ပေါ်လာပြီ
Vol. 80 Ch. 4.707
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ဟူရှောက်နှင့် ချောင်ချီတို့ တုန်လှုပ်သွားကြသည်။ ယခုအချိန်မှာတော့ ဆရာကြီးယိုးရန်သည် ကျောက်ပြားအရှေ့က သုံးပေအကွာကို ဖြည်းညှင်းစွာ လျှောက်သွားကာ အသက်ပြင်းပြင်းရှူကာ လှမ်းလိုက်သည်။
သူ့ခြေဖဝါးတွေက မြေပြင်ကို မထိခင်မှာပဲ ခန္ဓာကိုယ်က ရုတ်တရက် နောက်ပြန်ပြုတ်ကျပြီး လွင့်ထွက်သွားတော့သည်။
သူတော်စင်တစ်ပိုင်း တတိယအဆင့်၏ အင်အားဖြင့် သူသည် သူခန္ဓာကိုယ်ဟန်ချက်ကို လုံးဝ မထိန်းနိုင်ဘဲ အဝေးသို့ ပြေးလွင့်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
နောက်ထပ် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြန်သည်။
ကျားဂိုဏ်းနှင့် ပါးဟုဂိတ်တို့၏ ကဲ့ရဲ့ခြင်းများသည် အလွန်ကြမ်းတမ်းပါသည်။ ကြားနေအဖွဲ့မှ တပည့်များအားလုံး အော်ဟစ်ငေါက်ငေါ့ကာ ထွက်လာကြပြီး မြင်မြင်ချင်းပင် တိုက်ပွဲစတင်တော့မည့်နှယ် လေထုက ကြမ်းတမ်းသွားသည်။
ဆရာကြီးယိုးရန်က အလွန်အရှက်ကွဲပြီး ပြန်လာသော်လည်း သူ့တပည့်များကိုတော့ ရပ်ခိုင်းလိုက်သည်။
“ဒီကျောက်စာက တကယ်ကို မှော်ဆန်ပုံရတယ်... ကျင့်ကြံမှုတွေ အရည်အချင်းတွေနဲ့ ဘာမှမဆိုင်ဘူး... အားလုံးတက်ပြီး စမ်းကြည့်လို့ရတယ် ဘယ်သူမဆို အဲဒီကျောက်ပြားရဲ့ သဘောတူညီချက်ကို ရနိုင်ရင် ဒါမှမဟုတ် ခြေတစ်လှမ်းအတွင်းမှာတောင် ရနိုင်ရင် ငါ့တပည့်အဖြစ် လက်ခံမယ်!”
ကြားနေအဖွဲ့ရဲ့ တံခါးအောက်က တပည့်တစ်စုမှာ ရုတ်တရက် ပူလောင်နေတဲ့ မျက်လုံးအရောင် ထွက်လာပြီး တပြိုင်နက်တည်း လူတစ်ဒါဇင်ကျော်လောက် ပြေးထွက်လာကာ ကျောက်တုံးကြီးကို ကာရံကာ အရပ်ရပ်ကနေ ချဉ်းကပ်လာကြပါတော့သည်။
အကြိမ်ကြိမ် တွေ့ရပြီးနောက် အံ့ဩစရာတော့ မရှိတော့ပေ။ ဘယ်သူမှ ခြေတစ်လှမ်းတောင် မလှမ်းလိုက်ရ တစ်ယောက်ပြီး တစ်ယောက် လွှင့်ပစ်ခံလိုက်ရသည်။
အုပ်စုတစ်စု ဆင်းလာပြီး နောက်တစ်စုကလည်း ချီတက်လာသည်။
ပထမတော့ ကျားဂိုဏ်း နှင့် ပါးဟုဂိတ်တို့သည် ကျယ်လောင်စွာ ရယ်မောနေကြဆဲ ဖြစ်သော်လည်း တဖြည်းဖြည်း ပါးစပ်ပိတ်ကာ စေ့စေ့ကြည့်နေကြသည်။
သိပ်မကြာခင်မှာပဲ ကြားနေအဖွဲ့က တပည့်တွေ အားလုံးက အပေါ်ကနေ အောက်ကို စမ်းကြည့်ပေမယ့် ဘယ်သူမှ မအောင်မြင်သလို ခြေနှစ်ချောင်းနဲ့ လှမ်းနိုင်တဲ့သူ တစ်ယောက်တောင်မှ မအောင်မြင်ခဲ့ချေ။
“မင်းတို့တက်ပြီး စမ်းကြည့်ကြစမ်း... ကျောက်ပြားရဲ့ အသိအမှတ်ပြုမှုကို အဘယ်သူရနိုင်မလဲ? ရတဲ့သူက ငါ့ညီအကိုတွေနဲ့ တစ်နေရာတည်းမှာ ထားမယ်လို့ ငါကျိန်ဆိုတယ်!!”
