ကယ်တင်ခံရခြင်း
Vol. 80 Ch. 4.711
အဲဒီမှော်တုတ်ချောင်းကို သူတကယ် ရွေးခဲ့သင့်တယ်။
လုရွှမ် ခါးသီးတဲ့အပြုံးနဲ့ မတ်တပ်ရပ်ဖို့ ကြိုးစားပေမယ့် ကံမကောင်းစွာနဲ့ သူသည် မြေပြင်ပေါ်မှာပဲ လဲလျောင်းနေရပြီး သွေးတွေ ထပ်အန်နေရ၏။
“ကောင်းပြီ မင်းတို့ ဂုဏ်ယူသင့်တယ်... မင်းတို့လို သူတော်စင်တစ်ပိုင်းတွေက ငါ့ကိုသတ်နိုင်ခဲ့တယ်... ငါ လုရွှမ်က ကောင်းကင်ဘုံသခင် အထွတ်အထိပ်နဲ့ ယှဉ်နိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ လူတစ်ယောက်ပဲ!”
“သေခါနီးတောင် မိုက်မဲတဲ့စကားတွေ ပြောနေတုန်းပဲ.. ငရဲကို သွားပေတော့”
ဟူရှောက်က အော်ပြောပြီး လုရွှမ်ကို တစ်ချက်တည်းဖြင့် ထိုးသတ်လိုက်သည့် ပထမဆုံးသူ ဖြစ်လေသည်။
လုရွှမ် မျက်လုံးများကို မှိတ်ထားပြီး အတိတ်ကို ပြန်သတိရမိလိုက်သည်။
“နှုတ်ဆက်ပါတယ် ယွီရှန်... နှုတ်ဆက်ပါတယ် အောင့်ယွဲ့... နှုတ်ဆက်ပါတယ် ထျန်းရှား”
သူ့ခန္ဓာကိုယ် လှုပ်ရှားလာသည်နှင့်အမျှ ပူနွေးသော အရည်တစ်စက်က သူ့မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။ လုရွှမ် သူ့မျက်လုံးကို အမြန်ဖွင့်ကြည့်လိုက်သည်။
လေချွန်နေသော ဓားရှည်သည် သူ့ကိုယ်ပေါ်သို့ လဲကျမလာဘဲ ဘေးသို့သာ လဲကျသွားကာ ဟူရှောက်ကတော့ မျက်လုံးများ ပြူးကျယ်ထားလေ၏။ သူက မျက်လုံးမှိတ်ရန် အတင်းအကြပ် ငြင်းဆန်နေသလိုပဲ။ သူ့နောက်ကျောမှာ ဓားရှည်တစ်ချောင်းက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နေကာ နောက်ကနေ တိုက်ခိုက်လာတဲ့ သူတစ်ယောက် ရှိနေသည်။
သို့သော် သူ့မျက်နှာပေါ်ရှိ သွေးများသည် ဟူရှောက်ရဲ့ သွေးတွေ မဟုတ် သူရင်းနှီးသော သူဖြစ်သည့် ထျန်းရှားဆီကပဲ ဖြစ်သည်။
ထျန်းရှား မျက်နှာသည် ဖြူဖျော့သွားသော်လည်း ဤအခိုက်အတန့်တွင် သူမသည် လုရွှမ် လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ရှေ့သို့ အရူးအမူး ပြေးထွက်သွားခဲ့သည်။
သူတို့ အနောက်တွင်တော့ သူမရဲ့ လူတစ်စုဟာ သူတော်စင်တစ်ပိုင်း တစ်ဖွဲ့နဲ့ အပြင်းအထန် ခုခံနေကြပြီး သူတို့နှစ်ယောက် ထွက်ပြေးနိုင်ရန် အချိန်ဆွဲပေးနေကြသည်။
“ငါ့ကိုထားခဲ့လိုက်တော့ မင်းတို့ သေသွားလိမ့်မယ်!!”
