← Chapters

အဆိုပြုချက်

Vol. 80 Ch. 4.706

အဆိုပြုချက်

Vol. 80 Ch. 4.706

စကားပြောလာတဲ့ သူကတော့ ဘေးကနေကြည့်နေတဲ့ ကြားနေအဖွဲ့ကလွဲလို့ တခြားသူ မဟုတ်ချေ။

လုရွှမ် သူ့နှုတ်ခမ်းတွေကို မသိစိတ်က ကောက်ကွေးမိလိုက်သည်။ ဒီနာမည်က တကယ်အတုပဲ။ ဒီလိုကွင်းထဲကို ဝင်လိုက်တာနဲ့ ကိုယ့်ကိုကိုယ် ကူညီနိုင်တဲ့ ကိုယ့်အကျိုး စီးပွားအတွက် ဘယ်လိုလုပ် ကြားနေနိုင်မှာလဲ။

ကျားဂိုဏ်းခေါင်းဆောင် ဟူရှောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆိုလိုက်သည်။

“ဘာလဲ ... မင်းရဲ့ ကြားနေမဏ္ဍပ်က ကြားမနေနိုင်တော့ဘူးလား? ဟမ့် ငါကမင်းကို ဝင်စွက်ဖက်လာမှာကို စောင့်နေတာ... လာစမ်းပါ”

ပါးဟုဂိတ်မှာ ထို​လူနှစ်ယောက်ကို သတိထားနေပုံရသည်။

“စိတ်မပူပါနဲ့ ခေါင်းဆောင်ဟူရှောက်နဲ့ ခေါင်းဆောင်ချောင်ချီ...ကျုပ်က အကြံတစ်ခု ပေးမလို့ပါ... ခင်ဗျား တို့နှစ်ယောက် သဘောတူမလား မတူဘူးလားဆိုတာတော့ ကိစ္စမရှိပါဘူး”

ကြားနေအဖွဲ့၏ သခင်သည် သူ့ကိုယ်သူ ဆရာကြီးယိုးရန် ဟုခေါ်ပြီး ခေတ်မမီသောပုံစံဖြင့် ပြောဆိုတတ်သော အဘိုးကြီးဖြစ်သည်။ ထို့အပြင် ဤစကားများသည် သူတို့နှစ်ဦးကို ရှင်းရှင်းလင်းလင်း ရန်စနေတာ ဖြစ်ပြီး ဟူရှောက်နဲ့ ချောင်ချီတို့သည် ချက်ချင်းပင် ပါးပြင်များ တုန်ယင်လာလေသည်။

ဤနေရာသည် သူနှင့် ဟူရှောက်၏ နယ်မြေဖြစ်သည်။ အခြားနေရာများက ဖြစ်သည့် ကြားနေအဖွဲ့ကို သူတို့ အလေးအနက် မထားခဲ့ကြပေ။ အခု ဒီလူကြီးက တကယ်ကြားဝင်ချင်နေတာလား။

“ခေါင်းဆောင်ဟူရှောက်ကို အရမ်းသဘောတူ​စေချင်တဲ့ စကားတစ်ခွန်း ရှိတယ်... အဲဒါက သီလရှိသူတွေက ရတနာကို သိမ်းဆည်းနိုင်တယ် ဆိုတဲ့ စကားကို အကြံပြုချင်တာပါပဲ လူတိုင်းကို စမ်းသပ်ကြည့်ဖို့ အကြံ​​ပေးချင်တယ်... ဒီကျောက်ပြားရဲ့ သဘောတူညီချက်ကို ဘယ်သူမဆို ရနိုင်တယ်... သူ အသိအမှတ်ပြုရင် သဘာဝအတိုင်း ကျောက်တုံး ပိုင်ရှင်ဖြစ်မှာပဲ... ကျုပ်တို့အားလုံး မတတ်နိုင်ရင် ဟားဟား အဲဒါက ကျုပ်တို့ ဒီမှာဆက်နေဖို့ ခွင့်​ပြုမှာ မဟုတ်ဘူး ဟုတ်တယ်ဟုတ်? ခင်ဗျားနဲ့ ခေါင်းဆောင်ချောင်ချီလည်း ပြောစရာရှိရင် ပြောကြည့်ကြပါ”

