နတ်တောင်တန်း
Vol. 79 Ch. 4.704
“မြစ်တစ်ခုလုံးကို အနီရောင် တိုက်ရိုက် ဆိုးပစ်ရတဲ့အထိ အဲဒီလူတွေက အနီးအနားမှာ နေထိုင်ကြတဲ့ သာမန်လူတွေကို သတ်ပစ်လိုက်တယ်လို့ ကြားတယ်”
လုရွှမ်၏ မျက်နှာပေါ်ဝယ် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ ထိုသာမတ်လူများ ယခုလို အဆုံးသတ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"အစ်မကြီးငါက အရင်ကတော့ နင့်ကို ဖမ်းချင်ပေမယ့် နင့်ကိုတွေ့လိုက်ရတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်... ကောင်းပြီ နင်ငါ့နောက်က လိုက်ခဲ့.... နင့်ရဲ့ ဘေးကင်းရေးကို ငါကာကွယ်ပေးမယ်"
လုရွှမ်၏ မျက်လုံးများထဲ၌ အပြုံးတစ်ဝက် ရှိနေတာကို မြင်လိုက်ရသောအခါ ထျန်းရှားရဲ့ မျက်နှာသည်လည်း အနည်းငယ် နီရဲလာပြီး
“ဘာလဲ ကောင်လေး... နင်ကငါ့ကို မယုံဘူးလား?”
သူမနောက်က လူတွေအားလုံးကလည်း မတ်တပ်ရပ်ပြီး သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြသည်။
"ဟင့်အင်း မင်းရဲ့ကာကွယ်မှုရလို့ ငါကံကောင်းပါတယ်... မင်းကို မရယ်ချင်ပေမယ့် အဲဒီစကားလုံးတွေက အရမ်းရင်းနှီးနေတယ်လို့ ခံစားရလို့ပါ... ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း တစ်ချိန်တုန်းက ငါ့ကို ဒီလိုပဲပြောခဲ့ဖူးတယ်... ဒါပေမဲ့ သူက ငါ့ဘဝအတွက်တော့ သေရေးရှင်ရေး ကိစ္စတွေကို အတူကျော်ဖြတ်ပေးတဲ့ ကောင်းချီးတစ်ခုပဲ..”
ထျန်းရှား "ကောင်းတာပေါ့... ဒါပေမဲ့ ငါလည်းမင်းကို သဘောကျပါတယ် ကောင်းပြီ ကောင်းကောင်း အနားယူလိုက် မနက်ဖြန်ဆို ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်"
ပြောပြီးသည်နှင့် သူမသည် ဂရုမစိုက်ဘဲ လမ်းလျှောက်ထွက်သွားကာ ကောက်ရိုးမြက်များပေါ်တွင် လှဲလျောင်းကာ အနားယူနေလေသည်။
ယခုအချိန်၌ သူတို့အားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှာ ရှိနေကြတာကြောင့် ဇိမ်ခံ သိုလှောင်လက်ကောက်များ၊ လက်စွပ်များ သို့မဟုတ် သိုလှောင်အိတ်များပင် မရှိကြသေးချေ။
လုရွှမ်သည်လည်း ထျန်းရှားရဲ့ ခန္ဓာကိုယ်ပေါ်က ငြီးငွေ့ဖွယ် အရိပ်အယောင်များကို မခံစားရတာကြောင့် ငြိမ်သက်စွာ အနားယူနေခဲ့သည်။ တစ်ညတာ ကုန်လွန်သွားပြီးနောက် နံနက်စောစော နေရောင်သည် ပျက်စီးနေသော ဘုရားကျောင်း ထွန်းတောက်လာကာ လူတိုင်းလည်း နိုးလာကြသည်။
လုရွှမ်က ထွက်မပြေးဘဲ ဤနေရာတွင်သာ ရှိနေဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ထျန်းရှားသည် ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းလျှောက်လာပြီး လုရွှမ် ခြေသလုံးကို တစ်ချက် ကန်ထုတ်လိုက်သည်။
