← Chapters

ပင်လယ်ပြင်က အပြောင်းအလဲများ

Vol. 79 Ch. 4.701

ပင်လယ်ပြင်က အပြောင်းအလဲများ

Vol. 79 Ch. 4.701

ယခုအချိန်တွင် ၎င်းတို့သည် ပင်လယ်ထဲသို့ လုံးဝ ဝင်ရောက်လာခြင်း မရှိသေးသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ပုံစံများသည် တဖြည်းဖြည်း ပြောင်းလဲလာပြီ ဖြစ်သည်။ ပြီးတော့ သူတို့ရဲ့ မျိုးနွယ်စုတွေလည်း အများကြီး ရှိပါသေးသည်။ သူတို့က ဝမ့်ရှန်းကမ္ဘာထဲက ရှေးအကျဆုံးနဲ့ အကြီးဆုံး လူမျိုးစုတွေပဲ ဖြစ်ပေ၏။

တဖြည်းဖြည်းနှင့် ဤချူ့ကျောင် သားရဲများသည် ပင်လယ်ရေထဲသို့ ဝင်ရောက်ကာ အနက်ရှိုင်းဆုံး အပိုင်းသို့ ဦးတည် ထွက်သွားကြသည်။

နှစ်ပေါင်းဘယ်လောက် ကြာသွားလဲတော့မသိ ပြင်းထန်သော အလင်းရောင်တစ်ခု လင်းလက်လာတာကို တွေ့လိုက်ရပြန်သည်။ ထိုအခိုက် ကောင်းကင်နှင့် မြေကြီးသည် တစ်ပြိုင်နက်တည်း အော်ဟစ်ကာ ကောင်းကင်မှ သွေးနီများ ရွာချလာ​တော့သည်။

ထို့ကြောင့် ပင်လယ်ပြင် တစ်ခုလုံးဟာ ခဏအတွင်း အနီရောင် ပြောင်းသွား၏။ လုရွှမ်လည်း အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ပင်လယ်ရေမှ ကောင်းကင်သို့ အလင်းတန်းတစ်ခု ထိုးတက်လာပြီး အမြင့်ဆုံးနေရာသို့ ရောက်သောအခါ ပေါက်ကွဲသံကြီးဖြင့် သုံးပိုင်းကွဲကာ အရပ်ရပ်သို့ ပျောက်ကွယ်သွားသည်။

အဲဒါက ကမ္ဘာ့ရတနာပဲ ဖြစ်ရမယ်။

ဝမ့်ရှန်းကမ္ဘာဟာ တစ်ချိန်က ဤမျှလောက် အလားအလာ အပြည့်ရှိနေမယ်လို့ သူ မမျှော်လင့်ထားသော်လည်း ကံမကောင်းစွာဖြင့် ၎င်းသည် နဂါးကြောင့် ပျက်စီးသွားခဲ့သည်။ ဒါကြောင့် ကမ္ဘာ့ရတနာကလည်း အောင်မြင်စွာ သန္ဓေမတည်နိုင်ခဲ့ပေ။

ယခုအချိန်တွင် ဝမ့်ကမ္ဘာတွေထဲက ကမ္ဘာတစ်ခု ဖြစ်နေဆဲ ဖြစ်သော်လည်း ဝမ့်ရှန်းကမ္ဘာကို လုံးဝဥဿုံ ဖွံ့ဖြိုးလာခွင့် ပြုလိုက်ပါက ဘယ်လောက် အစွမ်းထက်လိုက်မလဲ စဉ်းစားကြည့်နိုင်ပါ၏။

ဝမ့်ရှန်းကမ္ဘာဟာ မြေကမ္ဘာဖြစ်တဲ့အထိ ရာထူး မတိုးနိုင်ရင်တောင် အနည်းဆုံးတော့ ညစ်ပတ်နေတဲ့ အခုခေတ်လို ပျက်စီးတော့မယ့်အစား အနည်းဆုံး ဝမ့်ကမ္ဘာတွေရဲ့ ထိပ်ဆုံးမှာ ရှိနေသင့်သည်။

