← Chapters

ရှုံးသွားပြီ

Vol. 80 Ch. 4.718

ရှုံးသွားပြီ

Vol. 80 Ch. 4.718

သူသည် သူ၏ပုခုံးပေါ်ရှိ နတ်မီးလုံးနှစ်လုံးကို ငြိမ်းသတ်ပြီး သူ့မျက်ခုံးကြားရှိ နတ်မျှော်စင် မီးလုံး၏ စွမ်းအားအားလုံးကို စုစည်းထားသည်။ ယခုဆို သူ့အသက်ကို ကယ်နိုင်ရင်တောင် သူ့အနာဂတ်ဟာ ပျက်စီးသွားလိမ့်မယ်။

တစ်သက်တာလုံးတွင် ထိုမီးလုံးကို ထွန်းထားနိုင်မှသာလျှင် ဆက်လက် ကျင့်ကြံနိုင်မှာ ဖြစ်သည်။

“သနားညှာတာ​ပေးပါ!”

လူတချို့က ကျယ်လောင်စွာ ဟစ်အော်လိုက်ကြသည်။

လုရွှမ်ရဲ့ လက်ဖဝါးက ဓားပေါ်ကနေ လုံးဝ လက်မလွှတ်ခဲ့ချေ။ အခုတော့ သူတို့​ဘယ်လို သနားရမလဲဆိုတာ သိသွားပြီလား။ အရင်က သူတို့နှစ်ယောက်အပေါ် ဘာလုပ်ခဲ့လဲ။

ဓားစွမ်းအက်သည် ထက်မြက်၍ လောင်မြိုက်​နေသော နတ်မီးနှင့် တိုက်မိ၍ မီးတောက်သည် လေထဲ၌ ပေါက်ကွဲပြီး အရပ်ရပ်သို့ လောင်ကျွမ်းသွားသည်။ မြေပြင်ပေါ်မှာလည်း ဗုန်းခနဲ တောက်လောင်နေတဲ့ မီးလုံးကြီးတစ်ခု ပေါ်လာ၏။

လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်မီးတောက်တစ်ခု လောင်ကျွမ်းသွားပြီး နတ်မီးစွမ်းအင် အားလုံးကို ခုခံထားလိုက်သည်။

ဓားကို ခုတ်လှဲလိုက်တဲ့အခိုက် ဓားသည် အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားပြီး အပိုင်းအစ တစ်ခုက လူလတ်ပိုင်းအရွယ် အမျိုးသား၏ နဖူးပေါ်ကို ထိမှန်သွား၏။ အော်ဟစ်သံများ ထွက်ပေါ်လာချိန်မှာတော့ တစ်ဖက်လူရဲ့ နတ်မီးလုံးမှာ ပိတ်ဆို့ခံလိုက်ရပြီ ဖြစ်သည်။

နတ်မီးလုံးပေါ်၍ အက်ကွဲကြောင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။ တဖြည်းဖြည်းနှင့် အက်ကြောင်းက ပိုကြီးလာပြီး ပင့်ကူလိုင်းများလို ပြောင်းလဲသွားသည်။ ၎င်းက ပြတ်သားသော စွမ်းအင်စမ်းချောင်းတစ်ခု အဖြစ်သို့ပါ ပြောင်းလဲသွားပြီး တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွား​လေသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပါးစပ်မှ သွေးများ ထွက်ကျလာသည််။ သူ့မျက်နှာမှာလည်း ဖြူဖတ်ကာ ခန္ဓာကိုယ် ထိန်းမရတော့သဖြင့် မြေပြင်ပေါ်သို့ လဲကျသွား​တော့သည်။

သူသည် နတ်မီးနယ်ပယ်ရ သခင်တစ်ဦးပါပဲ။ ယခင်က ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းခဲ့သော လူလတ်ပိုင်းအရွယ်မှာ အခုတော့ အသက်ရှင်နေသော လူသေကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်​တော့ပေ။

“ဆရာတူအစ်ကိုချန်?”

“မင်း သူ့ကိုသတ်လိုက်တာလား?”