ဟူရှောက်သည် ချောင်ချီအား တစ်ချက် လှမ်းကြည့်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော လူလှိုင်းလုံးများနှင့် ကြားနေအဖွဲ့တို့ကို လှမ်းကြည့်ရင်း သူတို့မျက်လုံးများက အနည်းငယ် စိတ်ရှုပ်ထွေးနေဟန် ရှိသည်။ ဤစကားလုံးများသည် ကြားနေအဖွဲ့၏ ထင်မြင်ယူဆချက် တစ်ခုတည်း မဟုတ်ဘဲ ဤလျှို့ဝှက်ဆန်းကြယ်သော လူအုပ်စု၏ သဘောထားလည်း ပါကြောင်း သူတို့နှစ်ဦးလုံး ချက်ချင်းနားလည် သဘောပေါက်ကြသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော လူအုပ်စုသည် စကားမပြော၊ မလှုပ်မရှားဘဲပင် ခပ်ဝေးဝေးမှာ ရပ်ပြီး အရာအားလုံးက သူတို့နဲ့မဆိုင်သလို အေးစက်စက်နဲ့ ရပ်ကြည့်နေကြသည်။ သို့သော် ထိုလျစ်လျူရှုမှုမျိုးသည် နှလုံးသားထဲကနေတောင် မြင်နေရသောကြောင့် လူများကို တိတ်တဆိတ် ထိတ်လန့်စေသည်။

ထိုစဥ် ပါးဟုဂိတ် ခေါင်းဆောင် ချောင်ချီက ဆို၏။

“ဟုတ်တယ် ကျုပ်မှာ ကန့်ကွက်စရာ မရှိပါဘူး... ခေါင်းဆောင်ဟူရှောက်ရဲ့ သဘောထားကရော?”

ဟူရှောက်သည် သူ့ရှေ့ရှိ ပြိုင်ဖက်ဟောင်း၏ ဆိုလိုရင်းကို နားမလည်ဘဲ ထိုလူက အခြေအနေကို ကြောက်ရွံ့ပြီး သူ့ကို ဦးဆောင်ခိုင်းရန် လိုလားနေသည်ဟု တွေးလိုက်သည်။

သူ့ရဲ့ မျက်ခုံးမွှေးတွေပေါ်မှာ အထင်အမြင်သေးမှု အရိပ်အယောင်တွေက ပေါ်ထွက်လာသည်။ သူ့အမြင်အရတော့ ပါးဟုဂိတ်ဟာ တွန့်တိုလွန်းပြီး ကျေးဇူးတရား ကင်းမဲ့လွန်းပါ၏။ သူတို့ရဲ့ ကျားဂိုဏ်းလောက် နာမည်မကြီးရတာ မဆန်းတော့ချေ။

ကျားဂိုဏ်း ခေါင်းဆောင်ဟူရှောက်က လူအုပ်ကြီးကို တစ်ချက် အကဲခတ်လိုက်ကာ။

“သီလရှိသူက ရတနာကို ရယူနိုင်တယ်... ကောင်းပြီ ဒါဆိုရင်တော့ သီလရှိတဲ့ကို ဒီကျောက်ပြားက အသိအမှတ် ပြုနိုင်မလားဆိုတာ မတ်တတ်ရပ်ပြီး ကြည့်နိုင်ပါတယ်”

လက်ခုပ်သံများ ထွက်ပေါ်လာပြီး ဆရာကြီးယိုးရန်က ဝင်ဆိုလေသည်။

“ကျားဂိုဏ်းရဲ့ ခေါင်းဆောင်က မျှော်လင့်ထားသလို ကြီးစိုးတတ်တာပဲ... အားလုံးလည်း ကြားပြီဆိုတော့ ဘာကို စောင့်နေတာလဲ တက်ပြီး စမ်းသပ်ကြည့်ကြလေ”

ဟူရှောက်ကတော့ ထိုအဘိုးကြီးဟာ မျက်စောင်းထိုးကာ လျစ်လျူရှုလိုက်သည်။

ထို့နောက် ကြားနေအဖွဲ့ထဲက လူတစ်ယောက် ထွက်လာသည်။ သူက ချောမောပြီး ငယ်ရွယ်ပေမယ့် သူ့ရဲ့ခွန်အားက သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်ပြီး ပြီးပြည့်စုံသောကာလကို ရောက်လုနီးပါး ဖြစ်နေပါပြီ။ သူ့ရဲ့ အရည်အချင်းက ထူးထူးခြားခြား ဖြစ်နေတယ်ဆိုတာ သိသာပါ၏။

ဒီလူငယ်က တော်တော် နာမည်ကြီးပုံရသည်။ လူငယ်လေး ပေါ်လာတာကို မြင်တော့ ဟူရှောက် ထိတ်လန့်သွားသည်။ ဒီလူငယ်လေးရဲ့ နာမည်ကတော့ ချန်ကျန်းပါပဲ။ သူ့မှာ ထူးထူးခြားခြား စွမ်းရည်တွေ ရှိပြီး ဝိညာဉ်သခင်လည်း ဖြစ်တယ်လို့ ဆိုကြပါသည်။

