← Chapters

စိတ်ပျက်အားငယ်မှု

Vol. 80 Ch. 4.717

စိတ်ပျက်အားငယ်မှု

Vol. 80 Ch. 4.717

လုရွှမ်သည် ပထမဦးဆုံး လှုပ်ရှားမှု ကိုးခုကို အပြည့်အဝ ကျွမ်းကျင်ထားပြီး ထိုလှုပ်ရှားမှုများကို လေ့ကျင့်ရန်အတွက် နတ်မီးနယ်ပယ်က ကျင့်ကြံသူကို အသုံးပြုခဲ့သည်။

ဓားသိုင်း ထွက်လာသည်နှင့် တပြိုင်နက် ပြင်းထန်သော ဓားစွမ်းအင်က လေထုအလယ်၌ ချက်ချင်း ဖြစ်ပေါ်လာသည်။ ဓားစွမ်းအင်က အလွန်လျှို့ဝှက် ဆန်းကြယ်နေပုံရသည်။

ဓားနှစ်ချောင်း ထိပ်တိုက်တွေ့သည်နှင့် တပြိုင်နက် ကျယ်လောင်သော ခုတ်သံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်၏ ခန္ဓာကိုယ်သည် လွင့်စင်သွားကာ တောင်ကုန်းတစ်ခုပေါ်သို့ တိုက်ရိုက် လွင့်ကျသွားသည်။ တောင်ကုန်းပေါ်ရှိ အပေါက်ကြီးတစ်ခုကို ဖောက်ထုတ်လိုက်သလို လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ခြေလှမ်းနှစ်လှမ်း နောက်ပြန်ဆုတ်သွားကာ လက်ဖဝါးများ အနည်းငယ် ထုံကျင်သွားပေ၏။

ဤဓားသိုင်း စွမ်းအားသည် သူထင်ထားတာထက် အဆပေါင်းများစွာ သာလွန်နေလေပြီ။ သူသည် ဘယ်လောက်ပဲ ထူးချွန် ထက်မြက်နေပါစေ အငယ်တန်းတစ်ယောက် ဖြစ်နေတုန်းပဲ။ ဓားသိုင်းကိုယ်တိုင်က အလွန်ထူးခြား ကောင်းမွန်​နေတာမျိုး မရှိပါက ယခုလိုခွန်အားကို အသုံးချဖို့က လုံးဝ မဖြစ်နိုင်ချေ။

ယခင်ကဓားချက်ကို ကြည့်လိုက်လျှင် လျှို့ဝှက်ချက်သည် ဤဓားသိုင်းထဲတွင် တည်ရှိနေတာ ထင်ရှား​လေသည်။

သူ့မျက်လုံးတွေက ရုတ်တရက် မီးထတောက်လာတော့သည်။ သူသာ ဒီဓားသိုင်းကို ရသွားပါက ကျင့်ကြံမှု အဆင့်က အနည်းဆုံး နောက်တစ်ဆင့်ကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်လိုက်သည်။

လုရွှမ်သည် တောင်ကုန်းထဲမှ ပြန်ပြေးထွက်လာကာ ထျန်းရှားရဲ့ စိုးရိမ်နေသော မျက်လုံးများကို ကြည့်၍ ပြုံးပြလိုက်သည်။

ယခု လှုပ်ရှားမှုသည် လူလတ်ပိုင်းအရွယ်၏ ခွန်အားကို စမ်းသပ်နိုင်စေခဲ့သည်။ ထိုသူသည် အလွန်ပြင်းထန်သယောင် ရှိသော်လည်း သူထင်ထားသလောက်တော့ မပြင်းထန်ပါဘူး။

တိုက်ခိုက်ရေးနည်းများ၊ သိုင်းပညာများနှင့် သိုင်းကွက်များက သာမန်ပဲလို့ ခေါ်ဆိုနိုင်သော်လည်း နတ်မီးကတော့ အမှန်တကယ် အစွမ်းထက်ပါသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် တစ်ဖန်ပြန်ထလာပြီး ထူထဲသော ဓားမီးတောက်များ မြင့်တက်လာပြန်သည်။ စိတ်ဝိညာဉ်မီးများက ဓားသွားပေါ်၌ ထွန်းတောက်လာကာ လူလတ်ပိုင်း အမျိုးသား၏ ဦးခေါင်းဆီ ဖြတ်သန်းသွားခဲ့သည်။