နောက်ပိုင်းတွင် လှောင်အိမ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ပြီးနောက် ထူးကဲသော မှော်အစွမ်းများဖြင့် ကျင့်ကြံသူများစွာကို အကျဉ်းချသွားခဲ့သည်။ ထို့နောက် ပင်လယ်ရေက လှိုင်းထန်လာပြီး ပင်လယ်မျိုးနွယ်စုတွေ ပေါ်လာတော့သည်။

အရာအားလုံးသည် တဖြည်းဖြည်း ရင်းနှီးလာပုံရပြီး ယနေ့ခေတ် ဝမ့်ရှန်းကမ္ဘာသို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ လုရွှမ် သူ့ပါးထက်က မျက်ရည်​တွေ စီးကျနေပြီဆိုတာကို မသိစိတ်က သိလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုအချိန်တွင် ဝမ့်ရှန်းကမ္ဘာက သူ့မိခင်နှင့်တူသည်ဟုပင် ခံစားမိလာသည်။ အမေ့ကို ကြည့်ပြီး ဝေဒနာတွေ ခံစားနေရသည့် အတိုင်းပင်။

သူ့နှလုံးသားထဲက ဝမ်းနည်းခြင်းတွေဟာ သူ့နှလုံးနဲ့ စိတ်ဝိညာဉ်ကို ပြည့်လျှံလာစေပြီး ကမ္ဘာကြီးနဲ့ ထပ်တူ ဝမ်းနည်းခြင်းတွေကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

"လုရွှမ် အခု မင်းနားလည်ပြီလား? မင်း ဘယ်ကမ္ဘာ့ရတနာကို လိုချင်တာလဲ?"

သားရဲကြီးက တိတ်တဆိတ် ပေါ်လာ၏။ သူ့အမေးကို လုရွှမ်လည်း နှစ်ခါမစဥ်းစားဘဲ ဖြေလိုက်သည်။

"ကျွန်တော် နတ်တောင်ကို ရွေးတယ်!"

သားရဲကြီး၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ရှိနေသော်လည်း အပြုံးလို့လည်း လုံးဝ ဆိုလို့မရချေ။

"ငါ့အဖိုးက တစ်ခါက လူတစ်ဦးကို လက်ခံခဲ့ပြီး ငါ့အဖေလည်း ပင်လယ်သားရဲ တစ်ကောင်ကို လက်ခံခဲ့တယ်... သူတို့နှစ်ယောက်လုံးက နတ်တောင်ကို ယူဖို့ ရွေးချယ်ခဲ့ကြပေမယ့် နတ်တောင်တန်းကို ယူဖို့က အဲ့လောက် မရိုးရှင်းဘူးလေ... သူတို့အတွက် ၉ကြိမ်သေပြီး တစ်ကြိမ်ပဲ အသက်ရှင်ခွင့်ရနိုင်တဲ့ မဟာအန္တရာယ်ကြီး... နောက်ဆုံး သေခြင်းတရားကနေ ကျဉ်းကျဥ်းလေးပဲ လွတ်မြောက်လာပြီး ဒီနေရာမှာပဲ သေဆုံးသွားခဲ့တယ်... ဒါပေမဲ့ ဝမ့်ရှန်းကမ္ဘာကို ကယ်တင်ဖို့ သူကြိုးစားအားထုတ်ခဲ့တာကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့ဘူး"

"ကျွန်တော်တို့ ကျင့်ကြံသူတွေက အမြဲတမ်း မျက်စိစုံမှိတ်ပြီး တောင်းဆိုရတာကို ကြိုက်​ကြတယ်...နတ်တောင်ကို ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်... ဒီမှာပဲ တကယ် အသက်ဆုံးရှုံးခဲ့ရရင်တောင် ကျွန်တော် ယုံတယ် လုံးဝ နောင်တ မရဘူး"