ကျားဂိုဏ်းခေါင်းဆောင် ဟူရှောက်က အော်လိုက်သည်။ ကျားဂိုဏ်းက တပည့်များသည် မနာလိုဖြစ်နေပြီ ဖြစ်သော်လည်း ဟူရှောက် ပြောတာကို ကြားသောအခါ လူတစ်စုလုံး ပြေးထွက်သွားကြသည်။
နာရီဝက်အတွင်းမှာပဲ ကျားဂိုဏ်းက လူတွေအားလုံး ရှုံးသွားကုန်သည်။
“မင်းတို့ တက်သွားကြ!”
ပါးဟုဂိတ် ခေါင်းဆောင်ချောင်ချီကလည်း အော်၏။ ယခုအခိုက်အတန့်တွင် သူသည် ကံဆိုးခြင်းအကြောင်း ရင်ခုန်စိတ်မ၀င်စားတော့ဘဲ ဤကျောက်ပြားက အလွန်တရာ အံ့ဖွယ်ကောင်းတယ်လို့ သူ့စိတ်ထဲတွင်ပင် သဘောပေါက်ခဲ့ပြီ။
သူ့တပည့်များထဲက ဘယ်သူမှ မရနိုင်မှန်း သိသော်လည်း လက်မလျှော့ဘဲ ကြိုးစားချင်သေးသည်။ မကြိုးစားကြည့်ရင် ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။
နာရီဝက်မပြည့်မီတွင် သူတို့အားလုံးသည် ကျားဂိုဏ်းက လူတွေထက်ပင် ပို၍ ပွင့်ပွင့်လင်းလင်း ဆုတ်ခွာသွားကြရသည်။
“ခေါင်းဆောင် ကျောက်ပြားကိုယ်တိုင်က တစ်ခုခု မှားနေတာများလား?”
တစ်စုံတစ်ယောက်က ထအော်တော့သည်။ ချောင်ချီ အဲဒီလူကို နဖူးပေါ် ပိတ်ရိုက်ပြီး ပြောလေ၏။
“မင်း မလုပ်နိုင်တိုင်း တစ်ခုခု မှားနေပြီ လာလုပ်မနေနဲ့...”
