← Chapters

ချောင်ချီကို လတ်စသတ်လိုက်ပြီ

Vol. 80 Ch. 4.708

ချောင်ချီကို လတ်စသတ်လိုက်ပြီ

Vol. 80 Ch. 4.708

လုရွှမ် နှလုံးသားက ရုတ်ချည်းဆိုသလို လူသတ်ချင်သည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်လာခဲ့သည်။ မူလက သူသည် ပါးဟုဂိတ်ကို အနာဂတ်တွင် ဒုက္ခပေးကာ လက်စားချေလိုသော်လည်း ထိုလူများက သူ့ထံ မထင်မှတ်ဘဲ ကြိုရောက်လာခဲ့သည်။

“ကျွန်တော်က အမြဲသတ္တိရှိပေမယ့် ပါးဟုဂိတ်က ခေါင်းဆောင်နဲ့ ကျားဂိုဏ်း ခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျားတို့လောက် သတ္တိမရှိဘူး... လူကြီးတွေဖြစ်ပြီး ကြီးကျယ်တဲ့ အရာတွေကို လုပ်ကြတယ်ဆိုပြီး တခြားသူတွေရဲ့ သေခြင်းတရားကို လျစ်လျူရှုတာတော့ အမှန်ပဲ... အရမ်းလေးစားပါတယ် ဒါပေမဲ့ လူတွေလုပ်သမျှကို ကောင်းကင်က ထိုင်ကြည့်နေပြီးမှ ကံတရားက ဆုံးဖြတ်လိမ့်မယ်လို့ ပြောတာ ကြားဖူးတယ်... ဟမ့် အခုက အချိန်မကျသေးလို့ ခင်ဗျားက ပြန်မပေးဆပ်ရတော့ဘူးလို့ ထင်နေတာများလား?”

ချောင်ချီ မျက်နှာက ချက်ချင်း မည်းမှောင်သွားလေသည်။

“အတင့်ရဲလိုက်တာ!”

သူသည် သူ့လက်ကို ခါးမှာ ချိတ်ဆွဲထုတ်သော ဓားရှည်ဆီသို့ လှမ်း၍ ဓားရှည်ကိုထုတ်ကာ လုရွှမ်၏ လည်ပင်းဆီသို့ ခုတ်ထစ်ချလိုက်သည်။ သူ့အရှိန်ကို ကြည့်လိုက်ရင် ဓားတစ်ချောင်းတည်သဖြင့် လုရွှမ်ခေါင်းကို ခုတ်ထစ်ပစ်နိုင်တာ ထင်ရှား​ပေသည်။

လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာပြီး ပေါ့ပေါ့ပါးပါး နောက်သို့ ဆုတ်သွားပြီးနောက် ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးလိုက်ချိန် သူအနောက်မှ သံမဏိဓားစိမ်းသည် သူ့လက်ဖဝါးထဲတွင် ရှိနေပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်သည် ချောင်ချီ၏ ဓားလမ်းမှ ထွက်ခွာရန် အသင့်ဖြစ်နေပြီ။ ဓားစိမ်းကို ထိုးလိုက်ရာ ဓားဖျားသည် ချောင်ချီ၏ ဓားချက်ကို ခုခံလိုက်ကာ တစ်ဆက်တည်း တစ်ဖက်လူရဲ့ လည်ချောင်းကိုလည်း တိုက်ရိုက် ညွှန်ပြလိုက်သည်။ မြန်ဆန် တိကျပြီး ကြမ်းတမ်းသည်။

ချောင်ချီရဲ့ မျက်လုံးများသည် တစ်ခဏမျှ အေးခဲသွားခဲ့သည်။ သူ့လုပ်ဆောင်ချက်က ရိုးရှင်းပေမယ့် လက်တွေ့ဆန်ပါ၏။ သူတော်စင်တစ်ပိုင်း ဒုတိယအဆင့် ခွန်အားက လူ​တွေရှေ့မှာ မလုံလောက်ပေမယ့် ကြောက်ရွံ့မှုတော့ လုံးဝမရှိပါဘူး။

