ဇာတ်လမ်းတစ်ခုလုံး
Vol. 79 Ch. 4.699
"လုရွှမ်... ရှင်ရဲ့ ကျင့်ကြံမှုက ဘယ်လိုလုပ် ပြန်မကောင်းလာတာလဲ"
ထျန်းရှား အော်လိုက်သည်။ သူမအသံက ဒေါသအပြည့်နဲ့ သားရဲကြီးအားလည်း ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သားရဲကြီးသည် မရယ်ဘဲ မနေနိုင်တော့ပေ။ သူ့သမီးလေးရဲ့ ကျန်းမာရေးက ပြန်လည် ကောင်းမွန်လာပြီ ဖြစ်တာကြောင့် စိတ်ကောင်းဝင်နေ၏။
"ကောင်လေး ဒီကောင်မလေးက မင်းကို အရမ်းဂရုစိုက်သားပဲ... ကောင်းကောင်း တန်ဖိုးထား!"
ထျန်းရှား၏ ပါးပြင်များသည် အနည်းငယ် နီနေသော်လည်း သူမသည် သားရဲကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေဆဲ ဖြစ်ပြီး။
"သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လိုလုပ် ပြန်ကောင်းမလာတာလဲ?"
သားရဲက "ငါ့သမီးကို ကုသပြီး အဲဒီရောင်ဝါကို ပြန်ပေးရင် သူ့ကျင့်ကြံမှု ပြန်ကောင်းလာမယ်လို့ ငါပြောခဲ့လို့လား?"
"ဒါဆို ရှင်က လှည့်စားဖို့ ကြိုးစားနေတာလား?"
ထျန်းရှားက ဆိုပြီး သူမဓားကို ဆွဲထုတ်လိုက်သည်။ လုရွှမ် ထျန်းရှားကို လျင်မြန်စွာ ရပ်ခိုင်းလိုက်ပြီး ပြုံးကာပြောလိုက်သည်။
"အကြီးအကဲက ဒီရလဒ်ကို သိနေတာကြာပြီ ဟုတ်တယ်မလား? အကြီးအကဲဆီက ဘာတွေ သင်ယူထားရဦးမလဲ မသိဘူး"
သားရဲကလည်း ပြုံးပြီးပြောလေ၏။
"အဲဒီအငွေ့အသက်က ဘာကို ကိုယ်စားပြုတယ် ဆိုတာ မင်းသိသင့်တယ် ထင်တယ် ဟုတ်တယ်မလား?"
လုရွှမ်နှင့် ထျန်းရှားတို့ တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် အဲဒါက ဝမ့်ရှန်းကမ္ဘာရဲ့ တစ်ခုတည်းသော ကမ္ဘာ့ရတနာပဲ... ဒါပေမဲ့ ဒီကမ္ဘာကြီးကို တည်ထောင်ချိန်တုန်းကတည်းက ရတနာက ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီးပြီ... အခုတော့ စုစုပေါင်း ရတနာသုံးခု ဖြစ်သွားခဲ့ပြီ... အဲဒီထဲက တစ်ခုက ကောင်းကင်စာအုပ် ရှစ်အုပ်၊ ဒုတိယတစ်ခုက တုတ်ရှည်... တတိယက နတ်တောင်ပဲ”
သားရဲပြောတာကို နားထောင်ရင်း လုရွှမ်နဲ့ ထျန်းရှားမှာ အနည်းငယ် တုန်ယင်သွားသလို ခံစားလိုက်ရသည်။