တစ်ဖက်လူက ချော့မော့ချင်သော်လည်း ချောင်ချီရဲ့ မထီမဲ့မြင်ပြုသော အကြည့်ကြောင့် နောက်ပြန်ဆုတ်သွားသည်။
ထိုအချိန်တွင် ဘေးနားတွင် စောင့်ဆိုင်းနေသော လျှို့ဝှက်ဆန်းကြယ်သော လူများက စတင် ရွေ့လျားလာခဲ့သည်။ သူ့အရှိန်အဟုန်သည် ပျံ့နှံ့နှုန်းသည် ဟူရှောက်နဲ့ ချောင်ချီတို့ ထင်ထားတဲ့ နယ်ပယ်အထက်တွင် ရှိနေလေသည်။
ဤလူများ ချဉ်းကပ်လာသည်နှင့်အမျှ ကျားဂိုဏ်းနှင့် ပါးဟုဂိတ်သည် မထိန်းနိုင်ဘဲ ဆုတ်ခွာသွားကြသည်။ လျှို့ဝှက်ဆန်းကြယ်သော လူများ၏ အရှိန်အဟုန်သည် အလွန်ပြင်းထန်လှသည်။
ဟူရှောက်နဲ့ ချောင်ချီလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်သား တဖြေးဖြေး မတ်တပ်ထရပ်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူများကို အတူတကွ ကြည့်နေကြသည်။ နှစ်ဖက်စလုံးက အဖွဲ့ဝင်များသည်လည်း အတူတကွ စုရုံးကြပြီး ၎င်းတို့၏ ရပ်တည်ချက်ကို အပြုအမူများဖြင့် ဖော်ပြကာ ဤလျှို့ဝှက်ဆန်းကြယ်သော လူအုပ်စုကို ခြိမ်းခြောက်ချင်နေကြသည်။
သို့သော် လျှို့ဝှက်ဆန်းကြယ်သော လူများသည် ကျောက်ပြားကို စုဆောင်းရန်သာ ကြိုးစားနေကာ သူတို့အဖွဲ့အား လုံးဝကို လျစ်လျူရှုထားလေသည်။
အမြတ်အစွန်းများ ဆုံးရှုံးမှုများကို စိုးရိမ်နေချိန်တွင် ဟူရှောက်နဲ့ ချောင်ချီတို့သည် ထိုလျှို့ဝှက်ဆန်းကြယ်သော သူများ၏ လုပ်ရပ်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ကြသည်။ သို့သော် သူတို့လည်း ကျောက်ပြားကြီး၏ ခြေတစ်လှမ်း အကွာအတွင်းပင် မရောက်နိုင်ကြချေ။
“လာ တက်ကြရအောင်!”
ထျန်းရှား ရုတ်တရက် ထအော်ကာ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူမရဲ့ လူတစ်စုကိုပါ ကျောက်တုံးကြီးဆီသို့ လှမ်းခေါ်သွားခဲ့သည်။ ထျန်းရှား စိတ်မရှည်တော့တာ ထင်ရှားပေ၏။
လုရွှမ် ခဏမျှ တုံ့ဆိုင်းသွားကာ မလိုက်သွားခဲ့ချေ။ ဒီအင်အားစုတွေအပေါ် သူ စေတနာကောင်းတွေ ထားနေတာတော့ မဟုတ်ပါ။
စကားလုံးတွေ ဘယ်လောက်ပဲ ကျယ်ပြောနေပါစေ ဒီကျောက်ပြားက တခြားသူတွေကို ယူသွားခွင့်ပြုမှာတဲ့လား။ အခြေအနေ ပိုကောင်းရင် သူတို့ဂိုဏ်းနဲ့ ပူးပေါင်းလို့ရပေမယ့် အခြေအနေ ပိုဆိုးလာရင်တော့ လူကို သတ်ပြီး ရတနာတွေကို သိမ်းကြလိမ့်မည်။
လုရွှမ်သည် သူတို့ကြားက ဆက်ဆံရေးကြောင့် သူဟာ ထျန်းရှားကို အကူအညီပေးသူဟု တခြားသူတွေထင်ကာ လုပ်ကြံလာမှာကို မလိုလားပေ။