လုရွှမ်က မြေပြင်ပေါ် ဆင်းလာပြီး “ငါသူ့ကို သတ်လိုက်တော့ရော ဘာဖြစ်လဲ? လူသတ်သမားတွေက အမြဲတမ်း အသတ်ခံရမှာပဲလေ... နောက်ပြီး ငါ သူ့ကို မသတ်ခဲ့ဘူး သူကိုက ခံနိုင်ရည်ရှိဖို့ အားနည်းလွန်းနေတာ... အခု သူက အသက်ရှင်နေတဲ့ သေလူဖြစ်သွားပြီ ဒါ သူ့အပြစ်နဲ့သူပဲ”

လုရွှမ် ကိုယ်တိုင်လည်း အနည်းငယ် ထိတ်လန့်သွားရပါသည်။

ဒြပ်စင်ငါးမျိုးတွင် နှလုံးသားသည် မီးနှင့်သက်ဆိုင်ပြီး မီးတောက်ဓားသိုင်းသည် မီးစွမ်းရည်ဓားသိုင်း တစ်ခုလည်း ဖြစ်သည်။ သက်လတ်ပိုင်းလူ၏ မျက်ခုံးကြားမှ နတ်မီးလုံးအား ခုတ်ထစ်လိုက်သောအခါ လုရွှမ်သည် တစ်စုံတစ်ခု ရှိနေပုံရတယ်လို့ ယောင်ဝါးဝါး ခံစားလိုက်ရသည်။

သို့သော် သူဂရုမစိုက်ခဲ့ချေ။ နောက်ဆုံး အခြေအနေအား ကြည့်ပြီးနောက် လုရွှမ် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ၎င်းသည် တစ်ဖက်လူ၏ နှလုံးသားနှင့် ဝိညာဉ်ဖြစ်နိုင်ကာ သူက မီးတောက်ဓားသိုင်းကို အတင်းအကျပ် ရယူခဲ့သည်။

အရမ်းကြောက်စရာ ကောင်းပေ၏။ ကံမကောင်းတာက ဒီလှုပ်ရှားမှုဟာ အနာဂတ်မှာ လွယ်လွယ်ကူကူ အကောင်အထည် ဖော်နိုင်တော့မှာ မဟုတ်ပါဘူး။

“ကောင်လေး မင်းသတ္တိရှိရင် မင်းနာမည်ကို ချန်ထားခဲ့လိုက်... ငါတို့ဓားဖြတ်တောင်ထွတ်က မင်းကို ဒီအတိုင်း မထားဘူး”

လုရွှမ်က ရိုင်းစိုင်းစွာ ပြန်ရယ်ပြလိုက်သည်။

“မင်းအဘိုးငါက ငါ့ နာမည်ကို အရင်ပြောထားပြီးသား... မင်းတို့ဘာသာ နာခံမှုမရှိဘဲ သေမင်းကို လာရှာနေတာ။ မင်း ဘယ်သူ့ကို အပြစ်တင်ချင်နေတာလဲ? မင်း လက်စားချေချင်ရင် ငါ့ဆီလာခဲ့။ မင်းအခု​တော့ ကြောက်နေပြီ ထင်တယ်နော်”

“မင်း!”

ထိုအချိန်တွင် အသံတစ်ခုက တိတ်တိတ်ဆိတ်ဆိတ်လေး ထွက်ပေါ်လာသည်။

“အရင်က သူက ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ လုရွှမ်လို့ ပြောလိုက်သလိုပဲ... သူ့ကို ကျန်းထျန်းချိုင်လို့လည်း ခေါ်ကြတယ်....ဘုရားရေ သူက ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ ပါရမီရှင်ကြီးတော့ မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား?”

စကားပြောသူသည် ကောင်းကင်ဘုံသခင် နယ်ပယ်က သခင်တစ်ဦးဖြစ်သည်။ ယခုအချိန်တွင် သူသည် လုရွှမ်အား အံ့သြထိတ်လန့်သော အကြည့်များဖြင့် ကြည့်ကာ သူ့မျက်လုံးများတွင် သဘောကျမှု အရိပ်အမြွက်များလည်း ပြသနေသည်။

“ကျန်းထျန်းချိုင်? ကောင်းကင်အောင်ခြင်းဂိုဏ်း.... ကောင်းပြီ ငါ မင်းကို မှတ်ထားမယ်... ကောင်လေး”

ဝူး!

လုရွှမ် ရုတ်တရက် နဂါးဟောက်သံ တစ်ချက် ထုတ်လွှတ်လို​က်ရာ တစ်ဖက်က လူတွေမှာ ကြောက်လန့်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ရာ အသံလည်း ရုတ်ခြည်း ရပ်တန့်သွားသည်။

“မင်းမှာ ငါ့ရန်သူဖြစ်ဖို့ သတ္တိမရှိပါဘူး ထွက်သွား!”

ဝှစ်!