ကောင်းကင်စာအုပ်၏ အစိတ်အပိုင်း ရှစ်ခု အမည်သည် အလွန်ကျယ်လောင်လွန်းသဖြင့် ၎င်းသည် ကမ္ဘာမြေ၏ စရိုက်လက္ခဏာ နယ်ပယ်ဖြစ်တဲ့ မြေကမ္ဘာက သို့မဟုတ် ကောင်းကင်ကမ္ဘာက ဆင်းသက်လာတယ်လို့ တစ်ချိန်က ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။
သို့သော် မထင်မှတ်ပဲ ဝမ့်ရှန်းကမ္ဘာမှာက တစ်ခု ရှိ နေ၏။
"ကောင်းကင်ကမ္ဘာတွေမှာ ရှိတယ်လို့လည်း ဆိုလို့ရသလို မရှိဘူးလို့လည်း ပြောလို့ မရဘူး... ဒါပေမဲ့ ဘယ်သူမှ ရှာမတွေ့နိုင်ဘူး ကောင်းကင်ကမ္ဘာက ရှုပ်ထွေးနေတဲ့ စကြာဝဠာ တစ်ခုလုံးနဲ့ ရောနှောသွားပြီဆိုတဲ့ ကောလဟာလတွေတောင် ရှိတယ်"
"ဒါပေမဲ့ အမှန်လား မှားလားဆိုတာ ဘယ်သူမှ မသိဘူး"
လုရွှမ်ရဲ့စိတ်တွေ တုန်လှုပ်သွားပြီး သူမြင်ခဲ့ရတဲ့ ပရောဖက်ပြုချက် တစ်ခုကို ရုတ်တရက် သတိရသွားသည်။ လှေကား ၅၀၀ကို တက်ခဲ့စဥ်က သူ့ရဲ့ မိုးနတ်ဘုရားမ ဘယ်မှာရှိလဲလို့ မေးခဲ့ရာ ပြထားသည်မှာ ယွီရှန်သည် ကောင်းကင်ကမ္ဘာမှာ အမှန်တကယ် ရှိနေခဲ့သည်။
သို့သော် တိမ်ပင်လယ်နယ်မြေမှ ထွက်လာပြီးနောက် လုရွှမ်သည် ကောင်းကင်ကမ္ဘာတွေနဲ့ ပတ်သက်သည့် သတင်းများကို လျှို့ဝှက် မေးမြန်းခဲ့သော်လည်း သဲလွန်စကို လုံးဝ ရှာမတွေ့ခဲ့ပေ။
ကောင်းကင်ကမ္ဘာ အကြောင်း မပြောနဲ့ မြေကမ္ဘာအကြောင်းကိုတောင် ရှာလို့ မရသေးချေ။ ကောလဟာလများတွင်သာ ကောင်းကင်ကမ္ဘာနှင့် မြေကမ္ဘာတွေက တည် ရှိသော်လည်း ၎င်းတို့သည် ဘယ်နေရာတွင် ရှိကြောင်း ဘယ်သူမှ မသိနိုင်ပါဘူး။
သို့သော် ပရောဖက်ပြုချက်က ယွီရှန်သည် ကောင်းကင်ကမ္ဘာတွင် ရှိကြောင်း ပြသထားသည်။ ဆိုလိုသည်မှာ ကောင်းကင်ကမ္ဘာ ရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသနေလေပြီ။ ဒါပေမဲ့ သူ အဲဒီကို ဘယ်လိုရောက်နိုင်မလဲ။
ဒီသားရဲကြီးက အဖြေပေးနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်၏။
ကောင်းကင်ကမ္ဘာသည် အလိုအလျောက် ရွေ့လျားနိုင်ပြီး တခြားကမ္ဘာတွေနဲ့တောင် ထပ်နေနိုင်သည်။ ဤသို့ဆိုလျှင် ယွီရှန်သည် ကောင်းကင်ကမ္ဘာထဲ မတော်တဆ ဝင်ရောက်သွားခဲ့တာ သိသာထင်ရှားလှသည်။
