← Chapters

စုံတွဲ

Vol. 79 Ch. 4.697

စုံတွဲ

Vol. 79 Ch. 4.697

လုရွှမ်မှာ ရုတ်​တရက်​ တစ်​ကိုယ်​လုံး လှုပ်​ခါသွားကာ နားမလည်​နိုင်​သည့်​ ခံစားချက်​တစ်​ခု​ ပေါ်လာခဲ့သည်​။ သူ့ခံစားချက်က ခဏအတွင်း တုံ့ပြန်​လာသည်​။

ကမ္ဘာ့ရတနာ၏ ထွက်သက်ကို ခံစားခဲ့ရတာ မဟုတ်ဘဲ ဤသားရဲပေါ်တွင် ကမ္ဘာ့ရတနာ၏ အငွေ့အသက်ကို ခံစားမိလိုက်တာ ဖြစ်လေသည်။ ကမ္ဘာ့ရတနာကို ရယူလိုလျှင် ဤသားရဲကို သတ်ရုံသာမက အနည်းဆုံး ကမ္ဘာ့ရတနာ၏ ခြေရာများကို ခြေရာခံရှာဖွေရန်လည်း လိုအပ်သည်။

ဤသားရဲသည် ယခင်အကောင်ထက် များစွာကြီးမားပြီး အလားတူ ရောင်ဝါကလည်း ပိုမိုအားကောင်း​လေသည်။

"ရှင်ဘာဖြစ်နေတာလဲ?"

ထျန်းရှားသည် လုရွှမ်၏ အမူအရာ ပြောင်းလဲသွားတာကို သတိထားမိလိုက်သည်။

"ကမ္ဘာ့ရတနာရဲ့ အငွေ့အသက်ကို ငါခံစားမိတယ်... အဲဒီသားရဲက ကမ္ဘာ့ရတနာနဲ့ အဆက်အသွယ် ရှိနေတာ ဖြစ်နိုင်တယ် အဲဒါကြောင့် သူတို့မှာ ကမ္ဘာ့ရတနာရဲ့ အငွေ့အသက်တွေ ရှိနေတာ"

ထျန်းရှား မတတ်နိုင်ဘဲ ထိတ်လန့်သွားရ၏။ ဒီအခက်အခဲကတော့ နည်းနည်း မြင့်သွားပြီ။ ပင်လယ်ရေထဲမှာ နတ်မီးနယ်ပယ်ရဲ့ သခင်သုံးယောက်ဟာ ဒီသားရဲ​တွေကို ရင်ဆိုင်ပြီး လုံးဝကို ပြေးထွက်သွားကြပြီ။

ဤသားရဲ၏အရှိန်သည် အလွန်လျင်မြန်ပြီး လက်တံတွေကလည်း ရေဘဝဲကြီးကဲ့သို့ အလွန်လျင်မြန်လွန်းလှသည်။ လူသုံးယောက်သည်လည်း အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားလေသည်။ ထိုသုံးယောက်၏ အရှိန်မှာ အလွန်အမင်း လျင်မြန်သော်လည်း ချူ့​ကျောင်သားရဲနှင့် နှိုင်းစာလျှင် အနည်းငယ် နှေးကွေးနေသေးသည်။

အထူးသဖြင့် ချူ့​ကျောင်သားရဲ၏ လက်တံများသည် လျင်မြန်စွာ ကြီးထွားလာပြီးနောက် နဂါးတစ်ကောင်ကဲ့သို့ လူသုံး​ယောက်ဆီသို့ ပြေးထွက်သွား၏။

လူသုံးဦး၏ ခန္ဓာကိုယ်သည် အလင်းရောင်ဖြင့် ထွန်းတောက်ပြီး မျက်ခုံးမွှေးများရှေ့တွင် နတ်မီးလုံးတစ်လုံးကို ထွန်းညှိ၍ မီးတောက်များကို ခွဲဖြာထွက်သွား စေသော်လည်း ပတ်ဝန်းကျင်ရှိ ရေများကိုမူ လုံးဝ မထိခိုက်​စေပေ။

"ဒါ နတ်မီးနယ်ပယ်ရဲ့ ပထမဆုံး နတ်မီးလုံးပဲ!"

