ကုသမှု
Vol. 79 Ch. 4.698
သို့သော်လည်း ဤသားရဲသည် ယခုအချိန်တွင် အနားယူနေပါ၏။ သူ့ဒဏ်ရာမှာ အလွန်ပြင်းထန်ပြီး မသက်သာသေးကြောင်း ထင်ရှားလှသည်။ ထျန်းရှားမှာ အသက်ရှုကြပ်သွားပြီး ဂရုတစိုက် လမ်းလျှောက်လိုက်သည်။
လုရွှမ် သားရဲကို ပြန်ကြည့်လိုက်သော် သူ့စိတ်ထဲ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ယခုအခိုက်တွင် သားရဲသည် အလွန်အားနည်း၍ အနားယူနေကာ လုရွှမ်က ဤသားရဲ သေဆုံးတော့မည်ကို ထူးထူးခြားခြား ခံစားနေရသည်။
"ဘာကြည့်နေတာလဲ? မြန်မြန်သွားလေ!"
ထျန်းရှားမှာ အိပ်နေတဲ့အကောင်ကြီး နိုးလာမှာကို ကြောက်တာကြောင့် ဆော်ဪလိုက်သည်။ လုရွှမ်မှာတော့ အလွန်ပြင်းထန်သည့် ဝမ်းနည်းစရာကောင်းသော ခံစားချက်ကို ခံစားနေရပြီး နောက်ဆုံးတွင် ၎င်းက ဤချူ့ကျောင် သားရဲထံမှ လာကြောင်း သေချာသွားခဲ့သည်။
ထျန်းရှား အာကနဲ ရုတ်တရက် တိုးညှင်းစွာ အော်လိုက်သည်။
လုရွှမ် နှလုံးခုန်သံများ တုန်လှုပ်သွားစဥ် တစ်ဖက်က သားရဲဟာ ခေါင်းကို မြှောက်၍ မျက်လုံးများကို ဖွင့်လိုက်သည်။ ဒါပေမဲ့ ၎င်းက အော်ဟစ်နေမယ့်အစား လုရွှမ်ကို တိတ်တဆိတ် ကြည့်နေခဲ့၏။ ထို့နောက် သူ့မျက်လုံးကြီးမှ မျက်ရည်ကြီးများက စီးကျလာလေသည်။
"သူ သူငိုနေတာလား?" ထျန်းရှား အံ့သြသွားသည်။
လုရွှမ် ဖြည်းညှင်းစွာ ချဥ်းကပ်သွားပြီး သားရဲကိုယ်ကို လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ တစ်ဆက်တည်း သူ့နှလုံးသားထဲတွင် အလားတူ တစ်စုံတစ်ဦး သေဆုံးသွားသည့် ဝမ်းနည်းမှုမျိုးကို ခံစားလိုက်ရသည်။
"သူမပဲ သူမက မိန်းကလေးတစ်ယောက်"
လုရွှမ် ဆို၏။
သူသည် သားရဲကို သူ့လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်တော့ သားရဲက ဟုတ်မှန်ကြောင်း အသံပေးလာလေသည်။ ထျန်းရှား အံ့အားသင့်သွားသည်။ ဤသားရဲက သူတို့နှစ်ဦးကို သတ်ချင်နေခဲ့တာ မဟုတ်ပါလား။ ဘာကြောင့် အခုလို ဖြစ်သွားရတာလဲ။
"သူ့ခန္ဓာကိုယ်ထဲက အဲဒီရောင်ဝါကို ငါရသွားခဲ့တာ... အဲဒါကြောင့် သူမသေရတော့မယ်"
လုရွှမ်က ရှင်းပြသည်။
"ဒါဆို အဲဒီရောင်ဝါကို မင်းဆီ ဘယ်လို ပြန်ပို့ပေးရမလဲ?"
လုရွှမ် မေးကြည့်လိုက်သည်။
ထျန်းရှားမှာ သူ့ဘဝရဲ့ ရှုမြင်ပုံတစ်ခုလုံး ပြောင်းပြန် ဖြစ်သွားတာကိုပဲ ခံစားလိုက်ရသည်။ လုရွှမ်ဟာ တကယ်ကြီး ချူ့ကျောင်သားရဲနဲ့ နူးညံ့စွာ ပြောဆိုဆက်ဆံနေတာ မဟုတ်ပါလား။
ချူ့ကျောင် သားရဲ၏ မျက်လုံးများ တောက်ပလာသော်လည်း သူမက တိတ်တဆိတ် ခေါင်းခါလိုက်သည်။
"သူမ ဘာပြောလဲ?"