"ငါတို့က လက်တစ်သောင်းမျိုးနွယ်စု... ဝမ့်ရှန်းကမ္ဘာကြီး မွေးဖွားပြီးနောက် ပထမဆုံး ပဋိသန္ဓေယူနိုင်တဲ့ သားရဲတွေပဲ... အဲဒါကြောင့် ငါတို့ရဲ့ ခန္ဓာကိုယ်တွေမှာ ကမ္ဘာ့ရတနာတွေရဲ့ ရောင်ဝါတွေ ရှိနေတာ... အပြင်က ကပ်ဆိုးကိုလည်း ငါတို့ မြင်တွေ့ခဲ့ရပြီးပြီ.. "
အပြင်မှာ ဖြစ်ပျက်နေတာတွေကို ဒီလူကြီးက တကယ် သိနေလိမ့်မယ်လို့ မမျှော်လင့်ထားချေ။
"ကောင်လေး မင်း ကောင်းကင်စာအုပ်ရဲ့ အစိတ်အပိုင်း ရှစ်ခုရဲ့ အရိပ်အာဝါသကို ခံစားရတယ်မလား? ဒီလို ထိုးထွင်းသိမြင်မှုမျိုးက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေလို့ ရှောင်ရှောင်က မင်းနဲ့ ကစားချင်သွားတာ"
လုရွှမ် သားရဲလေးကို ကြည့်လိုက်သည်။
"ရှောင်ရှောင်က ကောင်းကင်စာအုပ် ရှစ်အုပ်ကို ပိုင်ဆိုင်ထားတဲ့ သူတွေက အရမ်းမြင့်မားတဲ့ ကျင့်ကြံမှု အဆင့်ကို ရောက်နေပြီဖြစ်လို့ သူမက တိုက်ခိုက်ရင်း အပျော်သဘော ကစားချင်တာ... ဒါပေမဲ့ မင်းတို့လူတွေက ကောင်းကင်ဘုံသခင် ကျင့်ကြံမှုအဆင့် ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ?"
ဟုတ်တယ်။ အဲဒါက အားလုံး နားလည်မှုလွဲသွားတာပါပဲ။ ဒါကြောင့် ရှောင်ရှောင် သေခါနီးမှာ သူ့ရင်ထဲမှာလည်း ဝမ်းနည်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်နိုင်ကြောင်း လုရွှမ် နားလည်လိုက်သည်။
"မင်းရဲ့လက်ရှိအဆင့်က အခုထိ ပြန်မရသေးဘူး... အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ် မင်းကို ငါတို့က အသိအမှတ် ပြုထားပြီးဖြစ်လို့ အမွေနယ်မြေကို သဘာဝအတိုင်း စူးစမ်းလေ့လာဖို့ လိုတယ်"
"အမွေနယ်မြေလား?"
"ဟုတ်တယ် အဲဒါက ငါတို့ မျိုးနွယ်စုကို အမြဲတမ်း စောင့်ကြပ်ထားခဲ့တဲ့ နေရာပဲ...အခု ငါစောင့်ရှောက်နေတာ နောင်မှာ ရှောင်ရှောင်က စောင့်ရှောက်ရမယ့်သူပဲ... ဒါပေမဲ့ ဝမ့်ရှန်းကမ္ဘာရဲ့ အခြေအနေက ဆက်ပြီး ဆိုးရွားနေဖို့ ဖြစ်လာနိုင်ဖွယ် ရှိနေတယ်... မဝေးတော့တဲ့အနာဂတ်မှာ ဒီစစ်ပွဲက ဝမ့်ရှန်းကမ္ဘာရဲ့ ပျက်စီးမှုကို အရှိန်မြှင့်ပေးလိမ့်မယ်"
လုရွှမ် စိတ်ရှုပ်သွား၏။
"ဝမ့်ရှန်းကမ္ဘာက ဘာလို့ ပျက်စီးနေတာလဲ?"