လုရွှမ်မှာ နတ်မီးနယ်ပယ်တွေ သူတို့ရဲ့ နတ်မီးလုံးကို ထုတ်ဖော်ပြသတဲ့ မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရတာကြောင့် ငြီးတွားလိုက်မိသည်။

"သာမန်အခြေအနေအရ နတ်မီးလုံးကို အလိုအလျောက် ထုတ်ဖော်ပြမှာ မဟုတ်ဘူး.. အခုသူတို့ သေခြင်းတရားနဲ့ ရင်ဆိုင်နေရပြီ ဆိုတာ သိသာတယ်... မဟုတ်ရင် နတ်မီးလုံးအကြောင်း ကြွားလုံးထုတ်လိုက်တာနဲ့ နတ်မီးနယ်ပယ်ရဲ့ ကျင့်ကြံမှု အဆင့်က ကျသွားလိမ့်မယ်.. ပြီးရင် မီးပြန်ထွန်းဖို့​က အရမ်း ခက်တယ်"

ပြောစရာမလိုအောင် သူတို့သုံးယောက်ဟာ ဒီအချိန်မှာ လုံးဝ အန္တရာယ်ရှိ​နေ​ပြီမှန်း ထျန်းရှား သိလိုက်သည်။

လူသုံးယောက်၏ ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဓားရှည်များကို လက်ထဲတွင် ကိုင်ဆောင်လျက် ချူ့ကျောင်သားရဲကို အဆက်မပြတ် ခုတ်ထစ် တိုက်ခိုက်​​နေကြသည်။

လုရွှမ်တို့ ယခင်က တွေ့ကြုံဖူးသော သားရဲငယ်လေးနှင့် မတူဘဲ ဤတစ်ကောင်သည် လုံးဝအနက်ရောင်ဖြစ်ပြီး ၎င်း၏လက်တံများကလည်း အလွန်ထူသည်။ အလွန်ထက်မြက်သော ဓားအရိပ်တစ်ခုက လက်တံများပေါ် ခုတ်ထစ်လိုက်လျှင် လက်နက်၊ ရွှေနှင့် ကျောက်တုံးသံများ ထွက်ပေါ်လာပြီး မီးပွားများပင် လွင့်ထွက်သွား၏။

၎င်းသည် ချူ့ကျောင်သားရဲ၏ ပုံမှန်ကိုယ်ဟန် အနေအထား ဖြစ်ပါက ယခင်ပုံစံသည် လုံးဝကလေးငယ်​လေး ဖြစ်နိုင်သည်။

အထူးကြောက်စရာ ကောင်းတာက ဒီသားရဲရဲ့ လက်တံတွေဟာ ပြတ်တောက်သွားပြီးရင်တောင် တကယ်ပဲ လက်တံငယ်တွေ ပြန်ပေါက်လာနိုင်တာပါပဲ။ ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ ဆိုတာတော့ မပြောတတ်တော့ချေ။

တစ်ချက်ကြည့်လိုက်ရုံနဲ့ကို ထိတ်လန့်စရာ ကောင်းနေပြီ။

အထူးသဖြင့် သူတို့ယူလာတဲ့ ဖိအားမျိုးပေါ့။ လုရွှမ်နဲ့ ထျန်းရှားတို့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးသွေးတွေ ရှိနေပြီမလို့ သဘာဝအတိုင်း အလွယ်တကူ ခုခံနိုင်ပေမယ့် သာမန်လူတွေ အထူးသဖြင့် ပင်လယ်သားရဲတွေ အတွက်တော့ ခုခံရတာ ခက်ခဲလိမ့်မည်။