“ကောင်လေး မင်းမှာ အရည်အချင်း တစ်ခုရှိနေတာပဲ... မင်း ဒီလောက် မာနကြီးရဲတာ အံ့သြစရာတော့ မဟုတ်ပါဘူး”

ချောင်ချီ ကျိန်ဆဲပြီး သူ့အသက်ရှုသံ အနည်းငယ် တုန်ယင်သွားသည်။ သူ့ခန္ဓာကိုယ်က လေထဲမှာ ရပ်တန့်သွားပြီး ဓားရှည်ကြီးသည် လုရွှမ်ရဲ့ တိုက်ကွက်ကို ကာကွယ်လိုက်၏။ ထို့နောက် ဓားအလင်းတွေဟာ လုရွှမ်ကို ပိုက်စိပ်တိုက် ဖုံးအုပ်လုနီးပါး တောက်ပသွားသည်။

လုရွှမ်ရဲ့ မျက်လုံးများက တောက်ပနေပြီး ချောင်ချီ၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လက်ရှိတွင် သူ့ခွန်အားသည် မလုံလောက်သေးတာကြောင့် ဤလူများကို ရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ မပြောင်းလဲဘဲ လိုက်လျောညီထွေ ဖြစ်အောင်နေခြင်းပဲ ဖြစ်သည်။

ချောင်ချီ၏ ဓားအလင်းထဲမှ နောက်ထပ် ဓားတစ်ချောင်းကို တွေ့လိုက်ရသောအခါ လုရွှမ်လည်း ဓားစွမ်းအင်တွေကို လှောင်ပြောင်ရင်း ကျွမ်းကျင်စွာ ခုခံဝေ့ယမ်းလိုက်ရာ ချောင်ချီ နောက်ပြန် ဆုတ်သွားခဲ့ရသည်။ ရုတ်တရက် ချွင်းကနဲ အသံနှင့်အတူ ချောင်ချီ လက်ထဲက ဓားရှည်သည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ သူ့လက်ကောက်ဝတ်မှာလည်း အနီရောင် တောက်သွားသည်။

ပတ်ဝန်းကျင် တစ်ခုလုံး လေအေးတွေ တိုက်ခတ်သွားသလို တိတ်ဆိတ်သွားခဲ့သည်။ ဒီကလေးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပထမ နဲ့ ဒုတိယအဆင့်လို့သာ ထင်ရပေမယ့် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်က လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်နေပြီ ဖြစ်သည်။

ချောင်ချီမှာ ဒေါသတွေ ထွက်လာတာကြောင့် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေလည်း တဟုန်ထိုး ​မြင့်တက်လာလေသည်။

“ကောင်လေး မင်းက အငယ်တန်း ဖြစ်နေလို့ မင်းကိုငါက နည်းနည်းလေး အရင် လှုပ်ရှားခွင့်ပေးခဲ့တာ... ဒါပေမဲ့ မင်းဒီလောက် ကျေးဇူးကန်းမယ်လို့ မမျှော်လင့်ထားဘူး ဒီအခြေအနေ ရောက်လာမှတော့ မင်း သေလိုက်တော့!”

သူသည် လေထဲတွင် ပျံဝဲကာ သူ့လက်များကို ဝှေ့ယမ်းလိုက်သော် အပြာရောင် အလင်းတန်းများက ရေခဲမြှားများ အဖြစ်သို့ ပြောင်းလဲသွားပြီး လုရွှမ်ဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။

“ပြင်ဆင်ချိန်က ရှည်လွန်းတယ် တက်ကြွမှုက နှေးတယ် စွမ်းအားက သာမန်ပဲ”

လုရွှမ်သည် လူကြီးတစ်ယောက်က မျိုးဆက်သစ်တွေရဲ့ ခွန်အားကို အကဲဖြတ်နေသလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်လေသည်။ သူ့ခြေဖဝါးက မြေပြင်ကို တစ်ချက်ထိကာ ခုန်တက်သွားပြီး ဝင်လာသော ရေခဲမြှားများကို ခုခံရန် သူ့လက်များက ဓားသိုင်းများဖြင့် ကခုန်နေ​လေသည်။

