← Chapters

တန်ကြေး

Vol. 80 Ch. 4.712

တန်ကြေး

Vol. 80 Ch. 4.712

ဤစကားများသည် လူကို ဒေါသအလွန် ထွက်စေရာ လုရွှမ်ဘက်ကနေ မတရားသလို ခံစားရတာကြောင့် ထျန်းရှား အော်ဟစ်ခဲ့သည်။

သားရဲကြီးက ခါးသီးတဲ့အပြုံးနဲ့ ရှင်းပြလေ၏။

“ငါအမှန်တိုင်း ပြောနေတာ မင်း ဒီနတ်တောင်တန်းကို ရချင်ရင် မင်းသေရမယ်... မင်းသေရင် ငါတို့က နတ်တောင်တန်းကို အပြင်မှာရနိုင်တဲ့ အခွင့်အရေး နည်းနည်းရှိလိမ့်မယ်...”

မရှင်းပြရင် အဆင်ပြေပေမယ့် ရှင်းပြလိုက်တဲ့အခါ ထျန်းရှားတစ်ယောက် ပေါက်ကွဲတော့သည်။

“အဘိုးကြီး ရှင်ကလူကို လှည့်စားဖို့ ကြိုးစားနေတာလား? လုရွှမ် လျှို့ဝှက်နယ်မြေထဲကို မဝင်ခင်တုန်းက ရှင် ဘာလို့ မပြောခဲ့တာလဲ”

လုရွှမ် ထျန်းရှားရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

“အကြီးအကဲ ဆက်ပြောပါ!”

ချူ့ကျောင် သားရဲသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်ပြော၏။

“မင်းကို ငါမကြံစည်ပါဘူး... သူ့အလိုလို ဖြစ်လာမှာမလို ကြံစည်စရာလည်း မလိုဘူး ဘာလို့လဲဆိုတော့ မင်းကို နတ်တောင်တန်းကို ရဖို့အတွက် မင်းသေရမယ်ဆိုတာ ငါပြောပြီးတာနဲ့ နတ်တောင်တန်းက ပေါ်လာမှာ မဟုတ်​တော့ဘူး”

“ဒုတိယအချက်က ဒါ ရွေးချယ်မှုပဲ... သေခြင်းတရားကြားက ရွေးချယ်မှုတစ်ခုလည်း ဖြစ်တယ်... မဟုတ်ရင် မင်းစိတ်ထဲ ဒီအချက်ကိုထား​နေရင် နတ်တောင်တန်းကို ဘယ်လို ရယူနိုင်တော့မှာလဲ? သူက ကမ္ဘာ့ရတနာ တစ်ခုလေ”

ရှောင်ရှောင်လည်း အော်ဟစ်လိုက်ပြီး သူမအဖေပြောတာ မှန်ကြောင်း ထောက်ခံလေသည်။

ထျန်းရှား အနည်းငယ် စိတ်တိုနေသေးသော်လည်း လုရွှမ်က သူမကို ကျောခိုင်းပြီး သားရဲကြီး ပြောတာကို နားထောင်ရန်သာ တောင်းဆိုလိုက်သည်။

“လုရွှမ်... မင်းရဲ့ အတွေ့အကြုံနဲ့ မင်းခံစားရသမျှ ဇာတ်လမ်းကို ပြောပြနိုင်မလား”

လုရွှမ်က ခေါင်းညိတ်ပြီး လျှို့ဝှက်ဘုံမှာ ဖြစ်ပျက်ခဲ့တာ​တွေကို ပြောပြလိုက်သည်။

ယွီရှန်နှင့် ထျန်းရှားတို့ကို တွေ့တဲ့အကြောင်း ပြောတဲ့ အချိန်မှာတော့ လုရွှမ်သည် ဖြည်းညှင်းစွာနှင့် အလွန်နူးညံ့သော အသံဖြင့် ပြောသော်လည်း နားထောင်သူ သုံးဦးသည် နှုတ်ဆိတ်သွားကာ သူတို့မျက်နှာပေါ်တွင် လွမ်းဆွတ်သော အကြည့်များဖြင့် တိတ်ဆိတ်သွားကြသည်။

