← Chapters

လျှို့ဝှက်နယ်မြေ

Vol. 79 Ch. 4.700

လျှို့ဝှက်နယ်မြေ

Vol. 79 Ch. 4.700

ထျန်းရှား တုန်လှုပ်သွားသော်လည်း ချူ့ကျောင် သားရဲလေး၏ ဖြူစင်သော မျက်လုံးများကို မြင်လိုက်ရပြီးနောက် သူမတွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သိလိုက်သည်။

သားရဲလေးက စကားမပြောနိုင် သေးပေမယ့် ဒီအင်အားက အရမ်းအားကောင်းနေပြီလို့ ပြောရမယ်။

ရှောင်ရှောင်သည် ထျန်းရှား၏ နဖူးပေါ်၌ သူ၏ လက်တံများကို တင်လိုက်ရာ ရုတ်တရက် ထျန်းရှား အတွေးထဲ အသံတစ်ခုဝင်လာသည်။

"ဖေဖေက သူ့ကို နာကျင်စေမှာ မဟုတ်ဘူး... တကယ်တော့ သူက ငါ့ဆီ ရတနာရောင်ဝါကိုတောင် မလိုချင်ဘဲ ငါ့ကို ကယ်ချင်နေခဲ့တာ။ ဖေဖေ အရမ်းစိတ်ဆိုးနေပေမယ့် လျှို့ဝှက်နယ်မြေထဲကို ခေါ်သွားတုန်းပဲ... ပြီးတော့ လောင်းကြေးတွေက အများကြီး ကြီးမားတယ် ငါတို့အသက်ထက် ပိုအရေးကြီးတယ်"

ထျန်းရှား မယုံနိုင်ပေမယ့် သူမရဲ့ မျက်လုံးသေးသေးလေးကို ကြည့်လိုက်တော့ သူမပြောနေတာ မုသားစကား မဟုတ်ကြောင်း တကယ်ခံစားခဲ့သည်။ သေခြင်းတရားသို့ ရောက်ခဲ့ဖူးသောကြောင့် ရှောင်ရှောင်သည် အရာရာကို နှိမ့်ချစွာ ပြောဆိုတတ်လာသည်။

"မင်းဘာလို့ သေရတာကို ဒီလောက်တောင် ဂရုမစိုက်ရတာလဲ"

ထျန်းရှားလည်း သူ့ကိုယ်သူ မေးသလိုဖြင့် မေးလိုက်သည်။ သူမသည်လည်း သူမရဲ့ ကျင့်ကြံမှုကို တိုးတက်စေချင်ပြီး ထာဝရ အသက်ရှင်နိုင်ဖို့ ဆန္ဒရှိခဲ့သည်။

ရှောင်ရှောင်က "ငါတို့က ဝမ့်ရှန်းကမ္ဘာကို ကာကွယ်ဖို့ မွေးဖွားလာတဲ့ ကြားခံ အုပ်ထိန်းသူသားရဲတွေပဲ... ကမ္ဘာရဲ့ အသွင်အပြင်က အရမ်းကြွယ်ဝရင် ငါတို့မျိုးနွယ်လည်း ကြီးပွားချမ်းသာလာလိမ့်မယ်။ အခုကမ္ဘာ့ မျက်နှာပြင်က ပျက်စီးလုနီးပါး ဖြစ်လာတော့ ငါတို့မျိုးနွယ်က လူဦးရေလည်း ကျဆင်းလာပြီ"

"အခုတော့ မျိုးနွယ်စုတစ်ခုလုံးမှာ ငါနဲ့ အဖေ နှစ်ယောက်ပဲ ရှိ​တော့တယ်"

ထျန်းရှား သက်ပြင်းအသာ ချလိုက်မိသည်။ သူတို့ရဲ့မျိုးနွယ်စုဟာ ဒီလောက်ထိ သနားစရာကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။

"စိတ်မပူပါနဲ့ ဖေဖေတို့ အဲဒါကို တွေးနေတာကြာပြီ... မှီခိုနေတဲ့ ဇစ်မြစ်နဲ့ ပျက်ဆီးမှုတွေ၊ အသက်ရှင်တာနဲ့ သေဆုံးမှုတွေ၊ အရာအားလုံးက မူလအစကို ပြန်ရောက်သွားသလိုပါပဲ... ဝမ်းနည်းစရာ မလိုဘူး ဆုံးရှုံးစရာလည်း မရှိပါဘူး"

ထျန်းရှား ခါးသက်သက် ပြုံး​ပြလိုက်ပြီး ရှောင်ရှောင် ဘယ်လိုလုပ် သူမစိတ်ထဲ ရောက်နေပါလိမ့်လို့ တွေးလိုက်မိသည်။