သားရဲကြီးက သက်ပြင်းချလိုက်ပြီး။
"သဘာဝတရားက အရမ်းချို့တဲ့လွန်းလို့ ကမ္ဘာကြီးရဲ့ ရတနာတောင်မှ အပြည့်အ၀ သန္ဓေမတည်နိုင်ခဲ့ဘူး... နောက်ပိုင်းမှာ တရားခံက ဒီလှောင်အိမ်ကြီးကို ဖြိုခွင်းပြီး ကောင်းကင်မြစ်ရဲ့ ရေကို ဆွဲဆောင်ပြီး ကမ္ဘာ့မျက်နှာပြင် တစ်ခုလုံးရဲ့ ဂုဏ်သတ္တိတွေကို ပြောင်းလဲပစ်လိုက်တယ်... ဒါတွေအားလုံးကို ကိန်းဂဏာန်းဗေဒအရ ဆုံးဖြတ်ထားတာ... ဒါပေမဲ့ ဝမ့်ရှန်းကမ္ဘာက ကျပန်းရွေးချယ် ခံထားရမယ်လို့ မထင်မိဘူး"
တောင်များနှင့် ကျောက်ဆောင်များပေါ်တွင် အခြေပြုထားသည့် ကမ္ဘာတစ်ခုသည် ကောင်းကင်မြစ်၏ ရေထဲသို့ အမှန်တကယ် ရောက်ရှိသွားပြီ ဖြစ်သည်။ ကောင်းကင်မြစ်ရဲ့ ရေက ဘယ်လောက်မှော်ဆန်မှန်း မသိပေမယ့် ရတနာတစ်ခုလို အစွမ်းထက်နေမှာတော့ သေချာသည်။
သို့သော် ဒြပ်စင်ငါးခုရဲ့ သဘောတရား အရဆိုရင်တော့ ၎င်းတို့က အချင်းချင်း အားဖြည့် ချုပ်နှောင်ထားကြသည်။
မြေကြီးက ရေကို မွေးဖွားသည်။ ဒီနေရာဟာ သခင်ကြီးတစ်ပါး ပင်လယ်ရေကို မိတ်ဆက်ပေးဖို့ ရွေးချယ်ခဲ့တဲ့ နေရာဖြစ်နိုင်သည်။ အလားတူပင် ရေများလွန်းပါက နေရာဒေသတစ်ခုသည့ ရေ၏ အဓိကအရင်းအမြစ် ဖြစ်လာမည် ဖြစ်သည်။ မြေဆီလွှာသည် အသက်ဝင်တော့မည် မဟုတ်သည့်အပြင် တောင်များနှင့် သစ်တောများသည်လည်း အခြေခံအုတ်မြစ်များကို သဘာဝအလျောက် ဆုံးရှုံးသွားနိုင်သည်။
ဝမ့်ရှန်းကမ္ဘာ (တောင်တစ်သောင်း)လို့ နာမည်တပ်ထားပေမယ့် ပျက်စီးဖို့က သိပ်မဝေးလှတော့ချေ။ ဒါဟာ ဟိုးရှေးရှေးတုန်းကတည်းက ပျက်စီးဖို့ အကြောင်းအရင်း ရှိထားခဲ့တာ ဖြစ်နိုင်သည်။
"ကောင်လေး မင်းနတ်တောင်ကို ရနိုင်ပြီး နတ်တောင်ကို မြေကြီးရဲ့ သွေးကြောထဲ ပြန်ဝင်စေနိုင်ရင် ဝမ့်ရှန်းကမ္ဘာကို တစ်ကြိမ်လောက်တော့ ကယ်တင်နိုင်လိမ့်မယ်"
သားရဲကြီးက ဆိုလေသည်။ သူ့အသံက လေးနက်တဲ့ စိတ်ခံစားမှုအပြည့်နဲ့ ဖြစ်သည်။
၎င်းတို့၏ မျိုးနွယ်စုသည် ဝမ့်ရှန်းကမ္ဘာကို အမြဲစောင့်ကြပ်ထားသော်လည်း ယခုအခါ ၎င်းတို့သည်လည်း ရှင်သန်နိုင့ရန်အတွက် ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ မျိုးနွယ်စုဝင်များသည်လည်း တဖြည်းဖြည်း လျော့နည်းလာကာ ယခုအခါတွင် အဖေနှင့်သမီးသာ ကျန်တော့သည်။
ဒါ ကြေကွဲစရာလို့ ပြောရမှာပဲ!
