ဝိုင်းထားပြီ
Vol. 80 Ch. 4.709
“သူ့ကိုသတ်!”
ရုတ်တရက် အသံတစ်သံက ကြမ်းတမ်းစွာ အော်ဟစ်လာ၏။ ၎င်းက ဟူရှောက်ရဲ့ အသံပဲ ဖြစ်သည်။
လုရွှမ်က သူ့ကို သတ်ဖို့ ရည်ရွယ်ချက် အပြည့်နဲ့ ကြည့်နေပေမယ့် သူ့ ခွန်အားကို ကြောက်နေရတာကြောင့် တုံ့ဆိုင်းနေခဲ့သည်။ အခု ဒီကောင်လေးက ကျောက်ပြားဆီကို လျှောက်သွားနေပြီ။ သူ့ကိုသာ ကျောက်ပြားကြီးက အသိအမှတ် ပြုလိုက်ရင် သူ့ရဲ့အရည်အချင်းက ဘယ်လောက်ထိတောင် ကောင်းလာမလဲ ဆိုတာ ကောင်းကင်ကပဲ သိလိမ့်မည်။
ဒီအခြေအနေမှာ သူ့မှာ မြင့်မားတဲ့ ခွန်အားတွေ မရှိသေးတာကြောင့် ဘာလို့ သူ့ကို မသတ်ရမှာလဲ။ ချောင်ချီနောက်ကို မလိုက်ချင်ပေမယ့် လုရွှမ်က ကျောက်ပြားကို ရနိုင်မှန်း သိလိုက်ရတော့ မတတ်နိုင်ဘဲ ထအော်လိုက်ရသည်။
ထို့နောက် သူ့လက်ဖဝါးမှ မီးတောက်များသည် အရွယ်အစား အမျိုးမျိုးရှိသော မီးလုံးများအဖြစ် ပြောင်းလဲသွားကာ လုရွှမ်ဆီသို့ ဦးတည် ပြေးထွက်သွားကြသည်။
ဟူရှောက်၏ ဟောက်သံနှင့်အတူ ကျားဂိုဏ်းဝင်များသည် အမျိုးမျိုးသော လက်နက်များအား လုရွှမ်ဆီသို့ အပြင်းအထန် ပစ်ခတ်လိုက်ကြသည်။
လုရွှမ်သည် ကျားဟောက်သံများကို ကြားသော်လည်း ပြန်လှည့်ကြည့်ရန်ပင် စိတ်မဝင်စားပေ။ အကယ်၍ ထိုတိုက်ခိုက်မှုများ ရှိလာပါက ကျောက်ပြားကို သိမ်းသွားသည်မှာ ကြာလှပြီ ဖြစ်သည်။
သေချာသည်မှာ ကျောက်ပြားသည် သူ့ရဲ့သုံးပေပတ်လည် တိုက်ခိုက်မှု မှန်သမျှကို ခုခံထားနိုင်သည်။ ထင်ထားသလိုပဲ ကျားဂိုဏ်းက လူအုပ်ကြီးသည် ပေါက်ကွဲသံကြောင့် အော်ဟစ်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတော့သည်။
လုရွှမ် သူ့လက်ဖဝါးကို ကျောက်ပြားပေါ်တွင် တင်လိုက်ရာ ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာလေသည်။ ၎င်းက အလွန်အေးမြပြီး သူ့စိတ်ထဲကနေတစ်ဆင့် သူ့ဝိညာဉ်ကို လွှမ်းမိုးသွားခဲ့သည်။
သူ့စိတ်တွေက ထူးထူးခြားခြား ကြည်လင်နေပြီး သူ့အမြင်အာရုံတွေလည်း ပြောင်းလဲလာသည်။ သူမြင်နေတာကို အတပ် မပြောနိုင်ဘဲ ငြိမ်သက်နေမိရာ ခဏကြာတော့မှ လုရွှမ် နောက်ဆုံး သဘောပေါက်သွားခဲ့သည်။ သူမြင်လိုက်တဲ့ အရာတွေက သူ့ကိုယ်ပိုင် အတွေးတွေနဲ့ သူ့စိတ်ထဲက ဖြစ်စဉ်တွေပဲ ဖြစ်ပေ၏။