ဘယ်သူမဆို ဦးခေါင်းကို တိုက်ခိုက်ခံရပါက စော်ကားမှုတစ်ခုဟု ယူတကြသည်။ နတ်မီးနယ်ပယ်က အရှင်သခင်ကို ယခုလို တိုက်ခိုက်တာက နတ်ဘုရားအား စော်ကားခြင်းပင် ဖြစ်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသတကြီးနှင့် လုရွှမ်အား တူညီသော လှုပ်ရှားမှုဖြင့် ရိုက်နှက်ခဲ့သည်။ ဤအခိုက်တွင် လုရွှမ်ရဲ့ ဓားသိုင်းအပေါ် လိုချင်သည့် လောဘစိတ်သည် သူ့စိတ်နှလုံးထဲ ပြည့်လျှံနေတာကြောင့် လုရွှမ်ကို ဓားတစ်ချောင်းတည်းဖြင့် ထက်ပိုင်းဖြတ်ပစ်ချင်လာသည်။

လုရွှမ်၏ လှုပ်ရှားမှုများက မပြောင်းလဲသွားပေ။ ထူထဲသော ဓားပေါ်ရှိ စိတ်ဝိညာဉ်မီး​တောက်သည် ပိုမို တောက်ပလာသည်။ ယခုအခါ စိတ်ဝိညာဥ်မီးတောက်သည် အလွန်ပူပြင်းသော စတုတ္ထအဆင့်သို့ အဆင့်မြှင့်ထားသည်။

မီးတောက်တွေက ထူထဲသော ဓားကို ပတ်ရစ်ပတ်ထားလိုက်သည်။ ၎င်းသည် ဆန့်ကျင်ဘက်ခြမ်းမှ ပြေးထွက်လာသော ဓားရှည်ကို နှုတ်သီးရှည်ဖြင့် ကိုက်ထားသော မီးငှက် အဖြစ် အလိုအလျောက် ပြောင်းလဲသွားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လန့်ဖျတ်သွားသော်လည်း သူ့စိတ်နှလုံးမှာ ရွှင်လန်းမှုအပြည့် ရှိနေတုန်းပင်။ လုရွှမ်ရဲ့ဓားမှ မီးတောက်များကို သူ၏ဓားကျွမ်းကျင်မှုကို ပြသနေကြောင်း မှတ်ယူထားသလို သူ ရှင်းရှင်းလင်းလင်း မြင်နေရတာက ဒါဟာ သာမာန် ဆန်းကြယ်အဆင့် လက်နက်တစ်ခုပါပဲ။

ဒါပေမဲ့ ဆန်းကြယ်အဆင့် လက်နက်က ထိုမှော်​မီးတောက်ကို ဘယ်လိုလုပ် ထုတ်လွှတ်နိုင်မှာလဲ။ ခဏလောက်တော့ လုရွှမ်ကို မသတ်ချင်တော့ဘူး။

လုရွှမ်သာ ယခုအချိန်တွင် လူလတ်ပိုင်း တွေးနေပုံကို သိလျှင် ၎င်းမျက်နှာကို တံတွေးနှင့် ထွေးမိမှာ သေချာသည်။ ထိုကဲ့သို့သော အတွေးမျိုးရှိသူကို ဘဝင်မြင့်ပြီး အရှက်မရှိသူဟုသာ သူ သတ်မှတ်ထားသည်။

လုရွှမ်၏ ဓားကျွမ်းကျင်မှုမှာ မပြောင်းလဲသွားဘဲ သူ၏အရှိန်အဟုန်ကသာ ပိုမိုအားကောင်း လာခဲ့သည်။ လူလတ်ပိုင်းအရွယ်သည် ဓားစွမ်းအင် ရိုက်ခတ်လာသော အခိုက်အတန့်တွင် သူ၏လှုပ်ရှားမှုများကို ပြောင်းလဲကာ ထောင့်ဖြတ် ရှောင်ထွက်သွားခဲ့သည်။

“လူယုတ်မာ! မင်း ရှောင်ချင်မှန်း ငါသိသားပဲ!”

