ပြောင်းလဲနေသော ကံတရား
Vol. 79 Ch. 4.702
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေပြီး လေထုသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖိနှိပ်ထားသည်။ ယွီရှန်လေးသည် သူ့အဖေ၏လက်ကို ပြင်းပြင်းထန်ထန် ခါလိုက်သော်လည်း တုံ့ပြန်ခြင်း မပြုနိုင်တော့ပေ။
"မငိုပါနဲ့... ရှောင်ယွီ ဒီတစ်ခါတော့ ဒီတစ်ခါတော့"
သူ့ဘေးနားက လူကြီးတစ်ယောက်ကလည်း စကားမပြောဘဲ သူ့ပါးပြင်ပေါ် မျက်ရည်တွေသာ စီးကျလာခဲ့သည်။
"မေမေရော မေမေ ဘယ်မှာလဲ"
ယွီရှန်လေးက နောက်ဆုံးမှာတော့ တုံ့ပြန်ခဲ့သည်။ သူမအဖေ ပြန်လာခဲ့ပေမယ့် သူမအမေကတော့ ပျောက်ဆုံးနေဆဲပဲ။
လုရွှမ်လည်း သူ့နှလုံးသားထဲက ဆစ်ကနဲ နာကျင်သွားတဲ့ ဝေဒနာတစ်ခုကို ခံစားလိုက်ရပြီး ယခုအဖြစ်အပျက်က အမှန်တွေလား အတုအယောင်တွေလားဟု တွေးနေမိသည်။ သူ လုံးဝမသိတာကို တွေ့လိုက်ရတယ်လေ။ သူ့မှတ်ဉာဏ်ထဲမှာ ယွီရှန်က တကယ်ပဲ မိဘမဲ့ဖြစ်ပေမဲ့ သူ့မိသားစုရဲ့ နောက်ခံအကြောင်းကိုတော့ သူမ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ သူ့မိဘတွေရဲ့ ဘဝတွေကို ဒီလိုဖျက်ဆီးခံခဲ့ရတာလား ဆိုတာကိုလည်း လုရွှမ် လုံးဝ မသိခဲ့ရဘူး။
သို့သော် ယွီရှန်ရဲ့ဖခင် ဒီအတိုင်း သေသွားမှာကိုတော့ သဘာဝအတိုင်း ထိုင်ကြည့်မနေနိုင်ပေ။ အာကာသကျောက်စိမ်းပြားက ရှိနေတုန်းမှာပဲမို့ လုရွှမ် ဆေးတစ်လုံး အမြန်ထုတ်ပြီး ယွီရှန်ဖခင်ရဲ့ ပါးစပ်ထဲကို ကျွေးလိုက်သည့။
"ဒီကကောင်လေး မင်းကဘယ်သူလဲ? တရှန်းကို ဘာကျွေးနေတာလဲ"
လူတော်တော်များများက လုရွှမ်ကို မြင်ခဲ့ကြပေမယ့် သေသွားတဲ့ ရွာသားတွေကြောင့် ဂရုစိုက်ချိန် မရကြပါဘူး။ ထိုအချိန်တွင် လုရွှမ်က ယွီရှန်အဖေရဲ့ ပါးစပ်ထဲသို့ တစ်စုံတစ်ခုကို ဖြည့်သွင်းလိုက်တာကြောင့် အမြန်အော်လိုက်ရသည်။
လုရွှမ်ရဲ့ အဂ္ဂိရတ်ဆေးက အလွန်မှော်ဆန်လှသည်။ လက်ရှိ ယွီရှန်ဖခင်သည် သေမျိုး သာမန်လူသား ဖြစ်နေတာကို မပြောနှင့် သူ့ဝိညာဉ်သည် မသေနိုင်သရွေ့ လုရွှမ်သည် ထိုသူကို ပြန်လည်ရှင်သန်စေမည့် အဂ္ဂိရတ်ဆေးတွေ အလုံအလောက် ရှိပေသည်။
ရွာသူရွာသားများ စကားမဆုံးခင် သစ်သားဘုတ်ပေါ်တွင် လဲလျောင်းနေသူက ချောင်းဆိုးနေတာကို တွေ့လိုက်ရပြီး ထိုလူလည်း နိုးလာသည်။ ထို့နောက် ရွာသားများ၏ သာမန်မျက်စိဖြင့်ပင် တရှန်း၏ ခန္ဓာကိုယ်သည် လုံးဝပြန်လည်ကောင်းမွန်လာပြီး သူ၏ပွန်းပဲ့ဒဏ်ရာများပင် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။
"ဖေဖေ"
ယွီရှန်လေးသည် သူ့အဖေရဲ့ ရင်ခွင်ထဲကို ဝမ်းသာအားရ ပစ်ဝင်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ် ငိုကြွေးပါတော့သည်။ အနီးနားရှိ ရွာသားများသည် လုရွှမ်ကို သက်ရှိထင်ရှား ရှိနေသည့် နတ်ဘုရားတစ်ဆူအဖြစ် ရှုမြင်ကြတဲ့အထိ အံ့အားသင့်သွားကြသည်။
ရုတ်တရက် ဒုန်းကနဲ အသံနဲ့အတူ လူတစ်ယောက်က ဒူးထောက်လိုက်လေသည်။ တစ်ဆက်တည်း ရွာသားများစွာကလည်း သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။
"ကျုပ်တို့လူမျိုးစုကို ကယ်တင်ပေးဖို့ နတ်ဘုရားကို တောင်းဆိုပါတယ်!!!"
