← Chapters

အပြန်အလှန်ဆန်းစစ်

Vol. 80 Ch. 4.715

အပြန်အလှန်ဆန်းစစ်

Vol. 80 Ch. 4.715

ထိုအော်သံသည် မဟာသူတော်စင် ကျင့်ကြံသူတစ်ယောက်ထံမှ ထွက်ပေါ်လာကာ သူက ကျယ်လောင်စွာ အော်ဟစ်၍ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်သည်။

သူ့အသံဆုံးတော့ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများက ဘက်ပေါင်းစုံမှ လုရွှမ်တို့ဆီသို့ ပစ်ခတ်လိုက်​လေသည်။ အနည်းဆုံး သူတို့အားလုံးသည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင် ရှိနေကြပြီး နတ်မီးနယ်ပယ်က သခင်များစွာလည်း ရှိသည်။

“အခြေအနေက ဒီလောက်ဆိုးရွားတဲ့ အဆင့်ကိုတောင် ရောက်နေပြီလား?”

လုရွှမ် စိတ်ရှုပ်သွားကာ ထျန်းရှားရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး စိတ်မတိုဖို့ အချက်ပြလိုက်သည်။ သူက ထျန်းရှား ကြောက်သွားမှာကို မမျှော်လင့်ထားပါဘူး။ ထျန်းရှားရဲ့ ဒေါသနဲ့ ဒီလူတွေကို အသတ်ခံလိုက်ရမှာကိုသာ ကြောက်နေတာပါပဲ။

တခဏအတွင်းမှာပဲ လူတစ်ဒါဇင်ကျော်လောက်ရှိတဲ့ အုပ်စုတစ်စုက သူတို့နှစ်ယောက်ကို ဝိုင်းရံလိုက်ကြသည်။ သူတို့တွေက လက်နက်ကြီးများကို ကိုင်ပြီး လူနှစ်ယောက်ကို ချိန်ထားကြသည်။

“ဟေ့ ငါတို့ဒီမှာ စောင့်နေတာ ကြာပြီ.... နာခံပြီး အရှုံးပေးလိုက်... မင်းတို့ ငါတို့နဲ့ ပူးပေါင်းရင် မင်းတို့အသက်ကို ချမ်းသာပေးနိုင်တယ် ခုခံရဲလို့ကတော့ တစ်ခါတည်း သတ်ပစ်လိုက်မယ်”

စကားပြောလာသူသည် ပြတ်သားသော မျက်နှာထားရှိသည့် လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။ သူ၏ညာဘက်လက်တွင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားကာ ဓားအပိုသုံးချောင်းကိုလည်း သူ့နောက်ကျောတွင် ကပ်ထားသည်။

လုရွှမ် လက်နက်များကို သန့်စင်သူ ဖြစ်တာကြောင့် လက်နက်အ​မြင် ရှိသည်။ သူ၏ဓားတိုင်းသည် ထူးကဲသော ဓားများ ဖြစ်သည်။ အနည်းဆုံး ၎င်းသည် ဆန်းကြယ်အဆင့် လက်နက်အမျိုးအစား၏ ဓားတစ်လက် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားရည်ရွယ်ချက်က အားမနည်းသလို သူ၏အစွမ်းသတ္တိသည်လည်း ထူးကဲလှသည်။ သူသည် ဓားဖြတ်တောင်ထွတ်က လူ ဖြစ်လိမ့်မည်။

လုရွှမ်က ထိုဧည့်သည်ရှေ့မှာ လက်သီးလက်ဝါး ဆုပ်လိုက်ပြီး။

“အစ်ကို ကျွန်တော့်ကို အထင်မလွဲပါနဲ့ ကျွန်တော်က ကောင်းကင်အောင်ခြင်း ဂိုဏ်းကပါ... ပြီးတော့ သူမက ကျွန်တော့်သူငယ်ချင်းပါ... ကျွန်တော်တို့က ပင်လယ်သားရဲတွေရဲ့ သူလျှိုတွေ မဟုတ်ပါဘူး”

မမျှော်လင့်ဘဲ ထိုလူက လှောင်ပြောင် ပြောဆိုလာသည်။

“မင်းက သူလျှိုမဟုတ်ဘူးလို့ ပြောတိုင်း သူလျှို မဟုတ်တော့ဘူးလား? မင်းက လူသားမျိုးနွယ် ဖြစ်နေရင်တောင် ပင်လယ်သားရဲနဲ့ အတူရှိနေတာ... ​​သံသယတွေကို မဖယ်ရှားနိုင်ဘူး... သူတို့ကိုဖမ်းလိုက်!”

