖြစ်ပြီး ရန်ပွဲဆီကို အလွယ်တကူ ဦးတည်သွားနိုင်လေသည်။ မထင်မှတ်ပဲ ကျားသစ်က ခဏလောက် စဉ်းစားနေပြီး သဘောတူလိုက်သည်။
လုရွှမ်နှင့် ထျန်းရှားသည် အမှောင်ထဲတွင် ပုန်းနေဆဲဖြစ်ကာ ထိုစကားကို ကြားတော့ ထျန်းရှားက လှောင်ပြောင်ပြီး ပြောပြလေ၏။
"အဲဒီကျားသစ်က သူတို့နှစ်ယောက်ကို နှုတ်ပိတ်နေချင်ပုံရတယ်"
လုရွှမ် ခေါင်းညိတ် သဘောတူပြီး ဘာကိုမှ ဝင်မပြောချေ။ ဆိုလိုသည်မှာ သူလုံးဝ ဂရုမစိုက်ပေ။ ဒီကျားသစ်က တကယ်သတ်ဖို့ ရည်ရွယ်ချက်ရှိနေတာတော့ ထင်ရှားလေသည်။ အလားတူပင် အခြားနှစ်ယောက်ကလည်း ငှက်ကောင်းများ မဟုတ်ကြပေ။
လုရွှမ်နှင့် ထျန်းရှားတို့သည် မျက်စိရှေ့က လူသုံးယောက်ကို စိတ်လှုပ်ရှားမှုများဖြင့် ကြည့်ရှုနေကြပြီး ရတနာများကို ဦးစွာရှာဖွေပြီးနောက် အမြတ်ထွက်စေသည့် တိုက်ပွဲတစ်ခု စတင်လာဖို့ စောင့်မျှော်နေကြလေသည်။
"အခွင့်အရေးရရင် အဲဒီသံလိုက် အိမ်မြှောင်ကို ဖမ်းယူထားရမယ်... ကြည့်ရတာ အရမ်းကောင်းတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်မယ်"
ထျန်းရှား သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်ရင်း အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သမုဒ္ဒရာသည် ရတနာမျိုးစုံဖြင့် ပြည့်နှက်နေသော်လည်း ၎င်းတို့ကို ရှာဖွေတွေ့ရှိရန် မျက်လုံးများ ချို့တဲ့နေတတ်သည်။ အကယ်၍ သူမသည် ဤသံလိုက်အိမ်မြှောင်ကို ရနိုင်လျှင် ပင်လယ်အတွင်းရှိ ရတနာများထံမှ သူလိုချင်သမျှကို ရယူနိုင်မည် မဟုတ်လော။
သံလိုက်အိမ်မြှောင်သည် မှိတ်တုတ်မှိတ်တုတ် အလင်းများဖြင့် လင်းလတ်နေကာ ကျားသစ်လည်း သံလိုက်အိမ်မြှောင်ရဲ့ လမ်းညွှန်ချက်အတိုင်း သမုဒ္ဒရာ၏ အနက်ပိုင်းထဲသို့ တရွေ့ရွေ့ ဆင်းသက်လာခဲ့သည်။
လုရွှမ်တို့လည်း တိတ်တဆိတ် လိုက်ခဲ့ကြသော်လည်း အလွန်နီးကပ်စွာ မလိုက်ဝံ့ကြပေ။ အခင်းအကျင်းက အလွန်လျှို့ဝှက် ဆန်းကြယ်သော်လည်း ၎င်း၏စွမ်းအားသည် သဘာဝအတိုင်း လျော့နည်းနေပြီ။
သူတို့နှစ်ယောက်သည် အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ညီညီညာညာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထိုလူသုံးဦးသည် ပင်လယ် အောက်ခြေသို့ အမှန်တကယ် ရောက်ရှိသွားပြီ။ သူတို့က ပင်လယ်အောက်ခြေသို့ တိုက်ခိုက်ကာ ဂူတစ်ခုကို တိုက်ရိုက်ဖန်တီး၍ ထိုအထဲသို့ ဝင်သွားခဲ့သည်။
လုရွှမ် ထျန်းရှားဘက်ကို အကြည့်တစ်ချက် ပို့လိုက်သည်။ ထျန်းရှားက အသက်ပြင်းပြင်းရှူပြီး ရှင်းပြပါ၏။
"ဒါက ပင်လယ်ရဲ့ အောက်ခြေက နက်ရှိုင်းတဲ့ ပင်လယ်ကြမ်းပြင်ကြီးပဲ လွယ်လွယ်နဲ့ အပေါက်ဖောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... အဲတော့ အဲ့နားမှာ ဂူတစ်ခုရှိရမယ်လို့ ဆိုလိုတာပဲ... ဒီမှာ ဂူတစ်ခုရှိရင် ကြောက်စရာကောင်းတဲ့ ပင်လယ်သားရဲတွေလည်း ရှိနိုင်တယ်”
“အရင်ပုန်းရအောင်”
နှစ်ယောက်သား တညီတညွတ်တည်း အော်လိုက်ကြပြီး နောက်ဘက်သို့ ကမန်းကတန်း ပြေးဆင်းသွားကြသည်။
ကျောက်တုံးတစ်တုံးကို ရွေးပြီး ထိုနောက်ကွယ်မှာ ပုန်းနေလိုက်သည်။ သူတို့နေရာကနေတို အရှေ့ အကွာအဝေးမှ လှုပ်ရှားမှုတွေကို ယောင်ဝါးဝါး မြင်နေရသည်။
သိပ်မကြာခင်မှာပဲ ပင်လယ်အောက်ခြေမှာ ဟောက်သံတစ်ခု ထွက်ပေါ်လာလေ၏။ အားပြင်းသော လေစီးကြောင်းများနှင့် ရေလှိုင်းများသည် အရှိန်အဟုန်ဖြင့် ထွက်လာပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
သူတို့နှစ်ဦးသည် ကျောက်တုံးကြီး၏ နောက်ကွယ်တွင် ပုန်းအောင်းနေကြသော်လည်း ၎င်းတို့အား အလိုအလျောက် နောက်ပြန်တွန်းချခြင်းကို ခံနေရဆဲဖြစ်သည်။
ကံကောင်းထောက်မစွာနဲ့ လုရွှမ်သည် အခင်းအကျင်း ဖွဲ့စည်းခြင်းအား အားကောင်းစေရန် အခင်းအကျင်းတံဆိပ်ပြားကို အသုံးပြုနေခဲ့သည်။ မဟုတ်ပါက သူတို့ကို ချက်ချင်း ဖော်ထုတ်မိသွားလိမ့်မည်။
မီးခိုးမြူများနှင့် စိမ်းလဲ့နေသော ပင်လယ်ရေများကြားတွင် ရွှံ့များ ပွက်ပွက်ဆူလာကာ ရှက်ရွံ့သွားသော လူသုံးယောက်သည် ပင်လယ်ရေပြင်ထက်က ကောင်းကင်ယံဆီသို့ ပြေးထွက်သွားကြ၏။
ထို့နောက် အောက်မှ ချူ့ကျောင်သားရဲ တစ်ကောင် ပြေးထွက်လာလေသည်။
"ဟင် အဲဒါ... အစောက အကောင်ပဲ မဟုတ်ဘူးလား? မဟုတ်သေးဘူး ဒီကောင်က ပိုကြီးတယ်!"
ထျန်းရှား ထိတ်လန့်စွာ အော်လိုက်မိသည်။