ယွီရှန်သည်သည်ပင် ဖခင်၏ လက်နှစ်ဖက်ထဲမှ ခေါင်းကိုလှည့်ကာ လုရွှမ်ကို ဂရုတစိုက်ကြည့်နေသည်။ သူမ၏မျက်လုံးများသည် အလွန်သိချင်နေပြီး မျက်ရည်များ စွန်းထင်းနေခဲ့သည်။
လုရွှမ်သည် ဆေးလုံးကို အမြန်ထုတ်ကာ ရေအဖြစ်ပြောင်းကာ ဒဏ်ရာရရှိသူတိုင်းအား ရေတိုက်လိုက်သည်။ မကြာခင်မှာပဲ လူတိုင်းရဲ့ဒဏ်ရာတွေ ပျောက်ကင်းသွားပြီး လုရွှမ်ကို နတ်ဘုရားငယ်လေးအဖြစ် ရိုသေလေးစား လာခဲ့ကြသည်။
လုရွှမ် ရွာတွင်နေထိုင်ပြီး ယွီရှန်နှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူတို့သည် လုရွှမ် အရင်ဘဝကတည်းက ချစ်သူများ ဖြစ်ခဲ့တာကြောင့် အခုအချိန်မှာလည်း ချစ်သူများ ဖြစ်ကြပြီး တဖြည်းဖြည်း ကြီးပြင်းလာကြသည်။ ယွီရှန်လေးနှင့် လုရွှမ်တို့အတွက် ပျော်ရွှင်စရာပွဲတစ်ခု ကျင်းပပေးကြသည်။
လုရွှမ်မှာ ယွီရှန် မကျင့်ကြံနိုင်ဘူး ဆိုတာကို မယုံကြည်နိုင်ပေ။ သူမဟာ ဝိညာဉ်စွမ်းအင်ကို အပြည့်အ၀ အကာအကွယ်ထားတဲ့ လူသားတစ်ယောက်လိုပါပဲ။
အနှစ်တစ်ရာ အသက်တာက လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ လုရွှမ် ယွီရှန်ဆိုတဲ့ ကမ္ဗည်းပြားလေးနဲ့ သူမအုတ်ဂူရှေ့ရှိတွင် ရပ်လျက် သင်္ချိုင်းဂူကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။
ယွီရှန် ကြီးပြင်းလာသောအခါ လုရွှမ်သည် ဤမိန်းကလေးသည် သူ၏ မိုးနတ်ဘုရားမလေး ဖြစ်ကြောင်း သိသော်လည်း အဘယ်ကြောင့် မလေ့ကျင့်နိုင်ခဲ့သလဲ ဆိုတာကိုတော့ နားမလည်နိုင်ခဲ့ပေ။
ထိုစဥ် ဝိညာဉ်တစ်ခုသည် သင်္ချိုင်းဂူထဲမှ ရုတ်တရက် လွင့်ထွက်လာခဲ့သည်။ ၎င်းမှာ ယွီရှန်ပဲ ဖြစ်လေ၏။
"ရှင်ကျွန်မရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့တယ်"
ယွီရှန်က ပေါ့ပေါ့ပါးပါး ပြောလာသည်။ သူမဟာ ဒီဘ၀မှာ မကျင့်ကြံနိုင်သေးပေမယ့် ပြေပြစ်တဲ့ အမူအရာလေး ရှိနေဆဲပါပဲ။ လုရွှမ် မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်က မကျင့်ကြံနိုင်တာ အမှန်ပဲလား?"