အမိန့်ပေးလိုက်တာနဲ့ သူတို့ပတ်ဝန်းကျင်က လူတွေ ပြေးထွက်လာပြီး သူတို့နှစ်ယောက်ကို သတ်ပစ်ဖို့ ကြံရွယ်ထားတဲ့ ဓားရှည်တွေကို အသင့်ပြင်လိုက်ကြသည်။

“ခဏနေဦး... ဒီကအစ်ကို... ခင်ဗျား ဒီဟာက မိုက်မိုက်ရိုင်းရိုင်း ပြုမူနေတယ်လို့ မထင်ဘူးလား လူ့အသက်ကို မှားသတ်မိမှာ မကြောက်ဘူးလား?”

လုရွှမ် အော်ပြောပြီး လှုပ်ရှားတော့မယ့် ထျန်းရှားကို တားမြစ်ထားလိုက်သည်။

အမှန်တော့ ယခုသူမ၏ အထောက်အထားမှာ သံသယ ကြီး​ကြီးမားမား ဝင်သင့်သည့် ပင်လယ်သားရဲ တစ်ကောင်ဖြစ်သည်။ ဒါကြောင့် သူမ လှုပ်ရှားပြီးတာနဲ့ သံသယစာရင်းထဲက ရှောင်လွှဲလို့ မရတော့ချေ။

လူလတ်ပိုင်းအရွယ် အမျိုးသား၏ ပါးစပ်ထောင့်သည့် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေတုန်းပင်။

“မင်းတို့ကို လွှတ်လိုက်တာထက် လူမှားသတ်လိုက်တာက ပိုတောင်ကောင်းသေး!”

“သတ်!”

ထိုအမျိုးသာက သူတို့ နှစ်ယောက်ကို သေတဲ့အထိ ရိုက်သတ်ပစ်ချင်နေပုံပဲ။ ထိုလူတွေက အန္တရာယ်များပြီး ရက်စက်ကြမ်းကြုတ်ကြလို့ သူတို့နှစ်ဦးအတွက် အသက်ရှင်ကျန်ရစ်မည့် အရိပ်အယောင် မရှိပေ။

“လုရွှမ် တွေ့လား”

ထျန်းရှားက ဆိုရင်း သူ့ခန္ဓာကိုယ်ထဲက လူသတ်ချင်စိတ်တွေ ထွက်လာလေသည်။

လုရွှမ်လည်း သက်ပြင်းချလိုက်ပြီး “တွေ့ပြီ” ဟုသာ ပြန်ဖြေလိုက်နိုင်၏။

ဦးဆောင်သူသည် ဓားဖြတ်တောင်ထွတ်မှ လူဖြစ်ကြောင်း မြင်လိုက်ရကတည်းက သူတို့အကြောင်းကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် ခက်ခဲမယ် ဆိုတာကို သူသိပါသည်။ လျှို့ဝှက်နယ်မြေမှာ အရာအားလုံးကို တွေ့ကြုံခံစားခဲ့တာကြောင့် သူ့စိတ်အခြေအနေက အရင်ကထက် ပိုကျယ်ပြန့်လာပြီး ဓားဖြတ်တောင်ထွတ်နဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေက ပိုပြီးတော့ သဘောထားကြီးလာသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေတွင် ကုန်းပေါ်ရှိ ကျင့်ကြံသူများသည် အကျဥ်းထောင်ထဲမှ ထွက်ပြေး လွတ်မြောက်လာသူများကို တွန်းလှန်ရန် အမှန်တကယ် စည်းလုံးညီညွှတ်နေပါ​ပြီ။

ပင်လယ်ရေသည် ကုန်းမြေအများစုကို နစ်မြုပ်လုနီးပါး ဖြစ်နေတာကြောင့် နေထိုင်စရာ အနည်းငယ်သာ ကျန်ရှိတော့သည်။ လူသားမျိုးနွယ်တွေ ဆိတ်သုဉ်းလုနီးနီး ဖြစ်နေချိန်မှာတောင် လူတွေဟာ သူတို့ရဲ့ ဂိုဏ်းဂဏ ခံယူချက်တွေကို စွဲကိုင်ပြီး ဓားတွေနဲ့ အချင်းချင်း တိုက်ခိုက်နေကြဆဲ ဖြစ်တယ်လို့ ဆိုနိုင်ပါသည်။

လူတိုင်းသည် ၎င်းတို့၏ မလိုမုန်းထားမှုများကို ဘေးဖယ်ထားပြီး ရန်သူကို အတူတကွ တိုက်ခိုက်ကြလိမ့်မည်။ သို့သော် ဤလူ၏ နှုတ်ခမ်းပေါ်မှ ရက်စက်သော အပြုံးသည် သူအလွန်အမင်း တွေးတောနေမိကြောင်း ပြသနေသည်မှာ ထင်ရှားနေပါပြီ။