ချောင်ချီ ပစ်လွှတ်လိုက်သော ရေခဲမြှားများက မနှေးကွေးသော်လည်း လုရွှမ်ရဲ့ လှုပ်ရှားမှုများက ပိုမြန်​နေသည်။ ရေခဲမြှားကို ကာကွယ် ထားလိုက်တိုင်း အလွန်တိကျသည်။

ရေခဲမြှားများ တစ်စင်းပြီးတစ်စင်း ပြုတ်ကျကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစဥ် ရေခဲပုံဆောင်ခဲများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချောင်ချီသည် သူ့မျက်နှာပေါ်က ကြောက်ရွံ့မှု အရိပ်အမြွက်ဖြင့် လုရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ ဒါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတစ်ယောက် လုပ်နိုင်တဲ့ အရာတဲ့လား။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် မပြောနဲ့ သူတော်စင်တစ်ပိုင်း နယ်ပယ်က လူတွေတောင် အဲဒီလောက် အစွမ်းအစ မရှိဘူးလေ။

ဒီလူက ဘယ်သူလဲ။

“ခင်ဗျားကပဲ အမြဲတိုက်ခိုက်နေရတာ ဒီတစ်ခါတော့ ကျွန်​တော့်​အလှည့်ပဲ”

လုရွှမ် ဆိုပြီးသည်နင့် သူ့ခန္ဓာကိုယ်က လေထုထဲ ခုန်တက်သွားသည်။ သူ မပျံသန်းနိုင်သေးပေမယ့် အမြင့်ကို ခုန်ချလိုက်ပြီး သူ့လက်ထဲမှ ဓားနှစ်ချောင်းနဲ့ ချောင်ချီကို ရင်ဆိုင်လိုက်သည်။

လုရွှမ်သည် ပျံသန်းနေမည့်အစား ခုန်နေသေးတာကို မြင်တော့ ချောင်ချီမှာ တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်​​လေသည်။ လုရွှမ်သည် ဝက်တစ်ကောင်လို ဟန်ဆောင်ကာ ကျားကိုစားနေသော အဆင့်မြင့် ကျင့်ကြံသူ အကြီးအကဲ တစ်ယောက် မဟုတ်ပေဘူးကိုး။

ဒါပေမယ့် ရှက်စရာကောင်းတဲ့ ရှုံးနိမ့်မှုနဲ့ ဒေါသတွေက သူ့စိတ်ထဲမှာ စွဲနေတော့ ချောင်ချီတစ်ယောက် လေထဲသို့ ထပ်ခုန်မရဲတော့ချေ။

“မင်း သေမင်းကို ရှာနေတာပဲကွ!”

ချောင်ချီက ဟောက်ပြီး သူ့လက်ဖဝါးထဲက ဓားကို ကခုန်ရင်း သန့်ရှင်းသော စွမ်းအားအနည်းငယ်ကို စုပြီး မီးဓားလို ပြောင်းလဲလိုက်သည်။ လုရွှမ်ကို မသတ်ဘဲ ထားလိုက်လျှင် ရက်စက်လွန်းရာ ကျသွားလိမ့်မည်။

လုရွှမ်သည် သူ့လက်ကောက်ဝတ်ကို လှည့်၍ စွမ်းရည်သုံးမျိုး အသက်ဓားသုံးချောင်းကို တစ်ချက်တည်း အသုံးပြုလိုက်သည်။ ယွမ်ယန်ဓားကိုးစင်းနှင့် နှိုင်းယှဉ်ပါက စွမ်းရည်သုံးမျိုးနှင့် အသက်သုံးချောင်းဓားတို့သည် ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့် မလိုအပ်ပေ။