လုရွှမ် မသိခဲ့တာက သူ့အသိစိတ်တွေ လွှမ်းခြုံခံလိုက်ရတဲ့ အချိန်မှာ ထိုလူများ၏ မျက်လုံးများထဲတွင် ကျောက်ပြားသည် တောက်ပသော ရောင်ခြည်များ ထုတ်လွှတ်ပြီးနောက် တောင်ကုန်းပုံသဏ္ဌာန်သို့ တဖြည်းဖြည်း ပြောင်းလဲကာ လုရွှမ် လက်ဖဝါးထဲသို့ ကျသွားခြင်းပင်။
လုရွှမ်သည် မျက်လုံးများကို ဖွင့်၍ သူ့လက်ဖဝါးပေါ်ရှိ တောင်ကုန်းကို ကြည့်လိုက်ရာ ဤသည်မှာ ဝမ့်ရှန်းကမ္ဘာမှ အသွင်ပြောင်းသော ကမ္ဘာ့ရတနာသုံးပါးထဲက နတ်တောင်တန်း ဖြစ်ကြောင်း သိလိုက်ရသည်။
မျှော်လင့်ထားသလိုပါပဲ မှော်ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်ကုန်းဟာ သူ့လက်ဖဝါးမှာ အဆက်မပြတ် လည်ပတ်နေပြီး အလွန်လှပပေသည်။ တောင်တန်းငယ်ရဲ့ အနီးတစ်ဝိုက်တွင် စိတ်ဝိညာဉ် စွမ်းအင်များ ရစ်ဝဲနေပြီး ထူထဲတည်ငြိမ်သော ခံစားချက်က သူ့နှလုံးသားထဲအထိ လှိုင်းထနေသည်။
လုရွှမ်သည် အသက်စွမ်းအင် အပြည့်ရှိသော မိခင်၏ခန္ဓာကိုယ်ထဲမှ တစ်ဖန်မွေးဖွားလာပြီး မြေကြီးပေါ်သို့ သိသိသာသာကြီး ဆင်းသက်လာရသလို ခံစားရသည်။
“ကောင်လေး အဲဒီတောင်တန်းငယ်ကို ပေးလိုက်... ငါတို့မင်းအသက်ကို ချန်ထားပေးလို့ ရတယ်... မဟုတ်ရင်တော့ မင်းသေရလိမ့်မယ်”
ဟူရှောက်က ဟိန်းဟောက်ရင်း သူ့ခန္ဓာကိုယ်က လေထဲမှာ လွင့်မျောနေကာ အတော်လေးကို ကြီးစိုးနေသည်။ ဟူရှောက်မှာ လုရွှမ်ဆီက အသတ်ခံရမှာကို ကြောက်နေတယ် ဆိုတာ လူတိုင်းသိပါ၏။
လုရွှမ် သူ့ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။ သေချာသည်မှာ နတ်တောင်တန်းကို သိမ်းပိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်ရှိ တားမြစ်နယ်နိမိတ်များကို ဖယ်ထုတ်ပစ်လိုက်လေပြီ။
သူ့အနီးတစ်ဝိုက်ရှိ လူများစွာသည် ဝေဟင်ထက်မှ သူ ပျံသန်းထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတိုင်းကို ပိတ်ဆို့ထားသည်။
လုရွှမ်သည် သူ့နှလုံးသားထဲကနေ ရယ်စရာလေးများ ရှာတွေ့လိုက်ရသလို ရုတ်တရက် ရယ်ချင်မိသွားသည်။ ဤစမ်းသပ်မှုက သူ့ကို သေမျိုးအသွင်ပြောင်းခြင်း အဆင့်သို့သာ ရောက်စေခဲ့သည်။ သူ့ကို ပျံသန်းခွင့် မပေးဘဲ ဤသွေးထွက်သံယို တိုက်ပွဲအတွင်း ဤလူများကို တိုက်ခိုက်ရမယ်တဲ့လား။
လုရွှမ် တောင်တန်းငယ်ကို သိမ်းလိုက်ပြီး သူ့လက်ထဲက အစိမ်းရောင် သံမဏိဓားကို ထုတ်ကာ လူတိုင်းကို တစ်ချက်ကြည့်၍ ဆိုလိုက်သည်။
“အကုန်တက်လာခဲ့!”