နှစ်ယောက်သား စကားစမြည် ပြောကြရင်း ထျန်းရှားသည် ရှောင်ရှောင်ဆီက အံ့သြဖွယ်ကောင်းသော ဇာတ်လမ်းများကို နားထောင်နေလိုက်သည်။ စွဲမက်ဖွယ်ကောင်းသည့် စကားကို နားထောင်ခဲ့သော်လည်း ထျန်းရှားမှာ ပို၍ပို၍ ဝမ်းနည်းလာရသည်။

ပြင်ပမှလူများသည် ရပိုင်ခွင့်နှင့် အကျိုးစီးပွားအတွက် ပြိုင်ဆိုင်နေကြစဥ် သူတို့ကတော့ ဝမ့်ရှန်းကမ္ဘာရဲ့ လုံခြုံရေးကို အမှန်တကယ် တွေးတောခဲ့သူတွေပါပဲ။

ယခု ဝမ့်ရှန်းကမ္ဘာက ပျက်သုဉ်းတော့မှာပဲ ဖြစ်သည်။

လုရွှမ်သည် သူ့ရဲ့ ယွမ်စွမ်းအင်တွေ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကြောင်း ခံစားခဲ့ရပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်အား ပြင်းထန်စွာ ဆွဲထုတ်သွားတာကို ခံစားလိုက်ရ၏။ တစ်ဆက်တည်း ဒါက ခရီးဝေးကို ထွက်သွားခြင်း ဖြစ်နိုင်ကြောင်း သူနားလည်သွားခဲ့သည်။

သားရဲကြီး ဘာကိုတွေးနေမှန်း မသိသော်လည်း သားရဲကြီးဆီကနေ ဝမ်းနည်းမှု အရိပ်အမွတ်များကို ဖျတ်ခနဲ ခံစားလိုက်ရသည်။

"အကြီးအကဲ ကျွန်တော် ဒီလိုနတ်တောင်ကို ရနိုင်မယ် မထင်ဘူးလား"

"ဒါဆို မင်းရနိုင်ရင် ဘယ်လိုလုပ်မှာလဲ? မင်းမရရင်ရော ဘယ်လိုလုပ်မလဲ? ငါ ပေါ့ပေါ့တန်တန် မှတ်ယူထားပြီးသား အရာအားလုံးက မင်းရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်"

ပြောပြီးတာနဲ့ သားရဲ​ကြီးရဲ့ ခန္ဓာကိုယ်ဟာ ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားလေသည်။ လုရွှမ်လည်း သူ့ခန္ဓာကိုယ်ပေါ်က အလေးချိန်ကို ရုတ်ချည်း ခံစားလိုက်ရရပြီး အောက်ကို ပြင်းထန်စွာ ပြုတ်ကျသွားသည်။

အောက်ဖက်မှ အလင်းရောင်သည် အလွန်တောက်ပနေသဖြင့် လုရွှမ်သည် ခဏတာမျှ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်တွေ တုန်လှုပ်သွားကာ အခုက ပြုတ်ကျနေပြီမလို့ ​​ဒီအတိုင်းသာ ပြုတ်ကျသွားရင် တကယ်ပဲ ပြုတ်ကျပြီး သေသွားနိုင်ပေသည်။

ယွမ်စွမ်းအင်တွေ ပြန်လည် ကောင်းမွန်လာသော်လည်း ပြုတ်ကျနေတဲ့ အရှိန်နဲ့ နှိုင်းယှဉ်ကြည့်လျှင် အမှန်တကယ် နောက်ကျကျန်နေပါသေးသည်။

လုရွှမ် အလိုလို သူ့လက်ဖဝါးကို ဆန့်ထုတ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ မမျှော်လင့်ဘဲ သူသည် အကိုင်းအခက်ကဲ့သို့ အရာတစ်ခုကို ဆွဲယူနိုင်သွား၏။ သို့နှင့် သူ့ခန္ဓာကိုယ်က ချက်ချင်း ငြိမ်ကျသွားပြီး ပတ်ဝန်းကျင်ကလည်း ရုတ်တရက် ကြည်လင်လာသည်။

လုရွှမ် သူ့လက်ဖဝါးကို တွန်းထုတ်လိုက်သည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်အားလုံးကို ထူးဆန်းသည့် ဤအခိုက်အတန့်တွင် လုံးဝ ပြန်လည်ရရှိသွားကြောင်း ခံစားလိုက်ရသည်။ အဘယ်ကြောင့်မှန်း သူမသိသော်လည်း အလွန်ပျော်သွားပြီး တောက်ပသော နေရာမှ ခုန်တက်သွားသည်။

သူအခု ​တခြားကမ္ဘာ တစ်ခုထဲသို့ ဝင်ရောက်သွားသလိုမျိုး နေရာတိုင်းတွင် မတ်စောက်၍ ကြီးမားသော တောင်တန်းကြီးများ၊ ခမ်းနားထည်ဝါသော တောင်တန်းများကို မြင်နေရသည်။