ဓားဖြတ်တောင်ထွတ်နှင့် ကောင်းကင်အောင်ခြင်း ဂိုဏ်းကြားမှာ စုပြုံနေသော အမုန်းတရားသည် မရေမတွက်နိုင်သော နှစ်များကြာသွားပေမယ့် အလွယ်တကူ သုတ်သင်ပစ်နိုင်လိမ့်မည် မဟုတ်ချေ။

“အစ်ကိုတို့ကို ထပ်ပြောပါရစေ...ဒီစကားက မင်းတို့ကို သတိပေးတာပါလို့ ယူဆလို့ရတယ်။ ငါတို့က လှောင်အိမ်ထဲက တိရစ္ဆာန်တွေရဲ့ လက်ပါးစေတွေ မဟုတ်သလို ပင်လယ်သားရဲတွေရဲ့ သူလျှိုတွေလည်း မဟုတ်ဘူး ငါ့နာမည်က ကျန်းထျန်းချိုင်... ကောင်းကင်အောင်ခြင်းဂိုဏ်းက တပည့်.... ဒါက ထျန်းရှား ငါ့သူငယ်ချင်း...မယုံရင် ကောင်းကင်အောင်ခြင်း ဂိုဏ်းက လူတွေကို ခေါ်လာခဲ့လိုက် သူတို့ အမှန်အတိုင်း ပြော​ပြလိမ့်မယ်”

“ဟား ဟား ဟား!”

ဦးဆောင်သူသည် ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်နှင့် ကျန်လူများက ပို၍ပင် ရုပ်ဆိုးစွာ ရယ်မောလိုက်ကြသည်။

“ကောင်လေး မင်းနာမည်က ကျန်းထျန်းချိုင် ဟုတ်လား? ဟမ့် ကျန်းထျန်းချိုင်က လွန်ခဲ့တဲ့ အနှစ်လေးဆယ်က သေသွားပြီ... မင်းလိမ်ချင်ရင်တောင် ဆင်ခြေကောင်းကောင်း ရှာရမယ် ပြောစရာမလိုတော့ဘူး... မြစ်ဝါမြစ်ထဲရောက်တဲ့အထိ မသေချင်သေးဘူး ဆိုရင် နောက်ပြန်လှည့်သွား.... သတ်ပစ်!”

“ဟုတ်ကဲ့!”

ထိုလူ၏ ပတ်ဝန်းကျင်မှ လူများက တညီတညွတ်တည်း အော်လိုက်ကြပြီး ဓားနှင့်ဓားစွမ်းအင်များ တရစပ် ကျရောက်လာသည်။ လူတိုင်းက လက်နက်များကို ဝှေ့ယမ်းကာ ခုတ်ထစ်လာကြသည်။

ထျန်းရှားသည် လုရွှမ်ကို လေးနက်စွာ ကြည့်နေသည်။ သူတို့ဘက်မှာ စုစုပေါင်း လူဆယ့်တစ်ဦး ရှိသည်။ ကောင်းကင်ဘုံသခင် သုံးယောက်မှလွဲ၍ ကျန်ရှစ်ယောက်မှာ နတ်မီးနယ်ပယ်က အရှင်သခင်များ ဖြစ်သည်။

သူမသည် နတ်မီးနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သောကြောင့် နှစ်ပေါင်းများစွာ နတ်မီးထွန်းထားသော ဤလူတွေကို အနည်းငယ် သတိထားမိ၏။

“ငါပြောစရာရှိတာကို ပြောပြီးပြီ... ငါလုပ်စရာ ရှိတာကိုလည်း လုပ်ပြီးပြီ အပေးအယူ လုပ်စရာ မလိုတော့ဘူး... သတ်!”

လုရွှမ် အော်လိုက်သည်။ ဒီလူတွေ အထူးသဖြင့် ခေါင်းဆောင်က သူတို့ကို အလိုအလျောက် အနိုင်ကျင့်နိုင်တဲ့ လူနှစ်ယောက်လို့ တကယ်ပဲ မှတ်ယူနေသလား မပြောတတ်ချေ။

ထျန်းရှားလည်း အော်ဟစ်လိုက်ပြီး သူမမျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင် ပေါ်လာသည်။ သူမသည် အနည်းငယ် ကြောက်သွားသော်လည်း အရာအားလုံးထက်ပို၍ စိတ်လှုပ်ရှားနေမိသည်။

သူမသည် နတ်မီးနယ်ပယ် အဆင့်ကို အောင်မြင်ခဲ့ပြီးသော်လည်း နတ်မီးနယ်ပယ်က အရှင်သခင်နှင့် မယှဉ်ပြိုင်ရသေးပေ။ ဒါကြောင့် သူမ၏လက်ရှိ အင်အားကို ရှင်းရှင်းလင်းလင်း မသိရသေး။