ထျန်းရှားသည် ယခုသားရဲသည် ယခင်ကလောက် မပြင်းထန်တော့ကြောင်း သတိပြုမိသော်လည်း လုရွှမ်မှာ သူ ငယ်ငယ်ကတည်းက မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်ကဲ့သို့ နူးညံ့သိမ်မွေ့သော အထိအတွေ့ကို ပြုလုပ်နေခဲ့သည်။
သူမနှလုံးသားထဲတွင်လည်း ကြောက်ရွံ့မှု မရှိတော့ကာ သူမ၏နူးညံ့သော လက်ဖဝါးများဖြင့် သားရဲကို ညင်သာစွာ ထိတွေ့လိုက်သည်။ ချပ်ဝတ်တန်ဆာ မပါတဲ့ ၎င်းရဲ့အရေပြားကို ထိလိုက်သလိုမျိုး ပျော့ပျောင်းမှုများကို ခံစားလိုက်ရသည်။
ဝမ်းနည်းမှုတစ်ခုက သူမနှလုံးသားထဲသို့ တိုးဝင်လာပြီး မကူညီနိုင်ဘဲ သားရဲသေတော့မည်ကို သူမပါ သိလိုက်သည်။
သို့သော် သူမဟာ စိတ်ထဲမှ ဝမ်းနည်းကြေကွဲမှုတွေကို မျိုသိပ်ထားဆဲ ဖြစ်ပြီး လုရွှမ်အား တိတ်တဆိတ် အသံပို့လိုက်သည်။
"ကမ္ဘာ့ရတနာကို တတ်နိုင်သမျှ အမြန်ဆုံးရှာပြီး ထွက်သွားရအောင်... အစောတုန်းက သားရဲ ပြန်လာတာနဲ့ ကျွန်မတို့ ကျိန်းသေပေါက် သေရလိမ့်မယ်"
လုရွှမ်လည်း ဒါကိုသိပေမယ့် သူ့ရင်ထဲက ဝမ်းနည်းမှုတွေက ပေါက်ကွဲနေတုန်းပဲ။
"ထားလိုက်ပါတော့ ငါသူမရဲ့အသက်ကို ပြန်ပေးလိုက်မယ်.... ငါကမ္ဘာ့ရတနာကို ရှာစရာမလိုဘူး... ငါ့ရဲ့ခွန်အားကို ပြန်ယူဖို့ပဲလိုတယ်"
"ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတာ နင်သိလို့လား"
"ဟိုအကောင်ကြီး ပြန်လာတာကို စောင့်ရုံပဲပေါ့"
ထျန်းရှားရဲ့ မျက်လုံးကြီးတွေက ပြူးကျယ်သွားတော့သည်။ ဟိုသားရဲကြီး ပြန်လာတာကို စောင့်ပြီး ဘာလုပ်မလို့လဲ။ သေမင်းနဲ့ လက်ဆွဲနှုတ်ဆက်မလို့လား။
"စိတ်မပူပါနဲ့ ငါ့ကို ယုံပါ... ငါ့စိတ်က ဒီလောက် ရှင်းရှင်းလင်းလင်း မရှိခဲ့ဖူးဘူး ငါ့ကို ယုံလိုက်ပါ"
"ဒါ့အပြင် သူမက ဘယ်သူ့ကိုမှ နာကျင်အောင်လုပ်ဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး... အရင်က သူမ လူဆိုးလိုလုပ်ပြီး ငါတို့နဲ့ ဆော့ကစားချင်ခဲ့တာ... မဟုတ်ရင် ထန်တုံးနဲ့ ဟဲ့ယန်တို့က ဟိုးအရင်ကတည်းက သေသွားလောက်ပြီ"
လုရွှမ်သည် ထျန်းရှား၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။ ထျန်းရှားမှာ မယုံနိုင်စရာများကိုသာ တွေ့ရှိခဲ့သော်လည်း လုရွှမ်၏ တောက်ပသော မျက်လုံးများကို ကြည့်ကာ အကြောင်းပြချက် မရှိဘဲ သူမအလိုလို ယုံကြည်ရန်သာ ရွေးချယ်ခဲ့ပြန်သည်။