ထျန်းရှားသည် လုရွှမ် ရုတ်တရက် ပြန်ကြည့်ကာ တခဏမျှ တုံ့ဆိုင်းနေသော်လည်း ဘာမှပြန်မပြောဘဲ လူအုပ်စုကိုသာ ကျောက်တုံးကြီးဆီသို့ ပို့ဆောင်လိုက်သည်။
ဟူရှောက်သည် ထျန်းရှားနဲ့ သူ့အဖွဲ့ တက်လာတာကို ကြည့်ပြီး နှုတ်ဖျားမှာ ရယ်မောသံများ ထွက်ကျလာလေ၏။ တက်လာဖို့ သတ္တိရှိသေးတဲ့ လူတွေကို တုံးတယ်လို့ ပြောရမလား။
ဒါပေမဲ့ သူ့မျက်နှာပေါ်မှာတော့ ပြုံးပြဖို့ အပြင်းအထန် ကြိုးစားနေလေသည်။
“ကောင်းပြီ ဒီညီအကိုတွေလည်း အဲဒါကို စမ်းကြည့်နိုင်ပါတယ် ဒါကြောင့် အားလုံးလည်း စောင့်မျှော်ကြည့်ရှု နိုင်ပါတယ်”
ထျန်းရှားသည် ဟူရှောက် ပါးစပ်ထဲမှ ကဲ့ရဲ့သံတွေ၊ သူ့မျက်လုံးထဲက ဒေါသသံတွေကို မကြားချင်ယောင်ဆောင်ပြီး သူ့ကို လျစ်လျူရှုထားခဲ့သည်။ ပထမဆုံး ကျောက်ပြား အနားကို ရောက်လာပြီး စိတ်ငြိမ်သက်စွာနဲ့ ကျောက်ပြား ရှိရာဘက်ကို ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ခြေတစ်လှမ်း နှစ်လှမ်း ငါးလှမ်း ဆက်တိုက် လျှောက်လာရင်း ကျောက်စာတိုင်ရဲ့ ဆယ်ပေအကွာမှာ ရောက်နေပြီ။ လူတိုင်း၏ မျက်လုံးများ ဖြောင့်စင်းသွားကာ ထျန်းရှားကို အလွန်ပူလောင်သော အမူအရာဖြင့် ကြည့်နေကြသည်။
ဟူရှောက် မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွားကာ သွားများကို တင်းတင်းစေ့ထားလေ၏။ နံဘေးမှာ ချိတ်ထားတဲ့ ကြုံရာကျပန်း လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ထိ သွားနိုင်ရတာလဲ။
“ခေါင်းဆောင်က ဒီမိန်းမက တော်တော်လှတယ်နော်... သူက ခေါင်းဆောင်ရဲ့ အိပ်ယာဖော် ဖြစ်ထိုက်တယ်... ခေါင်းဆောင် ဘယ်လိုထင်လဲ?”
ဟူရှောက်ရဲ့ လက်အောက်ငယ်သား တစ်ယောက်က တိတ်တိတ်လေး အကြံပေးလာလေသည်။ ထိုအခါ ဟူရှောက် မျက်လုံးများ တောက်ပလာပြီး သူက ရယ်မောလိုက်သည်။ တစ်ဆက်တည်း သူက ရှုပ်ပွနေသော မုတ်ဆိတ်မွေးများကို ပွတ်သပ်၍ ပြောလေသည်။
“မှန်တယ် မှန်တယ်”
လုရွှမ် လျှို့ဝှက်စွာ ထိတ်လန့်သွားသည်။ ထျန်းရှားရဲ့ လက်အောက် ငယ်သားများကတော့ ယခု အခိုက်အတန့်တွင် သူတို့အားလုံး ရွှင်မြူးပြီး စိတ်လှုပ်ရှားနေကြသည်။
ထျန်းရှားသည် ခြေလှမ်းများစွာ လှမ်းနိုင်မည်ဟု မမျှော်လင့်ထားပေ။ သူမ မြင်လိုက်ရသော ကျောက်ပြားသည် သူမရှေ့တွင် ရှိနေပြီမလို့ ထျန်းရှား လျင်မြန်စွာ ကျော်တက်သွားပြန်သည်။