"ကောင်းပြီ ကျွန်တော် အာမခံနိုင်ပေမယ့် နတ်တောင်တန်းကို ကျွန်တော် ကြိုးစားကြည့်မယ်!"
ချူ့ကျောင် သားရဲက ပြုံးပြသော်လည်း ဘာမှ ထပ်မပြောတော့ပေ။
"သွားရအောင် မင်းကို လျှို့ဝှက်နယ်မြေထဲ ခေါ်သွားပေးမယ်"
သားရဲကြီးက အော်ပြီး သူ့ခန္ဓာကိုယ်ကို အနည်းငယ် ပင့်မြှောက်လိုက်ရာ လုရွှမ်ခန္ဓာကိုယ်လည်း ယိမ်းယိုင်သွားပြီး တွင်းငယ်တစ်ခုသို့ ရောက်ရှိသွားသည်။
သူတို့ဝင်လာချိန်မှာတုန်းက ဒီတွင်းငယ်လေးကို တွေ့လိုက်ရပါ၏။ အဲဒီတုန်းက မထင်မှတ်ဘဲ ဖောက်ထွင်းခံခဲ့ရတဲ့ နေရာတစ်ခုပဲလို့ သူထင်ခဲ့၏။ ဒီလောက် လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာစ်မြစ်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။
"ကလေးမ... ဒီမှာစောင့်နေခဲ့!"
သားရဲကြီးက ဆို၍ ပျော့ပျောင်းတဲ့ အင်အားတစ်ခု တွန်းထုတ်လိုက်ပြီး ထျန်းရှားကို ရပ်တန့်စေလိုက်သည်။ ထို့နောက် သူက လုရွှမ်ကို ဆွဲကိုင်လိုက်ပြီး တွင်းငယ်လေးထဲကို တိုက်ရိုက် ခုန်ဆင်းသွားပါတော့သည်။
"လုရွှမ်"
ထျန်းရှား အော်လိုက်မိသည်။ လုရွှမ်၏ လုံခြုံရေးအတွက် သူမ အလွန်စိုးရိမ်နေပါ၏။ အဲဒီဘက်မှာ သားရဲကြီးက လုရွှမ်ကို တစ်ခုခု လုပ်လိုက်မလား ဘယ်သူက သိပါ့မလဲ။ တမင်တကာ လှည့်စားခံလိုက်ရရင် ဒီကိုလာတာ အချည်းနှီးပဲလေ။
သူပြောသည့်အတိုင်း အမှန်ဆိုလျှင် အတွင်း၌ လျှို့ဝှက်နယ်မြေတစ်ခု ရှိရမည်။ လုရွှမ်ဟာ အခုချိန်မှာတော့ ဘာအင်အားမှ မရှိတော့ဘူး။ သူ ဘယ်လိုလုပ် ကမ္ဘာ့ရတနာရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ပါ့မလဲ။
တွင်းထဲက စွမ်းအားတွေ ပျောက်ကွယ်လုနီးနီး ဖြစ်နေချိန်မှာ ထျန်းရှား တွေးမနေဘဲ ခုန်ဆင်းသွားတော့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူမသည် ရွှံ့ဗွက်အိုင်ထဲသို့သာ တိုက်ရိုက် ခုန်ဆင်းမိသွားခဲ့ပြီး ဗွက်အိုင်ငယ်လေးက သူမခါးအထိ နစ်မြုပ်သွားခဲ့သည်။
"အို ယို!"
သားရဲလေးက အော်ဟစ်ပြီး သူမပါ ထျန်းရှားအပေါ်ကို လှိမ့်ချလိုက်လေ၏။