"ကောင်လေး မင်းတကယ် သတ္တိကောင်းတာပဲ... နင့်ကို ဖမ်းသွားမှာ မကြောက်ဘူးလား"
"ငါမင်းကို အမြဲယုံကြည်တယ်"
ထျန်းရှား တခဏတာမျှ ကြောင်အသွားသည်။ အနည်းငယ် အံ့သြသွားစွာ ကြည့်နေသော်လည်း ဘာကြောင့်ရယ်မသိ သူမစိတ်ထဲတွင် နားမလည်နိုင်သော ပျော်ရွှင်မှုတစ်ခု ပေါက်ထွက်သွားခဲ့သည်။
"အစ်မကြီး... အဲဲဒီလူတွေ အားလုံးလည်း သွားကုန်ပြီ ကျွန်မတို့လည်း သွားကြရအောင်"
ထျန်းရှား သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး။
"ကောင်းပြီ သွားရအောင်"
လူအုပ်စုများထဲတွင် လုရွှမ်က နယ်ပယ် အနိမ့်ဆုံးဖြစ်သည်။ သို့သော် လုရွှမ်ရဲ့ ပြေးနှုန်းသည် အလွန်လျင်မြန်လွန်းသဖြင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှာရှိတဲ့ သခင်ထက်ဝက်ကျော်ကို ကျော်တက်သွားရာ လူတိုင်းကို အလွန်အမင်း စိတ်ရှုပ်ထွေးသွားစေသည်။
သူမမျက်လုံးထဲက အကြည့်တွေကလည်း မထီမဲ့မြင်ပြုချင်တဲ့ အရိပ်အယောင်များ လျော့နည်းလာ၏။ ဒီကောင်လေးက တော်တော်ချောပါသည်။ ဒါပေမဲ့ သူက ကြာပန်းဖြူလေးနဲ့ တူနေရာ တခြားသူတွေကို တကယ်တိုက်နိုင်ပါ့မလား။ စဥ်းစားကြည့်တော့လည်း ဒီကောင်လေးက သိပ်မရိုးရှင်းသလိုပါပဲ။
ရန်သူကို မရိုက်နိုင်ရင်တောင် အနည်းဆုံးတော့ လွတ်မြောက်အောင် ထွက်ပြေးနိုင်မယ့်ပုံပဲ။
မိခင်မြစ်နားကို ပြန်ရောက်လာခဲ့ပြီ။ လုံးဝ ပျက်စီးသွားသော မိခင်မြစ်ကို ကြည့်ရင်း လုရွှမ်သည် သူ့နှလုံးသားထဲတွင် ဝမ်းနည်းသွားသလို ခံစားလာခဲ့ရသည်။
"နင်က ဘာဖြစ်နေတာလဲ? မြစ်ငယ်လေး တစ်စင်းပဲလေ"
ထျန်းရှားက အော်လိုက်သည်။ လုရွှမ်ကို သူမ ဘာကြောင့် အထင်ကြီးနေရတာလဲ သူမကိုယ်တိုင်လည်း မသိပါဘူး။ ဒါပေမဲ့ မြစ်ငယ်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေပုံကြောင့် ဒီကောင်က နည်းနည်းတော့ ခံစားလွယ်လွန်းတယ်လို့ ထင်မိလာသည်။
ထျန်းရှား မျက်လုံးများထဲက မကျေနပ်မှုများကို မြင်လိုက်ရသော်လည်း လုရွှမ် သူမကို အပြစ်တင်ရန် ရည်ရွယ်ချက် မရှိပေ။ အရင်တုန်းကဆိုရင် သူလည်း အဲ့လိုပဲ တွေးခဲ့ဖူးတယ် မဟုတ်လား။
နိမိတ်လက္ခဏာများ ပေါ်လာပြီး ဖျက်ဆီးခံရတော့မည့် အချိန်မှသာ လူတို့သည် လွဲချော်ခဲ့သောအရာနှင့် အမှားလုပ်မိတာတွေကို သိနိုင်ပေလိမ့်မည်။
"အဲဒါကိုတွေ့လား? အဲဒီကျောက်ပြားပဲ"
ထျန်းရှားက ဆိုသည်။
"အဲဒါပေါ်မှာ ဘာအတိအကျ ရေးထားလဲတော့ မသိဘူး ကောက်ကောက်ကွေးကွေးနဲ့ ဘာသင်္ကေတလဲ မသိဘူး"
လုရွှမ် ထိုကျောက်ပြားကို သတိပြုမိနေပြီ ဖြစ်သည်။ ဆခြားသူများ မြင်ရပုံနှင့် မတူဘဲ သူသည် ကျောက်တုံးကြီးပေါ်က "နတ်တောင်" ဟူသော စကားလုံးနှစ်လုံးကိုသာ မြင်နေရသည်။