လုရွှမ် ရယ်မောလိုက်ပြီး မီးတောက်ဓားသိုင်းရဲ့ ဒုတိယအကွက်ကို ချက်ချင်း လှုပ်ရှားလိုက်သည်။

မီးတောက်ဓားသိုင်းက သာမန်ဓားသိုင်းများနှင့် သဘာဝအတိုင်း ကွဲပြား​ပေသည်။ သာမာန်ဓားရေး ကျွမ်းကျင်မှုတွေ၊ လှုပ်ရှားမှုတွေက သာလွန်မှု မရှိနိုင်ပေ။

၎င်းဓားသိုင်း ကိုယ်တိုင်က လေးနက်သော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပြီး ဓားတစ်ချက်စီသည် တခြားဓားချက်တွေထက် လုပ်ဆောင်ရန် ပိုမိုခက်ခဲသည်။ ဓားလမ်းစဥ် နားလည်မှုပေါ် မူတည်ကာ ဓားသိုင်းတွေလည်း မတူညီကြချေ။ တစ်ကြိမ်ထက် တစ်ကြိမ် ဓားသိုင်းကွက်တွေက နှစ်ဆပိုမိုခက်ခဲလာသည်။

အလားတူပင် မီးတောက်ဓားသိုင်းကလည်း တစ်ကွက်ထက်တစ်ကွက် နှစ်ဆပိုမိုအားကောင်း​ပေသည်။

လုရွှမ် ဖျတ်ခနဲ ပျောက်သွားကာ လူလတ်ပိုင်းအရွယ် အမျိုးသားရဲ့ နောက်ကျောသို့ ရောက်ရှိသွား၏။ ထိုလူလည်း သူ့အနောက်မှ ပြင်းထန်သော အကျပ်အတည်းကို ရုတ်တရက် ခံစားလိုက်ရသည်။ လုရွှမ် ဘာလို့များ ဒီလောက် မြန်ရတာလဲ ဆိုတာကို မယုံနိုင်ချေ။

သူ အမြန်ရှောင်တိမ်းဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။ လှည့်ကြည့်လိုက်တော့ လုရွှမ်က သူ့ကို ထပ်ပြီး ဓားနဲ့ခုတ်နေ​ပြန်တာကို တွေ့လိုက်ရ၏။

ဓားက လာမထိသေးသော်လည်း မီးတောက်များက ရောက်ရှိလာပြီ။ မီးတောက်များက လျှံနေကာ သည်းမခံနိုင်ပေ။ ကံကောင်းထောက်မစွာပင် သူသည် ယခု နတ်မီးနယ်ပယ်၌ ရှိနေပြီး နတ်မီးသုံးလုံးကိုလည်း ထွန်းညှိထားခဲ့သည်။ မဟုတ်ပါက မီးတောက်၏ တန်ခိုးကို အမှန်တကယ် ကြောက်နေရပေလိမ့်မည်။

“ဒီမီးက ဘယ်လိုမီးလဲဟ!”

ဤမီးတောက်သည် ထင်ယောင်ထင်မှား မဟုတ်ဘဲ တကယ့်အစစ်ဖြစ်ကြောင်း သူအလွန်ရှင်းလင်းစွာ ခံစားခဲ့ရသည်။ ဒါက ထူးဆန်းတဲ့ မီး​တောက်ဖြစ်မလား။

“စိတ်ဝိညာဥ်မီးတောက်!”