လုရွှမ်က သူမကို အထဲမှာ တကယ်တွေ့ခဲ့ကြောင်း၊ လုရွှမ်ကို ကယ်တင်ဖို့ သူမအသက်ကို စတေးခဲ့သူဖြစ်ကြောင်း ကြားလိုက်ရတော့ သူမရဲ့ နှလုံးတွေ ပြင်းထန်စွာ ခုန်သွားခဲ့ပါ၏။ သူမမျက်နှာမှာ နီရဲနေသော်လည်း ဝမ်းသာမှုကိုသာ ပိုခံစားရလေသည်။

စိတ်ကူးယဉ် ကမ္ဘာထဲတွင် သူမ လုရွှမ်ကို ကယ်တင်ခဲ့သည်။ တကယ်တော့ လက်တွေ့မှာလည်း သူမ လုပ်မှာပဲ မဟုတ်လား။ ဟုတ်တယ်၊ သူမ သေချာပေါက် လုပ်မှာပါ။

“လတ်စသတ်တော့ အဲ့လိုကိုး”

သားရဲကြီးသည် ထျန်းရှားကို အနည်းငယ် ပို၍ကြည့်ကာ သူတပါးအတွက် မိမိကိုယ်ကို အနစ်နာခံနိုင်သူဟာ အမြဲတမ်း စိတ်ကောင်းရှိနိုင်သူ ဖြစ်ကြောင်း မှတ်ချက်ပြုလိုက်သည်။

“လျှို့ဝှက်နယ်ပယ်မှာ မင်းတွေ့ကြုံသမျှ အရာအားလုံးက ကံကြမ္မာပဲ... ကံကြမ္မာက မပြောင်းလဲနိုင်ဘူး ဆိုတာကို မင်းလည်း မှန်းဆထားပြီးသားပါ.... ဝမ့်ရှန်းကမ္ဘာရဲ့ ကံကြမ္မာလိုပေါ့... အခုလည်း နဂါးနဲ့ မီးငှက်ရဲ့ ဖျက်ဆီးခံရသလို ကံကြမ္မာက ကျရောက်နေပြီလေ ဝမ့်ရှန်းကမ္ဘာရဲ့ ကံကြမ္မာကလည်း အဲ့လိုပဲ ဖျက်ဆီးခံရလိမ့်မယ်”

“ပြောင်းလဲချင်ရင်တောင် ကံကြမ္မာက အမြဲတမ်း ချမှတ်ထားတဲ့ လမ်းကြောင်းကိုပဲ ပြန်လှည့်သွားလိမ့်မယ်... ပြီးတော့ ပြောင်းလဲဖို့ကို တွန်းအားပေး​နေရင် ပိုဆိုးတဲ့ လမ်းကြောင်းကို ရောက်သွားလိမ့်မယ်”

ယင်းနှင့် ပတ်သက်၍ သူနားလည်တာကြောင့် ခေါင်းညိတ်လိုက်သည်။

လျှို့ဝှက်နယ်မြေထဲမှာ ယွီရှန်ရဲ့အနာဂတ် လမ်းကြောင်းကို သူ ပြောင်းလဲခဲ့မိသည်။ နောက်ပိုင်းတွင် ယွီရှန်သည် လုံးဝ သေမျိုးလူသား ဖြစ်လာပြီး လေ့ကျင့်နိုင်စွမ်း မရှိတော့ပေ။

“ဒါဆို မင်းရဲ့ကံကြမ္မာကို ပြောင်းလဲချင်ရင် မင်းအရင်ဆုံး ပေးရမယ့်အရာက မင်းရဲ့ကိုယ်ပိုင်ဘဝပဲ.... မင်းကိုယ့်ဘဝကို ပေးချင်စိတ်မရှိရင် တခြားသူတွေရဲ့ ကံကြမ္မာကိုရော ကမ္ဘာကြီးကိုတောင် ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ? ဒါတောင် မလုပ်နိုင်ဘူး ဆိုရင် တခြားဘာမှလည်း မလုပ်နိုင်ဘူး”