သူထွက်လာသည်နှင့် တစ်ပြိုင်နက် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ ပတ်ပတ်လည်ကို မျှော်ကြည့်လိုက်စဥ် သူ့စိတ်နှလုံးထဲမှ ဘုန်းအာနုဘော်နှင့် သူရဲကောင်းဆန်သော ခံစားချက်တို့ အလိုလို ပေါ်ထွက်လာသည်။

ပတ်ပတ်လည်တွင် ရေများစီးဆင်းနေသော်လည်း တောင်များကြားတွင် ပြန့်ကျဲနေသဖြင့် ရေစီးကြောင်းတွေက စိမ်းလန်းသော တောင်တန်းများကို ပို၍ပင် လှပစေသည်။

လေပြေ တိုက်ခတ်လာစဥ် ကြီးကျယ်ခမ်းနားတဲ့ ဝိညာဉ်စွမ်းအင်တစ်ခုက လေချွန်သံလို ထွက်ပေါ်လာရာ အသက်ပြင်းပြင်း ရှူလို​က်ရင်ဖြင့် ပတ်ပတ်လည်က ထူးထူးခြားခြား ရောင်ဝါကို ခံစားရလေသည်။

တောင်တန်းကြီးကို ကြည့်လိုက်ရင်း လုရွှမ် ကောင်းကင်အထက်သို့ ပျံတက်သွားလိုက်ကာ နောက်ထပ် တောင်ထိပ်တစ်ခုပေါ်၌ တဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ ဒီတောင်ထွတ်က ပိုမြင့်​နေတယ်လို့ ထင်ရသော်လည်း အခုပြန်ကြည့်လိုက်တော့ မူလသူရပ်​​နေခဲ့တဲ့ တောင်က ပိုမြင့်နေပုံရ၏။

တောင်ကြီးတစ်ခုပေါ်သို့ ပြုံးပြုံးရွှင်ရွှင်နဲ့ လှမ်းတက်လိုက်သော်လည်း အဲဒီလိုပဲ ဖြစ်သွားသည်။ လုရွှမ်သည် တောင်တန်းပေါ်မှ ခုန်ဆင်းကာ စမ်းချောင်းတစ်ခုဆီသို့ ရောက်လာခဲ့သည်။

စမ်းချောင်းသည် အလွန်ကြည်လင်နေပြီး ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသကဲ့သို့ တောက်ပနေသည်။ လက်နှစ်ဘက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်၍ တစ်ငုံသောက်ကြည့်ရာ ကျိုချက်ထားသလို အလွန်ချိုမြိန်​လေသည်။

"ကောင်းလိုက်တာ!"

လုရွှမ် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ အသံက ကျယ်လောင်ပြီး တောထဲက ငှက်တွေကို နှိုးဆော်မိသလို ဖြစ်သွားကာ ငှက်​တွေက အော်သံများနဲ့အတူ ပြေးတက်ပြီး လုရွှမ် ပတ်ပတ်လည်သို့ ပျံသန်းလာ​ကြသည်။

ဒီနေရာက ဘာလဲ?

လုရွှမ် သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော ခန့်မှန်းချက်တစ်ခု ရှိနေသော်လည်း သူသေချာတော့ မသိရသေးချေ။

ဤသည်မှာ ဝမ့်ရှန်းကမ္ဘာ ဖြစ်နိုင်သော်လည်း ထိုသခင်ကြီးတစ်ပါး ကောင်းကင်မြစ်ရေကို မခေါ်ဆောင်ခဲ့ရသေးသည့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝမ့်ရှန်းကမ္ဘာ ဖြစ်နိုင်သည်။

သို့သော် အနီးနားတွင် လူမရှိသလို ကျင့်ကြံသူဆိုလည်း တစ်ယောက်မှ မရှိပေ။ ထိုငှက်များသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို ရှူရှိုက်မိသော်လည်း ဝိညာဥ်အသိတွေ မပွင့်ကြသေးချေ။

ရုတ်တရက် လုရွှမ် အလိုလို ထိတ်လန့်သွားပြီး ခဏလောက် ဖုံးကွယ်ထားချင်တဲ့ တွန်းအားတွေ ထွက်ပေါ်လာခဲ့သည်။

သူ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်မှာ ရုတ်တရက် မိုးခြိမ်းသံတွေ ရိုက်ခတ်လာတာကို တွေ့လိုက်ရကာ အပေါက်တစ်ပေါက် ပွင့်သွားသည်။