လုရွှမ်သည် သားရဲ၏ လက်တံမာကျောမှုဟာ ဤကမ္ဘာ့ရတနာမှ ကျန်ရစ်ခဲ့သော ရောင်ဝါဖြစ်သင့်ကြောင်း သိလိုက်သည်။

ကျားသစ်၏ ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ် မှော်လက်နက်ကို ဖွင့်ထားပြီး သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ ချူ့ကျောင်သားရဲက သူ့ကို အကြိမ်ကြိမ် ရိုက်နှက်နေပေမယ့် အကာအကွယ် ဒိုင်းလွှာက ဘယ်တော့မှ ကွဲမသွားချေ။

သားရဲမှာ အရမ်းရှက်လာတာကြောင့် ကျန်နှစ်ယောက် အပေါ် ဒေါသပုံချတော့သည်။ လူနှစ်ယောက်က သူတို့ရဲ့ ဓားစွမ်းအင်ကို ကောင်းကင်ကို ပစ်လွှတ်လိုက်ပေမယ့် လက်တံကို ထိမိချိန်မှာတော့ အများဆုံး အရာလေး ကျန်ရစ်ခဲ့ရုံသာ ရှိသည်။ သူတို့ နှစ်ယောက်မှာ သင့်လျော်တဲ့ အကာအကွယ် ရတနာတွေ မရှိဘဲ နှစ်ယောက်သား ရှက်ကိုးရှက်ကန်း ဖြစ်လာကြသည်။

သူတို့တစ်ကိုယ်လုံးမှာ သွေးတွေနဲ့ ဖုံးလွှမ်းနေပြီ။ သို့သော်လည်း သူတို့ဟာ လုံးဝ စိတ်အား ထက်သန်နေပုံရလေသည်။ မဟုတ်ရင်တော့ သူတို့အားလုံး ချူ့ကျောင်သားရဲဆီကနေ ချည်နှောင်ရစ်ပတ်တာကို ခံလိုက်ရလိမ့်မည်။

ဝုန်း! ဝုန်း! ဝုန်း!

ပေါက်ကွဲသံ သုံးချက်က ဆက်တိုက် ထွက်ပေါ်လာသော်လည်း ကျားသစ်သည် သိုလှောင်ကွင်းမှ မှော်လက်နက် အပိုင်းအစကို ထုတ်ယူကာ သားရဲဆီသို့ ပစ်ခတ် ချေမှုန်းပစ်လိုက်သည်။

သူတို့လက်နက်များက သာမန်မဟုတ်တာ သိသာသော်လည်း ယခုအချိန်တွင် ချူ့​ကျောင်သားရဲ၏ လက်ထဲတွင် လုံးဝ အစွမ်းမထက်သော လက်နက်များ ဖြစ်သွား​ကြသည်။ သို့နှင့် ကျားသစ်ဟာ ပေါက်ကွဲသွားတဲ့ ပြင်းအားကို အားကိုးပြီး ထွက်ပေါက်ရှာကာ ထွက်ပြေးတော့သည်။

ကျန်တဲ့နှစ်ယောက်ကတော့ ဒီလိုသတ္တိမျိုး မရှိပါဘူး။ သူတို့မှာ ပေါက်ကွဲနိုင်တဲ့ ရတနာတွေ မရှိဘူးလေ။ သားရဲကြီး၏ မျက်လုံးများက မှေးမှိန်သွားကာ အလင်းတန်းများဖြင့် ကျားသစ်ကို ပစ်ခတ်လိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်က မှော်လက်နက်ဟာ သူ့ကို တစ်ဖန် ကာကွယ်ခဲ့ပြန်၏။ စိတ်ကူးမယဉ်နိုင်သော လှိုင်းလုံးများက တဖျပ်ဖျပ် ခတ်သွားကာ ပစ်ခတ်မှု ပိတ်ဆို့သွားတာ သိသာထင်ရှားသော်လည်း ပြင်းထန်သော ထိုးနှက်ချက်ကိုလည်း ခံစားခဲ့ရပြီမလို့ ဒုတိယ ထိုးနှက်မှုကို မခံနိုင်တော့ပေ။