လုရွှမ် လှောင်ပြောင်ရင်း ဆိုလိုက်သည်။ တစ်ဆက်တည်း မီးတောက်ဓားသိုင်း၏ စတုတ္ထမြောက် ဓားချက်ဖြစ်သော နောက်ထပ် ဓားတစ်ချောင်းကို ခုတ်ထစ်လိုက်သည်။

မီးတောက်ဓားသိုင်း၏ ဓားတစ်ချောင်းစီတိုင်းက တစ်ဆင့်ထက်တစ်ဆင့် ပိုမိုအားကောင်းပြီး ပိုမြန်လာသည်။ အထူးကြောက်စရာကောင်းတာက ဤဓားသိုင်း၏ တောက်ပမှုက ဓားရည်ရွယ်ချက်နဲ့အတူ စုစည်းနေခြင်းပဲ ဖြစ်သည်။

ရှောင်တိမ်းလို့ မရဘဲ ဓားနဲ့ ခုခံရင်ဆိုင်ရုံသာ တတ်နိုင်သည်။ လက်နက်များကြားတွင် ဓားသည် ရှေ့တည့်တည့် ဆက်သွားရမည်။ လမ်းကြောင်းကို အတင်းအကြပ် ထွင်းထုပြီး နောက်မဆုတ်ဘဲ တိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ စကားကို ကိုယ်စားပြု​ပေသည်။

မီးတောက်ဓားသိုင်းသည် ဤအရည်အချင်းအပေါ်၌ လွန်ကဲစွာ တီထွင်ခဲ့သည်။ မီးတောက်ဓားသိုင်းက မျက်စိရှေ့မှာ ရောက်နေပါက ရှောင်တိမ်း၍ မရချေ။ ရှောင်တိမ်းပြီးသည်နှင့် ဒုတိယလှုပ်ရှားမှုက ရောက်လာတော့မှာပဲ ဖြစ်သည်။

ဓားနှစ်ချောင်း စုစည်းမှုသည် အရှိန်အဟုန်ကို တိုးမြင့်လာ​စေနိုင်သည်။ ကောင်းကင်ကို ခုတ်ထစ်နိုင်သလို မြေကြီးကိုလည်း ခုတ်ထစ်နိုင်သည်။ လူလာတားရင် လူကို သတ်ပြီး နတ်ဘုရားလာတားရင် နတ်ဘုရားကိုပါ သတ်ပစ်နိုင်မယ့် ဓားသိုင်းမျိုးပါပဲ။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်အရှေ့ပိုင်းကို ဆုံးရှုံးသွားခဲ့ပြီးဖြစ်ပြီး နောက်ပြန်ဆုတ်သွားစဥ် လုရွှမ်ရဲ့ နောက်ထပ် ဓားချက်ထဲသို့ လုံးဝ ပြုတ်ကျသွားခဲ့​ပြီ။

တဖြည်းဖြည်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လုရွှမ်၏ ဓားကျွမ်းကျင်မှုတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နားလည်လာ၏။ အရှိန်အဟုန်သည် ပိုမိုအားကောင်းလာကာ သူကတော့ နဂါးလှောင်အိမ်ထဲ ပိတ်မိနေတဲ့ ငှက်တစ်ကောင်နှင့် တူ​နေသည်။ သူသည် ပျံသန်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မတတ်နိုင်ခဲ့ပေ။

လုရွှမ်နဲ့ ခက်ခက်ခဲခဲ ယှဥ်ပြိုင်နေရပေမယ့် အခု လုရွှမ်ရဲ့ ဓားသိုင်းပညာ အရှိန်အဟုန်ကို ခံစားလိုက်ရတော့ လူလတ်ပိုင်းအရွယ်မှာ ကြောက်လန့်လာ၏။

သူ တုံ့ဆိုင်းနေချိန်တွင် လုရွှမ်က ဓားပေါင်းများစွာဖြင့် ခုတ်ထစ်လာ​ပြီ။ လုရွှမ်သည် မီးတောက်ဓားသိုင်းရဲ့ ဓားကိုးချက်မျှသာ သင်ယူခဲ့သော်လည်း လှုပ်ရှားမှုကိုးခု ​​ပေါင်းစပ်မှုသည် ကြောက်စရာ ကောင်းလောက်အောင် ဖြစ်နေပြီ ဖြစ်သည်။

“မင်းလိုလူက နတ်မီးနယ်ပယ်ထဲ ဝင်လေ့ကျင့်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်နေလား? လူတွေက သူတို့ရဲ့ ရုပ်ဆိုးတာကို မသိကြဘူး... မြင်းတွေက သူတို့ရဲ့အလှကို မသိကြဘူးတဲ့... ဟမ့် သတ်!”