"အဲဒီလူနှစ်ယောက်ကလည်း တစ်ချိန်တုန်းက ဒီလိုပဲပြောခဲ့ကြပေမယ့် သူတို့ဘဝရဲ့ နောက်ဆုံး အခိုက်အတန့်မှာတော့ ကမ္ဘာ့ရတနာထဲက တုတ်ချောင်းကို ရွေးချယ်သွားခဲ့ကြတယ်"

လုရွှမ်သည် သားရဲကြီး၏ အဆိုးမြင်မှုကို သိခဲ့ပြီးသားပါပဲ။ သူတို့စတွေ့ချိန်မှစ၍ ၎င်းကို ခံစားနိုင်သည်။ သားရဲကြီးက အလွန်အဆိုးမြင်လွန်းသောကြောင့် ဖြစ်နိုင်သလို လုရွှမ်အား နတ်တောင်တန်းကို ရစေလိုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ဤသည်မှာ ဝမ့်ရှန်းကမ္ဘာအတွက် သူလုပ်နိုင်မှု အနည်းဆုံးဖြစ်သည်။

"အခု မင်းစိတ်ကြိုက် ရွေးချယ်ပြီးသွား​ပြီ ဆိုရင်တော့ မင်းမှာသုံးရက်ပဲ အချိန် ရှိတော့တယ်... သုံးရက်လောက်ကြာရင် ဂူထဲမှာ မင်းကိုငါစောင့်နေမယ်"

သားရဲကြီးက ပြောပြီးတဲ့အခါ သူ့ခန္ဓာကိုယ်က ပျောက်သွားပြန်၏။

"သုံးရက်လောက်ဆို လုံလောက်ပြီ"

လုရွှမ် သူ့ကိုယ်သူ အားပေးလိုက်သည်။ ယခင်က ပျံသန်းလာခဲ့သည့် လမ်းကြောင်းကို စဥ်းစားရင်း ထိုနေရာဆီသို့ ချက်ချင်းပင် ခွန်အားအပြည့်ဖြင့် ပျံသန်းသွားခဲ့သည်။

အကွာအဝေးသည် အရင်ကထက် ထက်ဝက်ခန့် တိုသွားပုံရသည်။ သူသည် အဝေးသို့ ပျံသန်းသွားရင်း နတ်တောင်တန်း ပြိုကျရာနေရာနှင့် အလွန်နီးကပ်နေပြီဟု ခံစားရလာသည်။

အချိန်အတော်ကြာ ပျံသန်းလာပြီးနောက်တွင် ကြီးမားပြီး မြင့်မားသော တောင်ထွတ်တစ်ခု လုရွှမ်ရှေ့တွင် ပေါ်ထွက်လာသည်။ တခြားလာခံစားချက်မှ မရှိဘဲ လုရွှမ်သည် ၎င်းက သူရှာဖွေနေသည့် နတ်တောင်တန်းဖြစ်ကြောင်း သိလိုက်သည်။

နတ်တောင်တန်းသည် အလွန်မြင့်မားပြီး အကန့်အသတ် မရှိဘူးဟု ထင်ရသည်။ လုရွှမ် အထက်သို့ ပျံတက်သွားလျှင် နတ်တောင်တန်းသည်လည်း အထက်သို့ တိုးလာ​​နေပုံရသည်။

လုရွှမ် နတ်တောင်တန်းကို ကျောပေါ်တင်ရန် ကြိုးစားသော်လည်း တစ်ဖက်က မလှုပ်မယှက် ဖြစ်​နေသည်။

"ထပ်သေးလိုက်!"