ချောင်ချီသည် သူ့ရဲ့ ဓားမီးတောက်ကိုသာ ခံစားလိုက်ရပြီး သူနှင့် ဆန့်ကျင်ဘက်က ကောင်လေး၏ ဓားသိုင်းကို လုံးဝ နားမလည်နိုင်ခဲ့ပေ။ သို့သော် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုက ဓားထိပ်ဖျားမှာ စုဝေးနေကြောင်းတော့ ရိပ်မိပါသေးသည်။

ရုတ်​တရက်​ သူ့ရင်​ထဲမှ နာကျင်​မှုတစ်​ခုကို ခံစားလိုက်​သည်။ ​နောက်​ဆုံး အသိစိတ်အာရုံ​တွေ​ ပြန်ရောက်​လာတော့ လုရွှမ်ရဲ့ ဓားရှည်​က သူ့နှလုံးသားကို​ ထိုးဖောက်​ပြီး သူ့ခန္ဓာကိုယ်​ထဲ ရောက်နေပြီဆိုတာ သိလိုက်​ရသည်။

သူ့​ခန္ဓာကိုယ်အတွင်းက စွမ်းအားများ လျင်မြန်စွာ ဖြတ်တောက် ခံလိုက်ရကာ ခန္ဓာကိုယ်ထဲ လစ်ဟာသွားလေသည်။ သူ့ပါးစပ်ထဲမှ သွေးများလည်း စီးကျလာသည်။

ချောင်ချီမှာ “မင်းဘယ်သူလဲ” လို့ မေးရုံမှတစခပါး ဘာမှ မတတ်နိုင်ခဲ့ချေ။

ယခုအချိန်မှာတော့ သူဟာ အသက်ရှုကြပ်ပြီး အသံကလည်း အလွန်နိမ့်နေသည်။ လုရွှမ်သာ သူ့ဘေးနား မရှိခဲ့ပါက သွေးများစီးကျနေသော ပါးစပ်ထဲမှ မေးခွန်းကို မကြားနိုင်​လောက်ပေ။

“ဒီလောကထဲက ကျင့်ကြံသူ”

လုရွှမ် ဓားရှည်ကြီးကို ဆွဲထုတ်လိုက်တော့ ချောင်ချီရဲ့ နှလုံးသားထဲမှ သွေးများ ဒလဟော စီးကျလာခဲ့သည်။ သူ့ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွားကာ မျက်လုံးများ မှိတ်သွားတဲ့အထိ လုရွှမ် ဘာကိုဆိုလိုသလဲ လုံးဝ နားမလည်လိုက်ပေ။

လုရွှမ် မြေပြင်ပေါ်သို့ ဆင်းလာပြီး ပါးဟုဂိတ်က လူများကို ကြည့်လိုက်သည်။ ထိုတပည့်များမှာ အလွန်အမင်း ထိတ်လန့်နေကြပြီ။ ဂိုဏ်းခေါင်းဆောင်ကိုတောင် ထိုကောင်လေးက သတ်နိုင်တယ် ဆိုတော့ သူတို့ဆိုရင်တော့ လုံးဝ လွယ်ကူသွားပြီ။

အဲဒါ သူတော်စင်တစ်ပိုင်းလား။ ပျံသန်းနိုင်တဲ့ သူတော်စင်တစ်ပိုင်းလား။

လုရွှမ်သည် သူတို့သခင်အား သတ်လိုက်ပေမယ့် လက်စားချေရန် ဘယ်သူမှ မထွက်လာသလို ဘယ်သူမှလည်း သူ့ကို မကြည့်ဝံ့ကြပေ။ ဒီလူတွေကိုတော့ လုရွှမ် ဂရုမစိုက်တော့ပါဘူး။ ဂိုဏ်းခေါင်းဆောင် မရှိရင် ပါးဟုဂိတ်က အနှေးနဲ့အမြန် ပျက်စီးဖို့တော့မှာပဲ။ ဒီလူတွေဟာ နေ့စဉ်ဘ၀မှာ ဒုစရိုက်တွေကို ဆက်လုပ်နေကြဦးမှာပင်။

လုရွှမ်၏ မျက်လုံးများသည် ကျားဂိုဏ်းခေါင်းဆောင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ထိုစဥ် ဟူရှောက်၏ ဟိန်းဟောက်သော မျက်လုံးများက ပြူးကျယ်လာပြီး လုရွှမ်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။