"ကောင်းပြီ ကျွန်မတို့တကယ် သေရမယ် ဆိုရင်တောင် အတူတူသေရအောင်"
အချိန်တွေ မြန်မြန်ကုန်သွားတော့ လုရွှမ်သည် သားရဲ၏ သူ့ပါးကိုဖိပြီး တိုးတိုးလေး ပြောလိုက်သည်။ သားရဲသည် စကားမပြောနိုင်သော်လည်း လုရွှမ်၏ ဆိုလိုရင်းကို နားလည်ပြီး ၎င်း၏ မျက်လုံးကြီးများထဲတွင် အပြုံးအရိပ်အယောင်များ ရှိနေသည်။
ဝူးဝူး
ပြင်းထန်သော လေပြင်းကြီး ဟိန်းဟောက်လိုက်သကဲ့သို့ ကြီးမားသော သားရဲကြီးသည် အပြင်ဘက်အပေါက်မှ ပြေးဝင်လာသည်။
လုရွှမ်နှင့် ထျန်းရှားတို့ကို မြင်သော် ၎င်းက ခဏလောက် ထိတ်လန့်သွားပြီး သူတို့ကိုသတ်ရန် အချွန်အတက် လက်တံ နှစ်ချောင်းက ပြေးထွက်လာတော့သည်။
ဝူး!
ချူ့ကျောင်သားရဲလေးဆီက စကားသံများ ထွက်ပေါ်လာသည်။ ထိုအခါ သားရဲကြီး၏ လှုပ်ရှားမှုများက အေးခဲသွားပြီး လူသားအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
"ကောင်လေး မင်းက ငါ့သမီးကို နှိပ်စက်လိုက်တဲ့ တစ်ယောက်လား"
လူလတ်ပိုင်း အမျိုးသားက သူ့မျက်နှာပေါ်က တပ်မာသော အကြည့်ဖြင့် အော်လိုက်သည်။ အစောတုန်းက အင်မတန် ကြောက်စရာ ကောင်းနေရသည့် အကြောင်းရင်းမှာ ၎င်းသည် မျှော်စင်နယ်ပယ်တွင် ရှိသောကြောင့် ဖြစ်သည်။
လုရွှမ် ပြုံး၍ တောင်းပန်၏။
"တောင်းပန်ပါတယ် အကြီးအကဲ... လင်အိုက်က အပျော်လုပ်နေခဲ့မှန်း ကျွန်တော် မသိလိုက်ဘူး။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် လင်အိုက်ရဲ့ အသက်ရှုထုတ်နေတဲ့ ဒီလှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး... အခု သူမရဲ့ အခြေအနေကို ကျွန်တော် သိသွားပြီမလို့ ဒီရောင်ဝါကို သူဆီကို ပြန်ပေးချင်ပါတယ်"
သားရဲကြီးသည် ရွှင်မြူးသောမျက်နှာဖြင့် ဟစ်အော်ကာ စိတ်လှုပ်ရှားစွာ ပြေးလာသည်။
“သူမ အသက်ပြန်သွင်းဖို့ တကယ်ဆန္ဒရှိရဲ့လား”
လုရွှမ် ခေါင်းညိတ်လိုက်သည်။ သို့သော် သားရဲကြီး၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားကာ လုရွှမ်လည်ပင်းကို ညှစ်လျက် ထပ်မေးလာ၏။
“ဒါဆို မင်းသေရမယ်ဆိုတာ သိပြီးရင်ရော မင်းဒီလိုလုပ်ဖို့ ဆန္ဒရှိသေးလား”
လုရွှမ် ရှိုက်ကြီးတငင် ပြုံးပြီး "ဒါဆို ကျွန်တော့်မှာ ရွေးချယ်စရာရှိလို့လား?"
မထင်မှတ်ပဲ သူက လုရွှမ်ကို လွှတ်လိုက်ပြီး
"ကောင်လေး မင်းက တော်တော် အလားအလာရှိတယ်.... တခြားသူဆိုရင် ငါ လုံးလုံး မျိုချပစ်လိုက်မှာ!"