ကျားသစ်သည် လျင်မြန်စွာပင် ထွက်ပြေးသွားလေသည်။

ချူ့ကျောင်သားရဲမှာ တစ်စုံတစ်ယောက်က သူ့အမြင်အာရုံ​ အလင်းတန်းဖြင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု မမျှော်လင့်ထားသော်လည်း ကျားသစ် ခုခံသွားတာကို အလေးအနက်မထားဘဲ သူ့နောက်သို့ လိုက်သွားခြင်း မရှိပေ။

ကျန်တဲ့ လူနှစ်ဦးသည်လည်း ထိုအခွင့်အရေးကို ယူကာ ဆန့်ကျင်ဘက် အရပ်သို့ ထွက်ပြေးသွားခဲ့ကြသည်။

လုရွှမ်က သက်ပြင်းချပြီး ဆိုလေ၏။

"ငါ့ကိုယ်ငါ ဉာဏ်ကောင်းတယ်လို့ ထင်နေတာ လတ်စသတ်တော့ ငါက အရမ်းမိုက်မဲနေတာပဲ... သူတို့ လုံးဝ မလွတ်မြောက်နိုင်​တော့​ဘူး ကျားသစ်နောက်ကို လိုက်သွားမယ် ဆိုရင်တော့ သူတို့မှာ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိလိမ့်မယ်"

ထျန်းရှားကတော့ အဲဒီလို တွေးနေတာဟာ ယုတ္တိမတန်ဘူးလို့ ထင်မိပေမယ့် စဥ်းစားကြည့်တော့လည်း ဟုတ်နေပြန်သည်။

အခုအချိန်မှာတော့ ချူ့ကျောင်သားရဲဟာ ကျန်တဲ့နှစ်ယောက်ကို အရင်သတ်ချင်နေလောက်ပြီ။ ပြီးရင်တော့ ကျားသစ်ကို သတ်ပစ်မယ် ဆိုတာလည်း သိသာပါ၏။ ကျားသစ်သည် လွတ်မြောက်ရန် ယခုအချိန်ကို အခွင့်ကောင်းယူနေသည်ဟု ဆိုနိုင်သော်လည်း ၎င်းသည် အားသာချက်တစ်ခုလည်း ဖြစ်သည်။

ကျားသစ်နောက်သို့ လိုက်ပါက ချူ့ကျောင်သားရဲကလည်း နောက်သို့ လိုက်နေဦးမည် ဖြစ်သော်လည်း ကျားသစ်သည် သူ့ကိုယ်သူကာကွယ်ရန် လိုအပ်တာကြောင့် မှော်လက်နက်များကို အဆက်မပြတ် ပစ်ခတ်ကာ သားရဲကို ဒေါသထွက်လိမ့်စေမည်။ အဲဒီအခါ ကျန်တဲ့ နှစ်ယောက်အတွက်လည်း အသက်ရှင်ရန် အချိန်အနည်းငယ် ရနိုင်သေးသည်။

သေချာတာကတော့ သူတို့နှစ်ယောက်ဟာ အချိန်အတော် အကြာကြီး မပြေးနိုင်လိုက်ဘဲ လက်တံကြီး နှစ်ချောင်းက ပြေးလာပြီး ထို​နှစ်ယောက်၏ ကျောကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ သူတို့နှစ်ဦးသည် တစ်ချိန်တည်းတွင် ပါးစပ်မှ သွေးများ ထွက်ကျကာ ဆက်လက် ထွက်ပြေးသွားခဲ့သည်။