ဒါပေမဲ့ ဒီတစ်ခါတော့ တစ်ခုခုမှားသွားသလို စွမ်းအင်တစ်မျိုးက သူမ ခြေထောက်ပေါ်ကို တက်လာသလိုမျိုး သို့မဟုတ် ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတွေက အောက်ကနေ ပင့်တက်လာပြီး ခြေထောက်ကို မထားသည့်နှယ် ဆက်မချနိုင်တော့ပေ။
နောက်အခိုက်အတန့်မှာတော့ ထျန်းရှားဟာ ဇောက်ထိုး ပျံထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို ဟန်ချက် မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူမမျက်နှာမှာလည်း နောင်တတွေ အပြည့်နဲ့။
လုရွှမ် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရုံမှတပါး မတတ်နိုင်ခဲ့ချေ။ ပတ်ဝန်းကျင်မှ လူများသည်လည်း ကူကယ်ရာမဲ့သွားသည်။
အရင်ကတော့ ဒီကျောက်ပြားမှာ ထူးထူးခြားခြား စွမ်းရည်တွေ ရှိကောင်းရှိနိုင်တယ်လို့ လူတွေက လက်ခံထားပြီး လူတွေက အဲဒီကျောက်ပြားကို အနားမကပ်နိုင်ကြပါဘူး။ သို့သော် ထျန်းရှားရဲ့ အသွင်အပြင်ကြောင့် ကျောက်ပြားရဲ့ပြဿနာ မဟုတ်ကြောင်း လူတိုင်းကို နားလည်လာစေသည်။ သူတို့သည် အမှန်တကယ်ပင် ကံကြမ္မာ မဖန်ကြောင်းကို သိလာစေခဲ့သည်။
ကံမကောင်းစွာပဲ ထျန်းရှားသည် ကျောက်ပြားကြီးဆီသို့ ရောက်ရန် နှစ်လှမ်းသာ ဝေးတော့သည်။
ထျန်းရှား ပြင်းပြင်းထန်ထန် ကျိန်ဆဲပြီး ရှေ့ကို တိုးလာခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ခြေတစ်လှမ်း လှမ်းပြီးတာနဲ့ စွမ်းအင်တစ်ခုက သူ့ကို ဖယ်ထုတ်ပစ်လိုက်ပါ၏။
ထွက်လာသူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ကြိုးစားပေမယ့် မရခဲ့ဘူး။
“ဒီကျောက်ပြားကြီးကိုက တကယ်ကို လျှို့ဝှက်ဆန်းကြယ်နေပုံရတယ်... ဒီအခွင့်အရေးကို ဘယ်သူမှ မပေးဘူး ဆိုတော့... ဒီကျောက်ပြားကြီးကို ကျုပ်တို့ ကျားဂိုဏ်းက စောင့်ကြပ်ထားပါ့မယ်.... အနာဂတ်မှာ ဘယ်သူ...”
“ကျွန်တော် စမ်းကြည့်ပါဦးမယ်”
ပေါ့ပါးသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံထွက်လာသည့် လမ်းကြောင်းကို လူတိုင်းကြည့်လိုက်ကြသော် သဘာဝကျကျ လုရွှမ်ဆိုတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်လေသည်။
“ခေါင်းဆောင်... သူပဲ သခင်ငယ်လေးကို သတ်ခဲ့တာ သူပဲ!”
ပါးဟုဂိတ်က လူငယ်တစ်ယောက်က ရုတ်တရက် ထအော်လိုက်၏။ တစ်ချိန်တည်းမှာပင် ချောင်ချီရဲ့ အေးစက်သော မျက်လုံးများက ချက်ချင်းဆိုသလို လုရွှမ်ဆီ ရောက်သွားတော့သည်။
“ကောင်လေး မင်းတော်တော် သတ္တိကောင်းတာပဲ...ဒီနေရာမှာ ထွက်လာရဲသေးတယ်ပေါ့ ဟုတ်လား?”