"ကျွန်တော် မြင်ရပါတယ်... ဒီအငယ်တန်းက အကြီးအကဲဆီကနေ သင်ယူခဲ့ပါပြီ"
"ဟမ့်... ကောင်းပြီ အခုပဲ လုပ်ကြရအောင်"
ထို့နောက် လုရွှမ်နှင့် သားရဲကြီးသည် သားရဲလေးရှေ့ကို ရောက်လာခဲ့သည်။
"မင်းလက်ကို ဆန့်လိုက်!"
လုရွှမ်လည်း ပြောတဲ့အတိုင်း သူ့လက်ဖဝါးကို ဆန့်တန်းလိုက်သည်။ သားရဲသည် သူ့လက်တံကို ဓားတစ်ချောင်းလို ဝှေ့ယမ်းပစ်လိုက်၏။
"ရှင်!"
ထျန်းရှား အော်လိုက်ပြီး လုရွှမ်ရှေ့မှာ ရပ်လိုက်သည်။
သားရဲက “သူက ငါ့သမီးကို သေလုမတတ် ရိုက်ထားတာ ငါခုတ်လိုက်တာ ဘာဖြစ်လဲ?”
လုရွှမ်သည် ထျန်းရှားကို နှစ်သိမ့်၍ နောက်ဆုတ်ခိုင်းလိုက်သည်။ သူ့လက်ဖဝါးမှာတော့ သွေးများ စီးကျလာနေသည်။ ထူးဆန်းတာက ရေထဲမှာ မျောပါနေပြီး အတူတကွ စုရုံးသွားတာကြောင့် ထူးဆန်းနေတာတော့ အမှန်ပင်။
"ကောင်းပြီ.. စိမ်းပြာနဂါးရဲ့ အသွေးအသားပဲ မင်း အရမ်းအစွမ်းထက်နေတာ အံ့သြစရာတော့ မဟုတ်ပါဘူး"
သားရဲက အော်ဟစ်လိုက်ပြီး လုရွှမ်ကို ခပ်မြင့်မြင့် မော့ကြည့်လိုက်သည်။ သွေး ၁၂စက်နီးပါး စုဆောင်းပြီးနောက် သားရဲကြီးသည် ရေထဲက သွေးများကို ထုတ်ယူကာ နားမလည်နိုင်သော ရောင်ဝါများဖြင့် ရစ်ပတ်လိုက်သည်။
ထို့နောက် သူတို့သည် အုပ်စုငယ်တစ်ခုအဖြစ် စုစည်းကာ လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။ ပတ်ဝန်းကျင်မှ ပြင်းထန်သော ဩဘာများ ထွက်လာပြီး လုရွှမ်တို့တစ်ဝိုက်မှာ တဖြည်းဖြည်း စုရုံးလာကြသည်။
သားရဲလေးသည် ပါးစပ်ကိုဖွင့်ကာ အသက်ရှုလိုက်ရာ ပတ်ဝန်းကျင်က စွမ်းအင် ရောင်ဝါများသည် သားရဲလေး၏ ပါးစပ်ထဲသို့ ဝဲပျံသွားသည်။
ခဏကြာတော့ သားရဲလေးရဲ့ ရောင်ဝါတွေ ပြောင်းလဲလာ၏။ သူမခန္ဓာကိုယ်က တဖြည်းဖြည်း တောင့်တင်းလာသည်။ သူမ၏ အရေပြားများသည် ဖြူဖွေးနူးညံ့လာသော်လည်း ယခုအခါ သံချပ်ကာ အလွှာတစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။
သူမရဲ့ အသက်ရှုသံများ တဖြည်းဖြည်း သက်သာလာပြီး မျက်လုံးများလည်း တောက်ပလာပြန်သည်။
ဝူး ဝူး!
သူမက နှစ်ကြိမ်တိုင်တိုင် အော်ဟစ်ခဲ့ပြီး လက်ရှိအခြေအနေအတွက် အလွန်ပျော်ရွှင်နေကြောင်း သိသာလှသည်။
ထျန်းရှား လုရွှမ်ကို ခေါင်းအစ ခြေအဆုံး စစ်ဆေးခဲ့သော်လည်း လုရွှမ်ရဲ့ အသွင်အပြင်တွင် ပြောင်းလဲသွားတာမျိုး မရှိတာကို တွေ့လိုက်ရသည်။