ထျန်းရှားသည် အဝေးမှနေပြီး လုရွှမ်၏ နက်နဲသော အန္တရာယ်ရှိသည့် အခြေအနေကို ကြည့်နေသော်လည်း လုရွှမ်အမူအရာမှာ မပြောင်းလဲသွားပေ။ သူ့မျက်နှာမှာ တည်ငြိမ်နေပြီး သူ့နှလုံးသားထဲတွင် ကြည်နူးမှုများစွာကို ခံစားနေရသလို ကြည်လင်နေသည်။
“သူက ငါတို့နဲ့အတူ လာခဲ့တာဆိုတော့ ငါတို့ သူ့ကို ကူညီသင့်လား”
ဖြူကောင်သည် ဒေါသတကြီးပြုံးကာ ဘေးတွင်ရှိသော ထျန်းရှားကို မေးလိုက်၏။
“အစ်မကြီး သူက ငါတို့အကူအညီ မလိုဘူးထင်တယ်နော်...ပြီးတော့ ငါတို့အကူအညီကိုလည်း မလိုချင်ပုံပဲ... မဟုတ်ရင် အစောကတည်းက ငါတို့နဲ့ အတူတူ ထွက်လာလောက်ပြီလေ... ဒီအခြေအနေ ဖြစ်လာမယ် ဆိုတာ သူအစောကတည်းက သိထားတယ် ဆိုတာ သိသာတယ်”
ထျန်းရှားသည် အလွန် ထက်မြက်သော်လည်း သူမ စိုးရိမ်ပြီး ရှင်းရှင်းလင်းလင်း မတွေးတောနိုင်ခဲ့ပေ။ ယခု ဖြူကောင်ပြောတာကို ကြားလိုက်ရသောအခါ ဒါက အမှန်ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
“ဒါက သူ့ကိစ္စပဲ... ကူညီချင်တာ မကူညီချင်တာက ငါတို့ကိစ္စ”
ထျန်းရှားက အခိုင်အမာ ပြောကြားခဲ့သည်။
ကြောင်လေးက ပြုံးပြီး “အစ်မ ကျွန်မကို ရူးနေတာလားလို့ မေးလည်း မပြောတတ်တော့ဘူး... ဒါပေမဲ့ ဖြူကောင်ပြောတာ မှန်တယ်လို့ ထင်တယ် ဒါက ညီမတို့ ကူညီရမယ့် အချိန်မဟုတ်ဘူး... သူတကယ် အကူအညီလိုမှ ကျွန်မတို့ ဝင်လှုပ်ရှားကြမယ်လေ”
“ကောင်းပြီ”
ထျန်းရှားလည်း အပေးအယူလုပ်ပြီး လုရွှမ်ရဲ့ လှုပ်ရှားမှုတွေကို ဂရုတစိုက် စိုက်ကြည့်လိုက်သည်။ လုရွှမ် သူ့လက်ထဲမှာ ဓားတစ်ချောင်းကို ကိုင်ထားပြီး သူ့မျက်လုံးတွေက ငြိမ်သက်နေပါ၏။
ဒီလူတွေဟာ ခွန်အားအလွန် နည်းပေမယ့် ပုရွက်ဆိတ်တွေက ဆင်ကို ကိုက်ပြီး သေစေနိုင်တဲ့အထိတော့ အစွမ်းထက်ပါသည်။ သူ့ရဲ့ အစွမ်းက သေမျိုးအသွင်ပြောင်းခြင်း အဆင့်မှာပဲ ရှိပါသေးသည်။ မဟုတ်ရင်တော့ ဒီလူတွေကို ရေမြောင်းထဲ ပစ်ချလိုက်ဖို့က မခက်ခဲချေ။