ဤလူများ၏ ကျင့်ကြံမှု အဆင့်သည် နိမ့်ပါးလွန်းပြီး သူတို့၏ အသိပညာသည်လည်း သဘာဝကျကျ နိမ့်ပါးလွန်းလှသည်။ ၎င်းတို့သည် သင်္ကေတများ မဟုတ်ဘဲ နိယာမလိုင်း၏ ပြေးမှတ်များဖြစ်ပြီး ၎င်းတို့သည် အလေးနက်ဆုံးသော လိုင်းများ ဖြစ်သည်။
ထိုအချိန်က လုရွှမ် တိမ်ပင်လယ်နယ်မြေ အပြင်ဘက်ရှိ ထျန်းဝိုက်စွေ့ကမ္ဘာတွင် မြင်ခဲ့ရသော လေပြင်းနိယာမ ကျောက်ပြားသည် ဤတစ်ခုနှင့် ယှဥ်ရန် ဝေးကွာနေသေးသည်။
လုရွှမ် နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။ နတ်တောင်တန်းကို သူ တစ်လျှောက်လုံး ရှာဖွေနေခဲ့သည်။ ၎င်းကို ဤနေရာမှာ ဖုံးကွယ်ထားလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ပေ။
အရွက်သုံးရွက် ဝိညာဉ်မြက်ကို စောစောကသာ ခူးဆွတ်ခဲ့လျှင် ဤကျောက်ပြားကို ရှာတွေ့နိုင်မလား။ လုရွှမ်ကတော့ ဘယ်တော့မှ ရှာတွေနိုင်မှာ မဟုတ်ကြောင်း သေချာသိပါ၏။
သူ့ဘေးက ထျန်းရှားကတော့ အနီးနားက အင်အားစုတွေကို မိတ်ဆက်ပေးနေပြီ။
"ဒါက အရှေ့ဘက်က ကျားဂိုဏ်း... ဂိုဏ်းခေါင်းဆောင်ကို ဟူရှောက်လို့ ခေါ်တယ် နင်တွေ့လား? သူက သန်မာတဲ့ နောက်ကျောနဲ့ ခါးသန်တဲ့လူပဲ ဒဏ္ဍာရီအရတော့ သူ့ရဲ့ ခွန်အားက သူတော်စင်တစ်ပိုင်း အဆင့်၂ ရောက်နေပြီတဲ့... အရမ်းအထင်ကြီးစရာ ကောင်းတယ် ငါကတော့ သူ့ကို မယှဉ်နိုင်ပါဘူး"
"အနောက်ဘက်မှာ ပါးဟုဂိတ် ရှိတယ် သူတို့ရဲ့ ခွန်အားက သာမန်ပဲဆိုပေမယ့် သူတို့က ဒီနေရာမှာ အိမ်ရှင်တွေဆိုတော့ လူများတယ် ပြီးတော့ ပါးဟုဂိတ် ခေါင်းဆောင်က အရမ်းထူးဆန်းတဲ့ ကျင့်စဥ်ကို ကျင့်ထားတယ်လို့လည်း ကောလဟာလတွေ ထွက်နေတယ်....သူက ရန်သူတွေရဲ့ အသက်စွမ်းအင် စုပ်ယူနိုင်တယ်... သူ့ရဲ့ စွမ်းရည်က အရမ်းကို ဆိုးရွားတယ် ဒီနယ်ပယ်မှာတော့ သူက နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတယ်"
"အရှေ့ဘက်မှာဆို တစ်ယောက်နဲ့ တစ်ယောက် ဘာမှမဆိုင်သလို ဂရုမစိုက်ဘူး ထင်ရတဲ့ လူတစ်စုရှိတယ်.... ဒီမှာဘာလုပ်နေတယ် ဆိုတာကို ဂရုမစိုက်ဘူး သူတို့ရဲ့ဂိုဏ်းကို ကြားနေ လို့ခေါ်တယ် သူတို့နာမည်ကို နားထောင်လိုက်ရင်ကို သူတို့က ကြောင်သူတော် လူမျိူးဆိုတာ သိလိမ့်မယ်"
"သူတို့မှာ လူအင်အားအများကြီး မရှိပါဘူး ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားတွေကတော့ ထူးထူးခြားခြားပဲ အဆိုးဆုံးက အသေအကြေ တိုက်ဝင်နိုင်တဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၇ အထက် သခင်တွေ ရှိနေတာဆိုတော့ သူတို့က လျှော့တွက်လို့မရတဲ့ အင်အားစုတွေပဲ"
"နောက်ဆုံး မြောက်ဘက်မှာ ဘယ်သူတွေလဲတော့ မသိဘူး...ဖြူကောင်ကတော့ နောက်ဆုံးအဖွဲ့ထဲက လူပဲ"