လုရွှမ် လူလတ်ပိုင်းအရွယ်ရဲ့ ခန္ဓာကို လွှင့်ပစ်လိုက်သည်။ တစ်ဖက်လူတွေက သူတို့အစ်ကိုချန်ကို သူ့ရင်ခွင်ထဲ ​ပွေ့ထားရင်း စိုးရိမ်တကြီးနဲ့ ထွက်ပြေးသွား​ကြ​လေသည်။ တခြားလူတွေကလည်း သက်ဆိုင်ရာ ဂိုဏ်းခွဲတွေကို သတင်းပို့ဖို့ အမြန်ပဲ ထွက်သွားခဲ့ကြသည်။

လုရွှမ် ထျန်းရှားအနား၌ ဆင်းသက်လိုက်သော် သူမက ပြုံးကာ။

“အစောတုန်းက အရမ်းတော်တယ်”

“သူကမင်းကို ဒဏ်ရာရအောင် လုပ်လိုက်တယ်... သူ့အသက်ကို မယူလိုက်တာနဲ့တင် သက်ညှာပေးရာ ကျနေပြီ”

ထျန်းရှား ခဏလောက်ရှက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ ထို့နောက် သူမက ခေါင်းကို လှည့်ကာ။

“ဘာ​တွေဖြစ်​နေတာလဲ ဆိုတာ သိရအောင် ရှင်ရဲ့ဂိုဏ်းကို အရင်သွားကြည့်ရအောင်”

လုရွှမ်သည် သက်ပြင်းတစ်ချက် ချရုံမှတစ်ပါး မတတ်နိုင်တော့ချေ။ ထျန်းရှားသာ တစ်ခုခုပြောလျှင် ငြင်းရမလား၊ သဘောတူရမလား မသိတော့ချေ။ သူမအတွက်က အဆင်မပြေနိုင်ဘူးလေ။

နှစ်ယောက်သား နောက်တစ်ဖန် လေထဲသို့ ခုန်တက်သွားကြသည်။ လုရွှမ်ရဲ့ မျက်လုံးများက တောက်ပ​နေပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် သူတို့ရဲ့ ဦးတည်ရာကို အမြန်ဆုံးဖြတ်ပြီး ထျန်းရှားနှင့်အတူ ပျံသန်းလာခဲ့သည်။

“အခြေအနေက ပိုဆိုးလာပြီ... ပင်လယ်ရေတွေ ပိတ်ဆို့ဖို့ တောင်တွေ ပင်လယ်တွေကို ရွှေ့နိုင်ရင်တောင် ယာယီပဲ ရလိမ့်မယ်... ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပင်လယ်ရေက ပိုမြင့်လာလိမ့်မယ် ငါတို့နေရာလည်း နောက်ဆုံးမှာ ရေမြုပ်မလား မပြောတတ်ဘူး”

မြင့်မားသော တောင်ထိပ်တွင် လူရှစ်ဦး စုဝေးကြပြီး ၎င်းတို့သည် ဝမ့်ရှန်းကမ္ဘာ၏ အဓိကဂိုဏ်းရှစ်ခုမှ ဂိုဏ်းချုပ်များ ဖြစ်သည်။

ဒါက ယာယီဆွေးနွေးမှု အခြေခံတစ်ခုလည်း ဖြစ်သည်။ ယာယီလို့ ဆိုရခြင်းမှာ အကြိမ်ပေါင်းများစွာ ပြောင်း​ရွှေ့​ခဲ့ရတာကြောင့်ပါပဲ။ ပင်လယ်ရေသည် ဆက်လက် တိုက်စားနေတာမို့ သူတို့လည်း အဆက်မပြတ် ဆုတ်ခွာသွားခဲ့ရသည်။

လူရှစ်ဦးသည် ဤနေရာတွင် စကားရပ်ပြောနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ထိရောက်သော ဖြေရှင်းမှုတစ်ခု ထွက်ပေါ်လာခြင်း မရှိသေးပေ။

“ဟမ့် အဲဒီပင်လယ်သားရဲတွေက ဒီလှောင်အိမ်ထဲက လွတ်မြောက်လာသူတွေနဲ့ တွဲလုပ်နေတာလေ... မဟုတ်ရင် ငါတို့ ဘယ်လိုလုပ် ရှုပ်ကုန်မှာလဲ!”

ဓားဖြတ်တောင်ထွတ်ရဲ့ ဂိုဏ်းချုပ် ရှုံထျန်းပါ့က ဟောက်ပြီး သူ့မျက်နှာမှာ ဒေါသအပြည့်နဲ့ တင်းမာနေသည်။

“အခုပြောနေတော့ရော ဘာအသုံးဝင်လို့လဲ? အခု ပင်လယ်ရေက လျှံနေပြီ... ပင်လယ်သားရဲတွေ အသက်ရှင်ဖို့ နေရာတွေလည်း အများကြီး တိုးလာနေတယ်... ​​ဘာကြောင့် ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ လိုသေးတာလဲ? အခုလုပ်သင့်တာက ပင်လယ်ရေတွေကို ဘယ်လို တားဆီးရမလဲ ဆိုတာကို စဥ်းစားရမှာလေ... ချောင်ဖုန်း မင်းရဲ့ တွက်ချက်မှုတွေအရဆို ယာယီပဲ ထိန်းထားနိုင်မှာနော်”