ချူ့ကျောင်သားရဲက သူ့လက်တံတွေကို ပြန်ရုတ်ချိန် အနီရောင်သွေးတွေ ပါလာ၏။ ထိုအရာက လူနှစ်ဦး၏ အသားဖြစ်ကြောင်း သိသာထင်ရှားကာ သားရဲကတော့ သူ့ပါးစပ်ထဲထည့်ကာ ကိုက်ဝါးလိုက်လေသည်။

ချူ့ကျောင်သားရဲသည် ကျားသစ်နောက်သို့ ဆက်လက် လိုက်သွားရာ လုရွှမ်နဲ့ ထျန်းရှားလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။

ကံကောင်းထောက်မစွာနဲ့ ဤအခင်းအကျင်း ဖွဲ့စည်းမှုသည် သူတို့ပုန်းခိုနေဖို့ လုံလုံလောက်လောက် ထိရောက်မှု ရှိခဲ့သည်။ မဟုတ်ပါက သူတို့ကိုပါ ရှာတွေ့သွားကာ နှစ်ယောက်စလုံး ဇာတ်လမ်း ပြတ်သွားနိုင်သည်။

"သားရဲရဲ့ အသိုက်ဆီ သွားကြရအောင်"

လုရွှမ်၏ မျက်လုံးများသည် အလင်းရောင် တချို့ဖြင့် တောက်ပလျက် ရှိနေသည်။ ထျန်းရှားသည် လုရွှမ်၏ အတွေးအမြင်များကို နားလည်တာကြောင့် လုရွှမ်ရဲ့ လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီး နှစ်ဦးသား ယခင်လူများ ရောက်ရှိခဲ့သော ပင်လယ်အောက်က လိုဏ်ဂူဆီသို့ ပြေးထွက် သွားကြသည်။

အန္တရာယ်များသော်လည်း စွန့်စားရကျိုးနပ်သည်။ သေချာတာကတော့ ဒါက သူတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။

သူတို့နှစ်ဦးသည် အလွန်လျင်မြန်လှသည်။ လိုဏ်ဂူသို့ နီးကပ်လာသည်နှင့်အမျှ လုရွှမ်သည် သူ့နှလုံးခုန်သံများ ပိုမိုပြင်းထန်လာသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတဲ့ စွမ်းအင်တွေ မရှိတော့တာကြောင့် နည်းနည်းတော့ စိတ်ပျက်သွားမိ၏။

သူတို့ နှစ်ယောက်လုံး ဂူထဲ ဆင်းသွားကြသည်။ ပင်လယ်ကြမ်းပြင်က မြေကြီးများသည် မည်းမှောင်နေရာ ပင်လယ်ရေသည်လည်း ထူးထူးခြားခြား အေးခဲနေတာကြောင့် ဖော်မပြနိုင်လောက်အောင် ကြောက်စရာ ကောင်း​​နေသည်။

ထျန်းရှား လုံးဝ မတွန့်ဆုတ်ဘဲ သူတို့နှစ်ယောက် အနက်ရှိုင်းဆုံး နေရာသို့ ဆင်းသက်လာခဲ့ကြရာ သူတို့ရှေ့က တစ်စုံတစ်ရာကို တွေ့လိုက်ရသောအခါ နှစ်ယောက်သား အော်ဟစ်မိလုနီးပါး ဖြစ်သွားခဲ့ကြသည်။ သူတို့ရှေ့တွင် ရှိနေသည့် အရာကတော့ ချူ့ကျောင်သားရဲ တစ်ကောင်ပါပဲ။

တခြား သားရဲတော့မဟုတ်။ အရင်က လုရွှမ်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတဲ့ သားရဲပါပဲ။ အပြင်က အကောင်ကြီး ကျားသစ်နောက်ကို အေးအေးဆေးဆေး လိုက်သွားရဲတာ အံ့သြစရာတော့ မဟုတ်ပေ။ ဒီမှာတစ်ကောင် ရှိနေခဲ့တာ မဟုတ်ပါလား။

All Chapters