နတ်တောင်တန်းက လုံးဝ မပြောင်းလဲသွားချေ။

"ပိုကြီးလိုက်"

သူပြောပြီးတာနဲ့ နတ်တောင်တန်းဟာ ရုတ်တရက်ကြီး ပိုကြီးလာတော့သည်။ လုရွှမ် ရုတ်ချည်း မူးဝေသွားလေ၏။ ဒီအတိုင်းဆို နတ်တောင်တန်းကို ဘယ်လို သယ်သွားရတော့မလဲ။

တခြားနည်းလမ်း မရှိတော့ချေ။ ထို့ကြောင့် လုရွှမ် နတ်တောင်တန်းပေါ်သို့ တိုက်ရိုက် ဆင်းသက်လာခဲ့​တော့သည်။ ​တောင်တန်း၏ ကိုယ်ပေါ်ကို ခြေဖြင့်နင်းလိုက်သည့် အခိုက်တွင် လုရွှမ် သူဟာ ဒီတောင်ပေါ်ကနေ ထွက်သွားလို့ မရတော့ကြောင်း ရုတ်တရက် သိလိုက်သည်။

ဒါဟာ အလွန်လျှို့ဝှက် ဆန်းကြယ်တဲ့ ခံစားမှုတစ်ခုပါပဲ။ ဒါပေမဲ့ သူက မှော်အစွမ်းတွေ ဘယ်လောက်ပဲ သုံးနေပါစေ နတ်တောင်တန်းပေါ်က မစွန့်ခွာနိုင်ဘူးဆိုတာ သိလာရသည်။

"ကောင်းပြီ ထွက်သွားလို့ မရဘူးဆိုတော့ ဒီမှာဘာတွေ ထူးဆန်းနေလဲ ကြည့်လိုက်ရအောင်"

သို့နှင့် လုရွှမ်လည်း နတ်တောင်တန်းပေါ်ကို လည်ပတ် ကြည့်ရှုလိုက်သည်။

နတ်တောင်တန်း၏ သစ်တောများသည် စိမ်းလန်းစိုပြေပြီး ဝိညာဥ်စွမ်းအင် ရောင်ဝါလည်း ကြွယ်ဝသည်။ ကောင်းကင်​မြစ်ထဲမှ ရေများသွန်ချခြင်း မပြုမီတွင် သူခံစားရသည့် ခံစားချက်တစ်ခုမှာ အသက်ပြင်းပြင်း ရှူလိုက်တဲ့အခိုက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သက်သာရာ ရသွားတာပါပဲ။

"ဒီကကိုကိုကြီး... ကိုကို ဘယ်လိုလုပ် ညီမတို့အိမ်ကို ရောက်လာတာလဲ?"

အသံကလေးတစ်သံ ရုတ်တရက် ထွက်လာ၏။ နို့မဖြတ်ရသေးတဲ့ ကလေးတစ်ယောက်ရဲ့ အသံနဲ့ပင် တူလေသည်။

လုရွှမ် လှည့်ကြည့်လိုက်တော့ ကလေးမလေးလို ဆိုပေမယ့် အရပ်ပုတဲ့ ကောင်လေးတစ်ယောက်လို ဖြစ်​နေတာကို တွေ့လိုက်ရ၏။ ကလေးမလေးရဲ့ အသွင်အပြင်က သူငယ်ငယ်တုန်းကလို တစ်ပုံစံတည်းပဲ။

ဒါကြီးက ဘယ်လို သဘာဝလွန် စွမ်းအင်မျိုးလဲ။

လုရွှမ်သည်လည်း ဒါဟာ ထင်ယောင်ထင်မှား ဖြစ်​​နေတာဟုတ်မဟုတ် အစစ်အမှန် ဟုတ်မဟုတ် သေချာမသိချေ။ ကျောက်စိမ်းပြားက သူ့ကိုယ်ထဲ၌ ရှိနေဆဲဖြစ်ပြီး ထူးဆန်းသော မီးရတနာများပါ ရှိနေသော်လည်း သူ့ခန္ဓာကိုယ်မှာ လုံးဝ ပြောင်းလဲသွားသလို ခံစား​နေမိသည်။

"ငါ"