ပြောလာသူက ဓားတစ်သောင်းဂိုဏ်းက ဂိုဏ်းချုပ် ကျန့်ဝူဝေါ်ပဲ ဖြစ်လေသည်။ သူက မဆိုင်းမတွ ရှုံထျန်းပါ့ရဲ့ စကားကို ဝင်နှောင့်ယှက်လိုက်လေသည်။

လော့ချောင်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆို၏။

“ဒီနေရာက ဘာလို့ဆက်ရှိ နေနိုင်ရတာလဲဆိုတဲ့ အကြောင်းရင်းက တောင်တန်းတွေက ပင်လယ်ရေ​တွေကို ပိတ်ဆို့ထားလို့ပဲ ဆိုတာ အားလုံးလည်း သိပါတယ်...ငါတို့ တားဆီးနေရတာက ပင်လယ်ရေပဲ ဆိုရင်တော့ အဆင်ပြေနိုင်ပေမယ့် ငါတို့ကို တိုက်ခိုက်တဲ့သူတွေကိုပါ ခုခံနေရမယ် ဆိုရင်တော့ ခက်ခဲသွားလိမ့်မယ်...အဲဒီသားရဲတွေ ဖောက်ဝင်လာရင် ကျန်နေတဲ့ နေရာတွေလည်း ရေမြုပ်သွားနိုင်တယ်”

“ငါတို့အနေနဲ့ ပို့ဆောင်ခြင်းအစီအရင်ကို အမြန်ဆုံး တည်ဆောက်ထားပြီးစီဖို့ ဆိုရင် အနည်းဆုံး သုံးရက်လောက်တော့ ကြာမှာပဲ... ပြီးတော့ လူတိုင်းကို လွှဲပေးရမယ်ဆိုရင်တော့ အနည်းဆုံး တစ်ရက်လောက်တော့ ကြာမယ် ဒါပေမဲ့ လက်ရှိ အခြေအနေအရ ကြည့်ရရင်တော့ နှစ်ရက်လောက်ပဲ ခံနိုင်ရည်ရှိတော့မယ်... အနည်းဆုံးတော့ သုံးရက်အောက်ပဲ”

“ဆုတ် ဆုတ် ဆုတ် ပြန်ဆုတ်တာကလွဲရင် ငါတို့ ဘာလုပ်နိုင်​သေးလဲ? ထိန်းထားနိုင်တဲ့ အမာခံစခန်းတချို့ ရှိသေးတယ် ဆိုရင်တောင် သူတို့ဘက်က တိုက်ခိုက်လာရင် အရာအားလုံးက ပင်လယ်ထဲမှာ နစ်မြုပ်သွားလိမ့်မယ်”

ရှုံထျန်းပါ့က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျောက်စားပွဲကို အပိုင်းပိုင်း ခွဲပစ်လိုက်​လေသည်။

“ငါ့ကိုမေးရင်တော့ ငါကတော့ အဲဒီလူတွေနဲ့ တိုက်ခိုက်ပစ်ဖို့ပဲ ထောက်ခံလိုက်မယ်... ငါသေရင်တောင် အရှက်မဲ့တဲ့နည်းနဲ့ သေမယ့်အစား ရန်သူကိုတိုက်ရင်း ပြင်းပြင်းထန်ထန် သေရလိမ့်မယ်”

“ဘယ်သူငါနဲ့ အတွေးတူလဲ?”

သူသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်သော်လည်း လူတိုင်းက သူ့ကို အရူးတစ်ယောက်လိုသာ ကြည့်နေကြ​လေသည်။

ဆရာတော်ထန်ယီးက ဝင်၍။

“ဂိုဏ်းချုပ်ရှုံ စိတ်အေးအေးထားပါ... ဒီနေ့ ကြယ်တွေကို ကြည့်လိုက်တော့ ကြယ်တွေ သိသိသာသာ ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်...အခုအခြေအနေ လုံးလုံးလျားလျား ရှုပ်ထွေးသွားပြီ ဆိုပေမယ့် မျှော်လင့်ချက်လည်း မရှိတော့သလိုတော့ မဖြစ်လာတော့ပါဘူး... အရင်အတိုင်းပဲ နည်းနည်းကြာကြာ ထပ်စောင့်လိုက်ရင် အပြောင်းအလဲအတွက် အခွင့်အလမ်း​တွေ ရှိလာနိုင်ပါတယ်”

ရှုံထျန်းပါ့သည် ဆရာတော်ထန်ယီးကတော့ မထီမဲ့မြင် မပြုဝံ့ပေ။

“ဝင်ခွင့်ပြုပါ!”

အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ ဆူညံများ ထွက်ပေါ်လာလေ၏။

All Chapters