“ဒါကြောင့် အရင်လူနှစ်ယောက်က မှော်တုတ်ချောင်းကို ရွေးလိုက်တာ သူတို့ရဲ့ ကံကြမ္မာက ဝမ့်ရှန်းကမ္ဘာနဲ့ အတူတူပဲ ဖြစ်သွားတယ်... သူတို့က ပျက်သုဉ်းဖို့ ရည်မှန်းထားကြတာ ဒါပေမဲ့ သူမက မင်းအတွက် ဒီဘေးဆိုးကို ပိတ်ဆို့ထားလို့ မင်းအသက်ရှင်ခဲ့တယ်... ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလဲ ဆိုတာ ငါလည်း မသိဘူး ဒါက မင်းရဲ့အခွင့်အရေးပဲ ဒါက ဝမ့်ရှန်းကမ္ဘာရဲ့ အခွင့်အရေးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဖျက်ဆီးမလား ကယ်တင်မလား ဆိုတာ မင်း​ပေါ်မူတည်တယ်”

သားရဲကြီးသည် စကားပြောရင်း ခဏလောက်အထိ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

လုရွှမ်လည်း နားလည်ပါ၏။ အကြောင်းပြချက်က ရိုးရှင်းပါသည်။ သူသည် လူသေတစ်ယောက် ဖြစ်သော်လည်း မတော်တဆ ပြန်မွေးဖွားလာခဲ့သည်။ သူ၏တည်ရှိမှုကိုက အံ့ဖွယ်တစ်ခုဖြစ်ပြီး ယခုလို အံ့ဖွယ်အမှု တစ်ခုကို သူပြုလုပ်နိုင်ခြင်းက သဘာဝကျပါသည်။

“စီနီယာ ကံကြမ္မာက မပြောင်းလဲနိုင်ဘူးလို့ ပြောတယ်နော်... နတ်တောင်တန်းကို စိုက်ထားရင် အနာဂတ်မှာ ဘာဖြစ်သွားမှာလဲ?”

သားရဲကြီးက လှောင်ပြောင် ရယ်မောရင်း ပြောပြလေသည်။

“အရာအားလုံးက တည်မြဲနေတာပဲလေ... မဟုတ်ရင် နတ်တောင်တန်းက ထွက်လာမှာ မဟုတ်ဘူး ဒါကိုတော့ ငါသေချာပေါက် မပြောပြနိုင်ဘူး”

လုရွှမ်က ပြုံးပြီးပြော၏။

“ဒါဆို ကျွန်တော် စိတ်ချသွားပါပြီ... ဒီဝမ့်ရှန်းကမ္ဘာကြီးကို ထပ်ပြီး ပျက်စီးစေမယ့်လမ်းကို မသွားစေချင်ဘူး”

နောက်ရက်များတွင် သူတို့နှစ်ဦးသည် ချူ့ကျောင်သားရဲ၏ ဂူထဲတွင် အချိန်အနည်းငယ်ကြာ လေ့ကျင့်ခဲ့ကြသည်။ သားရဲသည် နတ်တောင်တန်းကို မည်ကဲ့သို့ စိုက်ထူရမည်ကို လုရွှမ်အား ပြောပြပြီး နတ်မီးနယ်ပယ်ကို ဘယ်လို တက်လှမ်းရမယ် ဆိုတာကိုလည်း ထျန်းရှားအား အကြံဉာဏ်တချို့ ပေးခဲ့သည်။

ရက်အနည်းငယ်ကြာတော့ နှစ်ယောက်သား တုံ့ဆိုင်းစွာ နှုတ်ဆက်ပြီး ပင်လယ်ထဲက အပြေးထွက်လာခဲ့ပြန်သည်။