"လမ်းပျောက်​နေတာလား? ဒါဆို ညီမနဲ့လိုက်ခဲ့... ဖေဖေနဲ့မေမေက တောခွေးတွေကို မောင်းထုတ်ဖို့ တောင်ပေါ်ကို သွားကြပြီ... ဝံပုလွေတွေကလည်း ရက်စက်ပြီး လူတွေကိုပဲ စားချင်နေတာ ကိုကိုကြီး ဒီမှာ တစ်ယောက်တည်း ရပ်နေတာက တောခွေးတွေ ဝံပုလွေတွေ စားတာကို ခံရလိမ့်မယ်"

ကလေးမလေးက အရမ်းချစ်စရာ ကောင်းတာကြောင့် လုရွှမ် မသိလိုက်ပါဘဲ သူမနောက်ကို လိုက်သွားခဲ့သည်။

ယခုအချိန်တွင် ထိုကလေးမလေးသည် ဝိညာဥ်စွမ်းအင် အတက်အကျ လုံးဝမရှိဘဲ သာမန်လူတစ်ဦး ဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ သူမရဲ့ မျက်လုံးလေးတွေက အရမ်းဖြူစင်ပြီး သူမရဲ့ ပါးစပ်လေးကို နှုတ်ခမ်းစူလိုက်ပုံကလည်း အရမ်းချစ်စရာကောင်းလေသည်။

"ညီမလေး မင်းနာမည် ဘယ်လိုခေါ်လဲ"

လုရွှမ် မထိန်းနိုင်ဘဲ မေးလိုက်သည်။

"ညီမနာမည်က ယွီရှန်ပါ"

ကလေးမလေးက ခပ်တိုးတိုးလေး အော်လိုက်သည်။ သို့သော် လုရွှမ်မှာ သွေးတစ်လုတ်ကို ထွေးထုတ်လုမတတ် ​ဖြစ်သွားသည်။ ဒီကလေးမလေးကို ဘယ်လိုလုပ် ယွီရှန်လို့ ခေါ်နိုင်တာလဲ။ ယွီရှန်က....။

လုရွှမ် အတွေးတွေ ရပ်သွားကာ ဒီကလေးမလေးက ယွီရှန်နဲ့ ခပ်ဆင်ဆင် တူတယ်လို့ ခံစားလာရလေသည်။ သူမရဲ့ မျက်ခုံးမွှေးကိုပဲ မှန်းဆကြည့်ရင်တောင် သူမမှာ ဆင်တူတာတွေ ရှိနေတာ တွေ့ရ၏။

"မင်း တကယ်ပဲ ယွီရှန်လား"

ကလေးမလေးသည် လုရွှမ်၏ သံသယကို အလွန် မကျေနပ်ကြောင်း နှုတ်ခမ်းဆူထားသော်လည်း သိသိသာသာ ခေါင်းညိတ်​ပြလိုက်သည်။

သို့သော် သူမ၏ကြင်နာမှုကြောင့် သူမမှာ ဒေါသမထွက်ဘဲ နှုတ်ခမ်းသာ စူထားလိုက်ပြီး လုရွှမ်ကို ဆွဲထုတ်ကာ ရွာငယ်လေးဆီသို့ ဆက်လျှောက်သွားခဲ့သည်။

"မှောင်နေပြီ ညီမတို့ မြန်မြန်ပြန်ရမယ်"

လုရွှမ်လည်း လျင်မြန်စွာ ပြေးလာခဲ့ရာ ရွာသို့ရောက်တော့ တစ်ရွာလုံး ရုန်းရင်းဆန်ခတ် ဖြစ်​နေတာကို တွေ့လိုက်ရသည်။

လူများစွာကို ပြန်သယ်သွားနေတာကို မြင်ရတော့ ယွီရှန်လေးသည်လည်း ရုတ်တရက် မျက်ရည်များ စီးကျလာကာ သွေး​တွေ ထွက်နေသော လူလတ်ပိုင်း တစ်ဦးထံသို့ အမြန်ပြေးသွားခဲ့သည်။

"ဖေဖေ ဒဏ်ရာရလာတာလား?? ဝူးဝူး..."

All Chapters