လုရွှမ် ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး စွမ်းအားရှိသမျှ ဓားကိုးချောင်းသည် ပြင်းထန်သော လှုပ်ရှားမှုဖြင့် လူလတ်ပိုင်းကို ခုတ်ထစ်လိုက်​လေသည်။

ဤဓားသည် ဓားချက်၉ချက်စလုံးရဲ့ စွမ်းအားနဲ့ အရှိန်ကို သယ်ဆောင်လာ၏။ အရှိန်သည် တောင်ပေါ်မှ ဖြတ်သန်းလာသော ဒီရေများက မိုင်ထောင်ပေါင်းများစွာ စီးဆင်းကာ ဟိန်းဟောက်နေသကဲ့သို့ပင်။

လူလတ်ပိုင်းအရွယ် အမျိုးသားမှယ ထိတ်လန့်သွားပြီး သူ့အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။

သူနောက်ဆုံးတော့ မှားသွားပြီဆိုတာ သိလိုက်ရ၏။ ဒီဓားသိုင်းရဲ့ မှော်ပညာက သူ့စိတ်ကူးထက်တောင် ပိုကြီးပြီး နောက်ပြန်ဆုတ်မယ့်အစား ပထမအခွင့်အရေးမှာတင် ခုခံခဲ့သင့်သည်။

ဒါပေမဲ့ ပထမဆုံး လှုပ်ရှားမှုမှာ သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တာကို ပြန်သတိရပြီး လူလတ်ပိုင်းအရွယ်မှာ နောက်ဆုံးတော့ သူ လူငယ်ရဲ့ လှည့်ကွက်ထဲ ရောက်သွားမှန်း သိလိုက်ရ၏။

သူ့မှာ တိုက်ခိုက်ရဲတဲ့ သတ္တိမရှိ​တော့ဘူး။

“အား.....”

ရှည်လျားသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ဝမ်းနည်းမှု အရိပ်အမြွက်ကို ပြလိုက်သည်။ သူသည် နတ်မီးနယ်ပယ်က သခင်ဖြစ်ကာ နတ်မီးသုံးလုံးကို ထွန်းညှိထားသော အရှင်လည်း ဖြစ်လေသည်။ သို့သော် သူ့ကိုသတ်တာက ကောင်းကင်ဘုံရဲ့ ပထမအဆင့်နဲ့ အငယ်တန်းလေး ဖြစ်နေ၏။

သူ့မျက်လုံးများ ရုတ်တရက် မှိတ်သွားကာ မျက်ခုံးအလယ်ဗဟိုက နတ်မီးလုံး ပေါ်လာသည်။ ထို့အတူ သေးငယ်သော နတ်မီးနှစ်လုံးကလည်း သူ့ပုခုံးပေါ်တွင် လင်းထိန်လာသည်။ ထိုအခိုက်တွင် မျက်ခုံးအလယ်ဗဟိုရှိ နတ်မီးနဲ့အတူ ပုခုံးတွေပေါ်က နတ်မီးတွေလည်း တောက်ပလာခဲ့သည်။

နတ်မီးသည် တောက်လောင်နေပြီး ပြင်းထန်သော အလင်းရောင်ဖြင့် လုရွှမ်ရဲ့ဓားကို ပြေးဝင် တိုက်ခိုက်လိုက်သည်။

“ဆရာတူအစ်ကိုချန်!”

လူတစ်ယောက်က အော်လိုက်၏။

ကောင်းကင်ဘုံသခင် လူတစ်ယောက်က သူတို့ရဲ့ ဆရာတူအစ်ကိုကို ဒီအခြေအနေအထိ တွန်းပို့လိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ပေ။

All Chapters