သူကတော့ ဝိညာဉ်သခင်နဲ့ ကိုယ်ခံပညာ နှစ်ခုစလုံးကို ကျွမ်းကျင်တဲ့ သူတစ်ယောက်ပဲ။ သူ့မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှာသာ ရှိသော်လည်း သာမန် သူတော်စင်တစ်ပိုင်းတွေက သူ့အတွက် ပြိုင်ဘက် မဟုတ်ချေ။

အထူးသဖြင့် ဤသူသည် ဆရာကြီးယိုးရန်ရဲ့ တပည့်လည်း ဖြစ်နေသေးသည်။

သို့သော် ချန်ကျန်းသည် ကျောက်​ပြား၏ ၃ ပေအကွာသို့ ဖြည်းညှင်းစွာ လျှောက်သွား​နေတာကို မြင်လိုက်ရတော့ ဆရာကြီးယိုးရန်ရဲ့ မျက်နှာက လေးလံလာသည်။

“ချန်ကျန်းကို ကျောက်ပြားက အသိအမှတ် ပြုနိုင်မယ်လို့ ထင်လား?”

ထျန်းရှား မေးလာတော့ လုရွှမ် မဆိုင်းမတွ ခေါင်းခါလိုက်သည်။ ဒီကျောက်ပြားက ယုတ်ညံ့တဲ့ ရတနာတစ်ခုလို တကယ် ထင်​နေ​ကြတာလား။ ဤနတ်တောင်တန်းကို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကောင်လေးတစ်ယောက်ပင်လျှင် ရနိုင်ပါက နတ်တောင်တန်း အစစ်ဟုတ်ရဲ့လားလို့ သူ သံသယ ဝင်မိလိမ့်မည်။

ချန်ကျန်းသည် ရှေ့သို့ တိုးလာပြီးနောက် ဝင်လာသော တွန်းအားအတိုင်း လျင်မြန်စွာ လွှင့်ပစ်ခံလိုက်ရသည်။

လုရွှမ်မှလွဲ၍ ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။ ဏတာအတွင်း ကျယ်လောင် ကြမ်းတမ်းသော ရယ်မောသံများ ထွက်ပေါ်လာ၏။ အထူးသဖြင့် ကျားဂိုဏ်းက လူတွေရဲ့ အသံက အကျယ်ဆုံးပင်။

“ဟားဟားဟား... ကောင်လေး လူအိုယိုးရန်က မင်းကိုလေ့ကျင့်ပေးဖို့ ကြိုးစားအားထုတ်မှု အားလုံးကို မြှုပ်နှံခဲ့တာ... တံခါးပိတ်ကျင့်ကြံပြီး ထွက်လာတဲ့ ရလဒ်ကတော့ ရှက်စရာကောင်းချက်ပဲ.... ဟားဟားဟား”

ဟူရှောက်က အကျယ်ကြီး ရယ်မောလိုက်ပြီး အလွန်မောက်မာစွာ ဆို​လေသည်။ ဆရာကြီးယိုးရန်ရဲ့ မျက်နှာမှာလည်း မည်းမှောင်နေပြီး သူ့တပည့်ကို စိုက်ကြည့်နေ၏။

ချန်ကျန်းသည် မြေပြင်မှထကာ ခေါင်းကိုငုံ့ထားလေသည်။ မျက်နှာသည်လည်း အလွန်အမင်း နီရဲသွားကာ အလွန်ရှက်ရွံ့နေမှန်းလည်း သိသာသည်။

“မင်းအဲဒီမှာရပ်ပြီး ဘာလုပ်နေတာလဲ? ပြန်လာလဲ့!”

ဆရာကြီးယိုးရန်က အော်လိုက်ပြီး သူ့မျက်လုံးကို တခြားသူတွေဆီ ရွှေ့လိုက်သည်။ ချန်ကျန်းမှာလည်း လူအုပ်ထဲ ဝင်ရောလိုက်ပေမယ့် တခြားသူတွေကို မကြည့်ရဲချေ။

“ရှောင်ရူ.... မင်းသွား!”

ဆရာကြီးယိုးရန်က မိန်းကလေး တပည့်ကို လက်ညှိုးထိုးပြပြီး အော်လိုက်သည်။

ရှောင်ရူသည် ရှက်ရွံ့သောအကြည့်ဖြင့် ညည်းညူမိသော်လည်း ဆရာကြီးယိုးရန်ရဲ့ အရိပ်အယောင်အောက်တွင် အမိန့်ကို မလွန်ဆန်ရဲချေ။ သူမသည် အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးကာ ကျောက်​ပြားကြီးဆီသို့ ရောက်လာ၏။ ထို့နောက် သတိကြီးကြီးဖြင့် ပထမခြေလှမ်းကို လှမ်းလိုက်သည်။

“ပျံသန်းလိုက်တော့!”