သူ့မျက်လုံးတွေပါ ပူလောင်လာသလို ခံစားလိုက်ရသည်။ ဒီလို အန္တရာယ်များတဲ့ အခိုက်အတန့်မှာ ရုတ်တရက် ကယ်တင်ခံလိုက်ရတဲ့ ခံစားချက်က ကျောက်ပြားကြီးသာ လူဆိုရင်တော့ သူ့ကို သူရဲ့ ရိုးသားမှုကြောင့် တုန်လှုပ်သွားလိမ့်မည်။
ထျန်းရှားက စကားပြန်မပြောဘဲ ရိုင်းစိုင်းစွာ ပြေးလာခဲ့သည်။ လုရွှမ်သည် သူ့နောက်က လူများ တိုက်ပွဲတွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတာကို တွေ့လိုက်ရသည်။ သူ့ကို လိုက်နေသည့် သူတော်စင်တစ်ပိုင်းတို့သည်လည်း တစ်ယောက်နှင့် တစ်ယောက် ခပ်ဝေးဝေးတွင် ကျန်နေခဲ့ကြသည်။
ထျန်းရှားသည် နောက်ဆုံးတွင် လူတိုင်းကို ဖယ်ရှားပြီး ဘေးကင်းတဲ့အထိ မပြေးနိုင်တော့ဘဲ တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
လုရွှမ်လည်း မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လှိမ့်လှဲကာ နောက်ဆုံးတွင် ရပ်သွားခဲ့သည်။ ထျန်းရှား၏ နောက်ကျောတွင် လက်နက်ပေါင်း တစ်ဒါဇင်ကျော် ထည့်သွင်းထားလေပြီ။ တချို့မှာ ရိုးတွင်းခြင်ဆီထဲသို့ပါ ထိုးဖောက် ဝင်ရောက်သွားပြီ။
လုရွှမ် သူ့ခန္ဓာကိုယ်အတွင်း ခွန်အားများကို အားတင်း စုစည်း၍ မတ်တပ်ထရပ်ကာ ထျန်းရှားကို အမြန်ထဖို့ ကူညီပေးလိုက်သည်။ သူမရဲ့ မျက်နှာမှာ ဖြူဖျော့နေပြီး အချိန်ကုန်သွားတော့မယ် ဆိုတာ သိသာထင်ရှားလှသည်။
လုရွှမ် သူ့မျက်လုံးများမှ မျက်ရည်များကို ထိန်းမထားနိုင်တော့ဘဲ တုန်လှုပ်ချောက်ချားသော အသံဖြင့် အော်လိုက်သည်။
“ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ?”
“ငါမသိဘူး ဒါပေမဲ့ နင့်ကိုပထမဆုံး စတွေ့တုန်းက အရင်ဘဝက တွေ့ဖူးသလိုပဲ ရင်းနှီးနေသလို ခံစားရတယ် နင်လည်းဒီလိုပဲ ခံစားရတယ်မလား?”
ထျန်းရှား၏ စကားသံများက တဆတ်ဆတ် တုန်ယင်နေပြီး သူမအသံက ပျော့ပျောင်းလွန်းနေသည်။ ထို့အပြင် မျက်လုံးများလည်း အနည်းငယ် မှုန်ဝါးလညသည်။
လုရွှမ်မှာ သူမ မကြားရမှာကို ကြောက်ရွံ့တာကြောင့် အကြိမ်ကြိမ် ခေါင်းညိတ်ပြပြီး။
“ငါရှိတယ် ငါ အမြဲရှိတယ် ... ငါတို့ အရင်ဘဝတုန်းက အတူရှိခဲ့တယ်... ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို မျှဝေခံစားခဲ့ကြတယ် ငါတို့ အားလုံး သေရေးရှင်ရေး ကိစ္စတွေကို ဖြတ်သန်းခဲ့ကြတယ် ... ပျော်ရွှင်စရာကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားတုန်းပဲ”
ထျန်းရှားရဲ လက်ဖဝါးက မြှောက်တက် တက်လာပြီး လုရွှမ်ပါးပြင်ကို ထိကိုင်လိုက်သည်။
“ကောင်းကောင်းနေရစ်ခဲ့ပါ...”
ထို့နောက် သူမလက်ဖဝါးက ပြုတ်ကျကာ မျက်လုံးလည်း မှိတ်လျက် အသက်ရပ်သွားခဲ့သည်။ လုရွှမ် သည်းမခံနိုင်တော့ဘဲ ရှိုက်ကြီးတငင် အော်ငိုလိုက်စဥ် ရုတ်တရက် မိုးခြိမ်းသံတွေ ကျဆင်းလာကာ မိုးသည်းထန်စွာ ရွာချလိုက်လေသည်။
လုရွှမ်၏ ခန္ဓာကိုယ်ပေါ်သို့ မိုးခြိမ်းသံတစ်ခု ကျရောက်ကာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
“လုရွှမ် လုရွှမ်!”
လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရိပ်အမြွက်နှင့် အနည်းငယ်ပို၍ စိုးရိမ်နေသော အသံတစ်သံက သူ့နားထဲတွင် ထွက်ပေါ်လာခဲ့သည်။ လုရွှမ် အံ့သြသွားစွာ လန့်နိုးလာသည်။
သူ့ရှေ့က ရင်းနှီးနေတဲ့ မျက်နှာကို မြင်လိုက်ချိန် လုရွှမ် မထိန်းနိုင်ဘဲ ထိုသူကို သူ့ရင်ခွင်ထဲကို ရုတ်တရက် ပွေ့ဖက်ထားလိုက်မိ၏။
ထျန်းရှား ခဏလောက် ထိတ်လန့်သွားပြီးနောက် သူမပါးပြင်များ နီရဲလာပြီး ခန္ဓာကိုယ် ပူထူလာသည်။ လုရွှမ်ကို အလိုလို တွန်းထုတ်ချင်သော်လည်း ဤခံစားချက်က အလွန်သက်တောင့်သက်သာ ရှိနေတာကို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။ သူမသည် မျက်လုံးများကို ရှက်ကိုးရှက်ကန်းဖြင့် မှိတ်ထားပြီး လုရွှမ်ရဲ့ လက်နှစ်ဖက်ကို ကိုင်ထားလိုက်သည်။
ခဏအကြာတော့ လုရွှမ် နောက်ဆုံးတွင် မငိုတော့ဘဲ ထျန်းရှားကို လွှတ်ပေးလိုက်သည်။ ထို့နောက် ထျန်းရှား၏ နှင်းဆီရောင်တောက်နေသော ပါးပြင်များကို ကြည့်ကာ လေးလံသော အရိပ်အမြွက်ဖြင့် ဆိုလေသည်။
“မင်းကို အသက်ရှင်လျက် တွေ့ရတာ အရမ်းကောင်းတာပဲ”
“လျှို့ဝှက်နယ်မြေထဲက စစ်ဆေးမှုတွေက အရမ်းအန္တရာယ် ရှိလို့လား”
ထျန်းရှား မေးလိုက်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
လုရွှမ်က “အရမ်းအန္တရာယ်များတယ် ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ငါ့မှာ သေခြင်းတရား အတွက် အားကိုးနိုင်တဲ့ သူငယ်ချင်းတွေ အများကြီး ရှိတယ်လေ... ငါ့ကိုကယ်ဖို့ သူတို့အသက်ကို ပေးခဲ့တယ်”
“ရှင်လည်း သူတို့အတွက် ဒီလိုလုပ်ပေးလိမ့်မယ်လို့ ကျွန်မယုံတယ် ဟုတ်တယ်မလား”
လုရွှမ်လည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ငါလုပ်မှာ!”
ထိုအခိုက် သူတို့ဘေးမှာ တိတ်တဆိတ် ပေါ်လာတဲ့ ပုံရိပ်ကတော့ ချူ့ကျောင်သားရဲကြီးပါပဲ။ လုရွှမ်ကို မြင်လိုက်သောအခါတွင် စိတ်ပျက်လက်ပျက် အရိပ်အယောင်များ ဖျတ်ကနဲ ပေါ်ထွက်နေသော်လည်း ပြုံးပြရန် အတတ်နိုင်ဆုံး ကြိုးစားဆဲဖြစ်သည်။
“မင်းပြန်လာပြီလား? မင်းပြန်လာပြီ ဆိုတော့ မင်းထွက်သွားလို့ရပြီ”
ပြောပြီးတာနဲ့ လှည့်ထွက်ဖို့ ပြင်ဆင်လေ၏။
“ခဏနေပါဦး!”
ထျန်းရှား ထအော်လိုက်သည်။ သူမစိတ်ထဲတွင် အလွန်မပျော်မရွှင် ဖြစ်နေပြီ။ လုရွှမ်သည် ဘေးဥပဒ်တစ်ခု ခံစားခဲ့ရပြီးနောက် သူပြန်လည်မွေးဖွားလာပုံရတာကို မြင်လိုက်ရသည်မှာ သူမနှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ကြီးစိုးလာခဲ့သည်။ ဒါတွေက သားရဲကြီးရဲ့ အပြစ်ပဲ ဖြစ်သည်။
အခု ဒီလူကြီးက ပေါ်လာပြီး ထွက်သွားတော့မှာ ဆိုတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။ သူ့ကိုယ်သူ တကယ် တန်ခိုးကြီးသူလို့ ထင်နေတာလား။
သားရဲသည် ထျန်းရှား၏ မကျေနပ်မှုကို လျစ်လျူရှုကာ ဂူထဲသို့ ဆက်လျှောက်သွားခဲ့သည်။
“အကြီးအကဲ... ခင်ဗျား ဒီအတိုင်း ထွက်သွားလို့ မရဘူး... ဒီမြင့်မြတ်တဲ့ နတ်တောင်တန်းကို ဝမ့်ရှန်းကမ္ဘာမှာ ဘယ်လိုထားရမလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါဦး”
လုရွှမ် သူ့လက်ဖဝါးကို ဖြန့်လိုက်သော် သူ့လက်ဖဝါးထဲ၌ လှည့်ပတ်နေတဲ့ တောင်တန်းငယ်တစ်ခု ပေါ်လာလေသည်။ သားရဲကြီးရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားကာ ၎င်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။
သူ လုရွှမ်ကို ကြည့်လိုက်ပြီးနောက် လုရွှမ်လက်ထဲတွင် ရှိသော တောင်တန်းကို ကြည့်၏။ ထို့နောက် မျက်လုံးကို တင်းတင်းမှိတ်ကာ တစ်ဖန် ပြန်ဖွင့်လိုက်သည်။
“ဒါ မဖြစ်နိုင်ဘူး!”