ထိုမှပင် သူသည် ယွီရှန် အကြောင်းကို အနည်းငယ်မျှသာ သိလိုက်ရကြောင်း သဘောပေါက်တော့သည်။
ယွီရှန်ရဲ့ သဘောထားကတော့ အရမ်းရှင်းပါ၏။ လုရွှမ်က သူ့အဖေကို ကယ်တင်ပြီး သူမရဲ့ အနာဂတ်ဘဝခရီးကိုလည်း ပြောင်းလဲစေခဲ့သည်။ သူမကို ဒီရွာငယ်လေးမှာ နေထိုင်ပြီး ပျော်ရွှင်တဲ့ဘဝကို ပေးစွမ်းခဲ့သည်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူမရဲ့ အနာဂတ်ရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့ပါ၏။ သူမဟာ မိဘမဲ့ဖြစ်မလာခဲ့ဘဲ ကမ္ဘာအနှံ့ လှည့်လည်သွားလာရင်း အခွင့်အလမ်းတစ်ခုနဲ့ ဆုံတွေ့ခဲ့ပြီး သူမရဲ့ ဝိညာဉ်စွမ်းအင် လျှပ်ကာကိုယ်ထည်ကို တခြားကျင့်ကြံသည့် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲစေကာ လက်တွေ့မှာ ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
"လူ့ကံကြမ္မာကို အလွယ်တကူ ပြောင်းလို့ရတယ်... ကံကြမ္မာက အဆုံးအဖြတ် ပေးတယ် ရှင်ကိုယ်တိုင်က ပြောင်းလဲချင်ရင်တော့ တခြားလမ်းမှားကို ရောက်သွားလိမ့်မယ်"
ယွီရှန်က ဆိုပြီး သူ့ဝိညာဉ်ဟာလည်း ပျောက်သွားတော့သည်။
လုရွှမ် သူ့မျက်လုံးများရှေ့က အရာအားလုံး ဝေဝါးလာသလို ခံစားလိုက်ရသည်။ သူသည် နတ်တောင်တန်းပေါ်တွင် ရပ်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်တွင် ရွာမရှိပေ။ သူ့ခန္ဓာကိုယ်က အရင်အတိုင်းပါပဲ။ ဘာမှ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
"ကံကြမ္မာက ကံကြမ္မာပဲတဲ့လား... ပြောင်းလဲလို့ မရဘူးတဲ့လား... ငါ မယုံဘူး!"
လုရွှမ် ကျယ်လောင်စွာ အော်လိုက်ပြီး ရှေ့ကို ဆက်တိုးသွားသည်။ နောက်အခိုက်အတန့်မှာ ရှုခင်းတွေက ထပ်ပြောင်းသွား၏။
လုရွှမ် အမှန်တကယ်ပင် အစိမ်းရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ဓားရှည်တစ်ချောင်းကို ကျောပေါ်တွင် ကိုင်ဆောင်ထားကာ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိသွားကြောင်း တွေ့ရှိခဲ့သည်။ သူ့ရှေ့မှာ မြစ်ကြီးတစ်စင်း ရှိသည်။ ကျင့်ကြံသူတွေဟာ ဓားတွေ တဖျပ်ဖျပ်ခတ်ပြီး နေရာတိုင်းမှာ သွေးတွေ စွန်းထင်နေလေသည်။
လုရွှမ် ရုတ်တရက် သတိကပ် ထားမိလိုက်သည်။ ဒါက သူ့အရင်ဘဝရဲ့ ငယ်စဥ်အချိန်က ကြုံတွေ့ခဲ့ရတာတွေ မဟုတ်ဘူးလား။
ဒေသခံတွေက မိခင်မြစ်လို့ ခေါ်တဲ့ ဒီချောင်းမှာ သာမန် ဒုတိယနဲ့ တတိယ အဆင့် တပ်ဖွဲ့ နှစ်ခု တိုက်ပွဲတွေ ဖြစ်နေကြတာပဲ ဖြစ်လေသည်။ အကြောင်းပြချက်က ရိုးရိုးရှင်းရှင်းပါပဲ။ စမ်းချောင်းထဲမှာ သုံးရွက်ပါတဲ့ ဝိညာဉ်မြက်တစ်ပင် အမှန်တကယ် ပေါက်နေတာကြောင့်သာ။
ယခုအခါ၌ မြက်ပင်သည် အလွန်သာမန်ဆန်ပုံ ရသော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားသော ကျင့်ကြံသူတွေ အတွက်မှာမူ ထိုမြက်ပင်က သုံးလလောက် ထိုင်ကျင့်ကြံနေတာနဲ့ ညီမျှလေသည်။
လုရွှမ် ရောက်သွားတော့ အဝေးမှာ ပုန်းအောင်းနေတဲ့ လူပေါင်းများစွာကို တွေ့လိုက်ရပြီး သူတို့ရဲ့ မျက်နှာတွေကတော့ ဝမ်းနည်းမှုတွေ ပြည့်နှက်နေသည်။
ဤသည်မှာ သူတို့၏ အသက်အိုးအိမ် စည်းစိမ်တွေကို ကျွေးမွေးသော မိခင်မြစ်ဖြစ်သော်လည်း နှစ်ပါတီ ရန်ဖြစ်သောအခါ မြစ်တွင်းရေသည် တဖြည်းဖြည်း နီမြန်လာလေပြီ။
မိခင်မြစ်? သေမျိုးလူသား?