သာမာန်လူသည် ကျောက်စိမ်းကို သိမ်းဆည်းထားပါက အပြစ်ရှိကြောင်း ပြောကြတာကြောင့် လုရွှမ်အား ဝိုင်းရံနေသော လူများမှာ ကျားဂိုဏ်းသာမက ပါးဟုဂိတ်မှလူများ၊ ကြားနေအဖွဲ့မှ လူများနှင့် ထိုလျှို့ဝှက် ဆန်းကြယ်သူများပါ ပါဝင်လာမည်ဟု လုရွှမ် မထင်ထားခဲ့ပေ။
ပြန့်ကျဲနေတဲ့ ကျင့်ကြံသူ တချို့က အဝေးမှာ ပုန်းနေကြပေမယ့် သူတို့ရဲ့ အရိပ်အာဝါသကို ခံစားနိုင်သေးသည်။ သူတို့အားလုံး ကြက်ခိုးယူဖို့ စိတ်ကူးထားကြပုံပါပဲ။
“ကောင်းလိုက်တာ လူတိုင်းက ဒီမြင့်မြတ်တဲ့တောင်ကို လိုချင်နေကြတယ်ပေါ့... ဒါဆိုလည်း တက်လာခဲ့ကြ... မလာရဲဘူးလား? ကောင်းပြီလေ ငါအရင်လာခဲ့မယ် ဟူရှောက်... မင်းရဲ့ တပည့်တွေက ဒီမိခင်မြစ်ကို အားကိုးပြီး အသက်ရှင်ဖို့ ကြိုးစားနေတဲ့ သာမန်လူသားတွေကို သတ်ပစ်ကြတယ်... မင်းတို့ရဲ့ ညစ်ပတ်တဲ့ သွေးတွေနဲ့ ပြန်ဆေးကြောဖို့ ထိုက်တန်တယ်... သတ်ပစ်မယ်!”
“မင်းက လေထဲမှာ ပျံသန်းချင်နေသေးတယ်ပေါ့? အကုန် ဆင်းလာခဲ့”
လုရွှမ် ရုတ်တရက် သူ့လက်ဖဝါးကို လှည့်လိုက်ရာ လေထဲမှာ ပျံနေတဲ့လူတိုင်းမှာ ရုတ်တရက် သူတို့ရဲ့ခန္ဓာကိုယ် ရေထဲနစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ကြီးမားလှတဲ့ အင်အားကြီးတစ်ခုက မြေပြင်ကနေ ဆင်းသက်လာပြီး သူတို့ကို ဆွဲချလိုက်သလိုပါပဲ။
သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်တွင် မပျံသန်းနိုင်တော့ပေ။ ဟုတ်မဟုတ် သိရှိရန် ထပ်မံကြိုးစားကြည့်ပေမယ့် အလုပ်မဖြစ်။ သူတို့က ငတုံးများ မဟုတ်ကြပေ။ ထိုအရာသည် ကောင်လေး ဖမ်းယူခဲ့သော နတ်တောင်တန်းရဲ့ လုပ်ဆောင်မှုဖြစ်နေတာ ထင်ရှားပေသည်။
ကြောက်ရွံ့နေချိန်မှာတောင် သူတို့၏ မျက်လုံးများသည် လောဘတရားများနှင့် ပြည့်နေသည်။ ဒီလိုတောင်တန်းကိုသာ ရနိုင်ခဲ့ရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။