ထျန်းရှား မကျေမနပ်ဖြစ်ပြီး “လူအိုကြီး... မဖြစ်နိုင်တာက ဘာလဲ... ကျွန်မပြောလိုက်မယ်... ဒီလောကမှာ လူတစ်ယောက်ကပဲ လုပ်နိုင်တဲ့အရာ ရှိမယ်ဆိုရင် အဲဒီလို လုပ်နိုင်တဲ့သူက လုရွှမ်ပဲ ဖြစ်ရမယ်!”
ထိုစဥ် သားရဲလေး ရှောင်ရှောင် ရောက်လာပြီး ထျန်းရှားကို ညင်သာစွာ ပွေ့ဖက်ကာ သူမ၏ နဖူးပေါ်သို့ လက်တံများကို တင်လာခဲ့သည်။
ထျန်းရှားက “ရှင့်သမီးကြောင့်မလို့ မျက်နှာသာ နည်းနည်းပေးလိုက်မယ် မဟုတ်ရင် ဟမ့်!”
လုရွှမ် အနည်းငယ် ရယ်မောနေသော်လည်း သူ့စိတ်ထဲက အလွန်တုန်လှုပ်သွားခဲ့တဲ့ ခံစားချက်ကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
သားရဲကြီးသည် ထျန်းရှားရဲ့ မကျေနပ်မှုကို ဂရုမစိုက်ဘဲ လုရွှမ်နံဘေးသို့ လျှပ်တပြက်ရောက်လာကာ နတ်တောင်တန်းကို ကိုင်ဆောင်လိုက်သည်။ သူက ဂရုတစိုက် ခံစားကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ဟုတ်တယ်... ဒါနတ်တောင်ပဲ တကယ့်မြင့်မြတ်တဲ့ နတ်တောင်... ဝမ့်ရှန်းကမ္ဘာကို ကယ်တင်နိုင်ပြီ”
သူက အရုပ်အသစ်ရလာတဲ့ ကလေးတစ်ယောက်လို ပြင်းပြင်းထန်ထန် ရယ်မောလိုက်လေသည်။ သူ့ရဲ့ ရိုင်းစိုင်းတဲ့ ရယ်မောသံကြောင့် လုရွှမ်တို့ပင် ခဏလောက်အထိ စကားမပြောနိုင်တော့ပေ။ ကလေးတစ်ယောက်လို စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေတာကိုသာ တိတ်တဆိတ် ကြည့်နေမိ၏။
ထျန်းရှားသည်သည် မျက်လုံးများကို မှိတ်ထားသော်လည်း လုရွှမ်မှာ ရွှင်လန်းမှုနှင့် စိတ်သက်သာရာရမှု ခံစားချက်များ ရောထွေးနေသည်။ လျှို့ဝှက်နယ်မြေရှိ အရာအားလုံးကို တွေ့ကြုံခံစားပြီးနောက် လုရွှမ်သည် ဤနတ်တောင်တန်းဟာ ဘယ်လောက် ရှားပါးကြောင်း ဘယ်လောက် အရေးကြီးကြောင်းကို သိလာခဲ့သည်။
ခဏအကြာတွင် သားရဲကြီးသည် နောက်ဆုံးတော့ သူ့ရဲ့စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ လုရွှမ် အနားသို့ ပြန်ရောက်လာသည်။ လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်သည်။ ယခုအချိန်တွင် လုရွှမ်ရဲ့ ကျင့်ကြံမှု အဆင့်သည် လုံးဝ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
“ငါတကယ် နားမလည်ဘူး မင်းဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ?”
“အဘိုးကြီး ရှင်ဘာတွေပြောနေတာလဲ”
ထျန်းရှား ဒေါသထွက်သွားသည်။