အချိန်တိုလေးပဲ ရှိပေမယ့် လုရွှမ်မှာ သူ့နေရာဟောင်းကို ပြန်လည် ရောက်ရှိလာသလို အဆုံးမဲ့ပင်လယ်ကြီးကို ပြန်တွေ့ရတဲ့အခါ လွမ်းဆွတ်နေသယောင် ခံစားလာရ၏။

လောလောဆယ် လွမ်းဆွတ်နေဖို့က အချိန်မရှိပါဘူး။ လှောင်အိမ်ထဲက သခင်တွေက လူသားတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီလား မပြောတတ်ချေ။

လုရွှမ်နှင့် ထျန်းရှားတို့သည် ပင်လယ်ဧရိယာ တစ်​​နေရာကို ရွေးချယ်ခဲ့သည်။ အခုအချိန်မှာ ထျန်းရှားက မိုးကြိုးအတိဒုက္ခကို ကျော်လွှားရန် လိုအပ်သည်။

သူမရဲ့ စွမ်းအားက လုံလောက်နေပြီ ဖြစ်သည်။ သူမသည် တစ်ချိန်က ဖိနှိပ်ခဲ့ရသော်လည်း ယခု သူမသည် မျှော်စင်နယ်ပယ်ရှိ သခင်တစ်ဦး၏ လမ်းညွှန်မှုကို လက်ခံရရှိထားပြီ ဖြစ်သည်။ ဒါကြောင့် အတိဒုက္ခကို ကျော်လွှားရမည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း သူမ သိသည်။

ပင်လယ်သည် ကျယ်ပြောပြီး တချို့နေရာများသည် အသက်စွမ်းအင်နှင့် ရောင်ဝါများပြည့်နှက်နေသော်လည်း တခြားနေရာများမှာတော့ အသက်စွမ်းအင် တက်ကြွမှုနဲ့ ရောင်ဝါမရှိသော သာမန်ရေကန် တစ်ခုလိုပါပဲ။

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးရှိရာ နေရာသည် သေမင်း၏ တည်နေရာ ဖြစ်သည်။

ဤနေရာမျိုးသည် အတိဒုက္ခကို ကျော်လွှားရန် မကောင်းသလို တစ်ခုခု မှားသွားပါက နောက်ပိုင်းတွင် ကျင့်ကြံမှုကို ပြန်လည်ရရှိရန် အဆင်မပြေပေ။ သို့သော် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝပြီး ကြောက်မက်ဖွယ် ကောင်းသော နေရာက ပင်လယ်သားရဲမျိုးစုံ ခိုအောင်းနေတတ်သည်။

အဲဒီနေရာတွေနဲ့ နှိုင်းယှဥ်ကြည့်လျှင် သူတို့ ရွေးချယ်ထားတဲ့ ပင်လယ်ဒေသက ပိုမိုလုံခြုံပါသည်။ နတ်မီးနယ်ပယ်သည် ကောင်းကင်ဘုံသခင် နယ်ပယ်မှ မွေးဖွားလာသော ကြီးမားသည့် ခြေလှမ်းတစ်ခု ဖြစ်ကာ မြင့်မားတဲ့ နယ်ပယ်ကို လုံးဝ ဖြတ်ကျော်သွားရမှာ ဖြစ်သည်။ နတ်မျှော်စင်မီးလုံးကို ထွန်းလိုက်တာက နတ်မီးနယ်ပယ်ရဲ့ ပထမအဆင့်သို့ လှမ်းလိုက်ခြင်းပင်။

နတ်မီးနယ်ပယ်သည် ယခင်နယ်ပယ်များနှင့် လုံးဝ ကွဲပြားသည်။ ယခင်နယ်ပယ်တွင် မတက်လှမ်းမီ အဆင့်တစ်ခုစီကို ပြီးအောင်လုပ်ရမည် ဖြစ်သော်ငြား နတ်မီးနယ်ပယ်တွင် ရှေ့တိုးရန်အတွက် နတ်မီးငါးလုံးသာ ထွန်းထားရန်လိုသည်။