လုရွှမ်သည် သူ့ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများ တဖျပ်ဖျပ် ခတ်သွားကာ လူတစ်ဦးကို ဒဏ်ရာတစ်ချက်စီ ရသွားရှိစေခဲ့သည်။ သူ့ခြေလှမ်းများသည် ပေါ့ပါးပြီး ရိုးရှင်းကာ လူများကြားတွင် လျင်မြန်စွာ လျှောက်သွားခဲ့ရာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး နှစ်ဖက်စလုံးမှ လူများ ကွဲပြားသွားကြသည်။
လုရွှမ် ထွက်ခွာသွားရန် ဒီအခြေအနေကို အခွင့်ကောင်းမယူဘဲ လူတစ်ဦးစီကို ဓားတစ်ချောင်းဖြင့် သတ်ပြီးနောက် လှည့်၍ ရှစ်ယောက်နှင့် ရှစ်ယောက်ကိုလည်း တစ်ပြိုင်တည်း သတ်ပစ်လိုက်သည်။
သွေးတွေပျံလွင့်သွား အလောင်းတွေ နေရာအနှံ့ လဲလျောင်းနေ၏။
လုရွှမ်သည် ပတ်ဝန်းကျင်ရှိ လူများကို အေးစက်စွာ ကြည့်နေလျက် ရှိသည်။ သူတို့ အားလုံးသည် သူတော်စင်တစ်ပိုင်း သခင်များ ဖြစ်ကြ သည်။ ဝင်လှုပ်ရှားတာတွေ မလုပ်သေးဘဲ အနားတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြပြီး အသီးသီးက မိမိတို့ အစီအစဉ်များကို ချမှတ်နေကြသည်။
သေမင်းမျက်နှာကို ဘယ်သူက မကြောက်လို့လဲ။ သေလုမျောပါး ဖြစ်နေသော လူတို့သည် လုံး၀ ကြောက်ရွံ့သွားကြပြီး မည်မျှပင်ရှိစေကာမူ မသန်မစွမ်း ဖြစ်သွားလျှင် ပြန်ကောင်းနိုင်ချေ မရှိကြကြောင်းကို လုံး၀ နားလည်ကြပါသည်။
သူတို့တပည့်တွေ ကြောက်နေကြတာကို မြင်နေရပြီ။ လုရွှမ်ကိုသာ ဒီလိုသတ်ခွင့် ပေးလိုက်ရင် လူတွေရဲ့ နှလုံးသားထဲက သတ္တိတွေ အကုန်ပျောက်ကွယ်သွားမယ် ဆိုတာ ပြောစရာ မလိုပေ။ ဒါ့အပြင် လူတွေတောင် မကျန်လောက်တော့ဘူး။
“မင်းတို့ နောက်ဆုတ်ကြ!” ဟူရှောက်က ဟောက်လိုက်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က တပည့်အုပ်စုသည် ကမန်းကတန်း ပြန်ဆုတ်သွားကြသည်။ ဆုတ်ခွာရန် စိတ်ကူးရှိနေပြီ ဖြစ်သော်လည်း ဟူရှောက်ရဲ့ အရှိန်အဝါ ပြင်းထန်မှုကြောင့် နောက်ဆုတ်ရန် ဘယ်သူမှ မလုပ်ဝံ့ကြပေ။
ဟူရှောက်က ကျိန်ဆဲနေသော ဆရာကြီးယိုးရန်ကို တစ်ချက် ကြည့်လိုက်ပြီး။
“အားလုံး အတူတူ တက်ကြ!”
ယခုလို တွန်းအားပြင်းသော လုရွှမ်ကို ရင်ဆိုင်နေရလို့ သူ စိတ်မချမ်းသာ ဖြစ်နေတာ ကြာလှပါပြီ။