လုရွှမ်သည် သူတစ်ချိန်လုံး ပုန်းအောင်းနေခဲ့တာကို သတိရသွားခဲ့သည်။ နှစ်ဖက်တပ်များ၏ အင်အားကို သတိပြုမိတာကြောင့် နောက်ဆုံးတွင် ထိုင်ကာ နဂါးနဲ့ကျားတို့ တိုက်ပွဲကို ကြည့်ရင်း နှစ်ဘက်စလုံး ဒဏ်ရာရလုနီးနီး ဖြစ်လာတဲ့အချိန်မှာ သူ ပြေးထွက်လာကာ အရွက်သုံးရွက် ဝိညာဥ်မြက်ကို လုယူသွားခဲ့သည်။
နောက်ပိုင်းတွင် ဤမိခင်မြစ်၏ ပြောင်းလဲမှုနှင့်ပတ်သက်ပြီး လုရွှမ် လုံးဝ မသိတော့ချေ။ သူ့စိတ်သည် အရွက်သုံးရွက် ဝိညာဉ်မြက်ပင်နှင့် လုံးလုံးလျားလျား ဆက်စပ်နေပြီး ဤလူသားများကို ဂရုမစိုက်နိုင်တော့ပေ။
အခု ဒီမိခင်မြစ်ကို ကယ်တင်စေချင်တာလား။
လုရွှမ် အတွေးတစ်ခုဖြင့် ပေါ့ပေါ့ပါးပါး ပြုံးပြီး ထွက်လာခဲ့သည်။
သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၌သာ ရှိနေသော်လည်း သူ၏ စိတ်အခြေအနေနှင့် အတွေ့အကြုံသည် ဤအုပ်စုနှစ်စုကို မောင်းထုတ်ရန် လုံလောက်ပါသည်။
"အစ်ကိုကြီး ဟိုမှာ လူတစ်ယောက် လာနေတယ်!"
အသံတစ်သံ ထွက်လာပြီး သာမန်ဂိုဏ်းဝင် တစ်ယောက်လို လူတစ်ယောက်က ဆိုလေသည်။ အဖွဲ့၂ဖွဲ့က တစ်ဖက်မှာ ခုနစ်ယောက်၊ တစ်ဖက်မှာ ခြောက်ယောက် ရှိကာ လူသိပ်မများပေ။
လူများတဲ့အဖွဲ့က အနည်းငယ် အားနည်းချက်များ ရှိနေသည်။ ကံကောင်းထောက်မစွာနဲ့ နောက်ထပ် အစွမ်းထက်တဲ့ လူတစ်ဦး ရှိနေသောကြောင့် ၎င်းတို့အား အနိုင်ယူရန် ခဲယဉ်းနေသည်။
လုရွှမ် ထွက်လာတာကို တွေ့တော့ နှစ်ဖက်စလုံးက ချက်ချင်း ရပ်လိုက်ပြီး လုရွှမ်ကို သတိကြီးကြီးနဲ့ စိုက်ကြည့်နေကြသည်။ လုရွှမ်ရဲ့နောက်ကို ကြည့်ရင်း တစ်ယောက်တည်းလား ဒါမှမဟုတ် တခြားသူတွေရော လျှို့ဝှက်ပြီး လိုက်လာလားဆိုတာ သိချင်နေပုံရသည်။
"မင်းတို့ ထွက်သွားကြတော့... ဒီမြစ်ကို အမိမြစ်လို့ ခေါ်တယ် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို ကျွေးမွေးနေတာ... ထောင်ပေါင်းများစွာသော အသက်တွေနဲ့လည်း ဆက်စပ်နေတယ် မင်းတို့ကို ဖျက်စီးခွင့်မပြုနိုင်ဘူး"