ထို့အပြင် လုရွှမ်လည်း ဘေးနားတွင် ရှိနေသည်။ ထိုလူဆယ့်တစ်ဦးသည် သာလွန်ကောင်းမွန်ပြီး ၎င်းတို့နှစ်ဦး၏ ခွန်အားက မဆိုးသော်လည်း သူမတို့ ဘေးအန္တရာယ် ကင်းရှင်းစွာ လွတ်မြောက်နိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။

ထျန်းရှားရဲ့ ဓားသည် ပြေးဝင်လာသူတွေဆီ တည့်တည့်ပဲ ပြေးထွက်သွားသည်။ ဓားစွမ်းအင်ရဲ့ အလင်းနဲ့အရိပ်က ပြိုးပြိုးပြက်ပြက် တောက်ပနေကာ ၎င်းမှာ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား ဖြစ်သည်။ နတ်မီးနယ်ပယ်သ်ို့ ရောက်ရှိပြီးနောက် စွမ်းရည်သုံးမျိုး အသက်ဓားသုံးချောင်းတို့ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကြောင်း သူမ တွေ့ရှိခဲ့သည်။

ယခင်က သူမလေ့လာခဲ့သည့် ဓားနှစ်လက်ကိုပင် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့ပါသည်။ ထိုဓားနှစ်ချောင်းကို ထိန်းချုပ်နိုင်ပါက အရာအားလုံးသည် နေရာတကျ ဖြစ်လာလိမ့်မည်။

သူမပစ်မှတ်မှာ အမျိုးသမီးတစ်ဦးကို ဖြစ်သည်။ ထိုအမျိုးသမီး၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ သူမလက်ထဲမှဓားသည် ထျန်းရှားရဲ့ ဓားချက်ကို ပိတ်ဆို့ရန်ကြိုးစားရင်း ရိုင်းစိုင်းစွာ ကခုန်သွားသည်။

သူမမျက်လုံးတွေက ရှုပ်ထွေးနေကာ ထျန်းရှားရဲ့ ဓားသိုင်း ရွေ့လျားနေတာကိုတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ ခဏအတွင်း ထျန်းရှား၏ ဓားရှည်သည် ထိုအမျိုးသမီး၏ ပခုံးကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သွေးများ ထွက်ကျလာခဲ့သည်။

ထျန်းရှားက ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး ခေါင်းကို ခါလေ၏။

“နင်က အားနည်းလွန်းတယ်... ဒီက ထွက်သွား လုရွှမ်ကြောင့်သာ မဟုတ်ရင် ဒီဓားချက်က နင့်နှလုံးကို တိုက်ရိုက် ဖောက်သွားပြီ နားလည်လား?”

တစ်ဖက်က အမျိုးသမီးမှာလည်း အလွန်ထိတ်လန့်သဖြင့် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ထျန်းရှားကိုကြည့်နေတဲ့ တခြားကျင့်ကြံသူတွေရဲ့ မျက်လုံးတွေက ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့ရဲ့ အစွမ်းက အမျိုးသမီးထက် အနည်းငယ် ပိုမြင့်ပေမယ့် အရင်ဓားချက်က အလင်းရိပ်သာ ဖြစ်သော်လည်း အမျိုးသမီးကို ထိသွားခဲ့သည်။

နေရာတွေ ပြောင်းလိုက်ရင်တောင် သူတို့ဟာ ဒီပင်လယ်သားရဲနဲ့ လုံးဝ မယှဉ်နိုင်ဘူးဆိုတာ သိလိုက်သည်။

“ဟမ့် ကျွမ်းကျင်မှုတွေတော့ ရှိသားပဲ... ဒါပေမဲ့ ငါတို့ဒီကို ဖြတ်ပြီး ကုန်းမြေကို မက်မက်မောမော ယူနိုင်မယ်လို့ ထင်နေလား?”

ဓားဖြတ်တောင်ထွတ်မှ မာနကြီးသော လူလတ်ပိုင်း တစ်ယောက်ရဲ့ အသံ ဖြစ်သည်။ သူ့မျက်လုံးများက ထျန်းရှားကို စူးစိုက်ကြည့်ကာ မျက်ခုံးအလယ် တည့်တည့်တွင် နတ်မီးလုံးကြီး ထွန်းညှိကာ သူ့ပခုံးပေါ်မှ နတ်မီးများ ထွန်းတောက်လိုက်သည်။

လေထုသည် ကြီးမားသော ငလျင်ကြီး လှုပ်ခတ်သွားသလို ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်သည် နေမင်းကြီးအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်လာသည်။

“သွား!”

ကြွေးကြော်သံနှင့်အတူ နတ်မီး ၃ လုံးသည် ထျန်းရှားဆီသို့ ပြေးဝင်လာလေ၏။

All Chapters