ကျားဂိုဏ်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဆရာကြီးယိုးရန်က သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ဟူရှောက်ကလည်း ဂုဏ်ယူစွာ ပြန်ကြည့်လိုက်သည်။

ဒါပေမဲ့ ရှောင်ရူလို့ အမည်ပေးထားတဲ့ တပည့်မလေးဟာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားအောင် မလုပ်နိုင်ခဲ့ဘဲ သူမရဲ့ ညာဖက်ခြေဖဝါးဟာ မြေပြင်ပေါ် ခိုင်မြဲစွာ ဆင်းသက်ခဲ့ပြီး သူမခန္ဓာကိုယ်တောင် မတုန်လှုပ်သွားခဲ့ချေ။

ဆရာကြီးယိုးရန် ရယ်မောနေသော်လည်း ဟူရှောက်နဲ့ ချောင်ချီတို့ကတော့ တုန်လှုပ်သွားကြသည်။

“ဟမ့် ငါပြောသားပဲ... ရတနာတွေက သီလရှိတဲ့သူတွေအတွက်ပဲလို့... ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ယုတ်မာတဲ့သူတွေအတွက်တော့ အစွမ်းကုန် ကြိုးစားရင်တောင် အလကားပဲ။”

ဟူရှောက်က အံကြိတ်ပြီး “လူအိုကြီး... ခင်ဗျားဘာတွေ မာနကြီးနေတာလဲ? အခုမှ ခြေတစ်လှမ်းပဲ ရှိသေးတာ ခင်ဗျားမှာ သတ္တိရှိရင် ရှေ့ကို လှမ်းလိုက်လေ... ခင်ဗျား အနားကပ်လာတာနဲ့ ကျောက်ပြားက သေသေချာချာ ဂရုစိုက်​ပေးလိမ့်မယ်!”

“မှန်တယ်...အခုမှ ခြေတစ်လှမ်းပဲ ရှိသေးတာကို ဘာလို့ ဒီလောက် မာနကြီးနေတာလဲ”

ဤအချိန်တွင် ထျန်းရှားလည်း တုန်လှုပ်သွားခဲ့သည်။ သူမသည် ကြားနေအဖွဲ့ကို အလွန်အမင်း မထီမဲ့မြင် ပြုခဲ့သော်လည်း ယခင်အဆိုပြုချက်ကို အလွန်ထောက်ခံခဲ့သည်။

သို့သော်လည်း ယခုတွင် ဤတပည့်မသည် အမြတ်နှင့်အရှုံးကို ချက်ချင်းပင် စိုးရိမ်စေသည့် ကျောက်ပြားကို ရယူနိုင်သွားရင် ဘယ်လိုလုပ်မလဲ။ သူမလည်း ဒီကျောက်ပြားကို လိုချင်သည်။

ထျန်းရှား လုရွှမ်ကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

“သူမ အောင်မြင်နိုင်မယ်လို့ ထင်လား”

လုရွှမ် ပြုံးပြီး “မဖြစ်နိုင်ဘူး မင်းလည်း လိုချင်လို့လား?”

“ငတုံး နင်က​ရော မလိုချင်ဘူးလား”

“လိုချင်တယ်! ဒါပေမဲ့ မင်းတို့လိုချင်တဲ့ ပုံစံမျိုးနဲ့တော့ မတူဘူး”

ထျန်းရှား ပွစိပွစိ ပြောလိုက်ပေမယ့် သူမ စိတ်အေးလက်အေးနဲ့ သူ့ပတ်ဝန်းကျင်က လူတွေနဲ့ ဆွေးနွေး​​နေခဲ့သည်။ သိပ်မကြာခင်မှာပဲ သူတို့လည်း အဲဒါကို စမ်းကြည့်ဖို့ တက်လာခဲ့ကြသည်။

ရှောင်ရူ အမည်ရသော တပည့်မ​လေးသည် နောက်တလှမ်း လှမ်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး တတိယခြေလှမ်းကို လှမ်းလိုက်သောအခါတွင် သူမ လုံးဝ လွင့်သွားလေသည်။

“ဟား ဟား ဟား!”

ဟူရှောက်နဲ့ ချောင်ချီတို့သည် အပျော်ဆုံး ဖြစ်တာကြောင့် အကျယ်ကြီး ရယ်မောလိုက်၏။

ဆရာကြီးယိုးရန်သည် ယခုအခိုက်အတန့်တွင် ပိုမိုတည်ငြိမ်လာပြီး ထိတ်လန့်နေသော တပည့်မ​လေးကိုပင် နှစ်သိမ့်ပေးခဲ့သည်။ ဂိုဏ်းခေါင်းဆောင်နှစ်ဦး၏ မျက်လုံးများကို ကြည့်ကာ သူက ဂုဏ်ယူစွာ ပြောလာ၏။

“ငါကိုယ်တိုင် လာမယ်!!”

All Chapters