ထုံးစံအတိုင်း နတ်မီးနယ်ပယ်က ကျင့်ကြံသူ တစ်ပါးစီကြားက ကွာဟချက်ဟာ အလွန်ကြီးမားပြီး နတ်မီးလုံးကို အလင်းရောင်ပေးတဲ့ ရောင်ဝါတွေလည်း လုံးဝကွဲပြားသည်။ တချို့လူများက နတ်မီးကို တွန့်ဆုတ်စွာ လင်းလိုက်ရုံဖြင့် မှော်မီးသည် မိုင်အနည်းငယ်မျှသာ ထွန်းလင်းနိုင်သော်လည်း တချို့လူများအတွက်မူ နတ်မီးသည် တောက်ပြောင်နေပြီး မှော်မီးသည် မိုင်ထောင်ချီ သို့မဟုတ် မိုင်သန်းပေါင်းများစွာ အကွာအဝေးအထိ ထွန်းတောက်နိုင်သည်။

ပုံသေနံပါတ် မရှိသော်လည်း သဘာဝအားဖြင့် နတ်မီးများ ပိုမိုထွန်းလင်းလာလေ အရည်အချင်းများ မြင့်မားလေဖြစ်ပြီး အနာဂတ်က ပိုမိုတောက်ပလာလေ ဖြစ်သည်။

ဓားတစ်သောင်းဂိုဏ်းက ဓားနတ်ဆိုး နတ်မီးကို ထွန်းညှိလိုက်သောအခါ သူ့နတ်မီးသည် မိုင်ငါးသန်းအကွာအထိ တောက်လောင်ခဲ့တာကြောင့် ထိုအချိန်တွင် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ ဓားတစ်သောင်းဂိုဏ်းသို့ သူပြန်​ရောက် သွားသောအခါ ဂိုဏ်းဆရာကြီးထံမှ ကုသမှုများကိုပင် သူရရှိခဲ့သည်။

လုရွှမ်၏အမြင်တွင် အရည်အချင်းအရ ထျန်းရှားသည် ဓားနတ်ဆိုး ကျန့်မော်ထက် မနိမ့်ပေ။ စွမ်းအင်စုဆောင်းမှုအရ ထျန်းရှားသည် ဤရှုထောင့်တွင် ကျန့်မော်ရဲ့ အထက်၌ပင် ရှိသည်။ အထူးသဖြင့် လှောင်အိမ်ထဲတွင် ကျင့်ကြံခဲ့သော အနှစ်သုံးဆယ်ကျော် ကာလအတွင်း နတ်မိုးခြိမ်းသံများ သို့မဟုတ် ကောင်းကင်ဆိုင်ရာ အတိဒုက္ခများ မရှိခဲ့ဘဲ ထျန်းရှားသည် အခြေခံအုတ်မြစ် ခိုင်ခံ့ဖို့သာ စွမ်းအင် စုစည်းနေခဲ့သည်။

ယခု သူမသည် ဝေဟင်၌ ပျံသန်းနေပြီး သူမ၏ အရှိန့အဟုန်ကို လွှတ်လိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းကာ ပင်လယ်လေးစင်းလည်း တုန်ယင်သွားသည်။ လုရွှမ် အဝေးကို ပုန်းရှောင်နေခဲ့သည်။

သူလည်း မိုးကြိုးအတိဒုက္ခကို ကျော်လွှားရန် လိုအပ်နေပြီ။ သူသည် နယ်ပယ်ကို အချိန်အကြာကြီး ဖိနှိပ်ထားခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် နီးကပ်သွားပါက အတိဒုက္ခက ကမောက်ကမ ဖြစ်သွားကာ နှစ်ယောက်စလုံးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သည်။

ဒါပေမဲ့ ထျန်းရှားကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းကင်က အပြောင်းအလဲတွေကို ကြည့်လိုက်တော့ လုရွှမ် စံချိန်အသစ်တစ်ခု မွေးဖွားတော့မယ်လို့ ခံစားလိုက်ရလေသည်။

All Chapters