၎င်းသည် ၎င်း၏ ရွှေလက်သည်းများအား ကောင်းကင်ကို ဖြတ်ခုတ်လိုက်ကာ လေထုထဲကို တိုက်ရိုက် ဖြတ်သန်းသွားသော နတ်နဂါးကြီး ဖြစ်လာခဲ့သည်။ ဤနေရာရှိ တောင်တန်းများနှင့် မြစ်များကို လှမ်းကြည့်သကဲ့သို့ နဂါးက သူ့ကိုမြင်နေရကြောင့် လုရွှမ် ယောင်ဝါးဝါး ခံစားလိုက်ရသည်။

နတ်နဂါးသည် ခဏတာ စိတ်လှုပ်ရှားနေသော်လည်း မကျေမနပ်ဖြင့် ခေါင်းယမ်းလိုက်​ပြန်သည်။

ထို့နောက် သူသည် ကောင်းကင်သို့ အပြေးအလွှား ပြန်သွား၏။ ဤတစ်ကြိမ်တွင် ကောင်းကင်က အပေါက်ကြီးတစ်ခုကို တိုက်ရိုက်ထိုးလိုက်ရာ မိုးရေများ လူးလိမ့်ကျဆင်းလာသည်။ မိုးက သည်းထန်စွာ ရွာသွန်း​နေပြီး သုံးလပြည့်အထိ ဆက်လက် ရွာသွန်းခဲ့​နေသည်။

မိုးသည်းလွန်းသဖြင့် လုရွှမ်ဟာ ပင်လယ်ရေတွေ နေရာတိုင်းက တောင်တန်းများအပေါ် နစ်မြုပ်နေတာအား ကူကယ်ရာမဲ့စွာ ကြည့်နေရလေသည်။ ပင်လယ်ရေကြီး သူ့ကိုပါ ရေမြုပ်မသွားရအောင် မကြာခဏ နေရာပြောင်းရသေး၏။

ဒီကမ္ဘာငယ်လေးရဲ့ ကိုးထပ်ကြီးနီးပါးမှာ မိုးတွေကြောင့် မြုပ်လုနီးနီး ရောက်တော့မှ ရွှေနဂါးက ကျေနပ်သွားပြီး ကောင်းကင်နဲ့ ပင်လယ်ရေတွေကြားမှာ လွတ်လပ်စွာ ကူးခတ်သွားတော့သည်။

ဒါပေမဲ့ မကြာခင်မှာပဲ ဖီးနစ်မီးငှက်ကြီး ပေါ်လာပြီး ထူးထူးခြားခြား စကားတွေ ပြောလာပါတော့သည်။ သူတို့ရဲ့ အသုံးအနှုန်းတွေကို ကြည့်ပြီးတော့ မီးငှက်က နတ်နဂါးကို မေးခွန်းထုတ်နေကြောင်း သိသာလှသည်။

ခဏကြာတော့ ဒဏ္ဍာရီလာ သားရဲနှစ်ကောင်က စတင်တိုက်ခိုက်ပြီး ခဏအတွင်း အားလုံး ပျက်စီးသွားခဲ့သည်။ အဲဒီနောက်မှာတော့ ဒဏ္ဍာရီလာ သားရဲနှစ်ကောင်စလုံးက တခြားဘာမှ လုပ်နိုင်စွမ်း မရှိကြတော့တဲ့အခါ ဖီးနစ်ငှက်ကြီးက ထွက်သွားပြီး မကြာခင်မှာပဲ နတ်နဂါးကြီးလည်း ပျောက်သွားတော့သည်။

ပင်လယ်ရေတွေကတော့ အစဉ်အမြဲ စီးဆင်းလျက်ရှိ၏။

လုရွှမ်သည် တောင်များနှင့် သစ်တောများက တဟုန်းဟုန်း အော်ဟစ်နေသကဲ့သို့ ခံစားနိုင်သော်လည်း သူဘာမျှ မတတ်နိုင်ပေ။ ရေထဲမှာ စိမ်ထားရင်း တောတောင်ရဲ့ အငွေ့အသက်တွေ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် အငွေ့အသက်တွေလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

လုရွှမ် အရင်က ခံစားခဲ့ရတဲ့ ထိတ်လန့်တဲ့ ခံစားချက်နဲ့ ယန်စွမ်းအင်တွေဟာ လုံးဝကို ကွဲပြားသွားကာ အနည်းငယ် ချစ်စရာကောင်းပြီး နူးညံ့တဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာ၏။

နောက်ဆုံးတွင် လုရွှမ်သည် ငှက်များသေဆုံးပြီး တခြား တောတိရစ္ဆာန်များ ပင်လယ်ထဲသို့ ဝင်ရောက်လာတာကို တွေ့လိုက်ရသည်။

အချိန်တွေ ကုန်သွားလေရာ နှစ်တွေဘယ်လောက် ကြာသွားမှန်းပင် မသိ။ နောက်ဆုံးတော့ လုရွှမ် သူ ရင်းနှီးတဲ့သတ္တဝါ တစ်ကောင်ကို တွေ့လိုက်ရသည်။

All Chapters