လုရွှမ်သည် ဤနေရာတွင် ဖြူကောင်၏အမည်ကို ကြားရမယ်လို့ မထင်ထားတာကြောင့် ထိတ်လန့်သွားရပြန်သည်။ သူတို့အဖွဲ့ထဲကလူမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသောကာလကို ရောက်ရှိနေကာ သူတော်စင်တစ်ပိုင်း နယ်ပယ်ထဲသို့ ဝင်ရောက်လုဆဲဆဲ ဖြစ်သော တန်ခိုးကြီးမားသည့် ပုဂ္ဂိုလ်ဖြစ်သည်။
"သခင်မလေး ဒီကျွန်အိုကြီး ခန့်မှန်းတာ မှန်ရင် သူတို့က အပြင်ကလူတွေပဲ ဖြစ်မယ်... မကြာသေးခင်ကမှ လူတော်တော်များများ ဒီကို ရောက်လာကြတယ်လို့ ကြားတယ် ဒီလူတွေက အရမ်းရက်စက်ပြီး တစ်ယောက်ယောက်ကို ရှာနေပုံပဲ... ကျုပ်တို့ ဝင်မပတ်သက်ရအောင်"
ထျန်းရှားကတော့ မာနကြီးပြီး ဒေါသကြီးနေဆဲပါပဲ။
“အဲဒီလူတွေ ဘယ်ကလာတယ်ဆိုတာ ငါ ဂရုမစိုက်ပါဘူး... ငါ့နယ်မြေကို လာရင်တော့ သူတို့က နဂါးဖြစ်ရင် ငါ့ကို ချည်နှောင်ထားနိုင်လိမ့်မယ်... ဒါပေမဲ့ ကျားဆိုရင်တော့ ငါခိုင်းတဲ့အတိုင်း လိုက်လုပ်ရမယ်”
လုရွှမ် ရယ်မောလိုက်သည်။
"လုရွှမ် အဲဒီကျောက်ပြားကို လိုချင်လား?"
ထျန်းရှား ရုတ်တရက် မေးလိုက်သည်။
သူမ ပါးစပ်ထောင့်က အပေါ်ကို ကွေးညွတ်နေပုံမှာ ကိုယ့်ကိုကိုယ် ကျေနပ်နေတဲ့ အပြုအမူမျိုးပင်။ သဘောက 'နင့်အကြံအစည်ကို ဟိုးအရင်ကတည်းက ငါတွေ့ထားပြီးပြီ ငါနင့်အကြံကို ရှင်းရှင်းလင်းလင်း မြင်သွားပြီ' ဆိုတဲ့ အဓိပ္ပာယ် မျိုးပါပဲ။
လုရွှမ်လည်း ဖုံးကွယ်မထားတော့လဲ ပြုံးပြီး ပြောလိုက်သည်။
"တကယ်တော့ ဒီကျောက်ပြားက ငါ့အတွက် အရမ်း အရေးကြီးတယ်... ဒီကျောက်ပြားအတွက်ပဲ ငါ ဒီကိုလာခဲ့တာ"
"မျှော်လင့်ထားသလိုပဲကိုး.. အဲဒီကျောက်ပြားက ဘာလဲ"
လုရွှမ် ခဏလောက် စဉ်းစားနေပေမယ့် ကံကောင်းထောက်မစွာပဲ သူက ဒီဇာတ်လမ်းကိုပြောပြလိုက်သေးသည်။
"ဒီစာကြောင်းတွေက နိယာမလိုင်းတွေရဲ့ အလေးနက်ဆုံး အရာတွေပဲ.. ဒီကျောက်ပြားပေါ်မှ နတ်တောင်တန်းလို့ နာမည်ပေးထားတာက မှော်ဆန်ပြီး အစွမ်းထက်ဆုံး မှော်လက်နက်လိုမျိုးပဲ"
လောကဘဏ္ဍာ အကြောင်းပြောပေမယ့် သူတို့ရဲ့ နယ်ပယ်က နိမ့်ပါးလွန်းတာကြောင့် လုံးဝ နားမလည်ကြချေ။
"မှော်လက်နက်လား?"
ထျန်းရှား အော်ဟစ်လိုက်ပြီး သူ့လူအားလုံးရဲ့ မျက်လုံးတွေကလည်း တောက်ပလာခဲ့သည်။
"ဟုတ်တယ် မှော်လက်နက်တစ်ခုပဲ.. ဒါပေမဲ့ အဲဒါကို မစဉ်းစားဖို့ အကြံပေးချင်တယ် အဲဒီ မှော်လက်နက်အတွက် လိုအပ်ချက်တွေက အရမ်းများတော့ မင်းရရင်တောင် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး အဲဒါက ပြဿနာပဲ ဖြစ်လာစေလိမ့်မယ်"
ထျန်းရှားက မယုံမကြည် ဖြစ်နေကာ။
"ငါတို့ အစွမ်းအစက ညံ့တယ်လို့ ပြောနေတာလား? နင်ငါတို့ကို လှည့်စားနေတာလား ဘယ်သူသိမှာလဲ? ဒါပေမဲ့ နင့်ရဲ့ အစွမ်းအစက ငါတို့ထက်တောင် ပိုဆိုးနေသေးတယ်လေ"