လုရွှမ်သည် ရှေ့သို့မလှမ်းခဲ့ပေ။ ယခု သူမပျံသန်းနိုင်တော့သော်လည်း သူတော်စင်တစ်ပိုင်း၏ ခြိမ်းခြောက်မှုမှာ သဘာဝအားဖြင့် ပို၍သေးငယ်လာသည်။ ဟူရှောက်မှာ တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။

လုရွှမ်ကို အခုမသတ်ရင် အခွင့်အရေး မရှိတော့ဘူး။ သူတို့သည် နတ်တောင်တန်း ကျောက်ပြားကို ရရှိပါက ကျင့်ကြံမှုအဆင့်ကို တိုးလာအောင် ကျင့်ကြံနိုင်သည်။

လုရွှမ် သူ့ဘာသာ ကျောက်​ပြားဆီသို့ လျှောက်သွားလိုက်ခါမှ ဟူရှောက်လည်း သက်ပြင်းချလိုက်သည်။ အရင်တိုက်ပွဲတုန်းက လုရွှမ်ရဲ့ ဓားသိုင်းကို သူ့မျက်လုံးထဲမှာ သဘာဝကျကျ မြင်လိုက်ရ​ပြီး​ပြီ။

သို့သော် ဓားသိုင်းကို သူ လုံးဝ နားမလည်နိုင်တာကို တွေ့လိုက်ရသည်။ ပိုလို့တောင် ကြောက်စရာကောင်းတာက အရင်က ချောင်ချီနေရာမှာ သူသာဖြစ်ခဲ့ရင် အသက်ရှင်ဖို့ အခွင့်အလမ်း လုံးဝ မရှိနိုင်တော့ချေ။

ဒီလူငယ်လေးက အရမ်းကြောက်ဖို့ကောင်းတာပဲ။

အရင်ဓားနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်လေး ပြဿနာလေး တစ်ခု ဖြစ်ခဲ့ဖူးသည်။ သူတို့ဟာ ဓားသိုင်းမှာ ပညာရှင်တွေလို့ သတ်မှတ်ကြပေမဲ့ လုရွှမ်ရဲ့ ဓားသိုင်းကို နားမလည်နိုင်ကြသလို နားမလည်တာကြောင့် ပိုကြောက်သွားကြရသည်။

ထျန်းရှားဘက်မှာတော့ လူတိုင်းက အသံတိုးတိုးလေးနဲ့ ဆွေးနွေး ပြောဆိုနေကြသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ကံကောင်းစွာဖြင့် လုရွှမ်ကို လူတစ်ယောက်လို ဆက်ဆံခဲ့သည်။

အစ်မကြီးက သူ့အပေါ် အထင်ကြီးစရာ ကောင်းတဲ့အချက်တွေကို ပြောပြခဲ့လို့သာ မဟုတ်ရင် လုရွှမ်ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ သူတို့ကိုယ်တိုင်ရှေ့ကို လှမ်းတက်လာကြလိမ့်မည်။

အခုစဉ်းစားကြည့်တော့ အမြော်အမြင်ရှိတဲ့ လူက အစ်မအကြီးဆုံးပဲ။ မဟုတ်ရင် တကယ်ကို ဒုက္ခရောက်သွားလိမ့်မယ်။

ထျန်းရှားသည် မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ပြီး ကျောက်ပြားဆီသို့ လျှောက်သွားနေသော လုရွှမ်ရဲ့ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ ဒီကောင်လေးက ဘယ်သူလဲ။

လုရွှမ်၏ ခြေလှမ်းများသည် အလွန်တည်ငြိမ်ပြီး နောက်တလှမ်း ထပ်တိုးသွားရာ လူတိုင်းရဲ့ မျက်လုံးထဲက ထိတ်လန့်မှုတွေ အောက်မှာပဲ ကျောက်​ပြားကြီးရှေ့သို့ ရောက်ရှိသွားလေသည်။

All Chapters